နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

1027 Operations

1027 Operations မြန်မာသတင်း

သီပေါမြို့အဝင်မုခ်ဦးပုံစံ TNLA ပြောင်းလဲတဲ့‌အပေါ် သျှမ်းအရပ်ဖက်အင်အားစုတွေ ကန့်ကွက်

ဖေဖော်ဝါရီလ (၈)ရက်။

TNLA က သီပေါမြို့အဝင်ဆိုင်းဘုတ်ကို ပုံစံပြောင်းလဲခဲ့တာနဲ့ပတ်သက်ပြီး သျှမ်းအရပ်ဖက်အင်အားစုတွေက ဒီကနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

သီပေါမြို့ကို TNLA က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် မြို့အဝင်ဆိုင်းဘုတ်ကို ဒေသခံတွေရဲ့ သဘောဆန္ဒမပါဘဲ လူမျိုးစုတစ်ခုထဲသာ ကိုယ်စားပြုတဲ့ အသွင်ပုံစံနဲ့ ပြောင်းလဲလိုက်တာလို့ ဆိုပါတယ်။

အဲ့ဒီလိုပြောင်းလဲလိုက်တာဟာ ဖက်ဒရယ်ဒီမိုကရေစီနဲ့ အာဏာရှင်တော်လှန်ရေးကို အကြောင်းပြုပြီး နယ်ချဲ့ဝါဒကို ကျင့်သုံးလာနေပြီလားဆိုတာ တွေးထင်စေနိုင်တယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်တာမှာ ပြည်နယ်မြို့ပြထဲနေထိုင်တဲ့ ဒေသခံပြည်သူတွေသာ အချုပ်အခြာအာဏာရဲ့ မူရင်းပိုင်ရှင်တွေဖြစ်ရာ TNLA ရဲ့ လုပ်ဆောင်ချက်က ဒေသခံပြည်သူတွေရဲ့ ရပိုင်ခွင့်ကို ချိုးဖောက်တာလို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် သီပေါမြို့အဝင်မုခ်ဦးကို ပုံသဏ္ဍာန်ပြောင်းလဲတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ထားပြီး TNLA အနေနဲ့ မူလပုံသဏ္ဍာန်တိုင်းသာထားဖို့နဲ့ ဒေသခံတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

အခုလို TNLA က မြို့အဝင်မုခ်ဦး ‌ပုံစံပြောင်းလဲတာနဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ သျှမ်းအရပ်ဖက်အင်အားစုတွေဟာ Tai Student Union၊ SL & CC university of Yangon၊ Kunhing Organization၊ Tai Youth Yangon-TYY နဲ့ Global Shan Network-GSN တို့ဖြစ်ပါတယ်။

အရင်က သီပေါမြို့အဝင်မုခ်ဦးဟာ သျှမ်းပြည်အလံနဲ့ သျှမ်းဘာသာစကားတို့ပါရှိပြီး အခုလ (၇)ရက်နေ့ကစတင်ကာ TNLA က တအန်းအမျိုးသားအလံပုံစံနဲ့ အရောင်တို့ကို အစားထိုးပြောင်းလဲခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 12 Views
မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့ ဇန်နဝါရီလ (၁၀)ရက်။ ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ် (၁)နာရီ (၅၄)မိနစ်အချိန်က
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 11 Views
ဇန်နဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ဂန့်ဂေါမြိုရှိ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ရဲ့ ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို ယောအလင်းတန်းရဲ့
မြန်မာသတင်း

လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေက အကြမ်းဖက်စနစ်ဆိုပြီး အာဏာလုမင်းအောင်လှိင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 9 Views
ဇန်နဝါရီလ (၁၀)ရက်။ တိုင်းရင်းသားဒေသတွေက လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေဟာ အကြမ်းဖက်စနစ်ဆိုပြီး အာဏာလု မင်းအောင်လှိင်က ကချင်ပြည်နယ်နေ့မှာ ပေးပိုတဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို သိရပါတယ်။ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာတာကြောင့်ဆိုပြီး နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မ လုယူထားတဲ့ စစ်ခေါင်းဆောင်
မြန်မာသတင်း

ICJ မှာ အကြမ်းဖက်စစ်တပ်ရဲ့ တင်ပြတာတွေက မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 20 Views
ဇန်နဝါရီလ (၁၀)ရက်။ ICJ မှာ ကြားနာမယ့် မြန်မာအပေါ် တရားစွဲဆိုတာတွေနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ တင်ပြတာတွေက မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူးလို့ NUG က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နိုင်ငံတကာတရားရုံး(ICJ)က ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံအမှုဆိုင်ရာ လုပ်ငန်းစဉ်ရဲ့
မြန်မာသတင်း

မင်းလှမြို့ ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၂၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 20 Views
ဇန်နဝါရီလ (၉)ရက်။ ဇန်နဝါရီလ (၇)ရက်နေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က မင်းလှမြို့ ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ စစ်တပ်ရဲ့ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ACDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းလှမြို့
မြန်မာသတင်း

တောကျွဲအင်းမြို့ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 19 Views
ဇန်နဝါရီလ (၉)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တောင်းမြစ်ဝှမ်းဒေသ အောင်‌မြင်စစ်ဆင်ရေးအနေနဲ့ တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အအုံတွေ၊ ရွေး/ကော်ရုံးနဲ့ နယ်မြေရဲစခန်းတို့ကို
မြန်မာသတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနက BNRA ကို တိုက်ခိုက်ဖို့ဆိုပြီး လျှို့ဝှက်အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားပြင်ဆင်နေတယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 33 Views
ဇန်နဝါရီလ (၉)ရက်။ အခုရက်ပိုင်းထဲ NUG ကာကွယ်ရေးဝန်ကြီးဌာနက အဆင့်ဆင့် လျှို့ဝှက်ညွှန်ကြားကာ BNRA ကို တိုက်ခိုက်ဖို့ အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားတွေ ပြင်ဆင်စုစည်းနေတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို ခရိုင်ကွပ်ကဲရေးတာဝန်ခံ စွမ်းသူမောင်နဲ့ ပုလဲမြို့နယ်
မြန်မာသတင်း

ကော်သူးလေအစိုးရနဲ့ လုံးဝ ပတ်သက်မှုမရှိဘူးလို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 38 Views
ဇန်နဝါရီလ (၉)ရက်။ စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA ရဲ့ ကော်သူးလေအစိုးရ(G.O.K)ဖွဲ့စည်းတာနဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ KNU က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စောနယ်ဒါးမြဟာ စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံထားရသလို KNU က ချမှတ်ထားတဲ့