နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

နယ်ခြားကြီးကြပ်ရေးအထူးမင်းကြီး ( “ Border czar” ) တွမ်ဟိုမန် (Tom Homan) က လိုအပ်ပါက မက္ကဆီကိုဂိုဏ်းများကို စစ်ရေးအရ အရေးယူမည်ဟု ခြိမ်းခြောက်

ဖေဖော်ဝါရီလ (၇) ရက်။

“အကြမ်းဖက်မှုတွေ တိုးလာဖို့ ကျွန်တော် မျှော်လင့်ထားသလား၊ လုံးဝမှန်ပါတယ်” ဟု တွမ်ဟိုမန်က ပြောကြားခဲ့သည်။

မက္ကဆီကိုဂိုဏ်းများသည် တောင်ပိုင်းနယ်စပ်တွင် အမေရိကန်တပ်များကို ပစ်မှတ်ထားပါက အမေရိကန်စစ်တပ်ကို အသုံးပြုရန် သမ္မတ ‌ဒေါ်နယ်ထရန့်က တုံ့ဆိုင်းမည်မဟုတ်ကြောင်း နယ်ခြားကြီးကြပ်ရေးအထူးမင်းကြီး တွမ်ဟိုမန်က ပြောကြားခဲ့သည်။

“ မူးယစ်ဂိုဏ်းတွေက အမေရိကန် စစ်တပ်ကို တိုက်ခိုက်မယ်ဆိုရင် မိုက်မဲတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမယ့် အရင်က မက္ကဆီကိုစစ်တပ်ကို သူတို့ တိုက်ခိုက်ခဲ့ တယ်ဆိုတာ ငါတို့သိပါတယ်၊ ဒါပေမယ့် အခု ငါတို့မှာ အမေရိကန်စစ်တပ်ရှိနေတယ်” ဟု သူက ABC News Live ကို ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါသည်။

“မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေက စံချိန်တင် ငွေတွေ ရနေတာ အခုသူတို့ အိတ်ကပ်ထဲကိုဝင်မဲ့ ပိုက်ဆံတွေ ကျွန်တော်တို့က ပိတ်နေတာကြောင့် အကြမ်းဖက်မှုတွေ တိုးလာဖို့ ကျွန်တော်က မျှော်လင့်ထားသလားလို့မေးရင် ၊ဟုတ်တယ် လုံးဝ မျှော်လင့် ထားတယ်”ဟု နယ်စပ်ကို ဆက်ပြီး လုံခြုံအောင် ထိန်းထားကြောင်း ဟိုမန်ကပြောသည်။

ဟိုမန်က တပ်ဖွဲ့ဝင်များသည် “မိမိကိုယ်ကို ကာကွယ်ရန် လိုအပ်သည်” ဟု ဆိုပြီး အမေရိကန်စစ်သားများ ထိခိုက်နစ်နာပါက “သမ္မတ ထရန့်၏ အမျက်ဒေါသသည် သူတို့အပေါ် ကျရောက်လာမည်” ဟု မူးယစ်ဆေးဝါးဂိုဏ်းများသို့ သတိပေးချက် ပေးပို့မည်ဖြစ်ကြောင်း ဟိုမန်က ပြောကြားခဲ့သည်။ “သူတို့ကို ကမ္ဘာမြေပြင်ကနေ သုတ်သင်ဖယ်ရှား နိုင်တဲ့ အစွမ်းရှိတယ်” ဟု ၎င်းက ဆိုသည်။

၎င်း၏ ပထမဆုံး သမ္မတရာထူး စတင်သည့်နေ့တွင် ထရန့်သည် တောင်ပိုင်းနယ်စပ်ကို အမျိုးသားရေး အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ကာကွယ်ရေးဌာနအား ဒေသတွင်းတွင် လက်နက်ကိုင် တပ်ဖွဲ့များကို ချထားရန်ခွင့်ပြုခဲ့သည်။

မူးယစ်ဆေးဝါးဂိုဏ်းများနှင့် အခြားသော ရာဇ၀တ်ဂိုဏ်းများကို ပြည်ပအကြမ်းဖက်အဖွဲ့များ သို့မဟုတ် အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ရန် အမှုဆောင်အမိန့်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ထိန်းသိမ်းရေးတပ်ဖွဲ့သည် ထရန့် အစိုးရ၏ တင်းမာသော လူဝင်မှုကြီးကြပ်ရေး မူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေးရန်အတွက် နိုင်ငံအနှံ့ စီးနင်းမှုများ ပြုလုပ်နေပါသည်။

အဆိုပါစီးနင်းမှုတွင် ပထမဦးစားပေးမှာ အကြမ်းဖက်ရာဇ၀တ်ကောင်များကို ပစ်မှတ်ထားရန် ဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

ယခုအချိန်အထိ ဖမ်းဆီးခံထားရသော ရွှေ့ပြောင်းနေထိုင်သူ ၁၄,၀၀၀ ၏ ၇၆% လေးပုံသုံးပုံခန့်မှာ ရာဇ၀တ်ကောင်များဖြစ်ကြောင်း ဟိုမန်က ABC News Live သို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“ဆက်စပ်မှုတွေက ဘယ်ကရလာတာလဲ။ လူဆိုးတွေကို လိုက်ရှာတဲ့အခါ သူတို့နဲ့ တခြားသူတွေကို တွေ့တဲ့အခါ ဒီလူတွေဆက်စပ်မှုအနေနဲ့ ဖမ်းတာ” ဟု ၎င်းက ဆိုသည်။

“ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးဖို့ နေ့စဉ် ခွဲတမ်းမရှိဘူး” ဟု ဟိုမန်ကဆိုပြီး “ကျွန်တော် ဖမ်းနိုင်သလောက် ဖမ်းချင်ပါတယ်” ဟု ပြောသည်။

“ ခင်ဗျားတို့က နိုင်ငံတွင်းမှာ တရားမဝင် ရောက်နေရင် ခင်ဗျားကို လွှတ်ပေးထားမှာ မဟုတ်သလို ခင်ဗျားကို ဦးစားပေးအနေနဲ့လည်း စဥ်းစားမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

အန္တရာယ်ရှိသောနိုင်ငံများသို့ မိသားစုများကို ပြန်ပို့ခြင်းနှင့်ပတ်သက်ပြီး အစိုးရက မည်သို့မည်ပုံ ဖြေရှင်းပြနိုင်မလဲဟု မေးမြန်းရာတွင် ဟိုမန်က “ ဘယ်နိုင်ငံက အန္တရာယ်ရှိလဲ” ဟု တုံ့ပြန်မေးခဲ့သည်။

အမေရိကန်နိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်းနေထိုင်သူ အများအပြားသည် ဟေတီနှင့် ဗင်နီဇွဲလားကဲ့သို့သော နိုင်ငံများမှ ဖြစ်ကြပြီး အကြမ်းဖက်မှုကြောင့် အမေရိကန်နိုင်ငံခြားရေးဌာနမှ ထိုနိုင်ငံများသို့ “ခရီးမသွားရန်” အပြင်းထန်ဆုံး သတိပေးချက် ထုတ်ပြန်ထားသည်။

“ လူတွေဟာ ခိုလှုံခွင့်ပေးတယ်ဆိုတာ ဘာလဲဆိုတာကို နားလည်ဖို့ လိုပါတယ်။ ခိုလှုံခွင့်ပေးတယ် ဆိုတာ လူမျိုး၊ ဘာသာရေး၊ နိုင်ငံရေးအရဆက်နွယ်မှုနဲ့ သီးခြား လူမှုရေးအုပ်စုမှာ ပါဝင်တာကြောင့် ခင်ဗျားတို့အစိုးရဆီက ရနိုင်တဲ့ အကြောက်တရားနဲ့ နှိပ်စက်ညဉ်းပန်းမှုကနေ လွတ်မြောက်ဖို့ တောင်းခံတာပဲဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ဟိုမန်က လိမ်လည်လှည့်ဖြာပြီး ခိုလှုံခွင့်တောင်းဆိုမှုများ အများအပြား ရှိကြောင်း ထောက်ပြခဲ့ပြီး ထိုသူများသည် စနစ်တခုလုံးအား လွှမ်းခြုံထားပြီး တရားဝင်ခိုလှုံခွင့်တောင်းသူများသည် “ နောက်တွင် ရောက်နေကြရသည်” ဟု ဟိုမန်က ပြောဆိုခဲ့သည်။

“ခိုလှုံခွင့်တောင်းဖို့မလုပ်ဘဲ နိုင်ငံတွင်းကို ဝင်ခြင်းဟာ တရားမ၀င် ဝင်ရောက်ခြင်းပါပဲ” ဟု ၎င်းက ဆိုသည်။ “ တရားဝင်နိုင်ငံရဲ့ ဝင်ပေါက်ဆီကို ခင်ဗျား သွားရမယ်” ဟု သူကဆိုသည်။

နယ်ခြားကြီးကြပ်ရေးအထူးမင်းကြီး ( “ Border czar” ) တွမ်ဟိုမန် (Tom Homan)

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 47 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 48 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 48 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက