နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

သမတထရန့်နှင့် ဆွေးနွေးရန် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ရာဟု ဝါရှင်တန်သို့ ရောက်ရှိ

ဧပြီလ (၇) ရက်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတင်ရာဟုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံပြီး ဂါဇာစစ်ပွဲ၊ ဓားစာခံများနှင့် အစ္စရေးကုန်စည်များအပေါ် စည်းကြပ်ခွန်အသစ် ၁၇ ရာခိုင်နှုန်းကို အာရုံစိုက်ဆွေး‌နွေးရန်အတွက် ၀ါရှင်တန်သို့ ရောက်ရှိလာခဲ့သည်။

ICC က သူ့ကို စစ်ရာဇ၀တ်မှုများအတွက် ဖမ်းဝရမ်းထုတ်ထားသည့်အတွက် အိုင်ယာလန်နှင့် နယ်သာလန်တို့ကဲ့သို့ နိုင်ငံများကို ရှောင်ရှားရန် ရှည်လျားသော ဘူဒါပက် လမ်းကြောင်းကို ရွေးချယ်ကာ အမေရိကန်နိုင်ငံသို့ လာရောက်ခဲ့သည်။

နေတန်ယာဟုသည် ဂါဇာကမ်းမြောင် ဥမင်လိုဏ်ခေါင်းများတွင် ထိန်းသိမ်းထားသော အသက်ရှင်ကျန်ရစ်သော ဓားစာခံများကို လွှတ်ပေးရန် အတွက် ဖျန်ဖြေပေးသော ကာတာနှင့် အီဂျစ်တို့မှတဆင့် ဟားမတ်စ်ကို ဖိအားပေးခြင်းဖြင့် ဟားမတ်စ်နှင့် တစ်စိတ်တစ်ပိုင်း အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို တွန်းအားပေးရန် ရည်မှန်းခြင်းကို ဆွေးနွေးတင်ပြရန်ရှိသည်။

အကောက်ခွန်တိုးကောက်မှုကြောင့် ပို့ကုန် များ အပါအဝင် အလုပ်အကိုင် ၁၈၀၀၀ မှ ၂၆၀၀၀ နှင့် အထူးသဖြင့် အဆင့်မြင့် နည်းပညာနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် ဒေါ်လာ ၂.၃-၃ ဘီလီယံ အထိ ကုန်ကျ နိုင်ကြောင်း အစ္စရေးအရာရှိများက သတိပေးသည်။

နေတန်ယာဟုသည် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟောင်းဝပ် လတ်နစ် (Howard Lutnick) နှင့် တွေ့ဆုံခဲ့ပြီး အိမ်ဖြူတော်တွင် ထရန့်နှင့် တွေ့ဆုံမည်ဖြစ်သည်။ ထို့နောက် ပူးတွဲသတင်းစာရှင်းလင်းပွဲနှင့် နှစ်နိုင်ငံစလုံးမှ မဟာဗျူဟာ အရာရှိများနှင့် ပိုမိုကျယ်ပြန့်သော ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။ ထရန့်၏ စည်းကြပ်ခွန် ၁၇ ရာခိုင်နှုန်းကြောင့် အစ္စရေးပို့ကုန်များကို ထိခိုက်မည်ဖြစ်သည်။

စာရွက်စာတမ်းအရ အစ္စရေးမှ အမေရိကန်သို့ ပို့ကုန်များသည် စည်းကြပ်ခွန်မှ ဒေါ်လာ ၂.၃ ဘီလီယံထိ နစ်နာမည်ဖြစ်ပြီး အစ္စရေးနိုင်ငံသား ၁၈၀၀၀-၂၆၀၀၀ မှာ အလုပ်လက်မဲ့ ဖြစ်ဖွယ်ရှိသည်။

ထရန့် ၏အမိန့်ကြော်ငြာစာမှ ယခုအချိန်အထိ ချန်လှပ်ထားခဲ့သော ဆေးဝါးနှင့်ချစ်ပ်လုပ်ငန်းများ အပေါ်ထပ်ဆောင်းအခွန်စည်းကြပ်ထားပါက၊ အစ္စရေးပို့ကုန်များ ပျက်စီးဆုံးရှုံးမှုဒေါ်လာ ၃ ဘီလီယံအထိရှိလာနိုင်သည်ဟုအသင်းမှသတိပေးသည်။

ဇီဝနည်းပညာ၊ ပလတ်စတစ်များ၊ သတ္တုများ၊ ဓာတုနှင့် လောင်စာများ၊ စက်ရုပ်များနှင့် အီလက်ထရွန်နစ် အစိတ်အပိုင်းများ အပါအဝင် အဆင့်မြင့်နည်းပညာများကို စည်းကြပ်ခွန် တွင် ပါ၀င်သည်ဟု ၎င်းကဆိုသည်။

အစည်းအဝေးများတွင် ဂါဇာကမ်းမြှောင်တွင် ဖြစ်ပွားနေသည့် စစ်ပွဲနှင့် ဓားစာခံ ၅၉ ဦးကို ဖမ်းဆီးထားဆဲဖြစ်သည့် ဓားစာခံများအ‌ရေးအပြင် “အစ္စရေး-တူရကီ ဆက်ဆံရေး၊ အီရန် ခြိမ်းခြောက်မှုနှင့် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို ထိပ်တိုက်ရင်ဆိုင်ခြင်း” တို့ ဆွေးနွေးမည့် အစီအစဉ်တွင် ပါဝင်မည်ဖြစ်ကြောင်း နေတန်ယာဟုရုံးက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 56 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 51 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 79 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 57 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး