နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး

အစ္စရေး၏ လက်ဘနွန်ရှိ ပါလက်စတိုင်း ဒုက္ခသည်စခန်းကို တိုက်ခိုက်မှုကြောင့် လူ ၁၃ ဦး သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန ပြောကြား

CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက်

အစ္စရေး၏ လက်ဘနွန်တောင်ပိုင်းရှိ ပါလက်စတိုင်း ဒုက္ခသည်စခန်းကို တိုက်ခိုက်မှုကြောင့် အင်္ဂါနေ့တွင် လူ ၁၃ ဦး သေဆုံး ခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ကမ်းရိုးတန်းမြို့ဖြစ်သော ဆိုက်ဒွန် (Sidon) ၏ ဆင်ခြေဖုံးရှိ အိုင်းန် အယ်-ဟေလ်ဝေ (Ain al-Hilweh) စခန်း ကို တိုက်ခိုက်မှုကြောင့် အခြားသူ အများအပြား ဒဏ်ရာရခဲ့ကြသည်ဟု ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး၊ ဒဏ်ရာရသူများကို အနီးရှိ ဆေးရုံများသို့ လူနာတင် ယာဉ်များဖြင့် ဆက်လက် ပို့ဆောင်နေကြောင်း ပြောကြားခဲ့သည်။ ၎င်းက ဒေသခံများကို သွေးလှူဒါန်းရန် တိုက်တွန်းခဲ့သည်။

အစိုးရပိုင် အမျိုးသားသတင်းအေဂျင်စီ (National News Agency) က မောင်းသူမဲ့လေယာဉ် (ဒရုန်း) တစ်စင်းသည် စခန်းအတွင်းရှိ ခါလစ်ဒ် ဘင် အလ်-ဝါလစ်ဒ် ဗလီ (Khalid bin Al-Walid Mosque) အနီးရှိ ကားတစ်စီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်တွင် ဒုံးကျည်သုံးစင်းသည် အဆိုပါဗလီနှင့် အနီးရှိ ခါလစ်ဒ် ဘင် အလ်-ဝါလစ်ဒ် စင်တာတို့ကို ပစ်မှတ်ထားခဲ့သည်။

အစ္စရေး၏ ပြောကြားချက်နှင့် နောက်ခံအခြေအနေ

အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၎င်းတို့၏ တိုက်ခိုက်မှုသည် “IDF နှင့် အစ္စရေးနိုင်ငံ အား အကြမ်းဖက်တိုက်ခိုက်မှုများ စီစဥ်ရန်နှင့် လုပ်ဆောင်ရန်” အသုံးပြုနေသော ဟားမတ်စ် (Hamas) လေ့ကျင့်ရေးစခန်း” တစ်ခုကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“IDF ဟာ လက်ဘနွန်မှာရှိတဲ့ ဟားမတ်စ်အဖွဲ့အစည်းကို ဆန့်ကျင်ပြီး စစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်၊ ဟားမတ်စ် အကြမ်းဖက်သမားတွေ ဘယ်နေရာမှာပဲ လှုပ်ရှားနေပါစေ ဆက်လက် တိုက်ခိုက်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ဆိုက်ဒွန်ရှိ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO) ၏ ဒေသဆိုင်ရာ အဖွဲ့ခွဲများက ဤတိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။

အစ္စရေးသည် ယခင်ကလည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ပါလက်စတိုင်း စစ်သွေးကြွ အဖွဲ့အစည်းဖြစ်သော အလ်-အာ့ခ်ဆာ အာဇာနည်တပ်ဖွဲ့ (Al-Aqsa Martyrs Brigade) ကို ပစ်မှတ်ထားသည်ဟု ဆိုကာ အဆိုပါစခန်းကို တိုက်ခိုက်ခဲ့ဖူးသည်။ ၎င်းစခန်းသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် အစ္စရေး-ဟစ်ဇ်ဘိုလာ (Hezbollah) အပစ်အခတ်ရပ်စဲရေး နောက်ပိုင်းတွင် လက်ဘနွန်အစိုးရက လက်နက်ဖြုတ်သိမ်းခဲ့သော စခန်းများ ထဲမှ တစ်ခု ဖြစ်ခဲ့သည်။

အရှေ့အလယ်ပိုင်းရှိ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းအေဂျင်စီ (UNRWA) ၏ အဆိုအရ ဤစခန်း၏ မူလနေထိုင်သူများသည် ၁၉၄၈ ခုနှစ်တွင် အများစုမှာ ကမ်းရိုးတန်း ပါလက်စတိုင်းမြို့များမှ” ရောက်ရှိလာခဲ့ကြသည်။ ထိုအချိန်မှစ၍ လက်ဘနွန်၏ အခြားအစိတ်အပိုင်းများမှ ရွှေ့ပြောင်းခံခဲ့ရသော ပါလက်စတိုင်း ဒုက္ခသည်များကလည်း ဤနေရာကို ၎င်းတို့၏ နေအိမ်အဖြစ် ပြုလုပ်ခဲ့ကြသည်။

ကျယ်ပြန့်သော ပဋိပက္ခ

အစ္စရေးသည် နှစ်နှစ်ကျော်ကြာအောင် လက်ဘနွန်တွင် ဟစ်ဇ်ဘိုလာ စစ်သွေးကြွများ အပြင် အမျိုးမျိုးသော ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ခွဲများ ကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

အီရန်ကျောထောက်နောက်ခံပြုထားသော ဟစ်ဇ်ဘိုလာသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်၏ အစ္စရေးကို တိုက်ခိုက်မှုကို ထောက်ခံရန်အတွက် အစ္စရေးအပေါ် တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက် ပဋိပက္ခများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှု အတွင်း စစ်သွေးကြွများက လူ ၁,၂၀၀ ကို သတ်ဖြတ်ခဲ့ပြီး လူ ၂၅၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည်။

အစ္စရေး၏ တုံ့ပြန်မှုသည် ဂါဇာတွင် ပြင်းထန်သော စစ်ပွဲ ကို ဖြစ်ပွားစေခဲ့ပြီး၊ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာန၏ အဆိုအရ လူပေါင်း ၆၉,၀၀၀ ကျော် (အများစုမှာ အမျိုးသမီးများ နှင့် ကလေးများဖြစ်သည်) သေဆုံးခဲ့ပြီ ဖြစ်သည်။

အင်္ဂါနေ့တွင် လက်ဘနွန်တောင်ပိုင်းရှိ အိုင်းန် အယ်-ဟေလ်ဝေ (Ain al-Hilweh) ဒုက္ခသည်စခန်းမှ ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံသို့ လူနာတင်ယာဉ်များဖြင့် ပို့ဆောင်နေစဉ် မြင်ကွင်း။ (Mohammad Zaatari/AP ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် ဒရုန်းများနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 7 Views
မြန်မာစစ်တပ်အတွက် ရည်ရွယ်သည်ဟု ဆိုသော တရုတ်နိုင်ငံထုတ် ဒရုန်း ၁၀ စီးကို လေဆိပ်အနီးရှိ ဟိုတယ်ခန်းတစ်ခုအတွင်း သိမ်းဆည်းရမိ Bangkok Post-
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်း- ကမ္ဘောဒီးယား ပဋိပက္ခ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 23 Views
ချောင်အန်မာနှင့် တာကွိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး BM-21 ရော့ကတ်များဖြင့် ပစ်ခတ်မှုရှိနေကြောင်း ဒုတိယစစ်ဒေသက ထုတ်ပြန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ကမ္ဘောဒီးယား၏ “ပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှု” စွပ်စွဲချက်များမှာ အထောက်အထားမဲ့ လုပ်ကြံဖန်တီးမှုများသာဖြစ်ကြောင်း ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 22 Views
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် ကမ္ဘောဒီးယားဘက်မှ စွပ်စွဲချက်များဖြစ်သည့် “ ပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှု” ကျူးလွန်သည်ဆိုသော အချက်အလက်များမှာ အထောက်အထားမရှိဘဲ လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ကြောင်းနှင့် အချက်အလက်ကို အခြေခံသည့် နှစ်နိုင်ငံဆွေးနွေးပွဲများသို့ ပြန်လည်ဦးတည်ရန် ထိုင်းတော်ဝင်စစ်တပ်က
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

BBC သတင်းဌာနသို့ ပါလက်စတိုင်းအမျိုးသားနှစ်ဦး၏ ထွက်ဆိုချက်အရ အစ္စရေးအကျဉ်းထောင်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများ ရှိနေကြောင်း ဖော်ပြထားသည့် သတင်းကို အကျဉ်းချုပ် ဘာသာပြန်ဆိုပေးလိုက်ပါသည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 22 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက် အစ္စရေးအကျဉ်းထောင်များအတွင်း နှိပ်စက်ညှဉ်းပန်းမှု သတင်းအကျဉ်း အစ္စရေးအကျဉ်းထောင်များတွင် ပါလက်စတိုင်းအကျဉ်းသားများအပေါ် စနစ်တကျ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ရှိနေကြောင်း ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်တကြီး ထောက်ပြထားကြသည်။ ကိုယ်တွေ့ထွက်ဆိုချက်များ။* ဆာမီ အယ်လ်ဆေးအီ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းစွမ်းအင်ကွန်ရက်ကို ရုရှားက ဒုံးကျည်နှင့် ဒရုန်းများဖြင့် “ အကြီးအကျယ်” တိုက်ခိုက်ခဲ့ခြင်းကြောင့် နိုင်ငံတစ်ဝှမ်းတွင် လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိကြောင်း စွမ်းအင်လုပ်ငန်းအဖွဲ့က ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 22 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက် ယူကရိန်း၏ “ ဒေသအချို့” တွင် “ အရေးပေါ် မီးဖြတ်တောက်မှုများ” ပြုလုပ်နေရကြောင်း Ukrenergo အဖွဲ့က ဆိုသည်။ မြို့တော် ကိယဗ် (Kyiv) အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းရန်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားထိပ်တန်းစစ်ဗိုလ်ချုပ်တစ်ဦး မော်စကိုတွင် ကားဗုံးဖြင့် လုပ်ကြံခံရ၊ စစ်ဘက်အရာရှိကြီးများအပေါ် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 28 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် ရုရှားဗိုလ်ချုပ်တစ်ဦးသည် မော်စကိုမြို့တွင် ဖြစ်ပွားခဲ့သော ကားဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသွားခဲ့ပြီး၊ ယခုနောက်ဆုံးဖြစ်ပွားခဲ့သည့် အဆင့်မြင့်စစ်ဘက်အရာရှိအား လုပ်ကြံသတ်ဖြတ်မှုမှာ ယူကရိန်း၏လက်ချက်ဖြစ်ကြောင်း တာဝန်ရှိသူများက လက်ညှိုးထိုးထားကြသည်။ တပ်မတော်၏ စစ်ဆင်ရေးလေ့ကျင့်ရေးဌာနကို
စစ်ရေးသတင်း တောင်ကိုရီးယား နိုင်ငံတကာသတင်း အမေရိကန်

ပစိဖိတ်သမုဒ္ဒရာတွင် အမေရိကန် ရေငုပ်သင်္ဘောများ အရေအတွက် အသာစီးမရတော့ခြင်းကြောင့် တောင်ကိုရီးယားက ကူညီနိုင်မည့် အစီအစဉ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 22 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက် ဆိုးလ်၊ တောင်ကိုရီးယား — တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာ့အဆင့်မြင့် ရေအောက် ရေတပ်အင်အားကြီးနိုင်ငံများစာရင်းတွင် ပါဝင်ရန် ဆန္ဒရှိနေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံမှလည်း ထိုသို့လုပ်ဆောင်ရန် ခွင့်ပြုချက် ရရှိထားပြီဖြစ်သည်။ တောင်ကိုရီးယားသည် အမေရိကန်၊
နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက

ဗင်နီဇွဲလားသမ္မတ မာဒူရို တစ်ပတ်အတွင်း မဟာမိတ်နှစ်နိုင်ငံ ဆုံးရှုံးသွားခြင်း – ဒေသတွင်းတွင် မည်သည့်မိတ်ဖက်များ ကျန်ရှိနေသေး သနည်း?

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 35 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက် ကာရစ်ဘီယံပင်လယ်အတွင်း ဝါရှင်တန်၏ ရေတပ်အင်အားတိုးချဲ့မှုကို ရင်ဆိုင်နေရစဉ် အတွင်း ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုသည် ယခုတစ်ပတ် ရွေးကောက်ပွဲ ရလဒ်များ ကြောင့် ဒေသတွင်းမဟာမိတ်များဖြစ်သည့် ဟွန်ဒူးရပ်စ် နှင့် စိန့်ဗင်းဆင့်နှင့်