နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းမှာ နျူလက်နက်သုံးစရာ မလိုဘူးလို့ ရုရှားသမ္မတ ပူတင်ပြော

မေလ (၆) ရက်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းစစ်ပွဲကို ကျိုးကြောင်းဆီလျော်စွာ နိဂုံးချုပ်ရန် လုံလောက်သော အင်အားနှင့် အရင်းအမြစ်များရှိကြောင်း တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် မှတ်ချက်တွင် ပြောကြားခဲ့သော်လည်း ၎င်းက နျူလက်နက် အသုံးပြုရန် မလိုအပ်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ပူတင်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းသို့ ရုရှားတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို အမိန့်ပေးစေလွှတ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏အကြီးဆုံးမြေပြင်ပဋိပက္ခနှင့် စစ်အေးတိုက်ပွဲနောက်ပိုင်း နက်နက်ရှိုင်းရှိုင်း မော်စကိုနှင့် အနောက်အုပ်စုတို့အကြား အကြီးမားဆုံး ထိပ်တိုက်တွေ့မှုဖြစ်ခဲ့သည်။

ထောင်ပေါင်းများစွာသော စစ်သားများ သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ အမေရိကန်အစိုးရအနေနှင့် ရုရှားအကြား ကိုယ်စားပြုစစ်ပွဲတစ်ခုအဖြစ် ပေါ်ပေါက်နေသည့် သွေးထွက်သံယိုမှုကို အဆုံးသတ်လိုကြောင်း ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံ၏ အဓိကခေါင်းဆောင်အဖြစ် ရာစုနှစ်တစ်ခု၏ လေးပုံတစ်ပုံအကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ရိုက်ကူးတင်ပြမှုတစ်ခုတွင် “ရုရှား၊ ကရင်မလင်၊ ပူတင်၊ ၂၅ နှစ်” ဟု အမည်ပေးထားပြီးပူတင်အားသတင်းထောက်က ယူကရိန်းစစ်ပွဲမှ နျူကလီးယား အသုံးပြုလာမည့်အန္တရာယ်နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။

မိမိနှင့် သဘောထားကွဲလွဲသူများကို ရက်စက်စွာ နှိမ်နင်းခဲ့သည့် ၁၉ ရာစုရှေးရိုးစွဲဝါဒီတစ်ဦးဖြစ်သော သုံးယောက်မြောက် ဇာဘုရင် အလက်ဇန်းဒါး (Tsar Alexander III) ၏ ပုံတူပန်းချီကား ဘေးမှာထားပြီး “သူတို့က အမှားတွေ လုပ်မိအောင် ငါတို့ကို နှိုးဆော်ချင်ကြတယ်” “အဲဒီလက်နက်တွေကို သုံးစရာ မလိုပါဘူး မလိုအပ်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။” ဟု ပူတင်က ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ ၂၀၂၂ ခုနှစ်က စတင်ခဲ့တဲ့ကိစ္စအတွက် လုံလောက်တဲ့ ခွန်အားနဲ့ နည်းလမ်းများ ရှိပါတယ် ရုရှားရဲ့ လိုအပ်တဲ့ ရလဒ်ရရန် ယထဘူတကျကျ အဆုံးသတ် လုပ်ဆောင်သွားမယ်”

စစ်ပွဲအဆုံးသတ်ရန် မော်စကိုနှင့် ကိယက်ဗ်တို့က လုပ်ဆောင်ရန် ပျက်ကွက်ခြင်းကြောင့် စိတ်ပျက်မိကြောင်း ရက်သတ္တပတ်များစွာကြာအောင် ထရမ့်က အချက်ပြနေသော်လည်း ပဋိပက္ခသည် အလွန်ရှုပ်ထွေးသည်ဟု ကရင်မလင်နန်းတော်က ပြောကြားခဲ့ပြီး လျင်မြန်သော တိုးတက်မှု ရရှိရန် ဝါရှင်တန်ကို ခက်ခဲစေခဲ့သည်ဟု ဆိုသည်။

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်၊ အနောက်ဥရောပခေါင်းဆောင်များနှင့် ယူကရိန်းတို့က ကျူးကျော်မှုကို နယ်ချဲ့ပုံစံမြေယာသိမ်းပိုက်မှုအဖြစ် ယူကရိန်း၏ ငါးပုံတစ်ပုံကို ထိန်းချုပ်ထားသည့် ရုရှားတပ်များကို အနိုင်ယူမည်ဟု အကြိမ်ကြိမ် ကတိပြုခဲ့ကြသည်။

၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်း ပြိုကျပြီးနောက် ရုရှားကို အရှက်ရစေခဲ့ပြီးနောက် နေတိုးကို ချဲ့ထွင်ကာ မော်စကို၏ သြဇာလွှမ်းမိုးမှုနယ်ပယ်ကို ထိပါးလာခြင်းကြောင့် စစ်ဖြစ်ခဲ့ရသည်ဟု ပူတင်က စစ်ပွဲဖြစ်ရခြင်းကို အကြောင်းပြချက်ပေး ပုံဖော်ထားသည်။

ပဋိပက္ခသည် တတိယကမ္ဘာစစ်အထိ ဖြစ်လာနိုင်သည်ဟု ထရန့်က သတိပေးထားသည်။ စီအိုင်အေ ဒါရိုက်တာဟောင်း ဝီလျံဘန်းက ရုရှားသည် ယူကရိန်းကို နျူလက်နက်များ အသုံးပြုရန် ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် အမှန်တကယ် အန္တရာယ်ရှိကြောင်း အခိုင်အမာ ပြောဆိုခဲ့ပြီး ထိုပြောဆိုချက်ကို မော်စကိုမှ ပယ်ချခဲ့သည်။

ပူတင်အာဏာရရှိလာခြင်း

နာမကျန်းဖြစ်နေသော ဘောရစ်ယဲလ်ဆင် (Boris Yeltsin) မှ ၁၉၉၉ ခုနှစ် နောက်ဆုံးနေ့တွင် သမ္မတ ရာထူးပေးအပ်ခြင်းခံရသော ရုရှားထောက်လှန်းရေး KGB ဒုဗိုလ်မှူးကြီးဟောင်း ပူတင်သည် ၁၉၅၃ ခုနှစ်တွင် သေဆုံးချိန်အထိ ၂၉ နှစ်ကြာအုပ်စိုးခဲ့သော ဂျိုးဇက်စတာလင် (Josef Stalin) နောက်ပိုင်း အချိန်အကြာဆုံး ကရင်မလင်ခေါင်းဆောင် ဖြစ်လာခဲ့သည်။

ရုရှားအတိုက်အခံအများစုသည် ယခုအခါ ထောင်ထဲတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ ရှိနေကြသည်။ ပူတင်အား အာဏာရှင်အဖြစ် ပုဂ္ဂိုလ်ရေးအာဏာကို တည်ထောင်ကာ ရုရှားအား ကျဆင်းစေမှုနှင့် နိုင်ငံအား မငြိမ်မသက် ဖြစ်စေသော အကျင့်ပျက်ခြစားမှု မြှောက်ပင့်ချီးမွမ်းမှုတို့ကို အားထားကာ ဆတ်ဆတ်ထိမခံသော ကိုယ်ပိုင်အုပ်ချုပ်မှုစနစ်ကို တည်ဆောက်ခဲ့သော အာဏာရှင်တစ်ဦးအဖြစ် ပူတင်ကို မြင်ကြသည်။

မောက်မာသောအနောက်ကို တွန်းလှန်ပြီး ၁၉၉၁ ဆိုဗီယက်ယူနီယံ ပြိုကွဲမှုနှင့်အတူ မငြိမ်မသက်ဖြစ်မှုကို အဆုံးသတ်ပေးသည့် ကယ်တင်ရှင်အဖြစ် ၈၅ ရာခိုင်နှုန်းအထက် ထောက်ခံသူများက ပူတင်ကိုမြင်သည်ဟု ရုရှားမဲဆန္ဒရှင်များက ပြောကြောင်း စစ်တမ်းကောက်သူများထံမှ သိရသည်။

ဂရုတစိုက်စီစဥ်ရိုက်ကူးထားသည့် နိုင်ငံပိုင်ရုပ်မြင်သံကြား ဇာတ်ကားတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ရုရှားသမ္မတ၏ အနီးကပ် ဘဝနောက်ကွယ်ကို ရှားရှားပါးပါး ကြည့်ရှုနိုင်ရန် ဖော်ပြထားသည်။ ပူတင်သည် ၎င်း၏ကိုယ်ပိုင် ကရင်မလင် မီးဖိုချောင်ရှိ ထိပ်တန်းသတင်းထောက် ပါဗဲလ်ဇာရူဘင် (Pavel Zarubin) အား ချောကလက်များနှင့် ရုရှားဒိန်ချဉ်ဖျော်ရည်ကို ကမ်းလှမ်းပေးနေခြင်းကို ပြသခဲ့သည်။

၂၀၀၂ ခုနှစ် Nord-Ost မော်စကို ပြဇာတ်အကြမ်းဖက် သိမ်းပိုက်ခံရမှုအကျပ်အတည်းတွင် ချက်ချန်းစစ်သွေးကြွများက လူ ၉၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားချိန်တွင် ပထမဆုံး ဒူးထောက်ဆုတောင်းခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ဓားစာခံ ၁၃၀ ကျော် သေဆုံးခဲ့သည်။

“တချို့သော နိုင်ငံရေးသမားတွေလိုမျိုး ကျွန်တော်မ ခံစားရပါဘူး” ဟု ပူတင်က ၎င်း၏ သမ္မတနှင့် ဝန်ကြီးချုပ်အဖြစ် ၂၅ နှစ်ကြာ အာဏာရခဲ့သည့်အကြောင်း ပြောကြားခဲ့သည်။

“ ရုရှားနိုင်ငံသား သန်းပေါင်းများစွာရဲ့ တူညီတဲ့လေကို ကျွန်တော် ဆက်လက်ရှူရှိုက်နေပါတယ်။ ဒါဟာ သိပ်အရေးကြီးတယ်။ ဘုရားသခင် အလိုတော်ရှိတဲ့အတိုင်း ဖြစ်နိုင်သမျှ ဆက်လက်လုပ်ဆောင်သွားမယ်”

ရိုက်တာသတင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 23 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ