နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

“ မတ်စ်ကို စိတ်ကုန်နေပါပြီ” လို့ ထရန့်ရဲ့ အတွင်းစည်းကပြော

** အရာများစွာကို ငွေနဲ့ ဝယ်ယူနိုင်ပေမယ့် အရာအားလုံးကိုတော့ ငွေနဲ့ မဝယ်နိုင်ပါ။ **

ဧပြီလ (၄) ရက်။

အမေရိကန်စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်ဟာ အစိုးရလုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲဖို့လုပ်လိုက်တာ သုံးလအတွင်း ဒေါ်လာ ၁၀၀ ဘီလီယံ ဆုံးရှုံးခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီက မတ်စ်အတွက် အရှက်ရစရာတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ ဝစ္စကွန်းဆင်းပြည်နယ် တရားရုံးသူကြီးချုပ် ရွေးချယ်ပွဲမှာ သူထောက်ခံခဲ့တဲ့ ကွန်ဆာဗေးတစ် တရားသူကြီးဟာ ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒီရွေးကောက်ပွဲအတွက် မတ်စ်ဟာ ဒေါ်လာ သန်း ၂၀ ဆုံးရှုံးခဲ့ပါတယ်။

နာရီအနည်းငယ်အကြာမှာ လျှပ်စစ်ကား Tesla ဟာ စတင်တည်ထောင်ချိန်ကစပြီး ရောင်းအား အကြီးမားဆုံး ကျဆင်းသွားပါတယ်။

ကုမ္ပဏီရဲ့ရောင်းအားဟာ ပထမသုံးလပတ်တွင် ၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး သူရဲ့ အဓိကပြိုင်ဘက် တရုတ်ကုမ္ပဏီ BYD ဟာ ရောင်းအား ၆၀ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။

မတ်စ်ကို ထရန့်ရဲ့ အစိုးရအဖွဲ့ကနေ ဖယ်ထုတ်တော့မယ်လို့ ထရန့်ရဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Politico က ဖော်ပြခဲ့ပါတယ်။

ဧပြီလ ၂ ရက်နေ့မှာ အိမ်ဖြူတော်က Politico ရဲ့ အစီရင်ခံစာကို “ အမှိုက်” အဖြစ် ရှုတ်ချခဲ့ပြီး မတ်စ်ကလည်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ “ သတင်းအတု” အဖြစ် ပယ်ချခဲ့ပါတယ်။

ဒါပေမယ့် ထရန့်ရဲ့ လက်ကိုင်တုတ်အဖြစ် မတ်စ်ဟာ သူ့ရဲ့ အထူးအစိုးရဝန်ထမ်းအဆင့်အတန်းကို ရက်ပေါင်း ၁၃၀ သက်တမ်းဟာ မေလနှောင်းပိုင်း ဒါမှမဟုတ် ဇွန်လမှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ သက်တမ်းထပ်တိုးမှာ မဟုတ်တော့ဘူးလို့ အစိုးရအဖွဲ့က အတည်ပြုခဲ့ပါတယ်။

ထရန့်ကလည်း လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို မတ်စ်ဟာ သူ့ရဲ့စီးပွားရေးပြန်လုပ်ဖို့ရှိသေးတယ်။ သူဟာ DOGE မှာ ကောင်းကောင်းအလုပ်လုပ်ခဲ့ပါတယ် ဆိုပြီး မတ်စ်ဟာ အစိုးရအဖွဲ့ကနေ ထွက်မှာကို အတည်ပြုခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေကလည်း မတ်စ်ကို ဒိန်ခဲဦးထုပ်ဆောင်းပြီး ဆန့်ကျင်နေတာကို ရပ်တန့်ပြီး သူ့ကုမ္ပဏီရဲ့ လျင်မြန်စွာ ကျဆင်းနေတဲ့ စျေးကွက်ဝေစုကို ပြန်လည်ရရှိဖို့ အာရုံစိုက်မယ်လို့လို့ အကောင်းမြင်နေကြပါတယ်။

မဲဆန္ဒရှင်တွေ၊ Tesla ဖောက်သည်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ရီပတ်ဘလီကန်ခေါင်းဆောင်တွေက မတ်စ်ရဲ့ လုပ်ဆောင်ချက်တွေဟာ လမ်းကြောင်းလွဲနေပြီလို့ ယုံကြည်ကြပါတယ်။

Tesla ရဲ့ ရှယ်ယာတွေ ပြိုလဲသွားတာကြောင့် မတ်စ်ဟာ ဇန်နဝါရီလကတည်းက သူရဲ့ အသားတင်ပိုင်ဆိုင်မှုရဲ့ လေးပုံတစ်ပုံကျော် ဆုံးရှုံးခဲ့ပါတယ်။

မတ်စ်ဟာ Tesla ရဲ့ မျက်နှာဖြစ်တဲ့အတွက် Tesla ဒုက္ခရောက်ရင် သူလည်းဒုက္ခရောက်မှာ ဖြစ်ပါတယ်။ လက်ယာစွန်းတွေကို ထောက်ခံအားပေးတဲ့ Tesla ဟာ သူ့ရဲ့ အမှတ်တံဆိပ်ကို ပျက်စီးစေခဲ့ပါတယ်။ Tesla ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ၊ လက်ဝဲဝါဒီတွေက ထောက်ခံအားပေးခဲ့ပါတယ်။

မတ်စ်ဟာ ဒီဖောက်သည်တွေကို ရီပတ်ဘလီကန်မဲဆန္ဒရှင်တွေနဲ့ အစားထိုးဖို့ မဘယ်လို တွေးခေါ်စီစဉ်ခဲ့တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ရီပတ်ဘလီကန်တွေက လျှပ်စစ်ကားတွေကို လက်ခံဖို့ ကာလအတန်ကြာ ဆန့်ကျင်ခဲ့ကြပါတယ်။

အိမ်ဖြူတော် တောင်မြက်ခင်းပြင်ကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ ထရန့်နဲ့ Tesla ရဲ့ ကွင်းအတွင်းမှာ ဖောက်သည်တွေကို စိတ်ပျက်စေခဲ့ပါတယ်။ Tesla စတော့ကို ဝယ်ယူဖို့ ကုန်သွယ်ရေးဝန်ကြီး Lutnick ရဲ့ မေတ္တာရပ်ခံမှုဟာလည်း အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိခဲ့ပါတယ်။ FBI က Tesla ကားတွေကို ဖျက်ဆီးမှုတွေကို ပြည်တွင်းအကြမ်းဖက်မှုနဲ့ စွဲချက်တင်ဖို့ FBI ရဲ့ ခြိမ်းခြောက်မှုဟာ စိတ်ပျက်စရာတွေကို ပိုမိုဖြစ်ပေါ်စေခဲ့ပါတယ်။

မဲဆန္ဒရှင်တွေကလည်း အဆုံးစွန် ရှုံ့ချခဲ့ကြပါတယ်။ မတ်စ်ဟာ သူ့ရဲ့ အကန့်အသတ်မရှိ အရင်းအမြစ်တွေကို အသုံးပြုပြီး ဝစ္စကွန်းဆင်းပြည်နယ် ရွေးကောက်ပွဲကို လွှမ်းမိုးဖို့ ကြိုးစားခဲ့ပြီး Green Bay မှာ ဧရာမဒိန်ခဲဦးထုပ်ကို ၀တ်ဆင်ကာ တရားရေးအရ စိန်ခေါ်မှုတစ်ရပ်ကို လျင်မြန်စွာ ဆွဲဆောင်နိုင်ဖို့ မဲဆန္ဒရှင်တွေကို ဒေါ်လာ ၁ သန်းတန် ချက်လက်မှတ်နှစ်စောင် ပေးဝေခဲ့ပါတယ်။

မတ်စ်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ သဲထဲရေသွန်ဖြစ်ခဲ့ရပြီး လစ်ဘရယ်က အနိုင်ရခဲ့ပါတယ်။

အရာများစွာကို ငွေနဲ့ ဝယ်ယူနိုင်ပေမယ့် အရာအားလုံးကိုတော့ ငွေနဲ့ မဝယ်နိုင်ပါ။

သတင်းရင်းမြစ်။ CNN ဂျပန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 27 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 35 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 95 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 89 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 33 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု