နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား အမေရိကန်

ထရန့်ရဲ့ နျူကလီးယားပြင်ဆင်အမိန့်ပေးမှုအပေါ် ရုရှား တိတ်ဆိတ်နေ

ဆိုရှယ်မီဒီယာမှာ နျူကလီးယားနဲ့ ပတ်သက်သက်တဲ့ အစပြု တုံ့ပြန်မှုဟာ သမိုင်းမှာ  ပထမဆုံးအကြိမ် ဖြစ်နေမည်လော။

ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်၏ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့မှု ကြောင့် ဒေါသထွက် သွားသည့် သမ္မတဒေါ်နယ်ထရန့်က နျူကလီးယား ရေငုပ်သင်္ဘောနှစ်စင်းကို ရုရှားနိုင်ငံနဲ့ ပိုမိုနီးကပ်စွာ ရွေ့လျားဖို့ အမိန့်ပေးခဲ့သည်။

ထိုလုပ်ဆောင်မှု မော်စကိုက မည်သို့တုံ့ပြန်မည်နည်း။ အမေရိကန်နဲ့ ရုရှားကြား နျူကလီးယားလက်နက်ဖြင့် ရင်ဆိုင် ရေး လမ်းကြောင်းပေါ် ရောက်နေပြီလော?။ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျဥ် အရေးအခင်းကဲ့သို့ အင်တာနက်ခေတ်မြင်ကွင်း ဖြစ်လာမလော။

ရုရှား၏ကနဦး တုံ့ပြန်မှုသည်သံသယဖြစ်စရာရှိသည်။

ထရမ့်ရဲ့ ကြေညာချက်ကို ရုရှားသတင်းဌာနများက ငြင်းဆိုထားသည်။

Moskovsky Komsomolets သတင်းစာ၏ စစ်ဘက်ဝေဖန်သုံးသပ်သူတဦးက ထရန့်က “ ဒေါသတကြီး ဝုန်းဒိုင်းကြဲနေခဲ့တယ်” လို့ ကောက်ချက်ချခဲ့ကြောင်း ရေးသားခဲ့ပါတယ်။

ရုရှားအငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးက အမေရိကန် သမ္မတရဲ့ ရေငုပ်သင်္ဘော အကြောင်း ပြောဆိုမှုသည် အဓိပ္ပါယ်မရှိသည့် ရယ်မောဖွယ်ရာသာဖြစ်ကြောင်းနှင့် ထရန့်၏ တုံ့ပြန်တတ်သည့် အမူအကျင့်သဘောသာဖြစ်ကြောင်း Kommersant ကို ပြောကြားခဲ့ပါသည်။

 ကျွန်တော့်အနေနဲ့ [ရေငုပ်သင်္ဘောတွေအကြောင်း] ကို ထရန့်က တကယ်အမိန့်မပေးခဲ့တာ သေချာပါတယ်” ဟု ရုရှားလုံခြုံရေးကျွမ်းကျင်သူတစ်ဦးက အလားတူစာတမ်းကို အကြံပြု ပြောကြားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်တွင် ထရန့်က မြောက်ကိုရီးယားအား သတိပေးချက်အဖြစ် ကိုရီးယား ကျွန်းဆွယ်ကို နျူကလီးယားရေငုပ်သင်္ဘောနှစ်စင်း စေလွှတ်ခဲ့ကြောင်းလည်း Kommersant က ရေးသားခဲ့သည်။

သိပ်မကြာခင်မှာပဲ ထရန့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (Kim Jong Un) နဲ့ တွေ့ဆုံခဲ့ပါသည်။

ထို့ကြောင့် ဒေါ်နယ်တရန့်၏ရေငုပ်သင်္ဘော ဖြန့်ကျက်မှုက အမေရိကန်-ရုရှား ထိပ်သီး ဆွေးနွေးပွဲ အတွက် ရှေ့ပြေးနိမိတ်တစ်ခု ဖြစ်နိုင်မလား။

သို့ရာတွင် ရုရှားအာဏာပိုင်များ၏ တုံ့ပြန်မှုက စိတ်ဝင်စားစရာဖြစ်သည်။

ယခုအချိန်အထိ ဘာတုံ့ပြန်မှုမှ မရှိခြင်းဖြစ်သည်။

ကရင်မလင်မှ မဟုတ်သလို၊ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မဟုတ်ပါ။ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း မဟုတ်ပါ။

နျူကလီးယား ရေငုပ်သင်္ဘောတွေကို ရုရှားနဲ့ ပိုမိုနီးကပ်စွာ နေရာချထားခြင်းနှင့် ပတ်သက်ပြီး တော့လည်း ကြေညာချက် ထုတ်တာကိုလည်း မတွေ့ရသေးပါ။

မော်စကိုက အခြေအနေကို လေ့လာပြီး ဘာလုပ်ရမလဲဆိုတာ ဆက်လုပ်နေတယ်လို့ ညွှန်ပြနေတာ ဒါမှမဟုတ် မော်စကိုက တုံ့ပြန်ဖို့ မလိုအပ်ဘူးလို့ ထင်နိုင်ပါသည်။

ထရမ့်သည် မက်ဗီဒက်နဲ့ ဆိုရှယ်မီဒီယာတွင် ရက်အတော်ကြာ ရန်ဖြစ်ခဲ့ပါသည်။

ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ရုရှားအတွက် ရက် ၅၀ ကန့်သတ်ရက်ကို နှစ်ပတ်အောက်ကို ထရန့်က လျှော့ချလိုက်ပြီးနောက် မက်ဗီဒက်က ထရန့်ဟာ “ ရုရှားနဲ့ ရာဇသံပေးတဲ့ ဂိမ်းကို ကစားနေပါတယ်။ ရာဇသံအသစ်တိုင်းသည် ခြိမ်းခြောက်မှုနဲ့ စစ်ပွဲဆီကို လှမ်းနေသော ခြေလှမ်းတစ်ခုဖြစ်တယ်” လို့ ကြေညာခဲ့ပါသည်။

ထရန့်က “ အာဏာရှိဆဲလို့ ယူဆတဲ့ မအောင်မြင်တဲ့ ရုရှားသမ္မတဟောင်း မက်ဗီဒက်ကို ပြောလိုက်ပါ၊ သူပြောတာကို သတိထားဖို့ ပြောပါ။ အလွန်အန္တရာယ်များတဲ့ နယ်မြေထဲကို ဝင်နေတယ်” ဟုထရမ့်က တုံ့ပြန်ခဲ့ပါသည်။

မက်ဗီဒက်ရဲ့ နောက်ပို့စ်မှာ ဆိုဗီယက်ယူနီယံတွင် တီထွင်ထားသည့် အလိုအလျောက် နျူကလီးယား လက်တုံ့ပြန်ရေးစနစ်ဖြစ်တဲ့ သေမင်းရဲ့လက်( “Dead Hand”) ကို ကိုးကားဖော်ပြထားခဲ့သည်။

ဒီတုံ့ပြန်မှုဟာ အိမ်ဖြူတော် အကြီးအကဲအတွက် လက်ခံနိုင်တဲ့အရာ မဟုတ်ဘူးဆိုတာ ရှင်းပါသည်။

၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ရုရှားသမ္မတဖြစ်ခဲ့တဲ့ မက်ဗီဒက်အား ပျော့ပြောင်းတဲ့ လစ်ဘရယ်ပုံစံနှင့်လူတယောက်အဖြစ် ရှုမြင်ခံခဲ့ရသည်။

“ လွတ်လပ်မှုဟာ မလွတ်လပ်ခြင်းထက်သာ၍ ကောင်းတယ်” လို့ သူရဲ့ကျော်ကြားတဲ့ စကားကို ကိုးကားပြောဆိုခဲ့ဘူးသည်။

သို့ရာတွင် သူသည် ပို၍ရန်လိုလာခဲ့ပါသည်။ ယူကရိန်းကို ရုရှားက အပြည့်အ၀ ကျူးကျော် ဝင်ရောက်ပြီးကတည်းက အနောက်နိုင်ငံများကို ဆိုရှယ်မီဒီယာတွေမှာ ဆန့်ကျင်တိုက်ခိုက်မှုကြောင့် နာမည်ရလာခဲ့ပါတယ်။ သူ့ပြောဆိုချက်ကို ကရင်မလင်ရဲ့အသံအဖြစ် မရှုမြင်သည့်အတွက် သူတိုက်ခိုက် နေခြင်းများကို သတိမပြုမိဘဲ ကျော်သွားခဲ့ကြသည်။

သို့ရာတွင် ရုတ်တရက် သူ့ကို အမေရိကန် သမ္မတက သတိထားမိသွားခဲ့သည်။

သတိထားမိရုံမျှမက ထရန့်ဒေါ်သကို ထိုးဆွနိုင်ခဲ့တဲ့အထိ သူက လှုံဆော်နိုင်ခဲ့ပါသည်။

ဆိုရှယ်မီဒီယာမှာ တင်ထားသည်များကို မကြိုက်တာရှိကြပါသည်၊ လူများအားလုံး ဆိုရှယ်မီဒီယာကိုရောက်ဖူးကြသည် ကြည့်ဖူးကြသည်။

ထို့ကြောင့် ဆိုရှယ်မီဒီယာမှာ ရေးတင်တာကြောင့် နျူကလီးယား ရေငုပ်သင်္ဘောတွေ ပို့လွှတ်လိုက်သည့်အထိလုပ်ဆောင်ခြင်းသည် အလွန်အကျွံ လုပ်ဆောင်သလို ခံစားရသည်။

ထရန့်က ဘာကြောင့် ဒီလိုလုပ်လိုက်တာလဲ။

Newsmax သတင်း နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထရန့်၏ ကိုယ်ပိုင်ရှင်းလင်းချက်မှာ “ မက်ဗီဒက် က အရမ်းဆိုးတဲ့ အကြောင်းအရာတချို့ကို ပြောခဲ့ပါတယ် နျူကလီးယားအကြောင်းကို ပြောနေတာပါ ။ နျူကလီးယားဆိုတဲ့ စကားလုံးကို ပြောတဲ့အခါ ကျွန်တော့်မျက်လုံးတွေ တောက်ပလာခဲ့တယ် ကျွန်တော်ပြောမယ် သတိထားဖို့လိုမယ် ဘာကြောင့်လဲဆိုတော့ အဲဒါက အဆုံးစွန်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လို့ပါပဲ” ဟုရှင်းပြခဲ့သည်။

သို့ရာတွင် မက်ဗီဒက်သည် ဆိုရှယ်မီဒီယာမှ တစ်ဆင့် နျူကလီယာ ဗုံးကြဲတိုက်ခိုက်မည်ဟု ကာလ ကြာရှည်စွာ ချိမ်းခြောက်နေသောကြောင့် အသစ်အဆန်းတော့ မဟုတ်ခဲ့ပါ။

ထရန့်သည် မကြာသေးမီကမှ မက်ဗီဒက်၏ ပို့စ်များကိုတွေ့ပြီး ပုဂ္ဂိုလ်ရေးအရယူဆကာ လိုက်လျော ညီထွေ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ကစားရာတွင် နည်းဗျူဟာရှိပါသလား။ ထရန့်သည် လုပ်ဆောင်နေသည့်လုပ်ငန်းဆောင်တာများ၊ စီးပွားရေးနဲ့ နိုင်ငံရေးတို့မှာ ဆွေးနွေးမှုမပြုမီ ဒါမှမဟုတ် ညှိနှိုင်းမှုအတွင်း ကြိုတင်မှန်းဆနိုင်မှုမရှိဘဲ မထင်မှတ်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်တတ်တာကြောင့် ပြိုင်ဘက်များကို ဟန်ချက်ပျက် စေခဲ့ပါသည်။

အံ့အားသင့်စရာ ရေငုပ်သင်္ဘောများကို ဖြန့်ကျက်ချထားသည့်ကိစ္စမျိုးသည် ထိုအမျိုးအစားတွင်းသို့ရောက်သွားနိုင် ပါသည်။

BBC- Steve Rosenberg:‌ရေးသားသော Rosenberg: Russia is staying quiet on Trump’s nuclear move ကို ခေတ်မျက်လုံးမှဘာသာပြန်သည်။

ပူတင်နဲ့” မက်ဗီဒက်

ကင်ဂျုံအွန် နဲ့ ထရန့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 92 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 26 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 60 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 58 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 66 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 67 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 61 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား