နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

မလေးရှားဝန်ကြီးချုပ် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်နှင့်တွေ့ဆုံ၊ မြန်မာအကြောင်း ဆွေးနွေးခဲ့ဟုဆို

ဖေဖော်ဝါရီလ (၂) ရက်။

ဖေဖော်ဝါရီလ (၁) ရက်၊ တနင်္ဂနွေနေ့က မလေးရှားဝန်ကြီးချုပ်က ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ နွံနစ်နေမှုနဲ့ ခရစ်တိုငွေကြေး (cryptocurrency) ပြဿနာ အပါအဝင် ပြသနာအမျိုးမျိုးကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။။

အင်္ဂလိပ်နှင့် မလေးဘာသာဖြင့် Facebook ပို့စ်တစ်ခုတွင် မလေးရှားဝန်ကြီးချုပ်က သက်ဆင်နဲ့ တွေ့ဆုံမှုဟာ အကျိုးဖြစ်ထွန်းကြောင်း ဖော်ပြခဲ့ပြီး မြန်မာနိုင်ငံအခြေအနေနဲ့ ခရစ်တိုငွေကြေး (cryptocurrency) ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတဲ့ကိစ္စ အပါအဝင် အဓိကကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

“နောက်တော့ ညစာစားပွဲမှာ စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဂျော့ယို (George Yeo) နဲ့ အတူ စကားစမြည်ပြောဖြစ်ခဲ့ပါတယ်” လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ နိုင်ငံခြားကို ထွက်ခွာပြီး မလေးရှားဝန်ကြီးချုပ် အန်ဝါနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဘတ် ၅ သန်းတန် အာမခံစာချုပ်ပေးထားခဲ့တဲ့အတွက် သောကြာနေ့က ထိုင်းရာဇ၀တ်တရားရုံးက နိုင်ငံက ထွက်ခွာခွင့်ပြုလိုက်ပြီး ဖေဖော်ဝါရီ ၂ ရက်ကနေ ၃ ရက်နေ့အထိ မလေးရှားနိုင်ငံမှာ တွေ့ဆုံတဲ့သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သက်ဆင်ရဲ့ကြေညာချက်မှာ တရားရုံးက သက်ဆင်ရဲ့ ပန်ကြားမှုကို နိုင်ငံခြားရေးဝန်ကြီးက ထောက်ခံခဲ့ပြီး အဲ့ဒီပန်ကြားချက်ဟာ ဝန်ကြီးချုပ်ဟောင်းရဲ့ ဘုရင့်အပေါ် မလေးမစားမှုကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအပေါ် သက်ရောက်မှု ရှိမှာမဟုတ်ကြောင်း အာမခံချက်ပေးခဲ့ပါတယ်။ အဲ့ဒီအမှုကြောင့် သက်ဆင်ကို တရားရုံးက ခွင့်ပြုချက် မရှိဘဲ နိုင်ငံခြားကို ခရီးမထွက်ဖို့ တားမြစ်ထားခဲ့ပါတယ်။

သက်ဆင်ရဲ့ ခရီးစဉ်ဟာ ထိုင်းနိုင်ငံအတွက် အကျိုးရှိပြီး နှစ်နိုင်ငံကြား ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်နိုင်မယ်လို့လည်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဘတ်ငွေ ၅ သန်းတန် ငွေချေးစာချုပ်အပြင် ရာဇ၀တ်တရားရုံးက သက်ဆင်ကို မလေးရှားက ပြန်လာပြီးနောက် သုံးရက်အတွင်း တရားရုံးနှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိတွေဆီကို အစီရင်ခံဖို့ အမိန့်ပေးခဲ့ပါတယ်။

သက်ဆင်ဟာ ၂၀၁၅ ခုနှစ်တွင် တောင်ကိုရီးယားမီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပေါ်ပေါက်ခဲ့တဲ့ ဘုရင့်အသရေဖျက်မှု ဥပဒေ ချိုးဖောက်မှုအတွက် ရာဇ၀တ်မှုဆိုင်ရာစွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

ရာဇ၀တ်တရားရုံးဟာ နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းခဲ့ပြီး သူ့အနေနဲ့ ပြည်ပကို သွားရောက်ရန်ရှိပါက အာမခံအနေနဲ့ မနှစ်က ဇွန်လမှာ ဘတ်ငွေ ၅၀၀,၀၀၀ အာမခံထားဖို့ သတ်မှတ်ခဲ့ပါတယ်။

မလေးရှားဟာ အခုနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး ၀န်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ သက်ဆင်အား အလွတ်သဘော အကြံပေးအဖြစ် ဒီဇင်ဘာလမှာ ခန့်အပ်ခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲအသစ်များကို ‘စဉ်းစားသုံးသပ်နေဆဲ’ ဟု အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 27 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲအဝိုင်းအဝန်းအသစ်တစ်ခုကို “ စဉ်းစားသုံးသပ် နေဆဲဖြစ်သည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာကေးအီ (Esmaeil Baqaei) က ပြောကြားခဲ့သည်။ “