နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီယားသမတယွန်းဆပ်ယိုကို ဗဟိုတရားရုံးချုပ် တရားသူကြီးအားလုံး၏ ဆုံးဖြတ်ချက်ဖြင့် သမတရာထူးမှ ဖယ်ရှားလိုက်သည်။

ဧပြီလ (၄) ရက်။

ဒီဇင်ဘာလတွင် စစ်အုပ်ချုပ်ရေးအမိန့်ကို ကြေညာခြင်းကြောင့် နိုင်ငံကို နိုင်ငံရေးမတည်ငြိမ်မှုကို ဖြစ်စေခဲ့ပြီး လအတန်ကြာ မသေချာမရေရာမှုများနှင့် တရားဥပဒေဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပွားနေခြင်းကို တောင်ကိုရီးယား၏ အမြင့်ဆုံးတရားရုံးက ဆုံးဖြတ်ချက်ချကာ ယွန်အား ရာထူးမှ ဖယ်ရှားပစ်ခဲ့သည်။

ယွန်သည် တရားရုံးကို လူကိုယ်တိုင် မတက်ရောက်ခဲ့ဘဲ သမ္မတနေအိမ်မှ ကြားနာခဲ့သည်။

ဒီဇင်ဘာလတွင် ပါလီမန်က သူ့ကို ရာထူးမှ ဖယ်ရှားရန် မဲခွဲဆုံးဖြတ်ပြီးနောက် ယွန်အား သမ္မတရာထူးမှ တရားဝင် ထုတ်ပယ်ခြင်းအား သောကြာနေ့တွင် တရားရုံးက ဆုံးဖြတ်ချက်ချကာ အတည်ပြုခဲ့သည်။ ၎င်းကို သမတရာထူးမှ ဖယ်ရှားမှုသည် ချက်ချင်း အသက်ဝင်မည်ဖြစ်ပြီး သမ္မတနေအိမ်မှ ထွက်ခွာရမည်ဖြစ်သည်။

ယွန်းအား ရာထူးမှ ဖယ်ရှားရန် စွပ်စွဲချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး၏ တရားသူကြီး ၈ ဦးလုံးက တညီတညွတ်တည်း သဘောထားပေး ဆုံးဖြတ်ခဲ့သည်။

တရားရုံး၏ ခေတ္တခေါင်းဆောင် တရားသူကြီး မွန်းဟွန်းဘေး (Moon Hyung-bae) က ပြောကြားရာတွင် ယွန်း၏စစ်အုပ်ချုပ်ရေးအမိန့်သည် “ ယင်းအချိန်က ပြင်းထန်သော နိုင်ငံရေး အကျပ်အတည်းအတွင်းတွင် ရှိမနေသည့်အတွက် အခြေခံဥပဒေနှင့် ညီညွတ်မှုမရှိဘဲ သူ၏အမိန့်သည် “မှန်ကန်သည်ဟု ပြော၍မရနိုင်ပါ” ဟု ဆိုခဲ့သည်။

သမ္မတသည် စစ်အုပ်ချုပ်ရေးကြေညာခြင်းဆိုင်ရာ တရားဝင်လုပ်ငန်းစဉ်ကို ချိုးဖောက်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးကို ထိပါးချိုးဖောက်ကာ စစ်သားများကို ပြည်သူနှင့် ထိပ်တိုက်ရင်ဆိုင်ခိုင်းခြင်းဖြင့် တပ်မတော်၏အကြီးအကဲအဖြစ် ၎င်း၏တာဝန်ကို ချိုးဖောက်ခဲ့ကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။

သီးခြားရာဇ၀တ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုတွင် ယွန်အား ပုန်ကန်မှုတွင် ဦးဆောင်မှုဖြင့် ဇန်နဝါရီတွင် ဖမ်းဆီးခံခဲ့ရပြီး တရားရုံးက ၎င်း၏ ဖမ်းဝရမ်းကို ပယ်ဖျက်ပြီးနောက် မတ်လတွင် ပြန်လွှတ်ပေးခဲ့သော်လည်း သူ့အပေါ်စွဲချက်များကို မရုတ်သိမ်းပေးခဲ့ပါ။

စီရင်ချက်ချခြင်းကို တောင်ကိုရီးယားမြို့တော်တစ်ဝှမ်းတွင် ပြည်သူများက ရောထွေးသော ခံစားချက်များဖြင့် တုံ့ပြန်ခဲ့ကြသည်။

ယွန်၏ပြိုင်ဘက်များသည် တရားရုံးအပြင်ဘက်တွင် ဂုဏ်ပြုပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲခဲ့ကြပြီး အလံများကို ဝှေ့ယမ်းကာ တေးဂီတဖြင့် ကခုန်ခဲ့ကြသည်။ သူ့အား ပြန်လည်ခန့်အပ်ခြင်းခံရပါက စစ်အုပ်ချုပ်ရေးကို ထပ်မံကြေညာနိုင်မည်ဟု လူအများက စိုးရွံ့ ခဲ့ကြသည်။ တဖက်တွင် ယွန်းကို ထောက်ခံသူများ စုဝေးရာ ယွန်း၏တရားဝင်နေအိမ်အပြင်ဘက်တွင် ခံစားချက်က ငြိမ်သက်နေပြီး ကြေကွဲနေကြပါသည်။

ယွန်ကို ဖယ်ရှားရန် ထောက်ခံသည့်အုပ်စုနှင့် သူ့အား ထောက်ခံသည့် လူအုပ်ကြီးသည် လမ်းများတဖက်တချက်တွင် ရှိနေခဲ့ပြီး စီရင်ချက်မချမီ မြို့တော်အတွင်း လုံခြုံရေးကို ရဲတပ်ဖွဲ့က တိုးမြှင့်ချထားခဲ့သည်။ အတားအဆီးများနှင့် စစ်ဆေးရေးဂိတ်များ ချထားကာ အကြမ်းဖက်မှု မှန်သမျှကို မလုပ်ဆောင်ရန် သတိပေးခဲ့သည်။

လွန်ခဲ့သည့်နှစ်များက သမ္မတတစ်ဦးဖြစ်သူ ပတ်ဂွင်ဟေးအား စွပ်စွဲပြစ်တင်ခြင်းနှင့် ထောင်ချခြင်းတွင် ၎င်း၏ ဦးဆောင်ခဲ့သည့် အခန်းကဏ္ဍအတွက် ထင်ရှားကျော်ကြားလာခဲ့သည့် အစိုးရရှေ့နေဟောင်းဘဝမှ နိုင်ငံရေးသမားတစ်ဦးဖြစ်လာခဲ့သူအတွက် အံ့သြဖွယ်ကောင်းလောက်အောင် ကျဆင်းသွားခြင်းမှာ ယခုအချိန်တွင် တူညီသော ကံကြမ္မာကို ရင်ဆိုင်နေရခြင်းပင် ဖြစ်သည်။

ဘာဆက်ဖြစ်မလဲ။

++++++++++

တောင်ကိုရီးယားဥပဒေအရ ယွန်ကို ရာထူးမှဖယ်ရှားပြီးနောက် သမ္မတအသစ်ရွေးချယ်ရန် အထွေထွေ ရွေးကောက်ပွဲကို ရက်ပေါင်း ၆၀ အတွင်း ကျင်းပရမည်ဖြစ်သည်။

နိုင်ငံ၏ နောက်ထပ်သမ္မတအတွက် အလားအလာရှိသော ကိုယ်စားလှယ်လောင်းမှာ အတိုက်အခံခေါင်းဆောင် လီဂျေးမြုံဖြစ်ပြီး သူသည် ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ယွန်အား မဲအနည်းငယ်နှင့်ကပ်ပြီး ရှုံးနိမ့်ခဲ့သော ရှေ့နေဟောင်းနှင့် ဥပဒေပြုအမတ်ဖြစ်သည်။

တစ်ချိန်တည်းတွင် ယွန်းသည် ၎င်း၏ ပုန်ကန်မှု တရားရင်ဆိုင်နေရမှု အပါအဝင် အခြားသော တရားစွဲဆိုမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ တောင်ကိုရီးယားတွင် ဆယ်စုနှစ်များစွာကြာ မည်သူ့ကိုမျှ ပုန်ကန်မှုနှင့် ပတ်သက်ပြီး ကွပ်မျက်ခြင်းမပြုသော်လည်း ၎င်းသည် သမ္မတတစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့် မပေးသည့် ရာဇ၀တ်မှုအနည်းငယ်ထဲမှတစ်ခုဖြစ်ပြီး၊ တစ်သက်တစ်ကျွန်းထောင်ဒဏ် သို့မဟုတ် သေဒဏ် ပေးခံရနိုင်ဖွယ်ရှိသည်။

ယွန်၏စစ်အုပ်ချုပ်ရေးအမိန့်ချမှတ်မှုတွင် ပါလီမန်သို့ တပ်ဖွဲ့ဝင်များ စေလွှတ်ကာ လွှတ်တော်အမတ်များကို လွှတ်တော်ထဲမှ “ဆွဲထုတ်” ရန် အမိန့်ပေးခဲ့သည်ဟု အမိန့်ပေးခံခဲ့ရသည့် တပ်မှူးများက သက်သေထွက်ဆိုခဲ့သည်။ ထိုကာလအတွင်း အမျိုးသားလွှတ်တော်ကို ပိတ်ပစ်ရန်နှင့် နိုင်ငံရေးသမားများနှင့် ရွေးကောက်ပွဲ အာဏာပိုင်များကို ဖမ်းဆီးရန် တရားမ၀င် ကြိုးပမ်းမှုအဖြစ် စွဲချက်တင်ထားသည်။

ယွန်က ၎င်း၏အမိန့်သည် နိုင်ငံရေးအရ ရှေ့မတိုးနောက်မဆုတ် အခြေအနေတွင် မြောက်ကိုရီးယားကိုလိုလားသည့် နိုင်ငံတော်ကို ဆန့်ကျင်နေသည့်အုပ်စု၏ ချိမ်းခြောက်နေမှုကြောင့် စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လစ်ဘရယ်အတိုက်အခံများကို ယာယီသတိပေးချက်အဖြစ် ရည်ရွယ်ကြောင်း ယွန်က ပြောကြားခဲ့သည်။ အဆိုပါအမိန့်ကို ရုတ်သိမ်းရန် မဲခွဲဆုံးဖြတ်ပါက လွှတ်တော်ကိုယ်စားလှယ်များ၏ဆန္ဒကို လေးစားလိုက်နာရန် အမြဲရရှိကြောင်း၎င်းက ဆိုသည်။

နောက်ဆုံးတွင် သူ၏အမိန့်သည် ခြောက်နာရီခန့်သာ ခံခဲ့သည်။ လွှတ်တော်အမတ်များသည် ပါလီမန်သို့ အတင်းအကြပ် ဝင်ရောက်ကာ ထိုအမိန့်ကို ဆန့်ကျင်မဲပေးပြီးနောက် ယွန်က သူ့အမိန့်ကို ရုတ်သိမ်းခဲ့ရသည်။ လေးလကြာ နိုင်ငံရေးဝရုန်းသုန်းကား ဖြစ်ပွားမှုမှစတင်ကာ ပါလီမန်တွင် ဝန်ကြီးချုပ်နှင့် ယာယီသမ္မတတို့အား စွပ်စွဲပြစ်တင်ရန် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။

ခေါင်းဆောင်ဘဝမှ ကျဆင်းရခြင်း

++++++++++++++++++

၂၀၂၂ ခုနှစ်တွင် ရာထူးမယူမီ ယွန်သည် တောင်ကိုရီးယား၏ နောက်ဆုံးစွပ်စွဲချက် တင်ခံရသော သမ္မတ ပတ်ဂွင်ဟေး (Park Geun-hye) အား စုံစမ်းစစ်ဆေးမှုတွင် ထင်ရှားသော အစိုးရရှေ့နေတစ်ဦးဖြစ်သည်။ ပတ်အား ၂၀၁၇ ခုနှစ်တွင် ရာထူးမှ ဖယ်ရှားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အဂတိလိုက်စားမှုနှင့် အာဏာအလွဲသုံးစားမှုများအတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

ယွန်သည် ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ ဖြုတ်ချခံရသည့် ဒုတိယသမ္မတ ဖြစ်လာပြီး နိုင်ငံ၏ဒီမိုကရေစီသမိုင်းတွင် တာဝန်ထမ်းဆောင်မှု အတိုဆုံး ရွေးကောက်တင်မြှောက်ခံထားရသူ ဖြစ်လာသည်။

တချိန်က အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ အဓိကမဟာမိတ်အဖြစ် အသိအမှတ် ပြုခံခဲ့ရသော ယွန်အတွက် လျင်မြန်သော အဖြစ်အပျက်များသည် သူ့အား သိသိသာသာ ကျဆုံးသွားစေခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် အမေရိကန် အိမ်ဖြူတော်အစိုးရ ညစာစားပွဲတွင် ယွန်သည် ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် ဒွန်မက်လိင်းန် (Don McLean) ၏ “ American Pie” သီချင်းကို ပရိသတ်အား သီဆိုပေးခဲ့သည်။

ယွန်၏သီဆိုမှုသည် ဝါရှင်တန်နှင့် ၎င်း၏ လွယ်ကူသောဆက်ဆံရေးကို ပြသရန် ရည်ရွယ်ပြီး ဆိုးလ်၏ အမေရိကန်နှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို အားဖြည့်ပေးသည်။ သို့သော်လည်း သူ၏ဝေဖန်သူများက ယခုအချိန်သည် ပြည်တွင်းစိုးရိမ်မှုများကို အရေးမထားဘဲ အာရုံလွှဲမှုတစ်ခုအဖြစ် မြင်သည်။

အမေရိကန်မှ ကိုရီးယားနိုင်ငံသို့ ပြန်ရောက်သည့်အခါ ကြားဖြတ်ရွေးကောက်ပွဲတွင် အတိုက်အခံများသည် တခဲနက် အနိုင်ရရှိခဲ့ကြပြီး အဓိကအစိုးရအဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ပြီး ထုတ်ပယ်ရန် ဥပဒေပြဋ္ဌာန်းဖို့ လွှတ်တော်ကို စီးထားသည့် အတိုက်အခံများနှင့်အပြင်းအထန် ထိပ်တိုက်တွေ့ခဲ့သည်။ ယွန်သည် လွှတ်တော်တွင် ရှေ့မတိုးနိုင်သည့်အခြေအနေတွင် အတိုက်အခံများကို တတွန်းလှန်နိုင်ရန် စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု အကြောင်းပြခဲ့သော်လည်း ၎င်း၏ကျဆုံးမှုကိုဖြစ်စေသည့် ကံကြမ္မာအမိန့်သာ ဖြစ်သည်ဟု ပြောရမည်ပင် ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 67 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN-
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 179 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 36 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 63 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 62 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 66 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ