ဇန်နဝါရီလ (၁၀) ရက်။
ဒေသစံတော်ချိန် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် နယူးယောက်ခရိုင်တရားသူကြီးက ရွေးကောက်ခံသမ္မတထရန့်သည် “ အပြစ်ရှိကြောင်း” စီရင်ချက်ချခဲ့ပြီး ခြွင်းချက်မရှိ လွှတ်ပေးခဲ့သည်။
ဇန်နဝါရီလ (၂၀)ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရာတွင် ထည့်သွင်းစဉ်းစားခဲ့ပြီး တရားရုံးက ပြစ်ဒဏ်မချမှတ်ဘဲ အမှုကို အပြစ်ရှိကြောင်း စီရင်ချက်အဖြစ် မှတ်တမ်းတင်မည်ဖြစ်သည်။ ထရန့်သည် ရာဇ၀တ်မှုဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံရသည့် အမည်းစက်ကို သယ်ဆောင်လာမည့် ပထမဆုံးသော အမေရိကန်သမ္မတ ဖြစ်လာမည် ဖြစ်သည်။
အွန်လိုင်းမှ တရားရုံးကို တက်ရောက်ခဲ့သည့် ထရန့်က စွဲချက်တင်မှုသည် “ မလျော်ကန်ပါ။ ကျွန်တော် လုံးဝအပြစ်ကင်းပါတယ်။ ကျွန်တော် ဘယ်လိုအမှားမျိုးက မလုပ်ခဲ့ပါ” ဟု ပြန်လည်တုံ့ပြန်ခဲ့ပြီး တရားစွဲခံရခြင်းကို နိုင်ငံရေးအရ လှုံ့ဆော်မှုအဖြစ် ထပ်မံဝေဖန်ခဲ့သည်။ အယူခံဝင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထရန့်က “သမိုင်းရဲ့ အကျိုးဆက်အရှိဆုံး ရွေးကောက်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ MANDATE နဲ့ ကျွန်တော်ကို ပြန်လည်အရွေးခံရတယ်ဆိုတာ တကယ့် ဂျူရီလူကြီးတွေက ပြောပြီးပြီ။ အမေရိကန်တွေ မြင်ကြရတဲ့အတိုင်း ဒီ ‘အမှု’ မှာ ရာဇ၀တ်မှု မရှိ၊ ပျက်စီးဆုံးရှုံးမှု မရှိ၊ သက်သေ မရှိ၊ အဖြစ်မှန်မရှိ၊ ဥပဒေမရှိ၊ အလွန်အမင်း ကွဲလွဲနေတဲ့ တရားသူကြီး၊ တားမြစ်ခံထားရသူ၊ ဂုဏ်သိက္ခာမဲ့သူ၊ လိမ်ညာသူနဲ့ ရာဇ၀တ်မှုဆိုင်ရာ ရွေးကောက်ပွဲ ဝင်ရောက်စွက်ဖက်တာသာ ဖြစ်တယ်” ဟု ထရန့်က ကပြောကြားခဲ့သည်။
စီရင်ချက်ကိုရွှေ့ဆိုင်းရန် ဖက်ဒရယ်တရားရုံးချုပ်နှင့် ပြည်နယ်တရားရုံးချုပ်အား ထရန့်ဘက်မှ တောင်းဆိုခဲ့သော်လည်း နှစ်ဦးစလုံးက ပယ်ချခဲ့သည်။
သတင်းရင်းမြစ်/ဓာတ်ပုံ။ CNN, ကျိုဒိုသတင်း