နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဗြိတိန်နှင့် ပြင်သစ်တို့ရဲ့ ‘ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့’ သဘောထားကို ဗန့်စ် လှောင်ပြောင်နေတာလားလို့ ဗြိတိန် ပြင်းပြင်းထန်ထန် တုံ့ပြန်

မတ်လ (၆) ရက်။

ရုရှား-ယူကရိန်းတို့အကြား အပစ်အခတ်ရပ်စဲပြီးနောက် ဗြိတိန်နဲ့ ပြင်သစ်တို့က ယူကရိန်းကို ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွေ စေလွှတ်မယ်ဆိုတဲ့ သဘောထားကို ထုတ်ပြန်ပြီးနောက် အဲ့ဒီ အပေါ် လှောင်ပြောင်တာလို့ အဓိပ္ပာယ်ရတဲ့ အမေရိကန်ဒုသမ္မတဗန့်စ်ရဲ့ မှတ်ချက်အပေါ် ဗြိတိန်က ပြင်းထန်စွာ တုံ့ပြန် ခဲ့ပါတယ်။ ဗန့်စ်ကတော့ သူ့အနေနဲ့ ဗြိတိန် ဒါမှမဟုတ် ပြင်သစ်ကို အတိအကျ နာမည်တပ်၍ မပြောခဲ့ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပေမယ့် ဗြိတိန်ဘက်မှာတော့ တောင်းပန်ဖို့ အသံတွေထွက်ပေါ်နေပါတယ်။

မတ်လ ၃ ရက်နေ့က Fox News နဲ့ အင်တာဗျူးမှာ ဗန့်စ်က ယူကရိန်းမှ အမေရိကန်နဲ့ စီးပွားရေး အကျိုးစီးပွား ရှိနေပါက “ နှစ်ပေါင်း ၃၀-၄၀ လောက် စစ်မတိုက်ဖူးတဲ့ ကျပန်းနိုင်ငံ (random country) က တပ်ဖွဲ့ဝင် ၂၀၀၀၀ ကို ယူကရိန်းမှာ ထားတာထက် ပိုမိုကောင်းမွန်တဲ့ လုံခြုံရေးဖြေရှင်းချက်ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။ ယူကရိန်းရှိ မြေရှားသတ္တုနဲ့ အခြားတွင်းထွက် သယံဇာတများ ပိုင်ဆိုင်ခွင့်ရရှိဖို့ သမ္မတထရန့်က ဆန္ဒထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ အမေရိကန်တပ် စေလွှတ်တာကို ဆန့်ကျင်ခဲ့ပါတယ်။

ရုရှားကျူးကျော်မှုအောက်မှာရှိတဲ့ ယူကရိန်းကို ဥရောပတွင် အပစ်အခတ်ရပ်စဲပြီးရင် ဥရောပ တပ်ဖွဲ့ဝင် ၃၀,၀၀၀ စေလွှတ်ဖို့ အဆိုပြုချက် လတ်တလော ထွက်ပေါ်လာပါတယ်။ အဲ့ဒီတပ်ဖွဲ့ရဲ့ ဗဟိုချက်က အီရတ်နဲ့ အာဖဂန်နစ္စတန်တို့မှာ အရင်က အမေရိကန်တပ်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ ဗြိတိန်ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုအပြီးမှာ ဗြိတိန်တပ်ဖွဲ့ဟာ အာဖဂန်နစ္စတန်ကို တိုက်ခိုက်ရာမှာ အမေရိကန်စစ်တပ်နဲ့ ပူးပေါင်းခဲ့ပါတယ်။ ဘီဘီစီရဲ့ထုတ်လွှင့်ချက်အရ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း အာဖဂန်နစ္စတန်မှာ ဗြိတိန်တပ်ဖွဲ့ဝင် ၁၅၀ ၀၀၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၀၃ ခုနှစ်တွင် အမေရိကန်ဦးဆောင်ပြီး အီရတ်ကို တိုက်ခိုက်ရာမှာလည်း ဗြိတိန်တပ်တွေ ပါဝင်ခဲ့ပါတယ်။

ဗန့်စ်ရဲ့ မှတ်ချက်တွေက ယူကေရှိ အာဏာရနဲ့ အတိုက်အခံပါတီများ နှစ်ဖက်စလုံးကို ဒေါသထွက်စေခဲ့ပါတယ်။ အတိုက်အခံပါတီရဲ့ကက်ဘိနက်ရဲ့ ကာကွယ်ရေးဝန်ကြီး ကွန်ဆာဗေးတစ်အမတ် ဂျိမ်းကတ်တလစ်ချ် (James Cartlidge) က ” ဒီလို ပြောတာဟာ တော်တော် မလေးမစားနိုင်တာပဲ” လို့ ပြောကြားခဲ့ပါတယ်။ ဗန့်စ်ကို နာမည်မတပ်ခဲ့ပေမဲ့ ဗြိတိန်ဝန်ကြီးချုပ် စတာမာက “ သူ့အနေနဲ့ အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗြိတိန်စစ်သားအားလုံးကို လေးလေးနက်နက် လေးစားမှု ရှိသင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အချို့ကတော့ ဗန့်စ်ကို တောင်းပန်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံရေးအသိုင်းအဝိုင်းကို တုံ့ပြန်တဲ့အနေနဲ့ ဗန့်စ်က X (Twitter) မှာ “ ဗြိတိန် ဒါမှမဟုတ် ပြင်သစ်ဖြစ်တယ်လို့ ကျွန်တော် မပြောခဲ့ပါဘူး။ (သူတို့ဟာ)အရင်က အမေရိကန်ပြည်ထောင်စုနှင့်အတူ သတ္တိရှိရှိ တိုက်ပွဲဝင်ခဲ့ပါတယ်” လို့ ဖြေရှင်းချက် ထုတ်ခဲ့ပါတယ်။ “ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် အကူအညီ ပေးမယ်လို့ ပြောတဲ့နိုင်ငံတော်တော်များများဟာ စစ်မြေပြင် အတွေ့အကြုံနဲ့ စစ်ရေး ပြင်ဆင်မှု နှစ်ခုလုံး ချို့တဲ့နေတယ်” လို့ ထပ်မံပြောခဲ့ပါတယ်။

မတ်လ ၂ ရက်နေ့က ဥရောပခေါင်းဆောင်တွေ လန်ဒန်မှာ စုဝေးတွေ့ဆုံခဲ့ကြပြီး နိုင်ငံအများအပြားက ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ကို ဖွဲ့စည်းရန် သဘောတူခဲ့ကြပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်တို့က ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကြပေမဲ့ အီတလီ ဝန်ကြီးချုပ် မီလိုနီက “ကျွန်မတို့ နိုင်ငံအနေနဲ့ ပါဝင်မှာ မဟုတ်ပါဘူး။” လို့ ဆိုပါတယ်။

သတင်းရင်းမြစ်။ CNN ဂျပန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 20 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 29 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 28 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က