နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ဒုတိယအကျော့ မဲပေးမှုဖြင့် သည် မာ့ဇ်သည် ဂျာမန်အဓိပတိအသစ်ဖြစ်လာ

မေလ (၇) ရက်။

ဂျာမန်ဖက်ဒရယ်လွှတ်တော်သည် အဓိပတိသစ်တစ်ဦးကို မေလ (၆) ရက်နေ့တွင် မဲပေးရွေးချယ်ခဲ့ပြီး ဗဟိုလက်ယာခရစ်ယာန်ဒီမိုကရက်တစ်သမဂ္ဂ/ခရစ်ယာန်လူမှုရေးယူနီယံ (CDU/CSU) ၏ခေါင်းဆောင် ဖရက်ဒရစ်ချ် မာ့ဇ် (Friedrich Merz) ကို အဓိပတိအဖြစ် ရွေးချယ်ခဲ့ကြသည်။ သို့သော် ပထမအကြိမ်မဲပေးပွဲတွင် သူအား အဓိပတိအဖြစ် အရွေးမခံရသည့် ထူးထူးခြားခြား ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။

ပထမအကြိမ်မဲပေးပွဲတွင် ခြောက်မဲအလိုဖြင့် အရွေးမခံခဲ့ရပေ။ ဒုတိယအကျော့တွင် ၃၂၅ မဲဖြင့် အနိုင်ရခဲ့ပြီး ပါလီမန်အမတ်အများစုအတွက် လိုအပ်သော ၃၁၆ မဲထက် ကျော်လွန်ခဲ့သည်။

မာ့ဇ်သည် ဖေဖော်ဝါရီလတွင် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး ၎င်း၏ညွန့်ပေါင်းအစိုးရကို ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည်။

အဓိပတိအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီးနောက် မာ့ဇ်သည် လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ သို့သော် မာ့ဇ်၏သက်တမ်းသည် တည်ငြိမ်မှုမရှိသည့် အခြေအနေမှ စတင်ခဲ့ရသည်။ မဲခွဲဆုံးဖြတ်မှုတွင် ညွန့်ပေါင်းအစိုးရအတွင်း နောက်ကျကျန်နေမှုများကို ဖော်ထုတ်ပြသခဲ့ပြီး လက်ယာစွန်းရောက် ဂျာမနီ (AfD) သည် နိုင်ငံရေးလောကကို လှုပ်ခတ်သွားစေမည့် အခွင့်အလမ်းသစ်တစ်ခု ပေးခဲ့သည်။

မာ့ဇ်သည် ဖေဖော်ဝါရီလတွင် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အစိုးရဖွဲ့ရန် လုံလောက်သော နေရာများ မရရှိခဲ့ပေ။ ဤသည်မှာ ဂျာမနီ၏ မတူကွဲပြားသော နိုင်ငံရေးအခင်းအကျင်းတွင် ဖြစ်လေ့ရှိသည့်ရလဒ်တစ်ခုဖြစ်သည်။

ပြီးခဲ့သည့်လက မာ့ဇ်သည် ဗဟိုလက်ဝဲဆိုရှယ်ဒီမိုကရက်များ (SPD) နှင့် ညွန့်ပေါင်းအဖွဲ့ကို ကြေညာခဲ့သည်။ ဂျာမနီနိုင်ငံ၏ အကြီးဆုံးပါတီကြီးနှစ်ခုကြား ညွန့်ပေါင်းအဖွဲ့သည် ရှားရှားပါးပါး ဖြစ်သော်လည်း၊ ယင်းသို့ပြုလုပ်မှသာ ဖေဖော်ဝါရီ အထွေထွေရွေးကောက်ပွဲတွင် ဒုတိယနေရာရလာသော AfD သည် အစိုးရဖွဲ့ခြင်းမှ တားဆီးနိုင်မည်ဖြစ်သည်။

အဆိုပါ လှုပ်ရှားမှုသည် ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှစ၍ ဂျာမန်နိုင်ငံရေးသမားများ ထိန်းသိမ်းခဲ့သည့် လက်ယာစွန်းအုပ်စုများအား မီးနံရံ (firewall) ဟု ခေါ်သည့် ပိတ်ဆို့သည့် လှုပ်ရှားမှု ဖြစ်သည်။ သို့သော်လည်း ဤ “ firewalls” များသည် တဖြည်းဖြည်း အားနည်းလာသည်။

ညွန့်ပေါင်းအစိုးရသည် စုစုပေါင်း ၃၂၈ နေရာ ရှိပြီး ဝန်ကြီးချုပ်ကို ရွေးချယ်ရန် မဲပေးခြင်းသည် ပုံမှန်လုပ်ရပ် ဖြစ်သည်။ ပုံမှန်အားဖြင့် ပထမဆုံးအကြိမ် မဲပေးခြင်းဖြင့် ဝန်ကြီးချုပ်သစ်ကို ရွေးချယ်ခဲ့ကြသည်။ သို့သော်၊ ၆ ရက်နေ့တွင် မာ့ဇ်၏အနာဂတ်သည် ခေတ္တမရေမရာ ဖြစ်ခဲ့ရသည်။

ပထမအကျော့မဲပေးမှုတွင် ရှုံးနိမ့်မှုသည် CDU နှင့် SPD အကြား ဗျူဟာမြောက် အိမ်ထောင်ရေးတွင် စော်စီးစွာပင် အက်ကြောင်းများကို ဖော်ထုတ်ခဲ့သည်။

ပြင်းထန်သောမူဝါဒများကို လိုက်နာမည်ဟု ကတိပြုခဲ့သော မာ့ဇ်အတွက် ခက်ခဲသောအစပြုမှုတစ်ခုဖြစ်သည်။

မာ့ဇ်သည် မတ်လတွင် ပါလီမန်တွင် အများစု သုံးပုံနှစ်ပုံ အနိုင်ရရှိခဲ့ပြီး အစိုးရ၏ ချေးငွေကို ကန့်သတ်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက် “အကြွေး ဘရိတ်အုပ်ခြင်း” ကို အတည်ပြုခဲ့သည်။ မာ့ဇ်သည် လုံခြုံရေးမူဝါဒကို ပြန်လည်သုံးသပ်ရန် တွန်းအားပေးရန် ရည်ရွယ်သည်။ ပြုပြင်ပြောင်းလဲမှုသည် စစ်တပ်ကို ခေတ်မီစေရန်နှင့် ကာကွယ်ရေးအသုံးစရိတ်ကို သိသာစွာ တိုးမြှင့်ရန် ရည်ရွယ်ထားသည်။

မာ့ဇ်သည် ဖေဖော်ဝါရီ ရွေးကောက်ပွဲတွင် ဒုတိယအကြီးဆုံးပါတီအဖြစ် ဝင်ရောက်လာကာ သဘောထားစစ်တမ်းအချို့တွင် ဦးဆောင်နေသည့် AfD ၏ ဝင်ရောက်စွက်ဖက်မှုကိုလည်း ရင်ဆိုင်နိုင်ရဖွယ်ရှိသည်။

ဓာတ်ပုံ။

လက်ယာယိမ်းခရစ်ယာန်ဒီမိုကရက်တစ်သမဂ္ဂ/ ခရစ်ယာန်လူမှုရေးယူနီယံ (CDU/CSU) ၏ခေါင်းဆောင် ဖရက်ဒရစ်ချ် မာ့ဇ် (Friedrich Merz ) သည် ဂျာမနီ၏အဓိပတိအသစ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ / Ebrahim Noroozi/AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 27 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 39 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 30 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ