နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကနေဒါဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း မာ့က်ကာနေး (Mark Carney) ကနေဒါနိုင်ငံ ၀န်ကြီးချုပ်သစ်ဖြစ်လာ

မတ်လ (၁၀) ရက်။

ကနေဒါဗဟိုဘဏ်နဲ့ အင်္ဂလန်ဗဟိုဘဏ်တွေမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မာ့က်ကာနေး (Mark Carney) က (၉) ရက်နေ့မှာ ကနေဒါအာဏာရ လစ်ဘရယ်ပါတီရဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဇန်နဝါရီလက နုတ်ထွက်မယ်လို့ ကြေညာခဲ့တဲ့ ထရူးဒိုး နေရာမှာ တာဝန်ယူမယ့် ကနေဒါနိုင်ငံရဲ့ ၀န်ကြီးချုပ်အသစ် ဖြစ်လာတော့မှာပါ။

ကနေဒါနိုင်ငံမှာ ဖက်ဒရယ်ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ကုန်သွယ်ရေးစစ်ပွဲနဲ့ ကနေဒါနိုင်ငံကို အမေရိကန်က သိမ်းပိုက်ရန် ခြိမ်းခြောက်နေမှုတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ သူ့ကို လက်ရှိအာဏာရ လစ်ဘရယ်ပါတီက ရွေးကောက်တင်မြှောက်ခဲ့ကြပါတယ်။

အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ကာနေးဟာ ဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးရဲ့ နေရာမှာ အစားထိုးမှာ ဖြစ်ပေမယ့် ကျမ်းသစ္စာကျိန်ဆိုမယ့်အချိန်အထိ ထရူးဒိုးက ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။ ကာနေးဟာ မဲအပြတ်အသတ် ၈၅.၉% နဲ့ အနိုင်ရပြီး အရွေးခံခဲ့ရတာဖြစ်ပါတယ်။

ကာနေးဟာ ကနေဒါဘဏ်ရ အကြီးအကဲဖြစ်စဉ်မှာ အကျပ်အတည်းတွေ ကြုံတွေ့ခဲ့မှုကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ၁၆၉၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အင်္ဂလန်ဘဏ်ကို ဗြိတိန်နိုင်ငံသား မဟုတ်သူ ကာနေးက ၂၀၁၃ ခုနှစ်မှာ ပထမဆုံး ကြီးကြပ်အုပ်ချုပ်သူ ဖြစ်လာခဲ့ပါတယ်။ သူ့ကို ခန့်အပ်မှုဟာ အခြားနိုင်ငံ တွေထက် ၂၀၀၈ ဘဏ္ဍာရေး အကျပ်အတည်းကနေ ကနေဒါနိုင်ငံဟာ ပိုမိုမြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာအောင် စွမ်းဆောင်နိုင်ခဲ့လို့ ဖြစ်ပါတယ်။

အစားအစာနှင့် အိမ်ရာဈေးနှုန်းများ မြင့်တက်လာပြီး ပြည်တွင်းကို ရွေ့ပြောင်းနေထိုင်လာသူတွေ မြင့်တက်မှုကြောင့် လူထုထောက်ခံမှု ကျဆင်းသွားတာကြောင့် အတိုက်အခံ ကွန်ဆာဗေးတစ်တွေက ရွေးကောက်ပွဲကို မျှော်လင့်ခဲ့ကြပါတယ်။

ထရန့်ရဲ့ ကုန်သွယ်ရေးစစ်ပွဲနဲ့ ကနေဒါနိုင်ငံကို အမေရိကန်ရဲ့ ၅၁ ခုမြောက်ပြည်နယ်အဖြစ် ပြုလုပ်မယ်လို့ ပြောဆိုနေမှုဟာ ကနေဒါနိုင်ငံသားတွေကို ဒေါသထွက်စေပြီး NHL နဲ့ NBA ဂိမ်းတွေမှာ အမေရိကန်သီချင်းကို အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။ အချို့က နယ်စပ် တောင်ဘက်ရှိ အမေရိကန်ကိုသွားမယ့်ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ကြပြီး အများအပြားဟာ အမေရိကန် ကုန်ပစ္စည်းတွေကို ဝယ်ယူဖို့ တတ်နိုင်သမျှ ရှောင်ကြပါတယ်။

ကနေဒါ အမျိုးသားရေးဝါဒ အရှိန်အဟုန် မြင့်တက်လာမှုကြောင့် လစ်ဘရယ်ပါတီရဲ့ အခွင့်အလမ်းတွေ အားကောင်းလာခဲ့ပြီး လစ်ဘရယ်ပါတီကို ထောက်ခံမှု သဘောထားစစ်တမ်းတွေဟာလည်း တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ နိုင်ငံကို ဒီကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးနိုင်ငံ ဖြစ်လာအောင် လုပ်ဆောင်ခဲ့ကြပြီး အခုအခါ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းက ကျွန်တော်တို့နိုင်ငံကို သိမ်းယူချင်နေကြတယ်။ ဘယ်လိုမှ လက်မခံနိုင်ဘူး” ကာနေးက ပြောပါတယ်။

ဆယ်စုနှစ်များစွာ နှစ်နိုင်ငံတည်ငြိမ်မှုအပြီးမှာ ကနေဒါရဲ့ နောက်တက်လာမယ့် ခေါင်းဆောင်ကို အခုမဲခွဲမှုဟာ အမေရိကန်နဲ့ ဆက်ဆံရာမှာ အကောင်းမွန်ဆုံး ကိုင်တွယ်ဖြေရှင်းနိုင်မယ့်သူလို့ မျှော်လင့်ရပါတယ်။

ကာနေးဟာ ဇန်နဝါရီမှာ သမ္မတလောင်းအဖြစ် ကြေညာပြီးကတည်းက အစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ ပါလီမန်အဖွဲ့ဝင်တွေဆီက ထောက်ခံချက်တွေ တစ်ခုပြီးတခု ရရှိခဲ့ပါတယ်။ သူဟာ Wall Street အတွေ့အကြုံရှိ ပညာတတ် ဘောဂဗေဒပညာရှင်တစ်ဦးဖြစ်ပြီး နိုင်ငံရေးလောကကို ဝင်ရောက်ဖို့ စိတ်ပါဝင်စားသူဖြစ်ပါတယ်။ သူဟာ ဝန်ကြီးချုပ်ဖြစ်လာဖို့ ကာလကြာရှည်စွာ စိတ်ပါဝင်စားခဲ့ပေမယ့် နိုင်ငံရေး အတွေ့အကြုံ နည်းပါးသူဖြစ်ပါတယ်။

အခြား လစ်ဘရယ် ထိပ်တန်း ခေါင်းဆောင် ကိုယ်စားလှယ်လောင်းကတော့ ဒုဝန်ကြီးချုပ်ဟောင်း ခရက်တီရာ ဖရီးလမ်း (Chrystia Freeland) ဖြစ်ပါတယ်။ ထရူးဒိုးက သူမအား ဘဏ္ဍာရေး ဝန်ကြီးအဖြစ် မလိုချင်တော့ကြောင်း ဒီဇင်ဘာလတွင် ဖရီးလန်းသို့ ပြောကြားခဲ့ပေမယ့် သူမဟာ လက်ထောက်ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေနိုင်ပြီး အမေရိကန်-ကနေဒါ ဆက်ဆံရေးအတွက် အဓိကကျတဲ့ပုဂ္ဂိုလ်အဖြစ် ဆက်လက်ရှိနေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဖရီးလန်းဟာ ရာထူးက နုတ်ထွက်ခဲ့ပြီး ထရူးဒိုးအတွက် နောက်ဆုံးအစိုးရနဲ့ ပတ်သက်ပြီး ဝေဖန်တဲ့ စာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

ကာနေးဟာ မကြာမီကာလမှာ ရွေးကောက်ပွဲကို စတင်မည်ဟု မျှော်လင့်ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 93 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 103 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက