နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏ အခွန်စည်းကြပ်မှုအသစ် ခံရသည့်နိုင်ငံများ၏ ထုတ်ဖော်ပြောဆိုချက်များ။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ရက်

လန်ဒန် CNN —

အမေရိကန်၏ ကုန်သွယ်ဖက် ဒါဇင်ပေါင်းများစွာသည် အမေရိကန်သို့ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်များ ချမှတ်မည့် နောက်ဆုံးရက်ဖြစ်သည့် သြဂုတ် ၁ ရက်မတိုင်မီညှိနှိုင်းရန် ကြိုးပမ်းနေကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဧပြီလတွင်ကြေညာခဲ့သည့် အပြန်အလှန် စည်းကြပ်ခွန် ဟု ခေါ်သည့် အခွန်စည်းကြပ်မည့်အချက်ကို ရှောင်ရှားရန် နိုင်ငံများအနေနှင့် ကုန်သွယ်ရေး သဘောတူညီချက်များ ညှိနှိုင်းရန် လအတန်ကြာ ကြိုးပမ်းခဲ့သည်။ ယခုအချိန်အထိ တရုတ်၊ ဗြိတိန်နှင့် ဗီယက်နမ်တို့သာ ထိုသဘောတူညီချက်များကို လိုက်နာနိုင်ခဲ့ပြီး ၎င်းသဘောတူညီ ချက် တို့သည် ၎င်းတို့၏နယ်ပယ်အနေအထားနှင့် နောက်ဆုံးအဆင့်တွင် ကွဲပြားပါသည်။

တနင်္လာနေ့တွင် ထရန့် သည်၎င်းတို့၏ အကောက်ခွန်နှုန်းထားအသစ် အကြောင်းကိုနိုင်ငံ ၁၄ နိုင်ငံမှအကြီးအကဲများထံ အသိပေးသည့် သောစာကိုပေးပို့ခဲ့သည် – အချို့သော ကိစ္စရပ်များ တွင် ဧပြီလတွင် ပြသခဲ့သည့်အခွန်နှုန်းထားထက် ပိုမိုမြင့်မားနေခဲ့ပါသည်။

သို့သော်တစ်ချိန်တည်းတွင် ထရန့်သည်တရုတ်နိုင်ငံမှလွဲ၍ နိုင်ငံအားလုံးအတွက် “ အပြန်အလှန်” စည်းကြပ်ခွန်များ အကောင်အထည်ဖော်မှုကို ဇူလိုင်၉ရက်နေ့မှ သြဂုတ်လ ၁ရက် နေ့သို့ပြောင်းရွေ့ပေးသည့် နှောင့်နှေး နှေးကွေးစေသော တုံ့ပြန်မှု တစ်ခုသာ ဖြစ်သည်။

အောက်တွင် အချို့နိုင်ငံများ၏ တုံ့ပြန်မှုဖြစ်သည်။

တောင်ကိုရီးယား

ဩဂုတ်လ ၁ ရက်မတိုင်မီ အမေရိကန်နှင့် ကုန်သွယ်ရေး ညှိနှိုင်းမှုကို အရှိန်မြှင့်မည်ဟု တောင်ကိုရီးယားက ပြောကြားခဲ့သည်။

ထိုနေ့တွင် တောင်ကိုရီးယားအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မည်ဟု ထရမ့်က ခြိမ်းခြောက်ခဲ့သည်။ ထရန့်၏ Truth Social ပလက်ဖောင်း တွင် သူတင်ထားသော စာများအရ အကောက်ခွန်နှုန်းထားများကို “ အတက်၊ အဆင်း၊ ပြုပြင်နိုင်သည်” ဟုဆိုထားသည်။

တောင်ကိုရီးယား ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင် ဝန်ကြီးဌာနက နိုင်ငံ၏ ရည်ရွယ်ချက်မှာ အခွန်စည်းကြပ်မှုကြောင့် ဖြစ်ပေါ်သော မသေချာမရေရာမှုများကို အမြန်ဖြေရှင်းရန် နှစ်တစ်နှစ် အတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် စေ့စပ်ညှိနှိုင်းမှုများကို အရှိန်မြှင့်ရန် ဖြစ်သည်။

ဝန်ကြီးဌာနသည် အမေရိကန်နှင့် ၎င်း၏ ကုန်သွယ်မှုပိုငွေပြမှုကို ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်ထုတ်လုပ်မှု ကိုတကြော့ပြန် ခေတ်စားလာရေးကို နှစ်နိုင်ငံမိတ်ဖက် ဆက်ဆံရေး မှတစ်ဆင့် ရှေ့သို့ တက်လှမ်းလုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးဌာနသည် ဇွန်လအစောပိုင်းတွင် တောင်ကိုရီးယား၏ အစိုးရသစ်ဖွဲ့စည်းချိန်မှစ၍ အမေရိကန်နှင့် ဆွေးနွေးခဲ့ပြီးဖြစ်သော်လည်း “လက်တွေ့တွင်မူ ကိစ္စရပ်အားလုံးအတွက် သဘောတူညီမှုရရှိရန် အချိန်လုံလောက်မှုမရှိပါ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဂျပန်

ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အစ်ဟီဘာ(Shigeru Ishiba) သည် အင်္ဂါနေ့နံနက်တွင် အစိုးရအဖွဲ့ဝင် ကက်ဘိနက် ဝန်ကြီးများ အားလုံးပါဝင်သော ပြည့်စုံသော လုပ်ငန်း အဖွဲ့အစည်းအဝေး ကို ခေါ်ယူခဲ့သည်။

CNN မှ ဘာသာပြန်ထားသော မှတ်ချက်များအရ ဂျပန်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရင်း “အမေရိကန်နှင့် အစောပိုင်း သဘောတူညီချက်တစ်ရပ်ကို ရရှိရန် ရှာဖွေ နေသည်” ဟု အီရှီဘာ က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

“စိတ်ရင်းမှန်ဖြင့် ဆွေးနွေးမှုများ” ရှိသော်လည်း ဆက်လက်ဖြစ်ပွားနေသော ပြဿနာများ ကြောင့် ဂျပန်နိုင်ငံသည် သဘောတူညီချက်ကို ရရှိနိုင်ခြင်း မရှိခဲ့ကြောင်း အီရှီဘာက ပြောကြားခဲ့သည်။ အီရှီဘာ က “ အမေရိကန်အစိုးရသည် ထပ်လောင်းအကောက်ခွန်များ စည်းကြပ်ပြီး အကောက်ခွန်နှုန်းထားများ မြှင့်တင်မည့် အစီအစဉ်များကို ကြေညာခဲ့ခြင်း

ကြောင့် ကျွန်ုပ်တို့ အလွန်ဝမ်းနည်းမိပါသည်။” သို့သော်လည်း သူသည် မည်သည့်ပုံစံဖြင့် လက်တုံ့ပြန်မည်ကို ခြိမ်းခြောက်ခြင်းမပြုတော့ပေ။

တောင်အာဖရိက

တနင်္လာနေ့တွင်၊ တောင်အာဖရိကသမ္မတ ဆိုင်ရယ်ရမ်မာဖိုဆာ(Cyril Ramaphosa) သည် သူ့နိုင်ငံ၏ US သို့ ပို့ကုန်များအပေါ် စည်းကြပ်ခွန် ၃၀% အသစ်ကောက်ခံမှုကို တစ်ဖက်သတ် စည်းကြပ်မှုဟု ခေါ်ဆို၍ဝေဖန်ခဲ့သည်။

ကြေငြာချက်တစ်ခုတွင် ရမ်မာဖိုဆာ က “ အပြန်အလှန်” စည်းကြပ်ခွန်သည် “ ရရှိနိုင်သော ကုန်သွယ်မှုဒေတာ၏ တိကျသောကိုယ်စားပြုမှုပေါ်တွင် အခြေခံခြင်းမရှိ” ဟုပြောကြား ခဲ့သည်၊ တောင်အာဖရိကသို့အမေရိကန်၏ကုန်ပစ္စည်းတင်ပို့မှု ၇၇% သည် မည်သည့် အခွန်အခမှ မကြုံရကြောင်းပြောကြားခဲ့သည်။

တောင်အာဖရိကသည် အမေရိကန်ပြည်ထောင်စုနှင့် ပိုမိုမျှတပြီး အပြန်အလှန်အကျိုးရှိသော ကုန်သွယ်မှုဆက်ဆံရေးဆီသို့ သံတမန်ရေးရာ ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ၎င်း၏နိုင်ငံသည် မေလ ၂၀ ရက်နေ့တွင် အမေရိကန်သို့ ကုန်သွယ်ရေး သဘောတူညီချက်အတွက် မူဘောင်တစ်ခုကို အဆိုပြုခဲ့ကြောင်း ရမ်မာဖိုဆာ က ပြောကြားခဲ့သည်။

“ ဒီမူဘောင်ကအမေရိကန်ရဲ့ကနဦးတင်ပြခဲ့တဲ့ပြဿနာတွေကိုကိုင်တွယ်ဖြေရှင်းထားပြီးထိုအထဲမှာ တောင်အာဖရိကရဲ့ကုန်သွယ်ရေးပိုငွေပြနေမှု၊ တရားမျှတမှု မရှိတဲ့ ကုန်သွယ်မှု အလေ့အထတွေနဲ့အမေရိကန်ရဲ့အပေးအယူလုပ်မရှိခြင်းအပေါ်မူတည်ဖြေရှင်းထားတယ်လို့ ရမ်မာဖိုဆာ က ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု