နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

၁၄‌ ဦးမြောက် ပုပ်ရဟန်းမင်းကြီးလီယို

+++++++++++++

အမေရိကန်ပြည်ထောင်စုမှ ကာဒီနယ် ရောဘတ် ပရီဗာ့စ်သည် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။

ဆစ်စတင်းဝတ်ပြုခန်း (Sistine Chapel) မီးခိုးခေါင်းတိုင်မှ အဖြူရောင်မီးခိုးလုံးများ ထွက်ပေါ်လာပြီး ဖရန့်စစ် ကွယ်လွန်ပြီးနောက် ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်လိုက်ပြီဖြစ်ကြောင်း အချက်ပြခဲ့သည်။

၂၀၂၅ ခုနှစ်၊ မေ ၉လ၊

အမေရိကန်ပြည်ထောင်စုမှ ကာဒီနယ် ရောဘတ် ပရန့်စစ် ပရီဗို့စ် (Robert Francis Prevost) အား ကက်သလစ်ဘုရားကျောင်း၏ ပုပ်ရဟန်းမင်းကြီးအဖြစ် လီယို ၁၄ (Leo XIV) အမည် ဖြင့် ကြာသပတေးနေ့တွင် ရွေးချယ်တင်မြှောက်ခဲ့သည်။

ဗုဒ္ဓဟူးနေ့မှစတင်၍ အသင်းတော်၏ ခေါင်းဆောင်အသစ်ကို ရွေးချယ်ရန် ကာဒီနယ် ၁၃၃ ပါး စုရုံးခဲ့ကြသည်။ ရွေးကောက်ပွဲဝင်သူအဖြစ် အရည်အချင်းပြည့်မီရန်၊ ကာဒီနယ်တစ်ဦးသည် အသက် ၈၀ အောက်ဖြစ်ရမည်။ လက်ရှိ ကာဒီနယ် ၂၅၂ ဦးအနက် ၁၃၅ ဦးသည် အရည်အချင်း ပြည့်မီသော်လည်း နှစ်ဦးမှာ ကြားနေခြင်းဖြစ်သည်။ ချီကာဂိုဇာတိဖြစ်သော ပရီဗို့စ် (Prevost) ကို ရွေးချယ်ရန် သူတို့သည် တစ်ရက်ထက် အနည်းငယ်ပို အချိန်ယူခဲ့ရ သည်။ သူသည် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံရသည့် ပထမဆုံး အမေရိကန်လူမျိုး ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးအဖြစ်ရွေးချယ်သောလုပ်ငန်းစဥ် (ကွန်ကလာဗေး (Conclaves)) သည် ပုံမှန်အားဖြင့် လူထောင်ပေါင်းများစွာကို စိန့်ပီတာရင်ပြင်သို့ ဆွဲဆောင်လေ့ရှိပြီး စစ်တိုင်းဘုရားဝတ်ပြုဆောင် (Sistine Chapel) ရှိ မီးခိုးခေါင်းတိုင်မှ မီးခိုးဖြူများ ထွက်လာသည်ကို စောင့်ဆိုင်းကာ ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်လိုက်ပြီဖြစ်ကြောင်းကို အချက်ပြခဲ့သည်။ ဤအထူးစည်းဝေးပွဲသည် တင်းကြပ်စွာလျှို့ဝှက်ထားသော ဖြစ်ရပ်အကြောင်း ၂၀၂၄ ခုနှစ် ဟောလိဝုဒ်ရုပ်ရှင်တစ်ကားကြောင့် အထူးစိတ်ဝင်စားမှုရရှိခဲ့သည်။

ပုပ်ရဟန်းမင်းကြီးရွေးချယ်မှုတွင် ကာဒီနယ်များအကြား ပုပ်ရဟန်းမင်းကြီးနေရာအတွက် ထင်ရှားရှေ့ပြေးနေသည့်သူ တဦးတယောက်မျှ မရှိဘဲ တဒါဇင်ကျော်၏ အမည်များသည် ဖြစ်နိုင်ခြေရှိသူများအဖြစ် ရွေးပေးမည့်သူများကြားတွင် ရွေးချယ်ပေးရန် ရှိနေခဲ့သည်ဟု သတင်းပေးပို့ခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသစ်၏ ရွေးကောက်ပွဲသည် အီစတာတနင်္ဂနွေနေ့တွင် နောက်ဆုံး အကြိမ် အဖြစ် လူသိရှင်ကြား ထုတ်ဖော်ပြသပြီးနောက် ဧပြီလ ၂၁ ရက်နေ့တွင် ကွယ်လွန်သွားသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ကွယ်လွန်မှုနောက်ဆက်တွဲဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံရသော လီယို ၁၄ (Leo XIV) သည် LGBTQ ကက်သလစ်များနှင့် ပတ်သက်သော ပြဿနာများ၊ ဘုရားကျောင်းရှိ အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ အာရှနှင့် အာဖရိကတွင် ကက်သလစ် ဘာသာကြီးထွားလာမှုနှင့် ခရစ်ယာန်ဘုန်းကြီးများ၏ လိင်ပိုင်းဆိုင်ရာဖောက်ပြန် ကျူးလွန်မှု သမိုင်းကြောင်း အပါအဝင် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံရသော ၁၄‌ယောက်မြောက် ပုပ်ရဟန်းမင်းကြီး လီယို (Leo XIV) ၏ ရုံးတော်မှ ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်။

သမ္မတ ဒေါ်နယ်ထရန့်သည် Truth Social တွင် ပရီဗို့စ်ကို ဂုဏ်ပြုခဲ့သည်။ “သူဟာ ပထမဆုံး အမေရိကန် ပုပ်ရဟန်းမင်းကြီး ဖြစ်တယ်ဆိုတာ သိလိုက်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု ရေးသားခဲ့သည်။ “ ဘယ်လောက်ထိ စိတ်လှုပ်ရှားစရာကောင်းပြီး ငါတို့နိုင်ငံအတွက် ဂုဏ်ယူစရာကောင်းလဲ။ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Leo XIV) နဲ့ တွေ့ဆုံဖို့ မျှော်လင့်နေ ပါတယ်။ ဒါဟာ သိပ်ကို အဓိပ္ပာယ်ရှိတဲ့ အခိုက်အတန့်တစ်ခုပါ” ဟု ဆိုသည်။

MSNBC သတင်း

ဓာတ်ပုံ။ Vatican

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 8 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 21 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “