နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကွန်ဂရက်လွှတ်တော်သည် ထရန့်၏ ‘ကြီးမားလှပသော ဥပဒေကြမ်း’ ကို အတည်ပြု ပေးလိုက်သည်။

၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၄ ရက်

အမေရိကန်ကွန်ဂရက်လွှတ်တော်သည် ဒေါ်နယ်ထရန့်၏ ကြီးမားသောအခွန်နှင့် အသုံးစရိတ် ဥပဒေကြမ်းကို သမ္မတနှင့် သူ၏ ပြည်တွင်းအစီအစဉ်အတွက် သိသာထင်ရှားပြီး ခက်ခက်ခဲခဲ တိုက်ပွဲတွင် အောင်ပွဲတစ်ခုအဖြစ် အတည်ပြုပေးခဲ့သည်။

ကာပီတိုလ်ဟေးလ်အောက်လွှတ်တော်တွင် ခက်ခဲကြမ်းတမ်းသော အစည်းအဝေးအပြီးတွင် အောက်လွှတ်တော်သည် ကြာသပတေးနေ့မွန်းလွဲပိုင်းတွင်ထောက်ခံမဲ ၂၁၈ မဲ – ကန့်ကွက်မဲ ၂၁၄ မဲဖြင့် အတည်ပြုခဲ့သည်။ ထိုဥပဒေကို အင်္ဂါနေ့က အထက်လွှတ်တော်တွင် မဲတစ်မဲဖြင့် ကပ်ပြီး အတည်ပြုခဲ့သည်။

ထရန့်သည် ရီပတ်ဘလီကန်များ ထိန်းချုပ်ထားသော ကွန်ဂရက်အောက်လွှတ်တော်အား ဇူလိုင် ၄ ရက်ကို နောက်ဆုံးထား၍ ဥပဒေအဖြစ်အတည်ပြု လက်မှတ်ရေးထိုးနိုင်ရန် အထက်လွှတ်တော်က အတည်ပြုပေးလိုက်သည့် ဥပဒေကြမ်း၏ နောက်ဆုံးဗားရှင်းကို အောက်လွှတ်တော်ထံသို့ ပေးပို့ခဲ့သည်။

ကွန်ဂရက်လွှတ်တော်ဘတ်ဂျက်ရုံးက အဆိုပါဥပဒေကြမ်းသည် လာမည့် ၁၀ နှစ်အတွင်း ဖက်ဒရယ်လိုငွေပြမှုကို ဒေါ်လာ ၃.၃ ထရီလီယံ (ပေါင် ၂.၄ထရီလီယံ) ပေါင်းထည့်တိုးလာ နိုင်ပြီး သန်းနှင့်ချီသောလူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ကာမိစေခြင်း မရှိစေဘဲ ဖြစ်စေလိမ့်မည်ဟုခန့်မှန်းထားခြင်းကို အိမ်ဖြူတော်က ငြင်းဆိုထားသည်။

ကြာသပတေးနေ့ ညနေခင်းတွင် သတင်းထောက်များနှင့် စကားပြောရာတွင် ထရန့်က အဆိုပါဥပဒေမူကြမ်းသည် “ ဤနိုင်ငံကို လျှင်မြန်စွာ တိုးတက်လာသည့်နိုင်ငံအဖြစ်သို့ ပြောင်းလဲစေလိမ့်မည်” ဟု ပြောကြားခဲ့သည်။

“ဒါက တိုင်းပြည်အတွက် ကြီးကျယ်တဲ့ ဥပဒေကြမ်း ဖြစ်လာမှာပါ” ဟု ၎င်းက ဆိုသည်။

ဇူလိုင်လ၄ ရက်နေ့ နိုင်ငံတော်အားလပ်ရက်၏ ၁၇:၀၀ EDT (၂၂:၀၀ BST) နာရီတွင် ၎င်းအား ဥပဒေအဖြစ် လက်မှတ်ရေးထိုးရန် မျှော်လင့်ပါသည်။

ရီပတ်ဘလစ်ကန်ပါတီ၏ အောင်ပွဲခံပါတီဥက္ကဋ္ဌ မိုက်ဂျွန်ဆင်သည် အောက်လွှတ်တော်မှ မဲခွဲဆုံးဖြတ်ပြီးနောက်တွင် ထွက်လာပြီး ၎င်း၏ပါတီအတွင်း “ယုံကြည်မှု” သည် အောင်ပွဲ၏ အဓိကသော့ချက်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

“ကျွန်တော်နောက်မှာ ရပ်နေတဲ့လူတွေကို ကျွန်တော်ယုံတယ်။ တချို့နဲ့ ဆက်ဆံရတာ ပိုပျော်စရာ ကောင်းတယ်” ဟု ၎င်းက ဆိုပြီး “ ကျွန်တော်ဆိုလိုတာက လေးစားမှု အမြင့်ဆုံးအဆင့်နဲ့ပါ” ဟု ဆိုသည်။

အမတ်များထဲတွင် ဂျွန်ဆင်က လက်ခံလာစေရန်စည်းရုံးခဲ့သည့် တက္ကဆက်ပြည်နယ် ရီပတ်ပလီကင် အောက်လွှတ်တော်အမတ် ချစ်ပ် ရွိုင်း (Chip Roy) သည် လွန်ခဲ့သည့် ရက်ပိုင်းက အထက်လွှတ်တော်က ယင်းဥပဒေမူကြမ်းကို အတည်ပြုပြီးချိန်တွင် ခိုင်မာစွာသဘောမတူကြောင်း “နိုး” ဟု သဘောထားပေးခဲ့ပြီး ဆီးနိတ်လွှတ်တော်ဗားရှင်းကို “ ရယ်မောဖွယ်” ဟု ခေါ်ဆို ခဲ့သော်လည်း မဲပေးမှုစတင်ချိန်တွင် စိတ်ပြောင်းသွားခဲ့သည်။

အောက်လွှတ်တော်က ဆီးနိတ်ဥပဒေမူကြမ်းကို အပြောင်းအလဲတစ်စုံတစ်ရာ မလုပ်ထားသော်လည်း ချစ်ပ်ရွိုင်း (Chip Roy)က “ကျွန်တော်တို့ အဓိကအရာတွေမှာ ရလဒ်ကောင်းရတယ်လို့ ခံစားရတယ်” လို့ သူက ဆိုခဲ့သည်။

ရွိုင်း ကဲ့သို့သော ရီပတ်ဘလီကန်အချို့က အထက်လွှတ်တော်ဗားရှင်းကို ဆန့်ကျင်ပြီး ပြန်ထောက်ခံပေး ခဲ့သော်လည်း၊ ထရန့် ၏ပါတီမှ လွှတ်တော်အမတ်နှစ်ဦးကသာ ကြာသပတေးနေ့တွင် “ နိုး” ဟု မဲပေးခဲ့ကြသည်။ ၎င်းတို့မှာ သောမတ်စ် မက်ဆီ (Thomas Massie) နှင့် ဘရိုင်ယန် ဖစ်ဇ်ပက်ထရစ် (Brian Fitzpatrick) တို့ဖြစ်သည်။

ဂျွန်ဆင်သည် ဥပဒေပြုလွှတ်တော်တွင် ဥပဒေကြမ်းကို လေးမဲအသာဖြင့် အတည်ပြုခဲ့ ပြီးနောက် ရီပတ်ဘလီကန်အမတ် ဒါဇင်ပေါင်းများစွာက “ USA! USA!” ဟု ကြွေးကြော်ကာ အောက်လွှတ်တော်ကြမ်းပြင်တွင် စုရုံးခဲ့ကြသည်။

ဒီမိုကရက်တစ် အောက်လွှတ်တော် လူနည်းစု ခေါင်းဆောင် ဟာခီန်းမ် ဂျက်ဖရီးစ် (Hakeem Jeffries) ၏ရှည်လျားသောမိန့်ခွန်းက ကြာသပတေးနေ့မှာ ဥပဒေကြမ်းကို အတည်ပြုဖို့ နှောင့်နှေးစေခဲ့ပါသည်။

ပါတီခေါင်းဆောင်များကို စိတ်ကြိုက်အချိန်ကြာကြာပြောနိုင်စေသည့် ထုံးစံဖြစ်သည့် ၎င်း၏ “ မှော်မိနစ်” မိန့်ခွန်းသည် ရှစ်နာရီနှင့် ၄၅ မိနစ်ကြာအောင် ရှည်လျားခဲ့သည်။

ဂျက်ဖရီးစ် (Jeffries) က ဆင်းရဲသားအမေရိကန်တွေအပေါ် ဥပဒေကြမ်းရဲ့ သက်ရောက်မှုကို ရှုတ်ချပြီး သူ့ရဲ့ “ အမေရိကန်ပြည်သူတွေကိုယ်စား ချိုမြိန်တဲ့အချိန်ကို ယူတာပါ” လို့ ရှင်းပြခဲ့ပါသည်။

အဆိုပါဥပဒေသည် အစားအစာအကျိုးခံစားခွင့်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဖြတ်တောက်ခြင်းနှင့် သန့်ရှင်းသော စွမ်းအင်စီမံကိန်းများအတွက် အခွန်လျှော့ချခြင်းများ ကို ပြန်လှန်ခဲ့ပြီး ထိုဖြတ်တောက်မှုများမှ ထွက်လာသောငွေကို စုဆောင်းခဲ့ပါသည်။

ဥပဒေမူကြမ်းသည် ထရန့်၏ အဓိကမဲဆွယ်စည်းရုံးရေး ကတိနှစ်ခုကို အကောင်အထည် ဖော်ခဲ့သည်။ ၎င်း၏ ၂၀၁၇ အခွန်ဖြတ်တောက်မှုများကို အမြဲတမ်းအတည် ဖြစ်စေခြင်းနှင့်ဘောက်ဆူး တစ်ပေးခြင်း၊ အချိန်ပိုလုပ်ခနှင့် လူမှုဖူလုံရေး လက်ခံသူများအတွက် အခွန်ကောက်ခြင်းကို ပယ်ဖျက်လိုက်သည်။ ထိုအတွက် ၁၀ နှစ်ကျော်အတွင်း ကုန်ကျစရိတ် ၄.၅ ထရီလီယံဒေါ်လာ ရှိမည်ဖြစ်သည်။

နယ်စပ်လုံခြုံရေး၊ ထိန်းသိမ်းရေးစခန်းများနှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိများအတွက် ဒေါ်လာ ၁၅၀ ဘီလီယံ (ပေါင် ၁၁၀ ဘီလီယံ) ခန့် သုံးစွဲမည်ဖြစ်သည်။ သမ္မတ၏ “ ရွှေအမိုးခုံး” ဒုံးကျည်ကာကွယ်ရေးအစီအစဉ်အပါအဝင် စစ်ရေးအသုံးစရိတ်များအတွက် နောက်ထပ် ဒေါ်လာ ၁၅၀ ဘီလီယံကို ခွဲဝေပေးမည်။

အောက်လွှတ်တော် မဲဆွယ်မှုကို ရပ်တန့်ရန် လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးဆန့်ကျင် ခဲ့သည့် ဒီမိုကရက်များသည် နောက်ဆုံးတွင် ဥပဒေကြမ်းကို ဝိုင်းဝန်းဝေဖန်ခဲ့ကြသည်။

ချမ်းသာသူများကို အခွန်ကောက်ခံမှုကို ဖြတ်တောက်ပေးနေစဉ်တွင် အမေရိကန် သန်းပေါင်းများစွာထံမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားနပ်ရိက္ခာထောက်ပံ့မှုများကို ဖြတ်တောက်ခြင်းမှလိုငွေကို ရယူခြင်းအဖြစ် ပုံဖော်ထားသည်။

ကယ်လီဖိုးနီးယားမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ နန်စီပလိုစီ (Nancy Pelosi) က “ ဒီနေ့ဟာ အလွန်ဝမ်းနည်းစရာကောင်းပြီး ကြောက်စရာကောင်းတဲ့အချိန်ကို စတင်ခဲ့တယ်” လို့ ပြောခဲ့သည်။ ဥပဒေကြမ်းသည် ရီပတ်ဘလစ်ကန်ပါတီမှ အစွန်းရောက် အတွေးအခေါ်များ ၏အန္တရာယ်ရှိသော စာရင်းတစ်ခုဖြစ်ကြောင်းလည်း သူမက ပြောကြားခဲ့သည်။

မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှ ဒဲဘရိုချ် ရော့စ် (Deborah Ross) က “ လူနည်းစု အကျိုးအတွက် လူအများအပြားကို နစ်နာစေရန် မဲပေးခဲ့ကြသူများအတွက် ရှက်စရာပါ” ဟု ပြောကြားခဲ့သည်။

အရီဇိုးနားပြည်နယ်မှ ယက်စမင် အန်ဆာရီ (Yassamin Ansari) က သူမသည် ယခုအချိန်တွင် အမှန်တကယ် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သော်လည်း တက္ကဆက်ပြည်နယ်မှ မာ့ခ်ဗီရာဆေ (Marc Veasey) က ရီပတ်ပလီကင် ပါတီအား “ လူယုတ်မာများ၊ ပရမ်းပတာနှင့် အကျင့်ပျက်ခြစားမှုများ” ဟု တံဆိပ်တပ်ခဲ့သည်။

“ ရီပတ်ဘလစ်ကန်တွေက ဘာကိုစောင့်နေတာလဲ။ ဘာကို သင်တို့က သက်သေပြဖို့ ကြိုးစားနေတာလဲ??? အမေရိကန်ပြန်လည်ကြီးမြတ်ရမယ့်MAGA က မပျော်ပါဘူး၊ မင်းအတွက်ပေးမယ့်မဲတွေအတွက် ထိခိုက်လိမ့်မယ်” လို့ ကြာသပတေးနေ့ ဒေသစံတော်ချိန် ညသန်းခေါင်ယံမှာ Truth Social မှာ ရေးသားခဲ့သည်။

ကွန်ဂရက်လွှတ်တော်နှစ်ရပ်လုံးကို ထရန့်၏ ရီပတ်ဘလီကန်ပါတီက ထိန်းချုပ်ထားသော် လည်း ပါတီတွင်းရှိ ရှည်လျားသောဥပဒေပြုရေးဆိုင်ရာ အဓိကမူဝါဒများအပေါ် သဘောထားများ ကွဲလွဲနေခဲ့ပါသည်။

ကြာသပတေးနေ့အစောပိုင်း နာရီများတွင် ရီပတ်ဘလီကန်ခေါင်းဆောင်များသည် ယုံကြည်မှုပိုရှိလာပြီး ၀၃:၀၀ EDT (၀၇:၀၀ GMT) အချိန်အကြာတွင် ဥပဒေကြမ်းအပေါ် လုပ်ထုံးလုပ်နည်းအရ မဲခွဲမှုကို အတည်ပြုခဲ့သည်။

ဥပဒေကြမ်းအပေါ် နောက်ဆုံးမဲခွဲမှုသည် ၁၄:၃၀ EDT (၁၉:၃၀ GMT) ၁၂ နာရီ နီးပါးအကြာတွင် ရောက်ရှိလာခဲ့သည်။

ဘီဘီစီ အင်္ဂလိပ်ပိုင်းအစီအစဥ်ကို ဘာသာပြန်ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

ဒေလီမြို့တော်ရှိ ပြည်သူသန်းနှင့်ချီ၍ ရက်အတော်ကြာ ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရပြီး အချို့ကမူ လက်ရှိ ရရှိနေသော ရေများမှာ အဆိပ်အတောက်ဖြစ်နေဆဲဟု ဆိုကြသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် ဒေလီမြို့တော်၏ ရေအကျပ်အတည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဒေလီမြို့ အနောက်မြောက်ဘက်ရှိ Sharma Enclave
နိုင်ငံတကာသတင်း အမေရိကန် အီတလီ

ဆောင်းရာသီအိုလံပစ်တွင် အမေရိကန်လုံခြုံရေးတိုးမြှင့်ရန် ICE အေးဂျင့်များ စေလွှတ်မှုအပေါ် အီတလီနိုင်ငံသားများ ဒေါသထွက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 10 Views
CNN – ဖေဖော်ဝါရီ ၁၊ ၂၀၂၆ လာမည့်လတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်၏ လုံခြုံရေးလုပ်ငန်းများကို ကူညီရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 30 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS) တို့ဟာ အထောက်အထားမဲ့ နေထိုင်သူ တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့် စီမံချက်တွေကြောင့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား

ဖုန်းစစ်ဆေးခံရမည်ကို စိုးရိမ်သောကြောင့် ဖုံးတွင်ကုဒ်များဖြင့် ပြောဆိုခြင်းနှင့် ရေးသားချက်များကို ဖျက်ပစ်ခြင်းဖြင့် ဗင်နီဇွဲလားနိုင်ငံသားများ အသုံးပြုနေသည့် နည်းဗျူဟာများ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် “မေမေ၊ ချတ် (Chat) တွေကို ဖျက်လိုက်တော့။” “သားရယ်၊ အဲဒါတွေက မှတ်တမ်းတင်ခံရတာမျိုး ဖြစ်လိမ့်မယ်။” “အပြင်မထွက်ခင် ပြောထားတဲ့ စကားတွေကို ဖျက်ထားလိုက်ပါဦး။”
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 28 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 33 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။