နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ပျောက်ဆုံးနေတဲ့ တရုတ်မင်းသား ထိုင်းကို ရောက်ရှိနေသည်ဟု ထိုင်းရဲတပ်ဖွဲပြော

ဇန်နဝါရီလ (၇) ရက်။

ပျောက်ဆုံးနေသော တရုတ်မင်းသား ရှင်းရှင်း (Xingxing) သည် တက်ခ်ခရိုင် မဲဆောက်မြို့သို့ ရောက်ရှိလာကြောင်း ရဲစစ်ဆေးရေးမှူးဗိုလ်ချုပ် သက်ချိုင်း ပီတာနီလာဘွတ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

သရုပ်ဆောင် တဦးဖြစ်သူ အမည်ရင်း ဝမ်ရှင်း (Wang Xing) ၏ သည် ပြီးခဲ့သည့်သောကြာနေ့တွင် ဇာတ်ကားရိုက်ကူးရန်အတွက် တာ့ခ်ခရိုင် မဲဆောက်မြို့သို့ ရောက်ရှိပြီးနောက် ပျောက်ဆုံး သွားခဲ့ကြောင်း သိရသည်။ ဂျာဂျာ (Jiajia) ဟု အမည်ရသည့် သူ့ချစ်သူသည် ယင်းအချိန်ကတည်းက ထိုင်းနှင့် တရုတ်နိုင်ငံရှိ အစိုးရဌာနများစွာကို ဆက်သွယ်ခဲ့သည်ဟု သိရပါသည်။

“ရှင်းရှင်းဟာ ​​လူကုန်ကူးမှုရဲ့သားကောင်ဖြစ်မဖြစ်ကို ထိုင်း-မြန်မာ နယ်စပ်ကော်မတီက အကဲဖြတ်မှာဖြစ်ပါတယ်” ဟု Thatchai က ပြောကြားပြီး ရဲတပ်ဖွဲ့က တရုတ်မင်းသားသည် မည်သို့ဖြစ်ပျက်ခဲ့သည်ကိုပြောကြားရန် ပူးပေါင်း ဆောင်ရွက်ရန်ဆန္ဒ ရှိမရှိကို ရဲတပ်ဖွဲ့က ထပ်မံမေးမြန်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းဖျော်ဖြေရေးကုမ္ပဏီ GMM Grammy က တရုတ်သရုပ်ဆောင်ကို ငှားရမ်းခဲ့ကြောင်း ကောလာဟလများကို ငြင်းဆိုခဲ့ပြီး ဘန်ကောက်မြို့ကို မပို့ခင် ရဲများက သူ့ကို စစ်ဆေးမေးမြန်းမည်ဟု ပြောဆိုခဲ့ ကြောင်းပြောဆိုခဲ့ပါသည်။

ထိုအတောအတွင်း ရှင်းရှင်းသည် ရှန်ဟိုင်းပူဒေါင်( Pudong) လေဆိပ်မှ လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ ဇန်နဝါရီ ၃ ရက် နံနက် ၃ နာရီတွင် ရောက်ရှိခဲ့ကြောင်း၊ ၎င်း၏ တည်းခိုနေထိုင်မှုနှင့် ပတ်သက်သည့် အချက်အလက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

တရုတ်မင်းသားသည် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် လာရောက်ခဲ့ကြောင်း ဗျူရိုက မှတ်ချက်ပြုခဲ့သော်လည်း မည်သည့်အလုပ်အကိုင်နှင့် မည်သည့်နိုင်ငံ၌ လုပ်ကိုင်မည်ကိုမူ သူကပြောပြခဲ့ပေ။

“ရောက်တာနဲ့ ရှင်းရှင်းက တာ့ခ်ခရိုင် မဲဆောက်မှာရှိတဲ့ စျေးဝယ်စင်တာကို သူ့ကိုခေါ်သွားဖို့ အတွက် ပုဂ္ဂလိကကားတစ်စီးကို ဘတ် ၅၀၀၀ နဲ့ ငှားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တိုင်းရင်းသား လူမျိုးစုတစုက သူ့ကိုထရပ်ကားတစီးနဲ့ လာခေါ်ယူသွားပြီး သာမန်သွားနေကြ လမ်းကြောင်းကနေ မြန်မာနိုင်ငံထဲကို ဦးတည် မောင်းနှင်းပြီးသူ့ကို ခေါ်ယူသွားခဲ့တာပါ” ဟု ဗျူရိုက ပြောကြားခဲ့သည်။

တရုတ်မင်းသားသည် ယာဉ်မောင်းအား ဘတ်ငွေ ၂,၀၀၀ ပေးဆောင်ပြီးနောက် မိမိဆန္ဒအရ ထရပ်ကားတစ်စီးနှင့် မြန်မာနိုင်ငံသို့ လိုက်ပါသွားခဲ့ကြောင်း ဗျူရိုက ဆက်လက်ပြောသည်။

ထိုသတင်းအချက်အလက်နှင့်ပတ်သက်ပြီး ထိုင်းမြန်မာအရေးလေ့လာသူတဦးနှင့် ခေတ်မျက်လုံးက မေးမြန်းရာတွင် “ဒါဟာကျားဖျံ လုပ်ငန်းလုပ်ဖို့အတွက် ငွေဘယ်လောက် ရမယ်ဆိုတာ မက်လုံးပေး လိမ်ခေါ်လိုက်တာ ကျိမ်းသေတယ်။ ဒီတရုတ်မင်းသားက အသက်ကလဲငယ်တယ် မြန်မာနိုင်ငံအကြောင်းလည်း သိပုံမရဘူး၊ သူတို့ထောင်ချောက်ထဲကို ကျသွားတာဖြစ်နိုင်တယ်။ သူပျောက်သွားတာ ဒီဇင်ဘာလ၃ရက်နေ့ကဖြစ်ပြီး သူ့ကိုပြန်တွေ့တာ က ၇ရက်နေ့ကဆိုတော့ သူပျောက်သွားတာ ၄ ရက်ပဲရှိသေးတယ်။ ဒီ ၄ရက်အတွင်း သူဟာ ကျွန်တော်တို့ မြန်မာနိုင်ငံက ရဲဘက်စခန်းကအကျဥ်းသားတယောက်လို ကတုံးဆံပင်နဲ့ နထင်နရင်းတွေ ကျနေပြီး အလွန်တုန်လှုပ်နေပုံရတယ်။ ဒါကြောင့် ကျားဖျံ့ လုပ်ငန်းဟာ ဘယ်လောက် ကြောက်စရာကောင်းပြီး လူတွေကို တိရိစ္ဆန်တွေလို ကျွန်ပြုခိုင်းစေနေတဲ့ ဒုစရိုက်ဂိုဏ်း ကြီးစိုးရာ ကမ္ဘာကြီးဖြစ်တယ်ဆိုတာ သက်သေပြလိုက်တာပါပဲ။ ဒီကောင်လေးရဲ့ ကကောင်မလေးကသာ ဂရုတစိုက်လိုက် မစုံစမ်းရင် သူအသက်ရှင်လွတ်လာဖို့မလွယ်ဘူး။ နောက်ကလိုက်မဲ့သူမရှိ ဘက်ဂရောင်းမရှိရင် ဒီနေရာတွေက အသေထွက်ထွက်ရမဲ့ကိန်းပဲ။ ဗိုလ်စောချစ်သူအနေနဲ့ ဒီကိစ္စတွေဟာ တနေ့သူအပေါ် ရောက်လာမှာဖြစ်တယ်” ဟု ပြောပြခဲ့ပါသည်။

ဓာတ်ပုံ။ The Nation Thailand

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 36 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု