နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန်

ယူကရိန်းကို လက်နက်အသစ်တွေ ပေးပို့မယ်လို့ ထရန့် က ပြောလိုက်သည်။

CNN —၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၇ ရက်၊

ပြီးခဲ့သည့် သီတင်းပတ်က ၎င်း၏ အစိုးရက တင်ပို့မှုအချို့ကို ခေတ္တရပ်ထားပြီးနောက် ယူကရိန်းသို့ နောက်ထပ် ကာကွယ်ရေးလက်နက်များ ပေးပို့ရန် စီစဉ်ထားကြောင်း သမ္မတ ဒေါ်နယ်ထရန့် က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

“ ကျွန်ုပ်တို့ နောက်ထပ်လက်နက်တွေ ပို့တော့မယ်။ ကျွန်တော်တို့ကလုပ်ပေးရမယ်  သူတို့ကိုယ်သူတို့ ခုခံကာကွယ်နိုင်စေရမယ်” ဟု ၎င်း၏ အစ္စရေးသမ္မတ ဘင်ဂျမင်နေတန်ယာဟုနှင့် ညစာစားပွဲမတိုင်မီ ထရန့်က ပြောကြားခဲ့သည်။

“ သူတို့ကို တော်တော်ကို ထိခိုက်စွာထိမှန်နေခဲ့တယ်။ ငါတို့ လက်နက်တွေကို ပိုပြီး ထပ်ပို့ရတော့မယ်” ဟု ထရန့် က ဆက်ပြောသည်။ “အဓိကကတော့ ခံစစ်လက်နက်တွေပဲ၊ ဒါပေမယ့် သူတို့ကို အရမ်းပြင်းပြင်းထန်ထန် ထိမှန်ခံနေရတယ်”ဟုထရန့်ကဆိုသည်။

ထရမ့်အစိုးရသည် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များအပါအဝင် ယူကရိန်းသို့ လက်နက်တင်ပို့မှုအချို့ကို ခေတ္တရပ်ထားကြောင်း အိမ်ဖြူတော်မှ အကြီးတန်း အရာရှိ တစ်ဦးက CNN သို့ ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့ပြီးနောက် သမ္မတ၏ နောက်ဆုံး မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက် (Pete Hegseth) က အမေရိကန်ရဲ့ စစ်ရေးအသုံးစရိတ်နဲ့ နိုင်ငံခြားတိုင်းပြည်တွေကို အမေရိကန်က စစ်ရေးအရ ထောက်ပံ့နေတာတွေကို ပြန်လည်သုံးသပ်ပြီးနောက် လက်မှတ်ရေးထိုး ဆုံးဖြတ်ထားတာ ဖြစ်သည်။

အိမ်ဖြူတော် လက်ထောက်ပြောရေးဆိုခွင့်ရှိသူ အန်နာ ကယ်လီက “အမေရိကန်ရဲ့ အကျိုးစီးပွားကို ဦးစားပေးဖို့” ဒီဆုံးဖြတ်ချက်ကို ချခဲ့တယ်လို့ အဲဒီအချိန်မှာ ပြောပါသည်။

ယူကရိန်းအား အကူအညီပေးရေး ပြန်လည်သုံးသပ်မှုသည် တရုတ်နိုင်ငံအပေါ် အာရုံစိုက်ရန် နှင့် ပစိဖိတ်ဒေသတွင် ဖြစ်လာနိုင်သည့် အနာဂတ်ပဋိပက္ခအတွက် ပြင်ဆင်ထားရန် ပင်တဂွန် ၏ တွန်းအားပေးမှုတွင် တစ်စိတ်တစ်ပိုင်း ဆက်စပ်နေသည်ဟု အမေရိကန်အရာရှိအချို့က ဆိုသည်။ ပင်တဂွန်၏မူဝါဒရေးရာအကြီးအကဲ အယ်ဘရစ်ဂျ် ကိုလ်ဘီ (Elbridge Colby) မှ ထိုကိစ္စကိုဦးစားပေး ဆောင်ရွက် ခဲ့သည်။

“ ဒီကြေကွဲဖွယ်စစ်ပွဲကို အဆုံးတိုင်စေမယ့် သူ့ရဲ့ရည်မှန်းချက်နဲ့အညီ ယူကရိန်းနိုင်ငံကို စစ်ရေးအကူအညီတွေ ဆက်လက်ပေးဖို့ သမ္မတကို ခိုင်မာတဲ့ရွေးချယ်စရာတွေ ပေးစွမ်း နေပါတယ်။ တစ်ချိန်တည်းမှာပဲ၊ ကာကွယ်‌ရေးဌာနအနေနဲ့ ဒီရည်မှန်းချက် အောင်မြင်ဖို့ ချဉ်းကပ်မှုတွေကို ပြင်းပြင်းထန်ထန် ဆန်းစစ်ပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေပြီး အုပ်ချုပ်ရေးဆိုင်ရာ ကာကွယ်ရေးဆိုင်ရာ ဦးစားပေးအစီအစဉ်တွေအတွက် အမေရိကန်တပ်ဖွဲ့တွေရဲ့ အဆင်သင့်ရှိနေမဲ့ အနေအထားကို ထိန်းသိမ်းထားဆဲဖြစ်ပါတယ်” ဟု ကိုလ်ဘီ က ယူကရိန်းသို့ လက်နက်များပေးပို့မှုကိုခေတ္တနားချိန်တွင် ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံသို့ လက်နက်တင်ပို့ရောင်းချမှုအချို့ ကိုရပ်ဆိုင်းခြင်းကို ရုရှားက ကြိုဆိုခဲ့ပြီး အမေရိကန်တွင် လက်နက်အလုံအလောက်မရှိသောကြောင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အခိုင်အမာဆိုခဲ့သည်။

“ သမ္မတ ထရန့် ရဲ့ ညွှန်ကြားချက်အရ၊ ယူကရိန်းနိုင်ငံကို ကာကွယ်ရေးဌာနက နောက်ထပ် ကာကွယ်ရေးလက်နက်တွေ ပေးပို့မှာဖြစ်ပြီး ယူကရိန်းပြည်သူတွေအနေနဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့ လုပ်ဆောင်နေချိန်မှာ သူတို့ကိုယ်သူတို့ ခုခံကာကွယ်နိုင်စေမှာပါ” ဟု ပင်တဂွန်စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ရှောင် ပါနယ်(Sean Parnell) က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။ “ ကမ္ဘာတစ်ဝှမ်းရှိ စစ်ရေးတင်ပို့မှုများကို အကဲဖြတ်ရန် သမတ(POTUS) အတွက် ကျွန်ုပ်တို့၏မူဘောင်သည် သက်ရောက်မှုရှိနေဆဲဖြစ်ပြီးအမေရိက၏ ပထမ ကာကွယ်ရေးဦးစားပေးလုပ်ငန်းများအတွက် အရေးကြီးပါသည်။”

အမေရိကန်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အပြည့်အ၀ကျူးကျော်မှုကို စတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းအား စစ်ရေးအကူအညီပေးသည့် တစ်ခုတည်းသော အလှူရှင် နိုင်ငံဖြစ်လာပြီး ယူကရိန်းအား လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ဒရုန်းများ၊ ဒုံးပစ် လောင်ချာများ၊ ရေဒါများ၊ တင့်ကားများ၊ပေးပို့ခဲ့ပြီး ထိုလုပ်ဆောင်မှုကြောင့် အမေရိကန် လက်နက်သိုလှောင်ရုံများတွင် ရှိသည့် လက်နက်ခဲယမ်းများ လျော့နည်း ရော့ပါးလာခဲ့ရသည်။

ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီး နှင့် ဘဲဥပုံရုံးခန်းအတွင်း အငြင်းပွားမှုအပြီး မတ်လတွင် ထရမ့်သည် ယူကရိန်းသို့ စစ်ရေးအကူအညီများ တင်ပို့မှုအားလုံးကို ရပ်တန့်ခဲ့သည်။ သို့ရာတွင် တစ်ပတ်ခန့်အကြာတွင် ထရမ့်သည် ယူကရိန်းသို့ အကူအညီများ ပြန်လည်ပေးပို့ပေးခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဇယ်လင်စကီးတို့သည် ပြီးခဲ့ တဲ့ သီတင်းပတ်က ထရန့် နှင့် သီးခြားစီ စကားပြောဆိုခဲ့ပြီးနောက် နောက်ထပ် လက်နက်တွေ ပေးပို့ဖို့ ဆုံးဖြတ်ချက် ထွက်ပေါ် လာတာ ဖြစ်ပါတယ်။ ထို့နောက်တွင် ပူတင်နှင့် ၎င်း၏ ဆွေးနွေးမှုသည် စိတ်ပျက်စရာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးရရှိရန် “တိုးတက်မှု” မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုအတောအတွင်း၊ မကြာသေးမီရက်သတ္တပတ်များအတွင်း ဇလန်းစကီးသည် ရုရှားလေကြောင်းချီတိုက်ခိုက်မှုများ ပြင်းထန်လာပြီးနောက် ၎င်း၏နိုင်ငံ၏ လေကြောင်း ကာကွယ်ရေးကို အားကောင်းလာစေရန်အတွက် အနောက်မဟာမိတ်များကို ပန်ကြားခဲ့သည်။ ရုရှားသမ္မတ ပူတင်နှင့်ထရန့်တို့ ဖုန်းခေါ်ဆိုပြီး နာရီပိုင်းအကြာ သောကြာနေ့က ယူကရိန်းသို့ ဒရုန်းအရေအတွက် စံချိန်တင် အရေအတွက်ကို ရုရှားမှပစ်လွှတ်တိုက်ခိုက်ခဲ့သည်။

ထရန့်သည် ဇလန်းစကီးနှင့် ဖုန်းခေါ်ပြောဆိုပြီးနောက် အမေရိကန်သည် ယူကရိန်း၏ Patriot ကာကွယ်ရေးစနစ်များ ပိုမိုရရှိရန် တောင်းဆိုမှုကို ထည့်သွင်းစဉ်းစားနေကြောင်း သောကြာနေ့ နှောင်းပိုင်းတွင် ထရန့် က ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတကသူနှင့် ထရန့် တို့နောက်ဆုံး စကားပြောဆိုမှုသည်သူရဖူးသမျှတွင် အကောင်းဆုံးနှင့် အထိရောက်ဆုံး ဖြစ်ကြောင်း စနေနေ့တွင် ပြောကြားခဲ့သည်။

တနင်္လာနေ့တွင် ထရန့်က ရုရှားခေါင်းဆောင်အပေါ် မကျေနပ်ကြောင်း ထပ်မံအတည်ပြု ပြောကြားခဲ့ပြီး “သမ္မတပူတင်ကို ကျွန်တော် လုံးဝ မကျေနပ်ဘူး” ဟု ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 40 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 52 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 48 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 77 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 54 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 55 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး