နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ဒုတိယအကျော့ မဲပေးမှုဖြင့် သည် မာ့ဇ်သည် ဂျာမန်အဓိပတိအသစ်ဖြစ်လာ

မေလ (၇) ရက်။

ဂျာမန်ဖက်ဒရယ်လွှတ်တော်သည် အဓိပတိသစ်တစ်ဦးကို မေလ (၆) ရက်နေ့တွင် မဲပေးရွေးချယ်ခဲ့ပြီး ဗဟိုလက်ယာခရစ်ယာန်ဒီမိုကရက်တစ်သမဂ္ဂ/ခရစ်ယာန်လူမှုရေးယူနီယံ (CDU/CSU) ၏ခေါင်းဆောင် ဖရက်ဒရစ်ချ် မာ့ဇ် (Friedrich Merz) ကို အဓိပတိအဖြစ် ရွေးချယ်ခဲ့ကြသည်။ သို့သော် ပထမအကြိမ်မဲပေးပွဲတွင် သူအား အဓိပတိအဖြစ် အရွေးမခံရသည့် ထူးထူးခြားခြား ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။

ပထမအကြိမ်မဲပေးပွဲတွင် ခြောက်မဲအလိုဖြင့် အရွေးမခံခဲ့ရပေ။ ဒုတိယအကျော့တွင် ၃၂၅ မဲဖြင့် အနိုင်ရခဲ့ပြီး ပါလီမန်အမတ်အများစုအတွက် လိုအပ်သော ၃၁၆ မဲထက် ကျော်လွန်ခဲ့သည်။

မာ့ဇ်သည် ဖေဖော်ဝါရီလတွင် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး ၎င်း၏ညွန့်ပေါင်းအစိုးရကို ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည်။

အဓိပတိအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီးနောက် မာ့ဇ်သည် လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ သို့သော် မာ့ဇ်၏သက်တမ်းသည် တည်ငြိမ်မှုမရှိသည့် အခြေအနေမှ စတင်ခဲ့ရသည်။ မဲခွဲဆုံးဖြတ်မှုတွင် ညွန့်ပေါင်းအစိုးရအတွင်း နောက်ကျကျန်နေမှုများကို ဖော်ထုတ်ပြသခဲ့ပြီး လက်ယာစွန်းရောက် ဂျာမနီ (AfD) သည် နိုင်ငံရေးလောကကို လှုပ်ခတ်သွားစေမည့် အခွင့်အလမ်းသစ်တစ်ခု ပေးခဲ့သည်။

မာ့ဇ်သည် ဖေဖော်ဝါရီလတွင် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အစိုးရဖွဲ့ရန် လုံလောက်သော နေရာများ မရရှိခဲ့ပေ။ ဤသည်မှာ ဂျာမနီ၏ မတူကွဲပြားသော နိုင်ငံရေးအခင်းအကျင်းတွင် ဖြစ်လေ့ရှိသည့်ရလဒ်တစ်ခုဖြစ်သည်။

ပြီးခဲ့သည့်လက မာ့ဇ်သည် ဗဟိုလက်ဝဲဆိုရှယ်ဒီမိုကရက်များ (SPD) နှင့် ညွန့်ပေါင်းအဖွဲ့ကို ကြေညာခဲ့သည်။ ဂျာမနီနိုင်ငံ၏ အကြီးဆုံးပါတီကြီးနှစ်ခုကြား ညွန့်ပေါင်းအဖွဲ့သည် ရှားရှားပါးပါး ဖြစ်သော်လည်း၊ ယင်းသို့ပြုလုပ်မှသာ ဖေဖော်ဝါရီ အထွေထွေရွေးကောက်ပွဲတွင် ဒုတိယနေရာရလာသော AfD သည် အစိုးရဖွဲ့ခြင်းမှ တားဆီးနိုင်မည်ဖြစ်သည်။

အဆိုပါ လှုပ်ရှားမှုသည် ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှစ၍ ဂျာမန်နိုင်ငံရေးသမားများ ထိန်းသိမ်းခဲ့သည့် လက်ယာစွန်းအုပ်စုများအား မီးနံရံ (firewall) ဟု ခေါ်သည့် ပိတ်ဆို့သည့် လှုပ်ရှားမှု ဖြစ်သည်။ သို့သော်လည်း ဤ “ firewalls” များသည် တဖြည်းဖြည်း အားနည်းလာသည်။

ညွန့်ပေါင်းအစိုးရသည် စုစုပေါင်း ၃၂၈ နေရာ ရှိပြီး ဝန်ကြီးချုပ်ကို ရွေးချယ်ရန် မဲပေးခြင်းသည် ပုံမှန်လုပ်ရပ် ဖြစ်သည်။ ပုံမှန်အားဖြင့် ပထမဆုံးအကြိမ် မဲပေးခြင်းဖြင့် ဝန်ကြီးချုပ်သစ်ကို ရွေးချယ်ခဲ့ကြသည်။ သို့သော်၊ ၆ ရက်နေ့တွင် မာ့ဇ်၏အနာဂတ်သည် ခေတ္တမရေမရာ ဖြစ်ခဲ့ရသည်။

ပထမအကျော့မဲပေးမှုတွင် ရှုံးနိမ့်မှုသည် CDU နှင့် SPD အကြား ဗျူဟာမြောက် အိမ်ထောင်ရေးတွင် စော်စီးစွာပင် အက်ကြောင်းများကို ဖော်ထုတ်ခဲ့သည်။

ပြင်းထန်သောမူဝါဒများကို လိုက်နာမည်ဟု ကတိပြုခဲ့သော မာ့ဇ်အတွက် ခက်ခဲသောအစပြုမှုတစ်ခုဖြစ်သည်။

မာ့ဇ်သည် မတ်လတွင် ပါလီမန်တွင် အများစု သုံးပုံနှစ်ပုံ အနိုင်ရရှိခဲ့ပြီး အစိုးရ၏ ချေးငွေကို ကန့်သတ်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက် “အကြွေး ဘရိတ်အုပ်ခြင်း” ကို အတည်ပြုခဲ့သည်။ မာ့ဇ်သည် လုံခြုံရေးမူဝါဒကို ပြန်လည်သုံးသပ်ရန် တွန်းအားပေးရန် ရည်ရွယ်သည်။ ပြုပြင်ပြောင်းလဲမှုသည် စစ်တပ်ကို ခေတ်မီစေရန်နှင့် ကာကွယ်ရေးအသုံးစရိတ်ကို သိသာစွာ တိုးမြှင့်ရန် ရည်ရွယ်ထားသည်။

မာ့ဇ်သည် ဖေဖော်ဝါရီ ရွေးကောက်ပွဲတွင် ဒုတိယအကြီးဆုံးပါတီအဖြစ် ဝင်ရောက်လာကာ သဘောထားစစ်တမ်းအချို့တွင် ဦးဆောင်နေသည့် AfD ၏ ဝင်ရောက်စွက်ဖက်မှုကိုလည်း ရင်ဆိုင်နိုင်ရဖွယ်ရှိသည်။

ဓာတ်ပုံ။

လက်ယာယိမ်းခရစ်ယာန်ဒီမိုကရက်တစ်သမဂ္ဂ/ ခရစ်ယာန်လူမှုရေးယူနီယံ (CDU/CSU) ၏ခေါင်းဆောင် ဖရက်ဒရစ်ချ် မာ့ဇ် (Friedrich Merz ) သည် ဂျာမနီ၏အဓိပတိအသစ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ / Ebrahim Noroozi/AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 8 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 21 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “