နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

“ သူ့ရဲ့ သီးခံနိုင်စွမ်း ကျော်လွန်သွားပြီ” လို့ ဘတ်ဂျက်ဥပဒေကြမ်းကို ဝေဖန်ပြီး ပြတ်ပြတ်သားသား ကွဲပြားမှုကို အီလွန်မတ်စ် ထုတ်ဖော်

ဇွန်လ ၄ ရက်။

သမ္မတထရန့်၏အနီးကပ်လက်ထောက်အဖြစ် အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ကို ဦးဆောင်ခဲ့သည့် စီးပွားရေးသမား အီလွန်မတ်စ်က ထရန့်အစိုးရ၏ အခွန်လျှော့ချခြင်းအပါအဝင် ဘတ်ဂျက်ဥပဒေကြမ်းကို ဝေဖန်ခဲ့ပြီး ဇွန်လ ၃ ရက်နေ့က X တွင် “ စိတ်မကောင်းပါဘူး၊ ကျွန်တော် ဒီထပ်ပိုပြီး သီးမခံနိုင်တော့ပါ”။ အဲဒါက ဆိုးရွားလွန်းလှပါတယ်။ ဒီအသုံးစရိတ်ဥပဒေကြမ်းဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းလှပါတယ်။ အဲဒါကို မဲပေးခဲ့တဲ့သူတွေကို ရှက်ပါ။ မင်းအမှားတွေလုပ်နေတာ မင်းသိတယ်။ မင်းသိတယ်။” ဟု ရေးသားခဲ့သည်။

ဖက်ဒရယ်အစိုးရဘတ်ဂျက်နှင့် DOGE မှဝန်ထမ်းများအား ပြင်းထန်စွာဖြတ်တောက်မှုတွင် ဦးဆောင်သူ မက်စ်သည် အဆိုပါဥပဒေမူကြမ်းကြောင့်ဘဏ္ဍာရေးပိုမိုဆိုးရွားလာမည်ကို စိုးရိမ်ကြောင်း ယခင်က ထုတ်ဖော်ပြောကြားခဲ့သည်။ ယခုနောက်ဆုံးရေးသားချက်နှင့်အတူ၊ သူနှင့် ထရန့်အကြား ပြတ်သားသော သဘောထားကွဲလွဲမှုကို ထုတ်ဖော်ပြသခဲ့ပြီး ဝေဖန်ပြောဆိုခဲ့သည်။

မတ်စ်သည် အဆိုပါ ဥပဒေကြမ်းသည် ၎င်း၏ ဒေသဆိုင်ရာ မဲဆန္ဒနယ်တွင် အကျိုးအမြတ်များ ရရှိစေရန် ပြည်ထောင်စုလွှတ်တော်အမတ်၏ ကြိုးပမ်းမှု ဖြစ်ပြီး ၎င်းအား ထောက်ခံမဲပေးသော အောက်လွှတ်တော်အမတ်များအား “ ရှက်ကြစမ်း” ဟု ပြောကြားကာ ဒေါသပေါက်ကွဲခဲ့သည်။

မေလ ၂၇ ရက်က အမေရိကန်မီဒီယာနှင့် အင်တာဗျူးတွင် ၎င်းက “ DOGE ၏ လုပ်ငန်းကို ပျက်စီးစေမည့် ကြီးမားသော အသုံးစရိတ်ဥပဒေကြမ်းအတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။ တစ်ဖက်တွင်မူ အစိုးရအဖွဲ့မှ နုတ်ထွက်ခြင်းနှင့် ပတ်သက်၍ မေလ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ထရန့်၏ အကြံပေးတစ်ဦးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရန် ၎င်း၏ ရည်ရွယ်ချက်ကို အလေးပေးပြောကြားခဲ့သည်။

အဆိုပါဥပဒေမူကြမ်းတွင် ထရန့်၏ ပထမအစိုးရသက်တမ်းတွင် အစပြုခဲ့သည့် “ ထရန့်၏အခွန်လျှော့ချရေး” ကို ရာသက်ပန် တည်မြဲအောင် လုပ်ဆောင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းဝင့်လုပ်ကိုင်နေသည့် ဝန်ထမ်းများ၏ ဘောက်ဆူးနှင့် အချိန်ပိုလစာများအတွက် အခွန်ကင်းလွတ်ခွင့်နှင့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ကတိပြုထားသည့် ကတိများစွာပါဝင်သည်၊ တစ်ဖက်တွင်မူ ဘဏ္ဍာရေးအခြေအနေ ပိုမိုဆိုးရွားလာစေသည်ဟုဆိုကာ ရီပတ်ဘလီကန်ပါတီတွင်းမှ ကန့်ကွက်မှုများလည်း ရှိနေသည်။

အဆိုပါ ဥပဒေကြမ်းကို ထောက်ခံမဲ ၂၁၅ မဲနှင့် ကန့်ကွက်မဲ ၂၁၄ မဲဖြင့် အောက်လွှတ်တော်တွင် မေလ ၂၂ ရက်က အတည်ပြုခဲ့သည်။ ထရမ့်သည် ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့တွင် အတည်ပြုရန် ရည်မှန်းထားသည့် ဥပဒေကြမ်းကို အလျင်အမြန် အတည်ပြုရန် အထက်လွှတ်တော်ကို ဖိအားပေးလျက်ရှိသည်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူလီဗစ်က ၃ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် “ သမ္မတက အီလွန်မတ်စ်ရဲ့ ဥပဒေကြမ်းအပေါ်ရပ်တည်ချက်ကို နားလည်ပါတယ်။ သမ္မတက စိတ်ပြောင်းမှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

မာအိနိချိရှင်ဘွန်းသတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 24 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 19 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 42 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 41 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 41 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 49 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 38 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့