နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကာလီဖိုးနီးယားတွင် ဆန္ဒပြသူများနှင့် အစိုးရ တပ်ဖွဲ့များအကြား ထိပ်တိုက်တွေ့

ဇွန်လ (၈) ရက်။

လော့စ်အိန်ဂျလိစ်မြို့တစ်ဝိုက်တွင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (ICE) ၏ စီးနင်းမှုများကို တုံ့ပြန်သည့် အနေဖြင့် စနေနေ့တွင် ဆန္ဒပြမှုများ အရှိန်မြင့်လာသည်။ ကယ်လီဖိုးနီးယားပြည်နယ် ပါရာမောင့် (Paramount) တွင် ဆန္ဒပြပွဲများကို လူစုခွဲရန် မျက်ရည်ယိုဗုံးများနှင့် မီးခိုးဗုံးများ အသုံးပြုခဲ့သည်။

ကာလီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်တွင် ဆန္ဒပြသူများကို မျက်နှာဖုံးများ ဝတ်ဆင်ခွင့်မပြုဟု ထရန့်က ပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်တွင် နှစ်ရက်ကြာ မငြိမ်မသက်ဖြစ်ပြီးနောက် ဆန္ဒပြသူများ မျက်နှာဖုံးများ တပ်ဆင် အသုံးပြုခြင်းကို တားမြစ်မည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ယနေ့ အစောပိုင်းတွင် ပြောကြားခဲ့သည်။

“ ဆန္ဒပြပွဲတွေမှာ မျက်နှာဖုံးတွေကို ဝတ်ခွင့်မပြုပါဘူး။ ဒီလူတွေက ဘာကို ဖုံးကွယ်ထားချင်ရတာလဲ၊ ဘာကြောင့်လဲ” ဟု သမ္မတက သူ့ Truth Social တွင် ရေးတင်ထားသည်။

သို့သော်လည်း လူဝင်မှုကြီးကြပ်ရေး ICE အရာရှိများအား မျက်နှာဖုံးများ ဝတ်ဆင်ရန် ခွင့်ပြုထားကြောင်း အေဂျင်စီ၏ ဒါရိုက်တာ တော့ဒ်လိုင်ယွန်စ် (Todd Lyons) မှဆိုခဲ့ပြီး မကြာသေးမီက အေးဂျင့်များသည် ၎င်းတို့၏ မိသားစုများကို ကာကွယ်ရန် သူတို့၏မျက်နှာကို ဖုံးကွယ်ထားကြောင်း ပြောကြားခဲ့သည်။

ထရန့်၏ ပြည်နှင်ဒဏ်ပေးရေးအစီအစဉ်၏ ရည်မှန်းချက်များကို အမေရိကန်များက ထောက်ခံသော်လည်း ၎င်း၏ချဉ်းကပ်လုပ်ဆောင်မှုကို ဆန့်ကျင်ကြောင်း စစ်တမ်းအသစ်တစ်ခုက တွေ့ရှိခဲ့သည်။

CBS News နှင့် YouGov တို့မှ ကောက်ယူမှုအသစ်အရ အမေရိကန်တွင် တရားမဝင်နေထိုင်သူများကို ရှာဖွေပြီး ပြည်နှင်ဒဏ်ပေးမည့် သမ္မတ ဒေါ်နယ်ထရန့်၏ အစီအစဉ်ကို အမေရိကန်လူမျိုး အများစုက သဘောတူညီခဲ့ကြကြောင်း သိရသည်။

လော့စ်အိန်ဂျလိစ်တွင် ပြည်နှင်ဒဏ်ခံရခြင်းနှင့်ပတ်သက်၍ ဆန္ဒပြပွဲများမစမီတွင် စစ်တမ်းကို ကောက်ခံခဲ့သည်။ အခြားအဓိကတွေ့ရှိချက်အချို့ မှာ-

• ၅၃% က အစိုးရအုပ်ချုပ်ရေးပိုင်းသည် အန္တရာယ်ရှိသော ရာဇ၀တ်ကောင်များကို ပြည်နှင်ဒဏ်ပေးရန်အတွက် ဦးစားပေးလုပ်ဆောင်နေသည်ဟု ဆိုသည်။

• ဤကြိုးပမ်းမှုများသည် ဘေးကင်းစေမှုကို ဖြစ်စေသည်ဟုယူဆသူ ၄၂ %ရာခိုင်နှုန်းရှိပြီး လုံခြုံမှု နည်းပါးသွားသည်ဟု ယူဆသူက ၃၀% ရှိခဲ့သည် ၂၇% က ဘာမှ မထူးခြားဟု ဆိုသည်။

• အမေရိကန်များတွင် နေရပ်ပြန်ပို့ရေး ကြိုးပမ်းမှုများသည် စီးပွားရေးကို အားနည်းသွားစေသည်ဟု ယူဆသူ ၃၉% ရှိပြီး စီးပွား‌ရေး တိုးတက်လာသည်ဟု ယူဆသူက ၃၂% ရှိသည်။

• အများစုမှာ ၅၅% က ပြည်နှင်ဒဏ်ပေးရေး အစီအစဉ်၏ ပန်းတိုင်များကို နှစ်သက်သည်ဟု ဆိုကြသော်လည်း ၅၆% က ထရန်၏ ချဉ်းကပ်ဆောင်ရွက်မှုကို မကြိုက်ကြောင်း ပြောဆိုကြသည်။

• သုံးပုံနှစ်ပုံ (၆၃%) နီးပါးက ထရန့်အစိုးရသည် အမေရိကန်နိုင်ငံသား မဟုတ်သူတစ်ဦးကို ပြည်နှင်ဒဏ်မပေးမီ “အမေရိကန်တရားရုံးကြားနာမှု သို့မဟုတ် အခြားအမေရိကန် တရားစီရင်ရေး လုပ်ငန်းစဉ်ကို ဦးစွာ ရယူသင့်သည်” ဟု ဆိုသည်။

ယေဘုယျအားဖြင့်၊ ထရန့်၏အတည်ပြု အဆင့်သတ်မှတ်ချက်သည် သူ၏သမ္မတ သက်တမ်းရက် ၁၀၀ တွင် ၄၅% ကြိုက်ကြောင်း အတည်ပြုပြီး ၅၅% က မနှစ်သက်ကြောင်း သဘောထားပေးခဲ့သည်။

ပုံ (၁) စနေနေ့က ကာလီဖိုးနီးယား တွင် ဆန္ဒပြသူများနှင့် အစိုးရ တပ်ဖွဲ့များအကြား ထိပ်တိုက်တွေ့

ပုံ (၂) ဆန္ဒပြသူများသည် လော့စ်အိန်ဂျလိစ်ကောင်တီရှိ ပါရာမောင့်၌ စနေနေ့က ဆန္ဒပြမှုအတွင်း တရားဥပဒေစိုးမိုးရေး ဗင်ကားတစ်စီးကို အရာဝတ္ထုများ ပစ်ပေါက်ခဲ့ကြသည်။

ပုံ (၃) ကယ်လီဖိုးနီးယားပြည်နယ်၊ ကမ်တုန် (Compton) မှာ ဆန္ဒပြမှုအတွင်း လော့စ်အိန်ဂျလိစ်ကောင်တီ ရဲအရာရှိများကို မီးရှူးမီးပန်းဖောက်တားဆီးတာကို မြင်တွေ့ခဲ့ရပါတယ်။

ပုံ (၄) စနေနေ့က ပါရာမောင့်တွင် ဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့မှုအတွင်း တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင်များ။

ပုံ (၅) စနေနေ့က ကမ်တုန် (Compton) မှာ ဆန္ဒပြသူတွေနဲ့ တရားဥပဒေစိုးမိုးရေး ထိပ်တိုက်တွေ့ခဲ့ခြင်း။

ပုံ (၆) စနေနေ့ညနေခင်းတွင် ကမ်တုန် (Compton) ၌ ဆန္ဒပြမှုအတွင်း အရာရှိတစ်ဦး မီးငြိမ်းသတ် နေစဥ်။

ပုံ( ၇) စနေနေ့က ပါရာမောင့်တွင် ဆန္ဒပြသူတစ်ဦးအား အကူအညီများ ပေးအပ်နေစဥ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု