နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

BRICS အဖွဲ့၏ ‘အမေရိကန်ဆန့်ကျင်ရေး’ မူဝါဒများကို ထောက်ခံသည့် နိုင်ငံများအပေါ် အခွန်အသစ်များကောက်ခံမည်ဟု ထရန့် ခြိမ်းခြောက်

(မှတ်ချက်- BRICS သည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အီဂျစ်၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ အီရန်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု ဆယ်နိုင်ငံတို့ ပါဝင်သည့် အစိုးရအချင်းချင်း ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်။)

CNN- ၂၀၂၅ခုနှစ်၊ ဇူလိုင် ၇ရက်

BRICS ၏ ထွန်းသစ်စစီးပွားရေးအုပ်စု၏ “အမေရိကန်ဆန့်ကျင်ရေး” မူဝါဒများကို ထောက်ခံသည့် မည်သည့်နိုင်ငံကိုမဆို အခွန်စည်းကြပ်ခွန်အသစ်များ ကောက်ခံမည်ဟု သမ္မတ ဒေါ်နယ်ထရန့် က ခြိမ်းခြောက်ခဲ့ပြီး တနင်္လာနေ့မှစ၍ နိုင်ငံအများအပြားသို့ သတ်မှတ်ထားသည့်နောက်ဆုံးရက်ထက်စောပြီး အခွန်ပေးစာများ ပေးပို့မည်ဟု ကြေညာခဲ့သည်။

တနင်္ဂနွေနေ့က Truth Social ပို့စ်တစ်ခုတွင် ထရန့် က ” BRICS ၏ အမေရိကန် ဆန့်ကျင်ရေး မူဝါဒများကို လိုက်နာသော မည်သည့် BRICS အဖွဲ့ဝင် နိုင်ငံကို မဆို ” ထပ်ဆောင်းအခွန် ၁၀% စည်းကြပ်မည်ဟုပြောကြားခဲ့သော်လည်း သူ ကမည်သည့် မူဝါဒများကို ရည်ညွှန်းသည် ဆိုသည်ကို ချက်ချင်းရှင်းလင်းမပြခဲ့ပါ။

BRICS အဖွဲ့ကို စတင်တည်ထောင်သူ ဘရာဇီးလ်(B)၊ ရုရှား(R)၊ အိန္ဒိယ (I)၊ တရုတ်(C)နှင့် တောင်အာဖရိက(S)တို့အားလုံးကို အတိုကောက်ခေါ်ဝေါ်သည့် BRICS အဖွဲ့သည် ကွဲပြား ခြားနားသော နိုင်ငံများ ညီညွတ်စွာ ပေါင်းစည်းထားသည့် အုပ်စုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပါဝါခွဲဝေမှုတွင် ကမ္ဘာ့စီးပွားရေး လက်ရှိအခြေအနေမှန်အရ ပါဝါကို မျှဝေသင့်သည် ဟုသော တူညီသည့်အမြင်ရှိကြပြီး အနောက်ဦးဆောင်သည့်ကမ္ဘာ့အာဏာစဥ်ကို ဆန့်ကျင်ကြသည်။

အဆိုပါအဖွဲ့တွင် အီဂျစ်၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ အီရန်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကို အဖွဲ့ဝင်အဖြစ် မကြာသေးမီက တိုးချဲ့ခဲ့ပြီး ဘီလာရုစ်၊ နိုင်ဂျီးရီးယား၊ ထိုင်းနှင့် ဗီယက်နမ် အပါအဝင် အောက်အဆင့် မိတ်ဖက်နိုင်ငံ ၁၀ နိုင်ငံရှိသည်။ ဆော်ဒီအာရေးဗီးယားသည် စီးပွားရေးကလပ်သို့ ဝင်ရောက်ရန် ဖိတ်ကြားမှုကို လက်ခံခဲ့ခြင်း ရှိ၊ မရှိ မရှင်းလင်းပါ။

ဘရာဇီးနိုင်ငံသည် လက်ရှိတွင် BRICS ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး ခေါင်းဆောင်များသည် တစ်ဖက်သတ် အကောက်ခွန်နှင့် အကောက်ခွန်မဲ့ အစီအမံများ ပေါ်ပေါက်လာမှုနှင့် ပတ်သက်၍ “ အလေးအနက် စိုးရိမ်ပူပန်မှု” ကို ဖော်ပြသည့် ပူးတွဲကြေညာချက်ကို တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းသည် ထရန့်အစိုးရ၏ ကုန်သွယ်ရေးမူဝါဒအပေါ် သွယ်ဝိုက်စွာဝေဖန်ကဲ့ရဲ့ခဲ့ခြင်းဖြစ်သည်။

အမေရိကန်အစိုးရ၏ ရက်ပေါင်း ၉၀ စည်းကြပ်ခွန်ဆိုင်းငံ့မှုသည် ဗုဒ္ဓဟူးနေ့တွင် အဆုံးသတ်ရန် စီစဉ်ထားပြီး တနင်္လာနေ့မှစပြီး နိုင်ငံအများအပြားသို့ စာများပေးပို့မည် ဖြစ်ကြောင်း ထရန့် မှ တနင်္ဂနွေနေ့ညတွင် အတည်ပြုခဲ့သည်။

“ ကမ္ဘာတဝှမ်းရှိ နိုင်ငံအသီးသီးမှ အမေရိကန်ပြည်ထောင်စုအခွန်စာများ (United States TARIFF Letters) နှင့်/သို့မဟုတ် သဘောတူချက်များ(Deals) များကို နေ့လည် ၁၂:၀၀ (အရှေ့ပိုင်းချိန်) တနင်္လာနေ့၊ ဇူလိုင်လ ၇ ရက်နေ့မှ စတင်၍ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ကိုဝမ်းမြောက်စွာ ပြောကြားခဲ့ပါသည်။

“ သင်ကအရာအားလုံးကိုအဆင်ပြေအောင်မလုပ်ခဲ့ပါက၊ ထို့နောက်သြဂုတ်လ၁ ရက်နေ့တွင် သင်၏ဧပြီလ ၂ရက်နေ့က အကောက်ခွန်အဆင့်သို့ပြန်ရောက်သွားလိမ့်မည်” ဟု ဘက်ဆင့် (Bessent) မှ CNN ၏ ဒေနာဘတ်ရှ( Dana Bash)” ကို တနင်္ဂနွေနေ့တွင် ကုန်သွယ်ဖက်များ အကြောင်းကိစ္စ တွင်ပြောကြားခဲ့သည်။

အမေရိကန်နှင့် သဘောတူညီချက်ကို မလိုက်နာပါက နိုင်ငံများအနေဖြင့် ဧပြီလတွင်ရှိသော ပိုမိုမြင့်မားသည့် အခွန်အကောက်များ သို့ ပြန်လည်ရောက်ရှိနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့် (Scott Bessent) က ယခင်က ပြောကြားခဲ့ဘူးသည်။

ကုန်သွယ်မှုနောက်ဆုံးရက်နီးလာသည်နှင့်အမျှ ဘက်ဆင့် သည် နောက်ဆုံး အကောက်ခွန် သတိပေးချက်ကို ဖော်ပြခဲ့သည်။

ထရန့် သည်စာများတွင်လက်ရှိ ၁၀% အခြေခံလိုင်းတွင်အခွန်နှုန်းထားများပါ၀င်ရန် အကြံပြုထားသည်၊ သို့မဟုတ် ၇၀% အထိတိုးများလာမည်ဖြစ်သည်။ အမေရိကန်သည် အဓိကကုန်သွယ်ဖက်များအပေါ် အခွန်နှုန်းထား ၇၀% စည်းကြပ်မည်မဟုတ်ကြောင်း ဘက်ဆင့် က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

“ ကုန်သွယ်ရေးသဘောတူညီချက်တွေနဲ့ပတ်သတ်ပြီး တနင်္လာနေ့မှာ စာတွေ ပို့တော့မယ်။ ၁၂ရက်နဲ့ ၁၅ရက်အတွင်း ဖြစ်နိုင်တယ်… ပြီးတော့ ကျွန်တော်တို့ကလည်း အပေးအယူတွေ လုပ်ထားပါတယ်” ဟု ထရန့် မှ နယူးဂျာစီ ရှိ Morristown Municipal လေဆိပ် တွင် တနင်္ဂနွေမွန်းလွဲပိုင်းတွင် အကောက်ခွန်နှုန်းထားများအကြောင်း CNN မှ မေးမြန်းသောအခါ ပြောကြားခဲ့သည်။

Bessent ၏မှတ်ချက်များနောက်တွင်၊ ထရန့် သည် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် စာများ ဆက်လက် ထွက်နေလိမ့်မည်ဟုပြောကြားခဲ့သည်။ “ ဇူလိုင်လ ၉ ရက်မှာ နိုင်ငံအများစုကို စာတစ်စောင် ဒါမှမဟုတ် သဘောတူညီချက်တစ်ခု ပေးမှာပါ” ဟု ၎င်းက တနင်္ဂနွေနေ့ အစောပိုင်း တွင် ပြောကြားခဲ့သည်။

“သမ္မတဟာ နိုင်ငံပေါင်းစုံနဲ့ သဘောတူညီချက်တွေ အမျိုးမျိုးကို ဆွေးနွေးနေတဲ့ကြားထဲမှာ ရှိနေပါတယ်” ဟု ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝါ့ဒ် လပ်နစ်(Howard Lutnick) က ထရန့် နှင့်အတူ သတင်းထောက်များအား တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အကောက်ခွန် နှုန်းထား များသည် ဩဂုတ်လ ၁ ရက်နေ့တွင် အသက်ဝင်မည်ဟုလည်း ၎င်းက အတည်ပြုခဲ့သည်။

တနင်္ဂနွေနေ့တွင် Bessent သည် မည်သည့်နိုင်ငံများနှင့် သဘောတူညီချက်ရရန် နီးစပ်နေသနည်းဟု CNN မှမေးမြန်းခြင်းကို အတည်ပြုရန် ငြင်းဆိုခဲ့သည်။

“ကျွန်ုပ်တို့ နဲ့ကုန်သွယ်မှု သိပ်မရှိသော နိုင်ငံငယ်များ” သို့ စာ ၁၀၀ခန့် ပေးပို့မည်ဖြစ်ပြီး အများစုမှာကုန်သွယ်မှု “အခြေခံ ၁၀% တွင်သာရှိသည်” ဟု ၎င်းက ဆိုသည်။ ဇူလိုင် ၉ ရက် နောက်ဆုံးထား၍ သဘောတူညီချက်များရယူ ညှိနှိုင်းရန် ပျက်ကွက်သော နိုင်ငံများအတွက် “ပိုမိုကောင်းမွန်သော” ရွေးချယ်မှုအဖြစ် စာများကိုပေးပို့ခဲ့ကြောင်း ထရန့် က သောကြာနေ့ တွင် အမွှမ်းတင်ခဲ့သည်။

ဧပြီလ ၉ ရက်နေ့တွင်၊ ထရန့်သည် အခွန်အားလုံး အပေါ်သုံးလကြာ ရပ်နားထားသော အခွန်ကောက်ယူခြင်းကို ကြေငြာခဲ့ခြင်းသည်ပြည့်ပြီဖြစ်ကြောင်းကြေငြာခဲ့ပြီး သမိုင်းကြောင်း အရ မြင့်မားသော “ အပြန်အလှန်” အခွန်အခများဆက်ရှိနေမည်ဟုဆိုခဲ့သည်။

ထိုလနှောင်းပိုင်းတွင် သူသည် ကုန်သွယ်မှုအပေးအယူ ၂၀၀ ကိုရရှိ သဘောတူညီ ထားပြီ ဖြစ်ကြောင်း Time မဂ္ဂဇင်းအား ပြောကြားခဲ့သော်လည်း မည်သူနှင့်သဘောတူညီချက် ရခဲ့ကြောင်းကို ပြောဆိုရန် ငြင်းဆိုခဲ့သည်။

ယခုအချိန်အထိ၊ Trump သည် စည်းကြပ်ခွန်နှုန်းကို ဆက်လက် ထိန်းသိမ်းထားသည့် နိုင်ငံသုံးနိုင်ငံနှင့်သဘောတူညီချက်များကိုကြေငြာခဲ့သည် -အင်္ဂလန်နိုင်ငံ နှင့် ၁၀% နှုန်းကိုဆက်လက်ထိန်းထားပြီး၊ တရုတ်အပေါ် မြင့်မားသော ၁၄၅% မှ ၃၀% သို့ယာယီ ဆိုင်းငံ့ထားပြီး ဗီယက်နမ်မှ ကုန်ပစ္စည်းများအပေါ် အနိမ့်ဆုံး ၂၀% စည်းကြပ်ခွန်အဖြစ် သဘောတူညီထားခဲ့သည်။

“မူဘောင်များ” အဖြစ် ဖော်ပြထားသည့် သဘောတူညီချက်သုံးခုကို တုံ့ပြန်သည့်အနေဖြင့် နောက်ပို့လာမည့်စာများသည် ၎င်းတို့၏အကောက်ခွန်နှုန်းထားများကို သတ်မှတ်ပေးမည် ဖြစ်ကြောင်း ဘက်ဆင့် (Bessent) မှ ပြောကြားခဲ့သည်။

“ဒီနိုင်ငံတော်တော်များများက ကျွန်တော်တို့ကို အဆက်အသွယ်တောင် မလုပ်ဖူးဘူး” ဟု ၎င်းက ဆိုသည်။ အမေရိကန် နိုင်ငံသည် ကုန်သွယ်မှုလိုငွေနှင့် ရင်ဆိုင်နေရသောကြောင့် “ဤအခြေအနေတွင် ကျွန်ုပ်တို့တွင်ဖိအားပေးနိုင်စွမ်းရှိပါသည်” ဟု ၎င်းက ပြောကြားခဲ့သည်။

Bessent သည် နောက်ဆုံးသတ်မှတ်ရက်အသစ်အဖြစ် ဩဂုတ်လ ၁ ရက်ကို သတ်မှတ်၍ဖိအားပေးခဲ့သည်။ ၎င်းက အစိုးရ၏ အစီအစဉ်၏ “အမြင့်ဆုံးဖိအား” ကို အသုံးပြုကြောင်းလည်း ဖော်ပြခဲ့သည်။

“ဒါဟာ နောက်ဆုံးသတ်မှတ်ရက်အသစ်တော့ မဟုတ်ဘူး။ ငါတို့ပြောနေတာက “မညှိရင် ဖြစ်ပျက်လာမဲ့အချိန်ပဲ။ မြန်မြန်ဆန်ဆန် ပြီးချင်ရင် ညှိလိုက်ပါ။ နှုန်းထားဟောင်းကို ပြန်လိုချင်ရင်တော့ ဒါ မင်းရဲ့ရွေးချယ်မှုပဲ”

Bessent သည် အမေရိကန်၏ ကုန်သွယ်ဖက်များအကြောင်း ပြောကြားခဲ့ပြီး ထရန့် မှ EU သွင်းကုန်များအပေါ် အခွန် ၅၀% ကောက်ခံမည်ဟု ခြိမ်းခြောက်ပြီးနောက် EU သည်စားပွဲသို့ လာရောက်ဆွေးနွေးခဲ့ရသည်ကို နမူနာအဖြစ် ဥရောပသမဂ္ဂကို အသုံးပြုခဲ့သည်။

BRICS နိုင်ငံများ၏ “ အမေရိကန်ဆန့်ကျင်ရေးမူဝါဒများ” ကို ထောက်ခံသည့် မည်သည့် နိုင်ငံကိုမဆို စည်းကြပ်ခွန်သစ်ကို ရင်ဆိုင်ရမည်ဟု ထရန့် ၏ ခြိမ်းခြောက်မှုသည် တနင်္ဂနွေ နေ့တွင် သမ္မတ၏ကမ္ဘာလုံးဆိုင်ရာအကောက်ခွန်လှုပ်ရှားမှုအတွင်း မတည်မငြိမ်ဖြစ်စေပြီး ဇူလိုင်လ၉ ရက်နေ့ နောက်ဆုံးထား၍ “ အပြန်အလှန်” အကောက်ခွန် ညှိနှိုင်းမှုများအတွက် နောက်ဆုံးရက်နီးကပ်လာသည်နှင့်အမျှ သမ္မတ၏ ကမ္ဘာလုံးဆိုင်ရာ အကောက်ခွန် လှုပ်ရှားမှု သည်မသေချာမရေရာမှုများရှိလာခဲ့သည်။

BRICS နိုင်ငံအချို့သည် အထူးသဖြင့် အိန္ဒိယသည် ဒေါ်နယ်ထရမ့်အစိုးရနှင့် တိုက်ရိုက် ညှိနှိုင်းနေပါသည်။ ထရန့် ၏ ခြိမ်းခြောက်မှုအသစ်သည် ထိုဆွေးနွေးပွဲများကို အကျိုးသက်ရောက်မှုရှိမရှိ မရှင်းလင်းပါ။

ယခုနှစ်အစောပိုင်းတွင် ထရန့် သည် BRICS ၏ မျှဝေသောငွေကြေး(shared currency )ကို ထောက်ခံပါက အဖွဲ့ဝင် နိုင်ငံများအား “ ရန်လိုသည့်” ၁၀၀% အခွန်စည်းကြပ်မှုပြုလုပ်ရန် ခြိမ်းခြောက်ခဲ့သည်။ BRICS ၏ငွေကြေးဆိုင်ရာ အယူအဆကို ဘရာဇီးသမ္မတ လူလာဒီ ဆေးလ်ဗား( Lula da Silva) မှ၂၀၂၃ ခုနှစ်တွင် မျှဝေဖြန့်ချီခဲ့သော်လည်း ထိုတင်ပြချက်ကို အဖွဲ့မှအဓိကအာရုံမစိုက်ခဲ့ပါ။ ထိုအစား ၎င်းတို့၏ ဒေသတွင်းငွေကြေးများတွင် ကုန်သွယ်မှုနှင့် ဘဏ္ဍာငွေများ ပိုမိုအားကောင်း လာစေ ရန်သာ ကြိုးပမ်းခဲ့သည်။

တနင်္ဂနွေနေ့တွင် BRICS ခေါင်းဆောင်များအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများကြား နယ်စပ် ဖြတ်ကျော် ငွေပေးချေမှု (cross-border payments )အကြောင်းပဏာမဆွေးနွေးမှုများကို ထောက်ခံဆွေးနွေးခြင်း ပြုခဲ့သည်။

BRICS နိုင်ငံများသည် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများကို ရှုတ်ချခဲ့ပြီး အစ္စရေး၏ အမည်ကိုမဖော်ပြဘဲ အရပ်ဘက်အခြေခံအဆောက်အအုံများကို တမင်တကာ တိုက်ခိုက်ခြင်းနှင့် ငြိမ်းချမ်းသောနျူကလီးယားစက်ရုံများ သို့မဟုတ် အမေရိကန်က အီရန်နျူကလီးယားစက်ရုံသုံးခုကို ဗုံးကြဲတိုက်ခိုက်ခြင်းအတွက် စိုးရိမ် ကြောင်း ဖော်ပြခဲ့သည်။

စီးပွားရေးစွန့်စားမှုများ

ထရန့် ၏ ကုန်သွယ်ရေးစစ်ပွဲ၊ အထူးသဖြင့် တရုတ်သွင်းကုန်များအပေါ် ကျယ်ပြန့်စွာ အခွန်ကောက်ခြင်းသည် စားသုံးသူများအတွက် ကုန်ကျစရိတ်များ တိုးလာမည်ဟု စီးပွားရေးပညာရှင်များက သတိပေးထားသည်။ Walmart အပါအဝင် ကုမ္ပဏီအချို့ကို ထရန့် မှ တွန်းအားပေးသော်လည်း သုံးစွဲသူများအတွက် စျေးနှုန်းများ မြှင့်တင်မည်ဟု ပြောကြား ထားသည်။

“ ယခုအချိန်အထိ ငွေကြေးဖောင်းပွမှုကို ကျွန်ုပ်တို့ မတွေ့ရသေးပါ” ဟု “ Fox News Sunday” တွင် Bessent မှ ပြောကြားခဲ့ပြီး ထိုကဲ့သို့သော ခန့်မှန်းချက်များကို “ သတင်းမှားများ” နှင့် “ အကောက်ခွန်အစီအစဥ်ကိုပျက်စီးရန်ရောဂါလက္ခဏာစု” ဟုခေါ်ခဲ့သည်။ Bessent နှင့် အခြားသော ထရန့် အရာရှိများသည် မကြာသေးမီလများအတွင်း တရုတ်ကဲ့သို့ နိုင်ငံများသည် စည်းကြပ်ခွန်ပေးဆောင်ရမည်ဟု အကြိမ်ကြိမ် ငြင်းခုံပြောဆိုခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု