နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဟွန်ဒါနှင့် နစ်ဆန်းတို့ ပေါင်းစည်းရေး ဆွေးနွေးပွဲကို လာမည့်သီတင်းပတ်တွင် ရပ်စဲရန် ဆုံးဖြတ်မည်ဖြစ်သည်။

ဖေဖော်ဝါရီလ (၇) ရက်။

ဂျပန်ထိပ်တန်း ကားကုမ္ပဏီ နှစ်ခု ဖြစ်ကြတဲ့ ဟွန်ဒါနှင့် နစ်ဆန်းတို့ဟာ သူတို့ရဲ့ လုပ်ငန်းပေါင်းစည်းမှုနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြရာမှာ နစ်ဆန်းက ဟွန်ဒါရဲ့ လက်အောက်ခံကုမ္ပဏီအဖြစ် တည်ရှိရန် အဆိုပြုချက်ကို လက်မခံနိုင်တာကြောင့် လာမည့်အပတ်တွင် လုပ်ငန်းပေါင်းစည်းရေးဆွေးနွေးပွဲကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီနှစ်ခုဟာ အဆင့်မြင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်တွေမှာတော့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ဖို့ စဉ်းစားနေပေမယ့် ထိပ်တန်းဂျပန်ကားထုတ်လုပ်သူနှစ်ဦးအကြားမှာ စီးပွားရေးပေါင်းစပ်မှု အကောင်အထည်ပေါ်လာဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။။

ဟွန်ဒါနှင့် နစ်ဆန်းတို့ဟာ လုပ်ငန်းပေါင်းစည်းမှုဆီသို့ မနှစ်က ဒီဇင်ဘာလမှာ ဆွေးနွေးမှုတွေ စတင်ခဲ့ပြီး ကြားခံကုမ္ပဏီတစ်ခု တည်ထောင်ပြီး ကုမ္ပဏီနှစ်ခုကို ပေါင်းစည်းဖို့ ရည်ရွယ်ထားကြောင်း ကြေညာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဟွန်ဒါက နစ်ဆန်းရဲ့ အစုရှယ်ယာ 100% ကို ဝယ်ယူဖို့ အစီအစဉ်ကို အဆိုပြုခဲ့ပြီး နစ်ဆန်းကို ဟွန်ဒါက ရာနှုန်းပြည့် ပိုင်ဆိုင်တဲ့ လုပ်ငန်းခွဲတစ်ခုအဖြစ် သတ်မှတ်မှာဖြစ်ပြီး ဒီအဆိုပြုချက်ကို နစ်ဆန်းက လက်မခံနိုင်ဘူးဆိုရင် ဆက်လက်ဆွေးနွေးဖို့ ခက်ခဲမှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ နစ်ဆန်းဘက်မှာ ကန့်ကွက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်ခဲ့ပြီး မနေ့က ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ နစ်ဆန်းကုမ္ပဏီဥက္ကဌ မာကိုတို အူချီဒါက ဟွန်ဒါကုမ္ပဏီ ရုံးချုပ်ကို သွားရောက်ခဲ့ပြီး ဟွန်ဒါကုမ္ပဏီဥက္ကဌ တိုရှိဟီရိုး မီဘေနဲ့ တွေ့ဆုံခဲ့ပြီး ဟွန်ဒါရဲ့ အဆိုပြုချက်ကို နစ်ဆန်းအနေနဲ့ လက်ခံမဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လုပ်ငန်းပေါင်းစည်းမယ့် ဆွေးနွေးပွဲတွေကိုလည်း ရပ်ဆိုင်းဖို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဟွန်ဒါဘက်ကလည်း လုပ်ငန်းပေါင်းစည်းရေးဆွေးနွေးမှုပွဲတွေကို ရပ်စဲဖို့ ဆုံးဖြတ်ခဲ့ပြီး ကုမ္ပဏီနှစ်ခုဟာ အပြီးသတ်ဆုံးဖြတ်ချက်ချဖို့အတွက် လာမယ့်အပတ်မှာ ဘုတ်အဖွဲ့အစည်းအဝေးတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ကုမ္ပဏီနှစ်ခုကြား အကွဲအပြဲများ ကျယ်ပြန့်လာတဲ့အတွက် ဂျပန်နိုင်ငံရဲ့ ထိပ်တန်း ကားထုတ်လုပ်သူ နှစ်ဦးကြားမှာ စီးပွားရေး ပေါင်းစပ်မှုဟာအကောင်အထည် ပေါ်လာနိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်။

ဂျပန်ကားကုမ္ပဏီတွေထဲမှာ တိုယိုတာပြီးရင် ဟွန်ဒါက ဒုတိယနေရာမှာ ရှိပြီး နစ်ဆန်းအတော့ တတိယနေရာမှာ ရှိပါတယ်။

သတင်းရင်းမြစ်။ NHK နဲ့ ဂျပန်ဒေသတွင်း မီဒီယာများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 37 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 40 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 49 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 52 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 56 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 63 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု