နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

ရုရှား

ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်း၏ရုရှား ဗုံးကြဲလေယာဉ်များကို ရဲတင်းစွာ တိုက်ခိုက်ပြီးနောက် ရက်ပိုင်းအတွင်း ရုရှားက လူအသေအပျောက်များစေသော ဒရုန်းနှင့် ဒုံးကျည်များကို ပစ်လွှတ်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက်၊

ရုရှားနိုင်ငံသည် သောကြာနေ့အစောပိုင်းတွင် ယူကရိန်းနိုင်ငံ အနှံ့အပြားရှိ ပစ်မှတ်အများအပြားကို ဒရုန်းများနှင့် ဒုံးကျည်များဖြင့် ပစ်လွှတ်ခဲ့ရာ မြို့တော်တွင် အနည်းဆုံး လူလေးဦးသေဆုံးပြီး နိုင်ငံအနှံ့ ၄၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

ကိ့ဗ် ဒေသရှိ CNN သတင်းတင်ဆက်သူ တစ်ဦးက အရုဏ်မတက်မီနာရီများအတွင်း ပေါက်ကွဲမှု နှစ်ကြိမ်ထက်မနည်း ကြားခဲ့ရပြီး မြို့တော်မှ ရုပ်ပုံများတွင် မီးတောက်များ တိုက်ခန်းများမှလျှံတက်နေပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးတောက်များကို ငြိမ်းသတ်နေခဲ့ကြသည်ကို ပြသခဲ့သည်။

အလင်းရောင်ဖောက်ထွင်းဝင်ရောက်လာသည့်နေ့အချိန်တွင် ထိခိုက်ပျက်စီးသွားသော တိုက်ခန်းအပျက်အစီးပုံများမှ ပစ္စည်းများကို ‌ဒေသခံများက ကောက်ယူနေကြပြီး ပုံများတွင် နံရံများ စုတ်ပြဲသွားကာ ပြတင်းပေါက်များ ကွဲကြေနေကြသည်။ အဆောက်အအုံအောက်ရှိ လမ်းများတွင် ရပ်ထားသော ကားအများအပြားသည် မှန်အပိုင်းအစများနှင့် အုတ်အကျိုး အပဲ့များ ဖြင့် ဖုံးလွှမ်းထားသည်။

ယူကရိန်းနိုင်ငံသည် ညအချိန်ပစ်ခိုက်သည့် ရုရှားဒရုန်းများနှင့် ဒုံးကျည်များ၏ ကြောင့် ထိမှန်ခံခဲ့ရသည်။ သို့သော် ရုရှားနိုင်ငံတွင်းရှိ လေယာဉ်ကွင်းများကို ရဲရဲတောက် စီးနင်းတိုက်ခိုက်ပြီးနောက် သမ္မတ ဗလာဒီမာပူတင်က ကတိပြုထားသည့် ကြီးမားသော လက်တုံ့ပြန်တိုက်ခိုက်မှုတစ်ရပ်အတွက် နိုင်ငံအနေဖြင့် ရင်ဆိုင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ကိ့ဗ်တွင် လူလေးဦး သေဆုံးခဲ့ကြောင်း မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကို (Vitali Klitschko) က ဒေသစံတော်ချိန် သောကြာနေ့ နံနက်အစောပိုင်းတွင် Telegram တွင် ပြောကြားခဲ့ပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

ယူကရိန်း အရေးပေါ်ဌာနကလည်း ကိယက်ဗ်တွင် မီးသတ်သမားသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ မြို့တော်ဝန်မှပြောကြားခဲ့သည့်သေဆုံးသူများတွင် မီးသတ်သမားသုံးဦး ပါဝင်ခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

တိုက်ခိုက်မှုသည် ဘီလာရုစ်နိုင်ငံနယ်စပ်အနီး ချာနီဟိုက်ဗ် (Chernihiv) ကို ထိမှန်ခဲ့ပြီး ခရုဇ်ဒုံးပျံများနှင့် အစ်ကန်ဒါ-အမ် ( Iskander-M) ဒုံးကျည်များအပါအဝင် ဒုံးကျည် ၁၄ စင်းမှ ပေါက်ကွဲသံများ တုန်လှုပ်သွားခဲ့ကြောင်းချာနီဟိုက်ဗ် (Chernihiv) ဒေသဆိုင်ရာ စစ်ဘက်ဆိုင်ရာ အကြီးအကဲ ဗရာချီစလပ်ဗ် ချာအပ်စ် (Vyacheslav Chaus )က ပြောကြားခဲ့သည်။

ပိုလန်နယ်စပ်မှ မိုင် ၆၀ ခန့်အကွာ အနောက်မြောက်ပိုင်း လပ်တပ်ခ် (Lutsk) မြို့တွင် ရုရှား၏တိုက်ခိုက်မှုကြောင့် လူငါးဦးဒဏ်ရာရခဲ့ကြောင်း မြို့တော်ဝန် အိုင်ဟော် ပိုလစ်ချပ်ခ် (Ihor Polishchuk) က သောကြာနေ့အစောပိုင်းက တယ်လီဂရမ် (Telegram) တွင် ရေးသားခဲ့သည်။ CNN မှ ပြသသည့် ဗီဒီယိုဖိုင်တွင် မြို့တွင်းသို့ ဒုံးကျည်လေးစင်းထက်မနည်း ထိုးဆင်းလာကာ ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်ကို တွေ့ရသည်။

ယူကရိန်းနိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုအတွင်း လူ ၄၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး အိုင်ဟော် ကလေမန်ကို (Ihor Klymenko) က တယ်လီဂရမ် မှာ ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်မှု၏ အတိုင်းအတာကို အစောပိုင်း ညွှန်ပြရာတွင် ရုရှားသည် အနည်းဆုံး ခရုစ်ဒုံးကျည် ၃၈ စင်း၊ ပဲ့ထိန်းဒုံးကျည် ခြောက်စင်းနှင့် ဒရုန်း ၄၀၇ စင်းတို့ကို တစ်ညတည်း ပစ်လွှတ်ခဲ့ကြောင်း လေတပ်ပြောရေးဆိုခွင့်ရှိသူ ယူရီ အိုင်နတ် (Yurii Ihnat) ၏ ပဏာမတွက်ချက်မှုအရ သိရသည်။

ရုရှားနိုင်ငံတောင်ပိုင်း အိန်ဂျယ်မြို့ရှိ စက်မှုဇုန်တစ်ခုအား ယူကရိန်းက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက သောကြာနေ့တွင် ပြောကြားခဲ့သည်။

ယူကရိန်းနယ်စပ်မှ ၄၆၀ ကီလိုမီတာ (၂၈၅ မိုင်) အကွာတွင်ရှိသော အီးဂယ် (Engels) တည်နေရာ ဆိုက်သို့ CNN မှ ပထဝီတည်နေရာပြထားသော ဗီဒီယိုဖိုင်တွင် မီးတောက်များနှင့် မီးခိုးငွေ့များ လေထဲသို့ လွင့်ထွက်နေသည်ကို ပြသထားသည်။

ဇန်နဝါရီတွင် ယူကရိန်းဒရုန်းတိုက်ခိုက်မှုသည် မြို့တော်ရှိ စစ်လေယာဉ်ကွင်းတစ်ခုကို ထောက်ပံ့မှုပေးနေသည့် ကွမ်ဘီနတ် ခရစ်တော် (Kombinat Kristall) ရေနံသိုလှောင်ရုံကို တိုက်ခိုက်ခဲ့သည်။

ကြာသပတေးနေ့ ညနေပိုင်းမှ သောကြာနေ့မနက်အစောပိုင်းအထိ ယူကရိန်းဒရုန်း ၁၇၄ စင်းကိုလည်း ကြားဖြတ်ဖျက်စီးခဲ့ပြီး ပင်လယ်နက်ပေါ်ရှိ ယူကရိန်း Neptune-MD ပဲ့ထိန်းဒုံးကျည်သုံးစင်းကိုလည်း ဖျက်ဆီးခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါသည်။

ပူတင်က ထရန့်နှင့် ဖုန်းဆက်စကားပြောဆိုခဲ့

ယူကရိန်းနိုင်ငံအပေါ် ရုရှား၏နောက်ဆုံးပေါ် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုသည် ရုရှားနိုင်ငံ အတွင်း၌ ပြင်းထန်သော၊ အကြီးစားဒရုန်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ၎င်း၏ တန်ဖိုးကြီး နျူကလီးယားဗုံးကြဲလေယာဉ်အချို့အပါအဝင် စစ်ဘက် လေယာဉ်အများအပြား ထိမှန်ပြီးနောက် ရက်ပိုင်းအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယူကရိန်းသည် ရုရှားနှင့် သိမ်းပိုက်ထားသော ခရိုင်းမီးယားကျွန်းဆွယ်ကြား တစ်ခုတည်းသော တိုက်ရိုက်ဆက်သွယ်သည့်နေရာဖြစ်သည့် ခရက်ချ် (Kerch) တံတားကို အင်္ဂါနေ့တွင်ပင်လယ် ရေအောက်၌ ဖောက်ခွဲရေးပစ္စည်းကီလိုဂရမ် ၁၁၀၀ ဖြင့် တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် မော်စကိုကို အံ့အားသင့်စေခဲ့ပြီး ရုရှားနိုင်ငံအတွင်း အမျိုးသားရေးဝါဒီများနှင့် ကရင်မလင်ကို ထောက်ခံသော အစွန်းရောက်တက်ကြွသူများထံမှ ကြီးမားသော လက်တုံ့ပြန်ရန် တောင်းဆိုမှုများ ထွက်ပေါ်လာခဲ့သည်။

ရုရှား၏အကြီးစားဗုံးကြဲလေယာဉ်များသည် မော်စကိုက အပြည့်အဝကျူးကျော်စစ်စတင် လာချိန်မှစ၍ ယူကရိန်းမြို့များကို ပုံမှန်ဗုံးကြဲတိုက်ခိုက်ရာတွင် အရေးပါခဲ့ပြီး ကိ့ဗ်၏လေယာဉ်ပစ်ဒုံးများကို ဘေးကင်းသောအကွာအဝေးမှ ရှောင်ရှား၍ ပစ်ခတ်နိုင်ခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် ခေါင်းဆောင်နှစ်ဦး၏ နောက်ဆုံးဖုန်းခေါ်ဆိုမှုတွင် ရုရှားနိုင်ငံက အဆိုပါ တိုက်ခိုက်မှုများကို တုံ့ပြန်မည်ဖြစ်ကြောင်း ၎င်း၏တဖက်ရှိ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အား ပူတင်က ပြောကြားခဲ့သည်။

ထရမ့်၏ဖုန်းခေါ်ဆိုမှုတွင် ရုရှားသမ္မတအား‌ ဒေါသဖြင့်မတုံ့ပြန်မှုရန် သို့မဟုတ် ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုကို အဆုံးသတ်ရန် ပူတင်အား ဖိအားပေးရန် တောင်းဆိုခဲ့ကြောင်း အရိပ်အယောင်မပြခဲ့ပေ။ ထိုရပ်တည်ချက်သည် ယူကရိန်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဒေါသနှင့် စိတ်ပျက်မှုကို ဖြစ်စေခဲ့သည်။

“ ယူကရိန်းကို လက်စားချေဖို့ ဒါမှမဟုတ် တိုက်ခိုက်မှုအသစ်လုပ်မယ်လို့ ပူတင်က ပြောတဲ့အခါ သူဘာကိုဆိုလိုတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အဲဒါက အရပ်သားတွေကို တိုက်ခိုက်မယ်ဆိုတဲ့အကြောင်းပဲလေ” ဟု ယူကရိန်းလွှတ်တော်အမတ် Oleksandr Merezhko က ယခုသီတင်းပတ်အစောပိုင်းက CNN သို့ ပြောကြားခဲ့သည်။ “ ပြီးတော့ သမ္မတထရန့် က ‘ဗလာဒီမာစစ်ကို ရပ်လိုက်ပါ’ ဟု မပြောခဲ့ဘူးဟု ဆိုသည်။

ကြာသပတေးနေ့တွင် ထရန့်သည် စစ်ပွဲကို ကလေးသူငယ်များကြား ရန်ပွဲတစ်ခုနှင့် နှိုင်းယှဉ်ပြီး ဘဲဥပုံရုံးခန်းတွင် “ တစ်ခါတစ်ရံ သူတို့ကို ခဏလောက် တိုက်ခိုက်စေပြီးမှ နောက်ပိုင်းမှ ခွဲထုတ်တာက ပိုကောင်းပါတယ်” ဟု ပြောကြားခဲ့သည်။

လေ့လာသုံးသပ်သူများနှင့် ယူကရိန်း၏ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များသည် ကိယက်ဗ်၏တိုက်ခိုက်ခဲ့မှုကို ရုရှားက မည်သို့ လက်တုံ့ပြန်မည်နှင့် ၎င်း၏နောက်ဆုံးပေါ် လက်နက်အချို့ကို ထုတ်သုံးလာမလားဆိုသည်ကို အနီးကပ်စောင့်ကြည့်နေကြသည်။

သသာဓကအားဖြင့် ရုရှားသည် ပြီးခဲ့သည့်နိုဝင်ဘာလတွင် ယူကရိန်းနိုင်ငံ နီပရို (Dnipro) မြို့ကို နျူကလီးယားမဟုတ်သော တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အသစ်ကို ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီး၊ ထိုသို့တိုက်ခိုက်ခဲ့ခြင်းမှာ ယူကရိန်းစစ်တပ်မှ အမေရိကန်နှင့် ဗြိတိန်တို့၏ တာဝေးပစ်လက်နက်များ အသုံးပြုမှုကို တုံ့ပြန်ခြင်းဖြစ်သည်ဟု ပူတင်က ပြောကြားခဲ့သည်။

ထိုဒုံးကျည်တွင် ထိပ်ဖူးများစွာပါ၀င်ပြီး ၎င်း၏ဒေါသဖြင့် အသုံးပြုမှုကို ရူဘီကွန် အခိုက်အတန့်ကို ဖြတ်ကျော်ခြင်း (စစ်အေးခေတ်က ခြိမ်းခြောက်မှုမျိုး) အဖြစ် ထိုအချိန်က အကဲခတ်သူများက ရှုမြင်ခဲ့ကြသည်။

ရုရှားသည် လွန်ခဲ့သည့်နှစ်အတွင်း ၎င်း၏ဒရုန်းနှင့် ဒုံးကျည်ထုတ်လုပ်မှုကို တိုးချဲ့ခဲ့ပြီး ဒုံးကျည် ရာပေါင်းများစွာကို တစ်ပြိုင်နက် တိုက်ခိုက်နိုင်ခဲ့သည်။ ရုရှားမဟာဗျူဟာသည် ယူကရိန်း၏ လေကြောင်းရန်ကာကွယ်ရေးကို ကျော်လွှားနိုင်ရန် ကုန်ကျစရိတ်သက်သာသော ဒရုန်းအမြောက်အမြားကို ပစ်လွှတ်ခဲ့ပြီး ထိုအကြားတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများက အောင်မြင်နိုင်မည် ဖြစ်သည်။

ယူကရိန်းသည် မောင်းသူမဲ့လေယာဉ်များနှင့် ဒုံးကျည်များ ညစဉ်ညတိုင်း ပစ်လွှတ်နေမှုကို တားဆီး ခုခံရန် အမေရိကန်နည်းပညာကို အားကိုးနေရပါသည်။

သို့သော် ယူကရိန်းကို အကာအကွယ်ပေးရန်ကိစ္စတွင် ဥရောပမဟာမိတ်များက ပိုမိုပြင်းထန် စွာ ဝင်ရောက်တာဝန်ယူရန် မျှော်လင့်ကြောင်း ထရန့်အစိုးရက အချက်ပြခဲ့သည်။

ယူကရိန်းအတွက် ခွဲဝေချထားပေးသည့် အရေးကြီးသော ဒရုန်းနည်းပညာကို လမ်းကြောင်းလွှဲ၍ အရှေ့အလယ်ပိုင်းရှိ အမေရိကန်လေတပ်ယူနစ်များထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း CNN နှင့် အဆိုပါကိစ္စနှင့် ရင်းနှီးသူများထံမှ ပြီးခဲ့သည့်သီတင်းပတ်က ပင်တဂွန်မှ ကွန်ဂရက်သို့ အသိပေးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည်
နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

အီတလီက မြေထဲပင်လယ်အတွင်း ရုရှားရေနံတင်သင်္ဘော အချိန်မရွေး ပေါက်ကွဲနိုင်သည်ဟု သတိပေး

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 38 Views
ရောမမြို့ ။ ပိတ်ဆို့အရေးယူခံထားရသည့် သဘာဝဓာတ်ငွေ့ရည် (LNG) များ တင်ဆောင်လာသော ရုရှားရေနံတင်သင်္ဘောတစ်စင်းသည် သင်္ဘောသားတစ်ဦးမျှမပါဘဲ၊ ဘေးဘက်တွင်လည်း အပေါက်ကြီးတစ်ပေါက်ဖြင့် မြေထဲပင်လယ်အတွင်း ထိန်းချုပ်မှုမဲ့ မျောပါနေသည်။ ယင်းအခြေအနေကြောင့် “ ကြီးမားသော ဂေဟစနစ်ဆိုင်ရာ ဘေးအန္တရာယ် တစ်ခု
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

သူသည် စစ်ပွဲသူရဲကောင်းအဖြစ် အိမ်ပြန်လာခဲ့သည်။ သို့သော် တံခါးပိတ်ထားသည့် နောက်ကွယ်တွင်မူ သူသည် အာဏာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 128 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ယူကရိန်းစစ်ပွဲ ကိယက်ဗ်မြို့ —အလီစာ (Alisa) သည် သူမ၏ခင်ပွန်း သူမအား ပထမဆုံး အကြိမ် နာကျင်အောင်ပြုလုပ်ခဲ့သည့် အချိန်ကို မှတ်မိနေဆဲဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာမှ ခွင့်ဖြင့်ပြန်လာစဉ် ခင်ပွန်းဖြစ်သူသည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 71 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော အီရန်စစ်ပွဲသည်လည်း နောက်ထပ် သာဓကတစ်ခုပင် ဖြစ်သည်။ ပူတင်သည် ယူကရိန်းကို သိမ်းပိုက်ရေး စစ်ဆင်ရေးနှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 103 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံရန် ကြံစည်မှုများ၊ အရှုပ်တော်ပုံများနှင့် လေးနှစ်တာစစ်ပွဲကြား ဗိုလိုဒီမာ ဇလန်းစကီး အထိနာခဲ့သော်လည်း အလဲမထိုးနိုင်သေးပုံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 81 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက် ကိယက်ဗ်မြို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတင့်ကားများ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်၌ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ယူကရိန်းမှ ထွက်ပြေးသွားပြီဟူသော ကောလာဟလများ ပျံ့နှံ့ခဲ့သည်။ ကိယက်ဗ်မြို့သည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းတွင် မှားယွင်းသော တွက်ချက်မှုတစ်ခုကြောင့် ရုရှားသည် လေးနှစ်ကြာသည့်တိုင် အဖိုးအခပေးဆပ်နေရဆဲဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အစောပိုင်းနာရီများတွင် ကိယက်ဗ် (Kyiv) မြို့ရှိ ဟိုတယ်တစ်ခု၏ အေးစိမ့်နေသော ခေါင်မိုးပေါ်၌ ကျွန်တော်ရပ်နေစဉ်၊