နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားက ထရန့်ကို အာခံပြီး ယူကရိန်းရှေ့တန်းကို ထိုးစစ်ဆင်နေပါတယ်။ စစ်ပွဲအတွက် ဒါက ဘာကို ဆိုလိုတာပါလဲ။

ဧပြီလ (၉) ရက်။

ယူကရိန်းအရာရှိများ၏ ဆိုရှယ်မီဒီယာပို့စ်များ၊ ကိယက်ဗ်မြို့ရှိ စစ်ဦးစီးချုပ်ထံမှ အချက်အလက်များ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် CNN နှင့် စကားပြောနေသောစစ်သားများ၏ ဆိုရှယ်မီဒီယာတွင် ရုရှားစစ်တပ်၏ ထိုးစစ်ဆင်မှုများသည် ရှေ့တန်းတစ်လျှောက် တိုးလာခဲ့သည်။

ယူကရိန်းက အချိန်အတော်ကြာ သတိပေးထားတဲ့ ဗလာဒီမာပူတင်၏ တပ်ဖွဲ့များ၏ အဓိက နွေဦးထိုးစစ်၏ အစလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါ။ သို့သော်လည်း ရုရှားခေါင်းဆောင်သည် အမေရိကန်သမတ ဒေါ်နယ်ထရန့်ကို စိတ်အ‌နှောက်အယှက် ဖြစ်စေမည်ကို ဂရုမစိုက်ကြောင်း လုပ်ဆောင်မှုများက ဖော်ပြနေခဲ့သည်။

အကယ်၍ ကရင်မလင်သည် ငြိမ်းချမ်းရေးကို အလေးအနက် မရှိခဲ့ပါက သမတထရန့်သည် “သီတင်းပတ် အနည်းငယ်အတွင်း” ဆုံးဖြတ်ချက်တစ်ခုကို လုပ်ဆောင်မည်ဟု နိုင်ငံခြားရေး ဝန်ကြီးမာကိုရိုဘီယိုကဆိုသည်။

လက်ရှိတိုက်ပွဲက ဘယ်မှာလဲ။

+++++++++++++

ဒိုးနက်စ် (Donetsk) ဒေသရှိ ယူကရိန်းတပ်ဖွဲ့များအတွက် တစ်ကြိမ်က ထောက်ပံ့ပို့ဆောင်ရေး အချက်အချာကျသော ပေါက်ခရိုဗက်ခ် (Pokrovsk) မြို့၏တောင်ဘက်တွင် လပေါင်းများစွာ အပြင်းထန်ဆုံး တိုက်ပွဲအချို့ ဖြစ်ပွားနေပါသည်။

ယူကရိန်းစစ်တပ်သည် ယခုနှစ်အစပိုင်းမှစပြီး နည်းဗျူဟာမြောက် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ၎င်းအား မြို့လယ်မှ ကီလိုမီတာအနည်းငယ်အတွင်း ပေါက်ခရိုဗက်ခ် (Pokrovsk) ဆီသို့ ချီတက်လာသောရုရှားထိုးစစ်ကို ပြန်လည်တွန်းလှန်တိုက်ထုတ်ခဲ့သည်။

သို့သော် အဆိုပါဒေသတွင် တပ်စွဲထားသော ယူကရိန်းကင်းထောက်အရာရှိတစ်ဦးက ပြီးခဲ့သည့် ၁၀ ရက်အတွင်း ရုရှား၏လက်နက်ကိုင်တပ်ဖွဲ့များ ပိုမိုတက်ကြွလာပြီး အနာဂတ်ချေမှုန်းရေးထိုးစစ်အတွက် နောက်ထပ်လူအင်အားနှင့် ယာဉ်များကို သယ်ဆောင်လာခဲ့ကြောင်း CNN သို့ ပြောကြားခဲ့သည်။

“အဲဒါကို ဒရုန်းဗီဒီယိုဖိုင်မှာ မြင်တွေ့ရပြီး ရေဒီယိုကနေ ကြားဖြတ်ပြောဆိုနေကြတာကို ကြားနေရပါတယ်” ဟု CNN ကို အမည်မဖော်လိုသူ အရာရှိက ပြောကြားခဲ့သည်။

သို့သော် ပေါက်ခရိုဗက်ခ်ကိုယ်တိုင်က အပြင်းအထန် ခုခံကာကွယ်နေရပြီး ယခင်က ထိုနေရာရှိ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ အများအပြားကို ပြောင်းရွှေ့ နေရာချထားခြင်းကြောင့် ရုရှား၏ အဓိက အားထုတ်မှုသည် မြောက်ဘက်ထက် အနောက်ဘက်သို့ ထိုးစစ်ဆင်ရန် ဖြစ်နိုင်သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ယူကရိန်းစစ်သားများ၏ ဆိုရှယ်မီဒီယာတွင် ပို့စ်များသည် တစ်နေရာ၌ ဝိုင်းရံခံရမည်ကို စိုးရိမ်ပြီး အခြားတစ်ခုတွင် ခံစစ်စည်းကို ဖောက်ဖျက်ခံရမည်ကို စိုးရိမ်ကြောင်း ဖော်ပြသည်။

“ဒီဧရိယာမှာရှိတဲ့ ရှေ့တန်းတပ်တွေဟာ ထိုးစစ်ဆင်မဲ့ အဆင့်အနေအထားကို ရောက်နေပါပြီ။ ရုရှားတွေဟာ ရပ်တန့်နေမှာ မဟုတ်ပါဘူး” ဟု ယူကရိန်းနိုင်ငံသား မတ်ချနွိုင် (Muchnoi)ဟု အမည်ဝှက်ပေးထားသူက Telegram တွင် ရေးသားခဲ့သည်။

ထိုးစစ်၏ ရည်ရွယ်ထားချက်မှာနိုဗိုပါလစ်ဗကာ (Novopavlivka) ဟုခေါ်သော မြို့တစ်မြို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ သူတို့ဟာ ဒနိပရိုပက်ထရိုဗက်ခ် (Dnipropetrovsk) ဒေသကို ဝင်လာလိမ့်မယ်။ ဒီနေရာ ရရှိဖို့ဟာ ရုရှားစစ်ရုံးချုပ်က ရည်ရွယ်ထားတဲ့ အဓိကအချက်ထဲကတစ်ခု ဖြစ်တယ်။”

ဒနိပရိုပက်ထရိုဗက်ခ် (Dnipropetrovsk) သို့ ဝင်ရောက်လာခြင်းသည် ရုရှားတပ်များ ထိုနေရာကို ပထမဆုံးအကြိမ် ခြေချခြင်းဖြစ်မည့်အတွက် သိသာထင်ရှားသည်။ အမှန်စင်စစ်၊ ၎င်းသည် လွန်ခဲ့သော သုံးနှစ်ကျော်က စတင်ကျူးကျော်မှု၏ အစောပိုင်းပတ်များမှစ၍ ရုရှား၏တစ်စိတ်တစ်ပိုင်း သိမ်းပိုက်မှု အောက်တွင် ပထမဆုံးရောက်ရှိသည့် ယူကရိန်းဒေသသစ် ဖြစ်လာမည်ဖြစ်သည်။

ယူကရိန်းမြေပုံထုတ်သည့်ဝန်ဆောင်မှု DeepState အဖွဲ့ သည် ပူတင်၏တပ်ဖွဲ့များကို ဒေသတွင်းမှ ခြောက်ကီလိုမီတာ (၃.၇ မိုင်) အကွာအဝေးတွင် ထိန်းထားခဲ့ပြီး နယ်စပ်တစ်လျှောက်ရှိ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီးဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

ပူတင်အတွက်

+++++++

အမေရိကန်စေ့စပ်ညှိနှိုင်းသူများသည်လည်း ဒနိပရိုပက်ထရိုဗက်ခ်၏ အစိတ်အပိုင်းတစ်ခုအပေါ် ရုရှားထိန်းချုပ်မှု ရရှိသွားပါက အနာဂတ်စေ့စပ်ညှိနှိုင်းမှုတွင် အသုံးဝင်သော ညှိနှိုင်းမှုတစ်ခုအဖြစ် ရှုမြင်နိုင်သည်။

ရှေ့တန်းတလျှောက်စစ် အရှိန်မြှင့်တက်နေသလား။

+++++++++++++++++++++++

ဘူဟန့်ခ် (Luhansk) သည် ယူကရိန်း၏အရှေ့ဘက်အကျဆုံးဒေသဖြစ်ကာ ပူတင်၏တပ်ဖွဲ့များ ထိန်းချုပ်မှု အများဆုံးနေရာဖြစ်ပြီး ယူကရိန်းလက်ထဲတွင် ကွက်ကျား ထိန်းချုပ်ထားသည့်နေရာ အနည်းငယ်သာ ကျန်ရှိတော့သည်။ ဤနေရာတွင်လည်း ရုရှားတပ်ဖွဲ့များသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း အထူးသဖြင့် ယူကရိန်းတပ်များအတွက် မီးရထားလမ်းအချက်အချာနေရာနှင့် နောက်ကျော ထောက်ပံရေး စခန်းတစ်ခုဖြစ်သည့် လိုင်မန်မြို့မြောက်ဘက်သို့ မကြာသေးမီရက်သတ္တပတ်များအတွင်း ဆက်တိုက်ဆိုသလို တဖြည်းဖြည်းတိုးဝင်လာနိုင်ခဲ့သည်။

“လုပ်ရတာအတော်ခက်ခဲပါတယ်၊ ရှေ့တန်းကို တည်ငြိမ်အောင်ထိန်းထားပြီး ရန်သူကို နည်းလမ်းတကျ ချေမှုန်းဖို့ လိုအပ်ပါတယ်၊ မဟုတ်ရင်တိုးဝင်လာမှုတွေ ပျံ့နှံ့သွားမှာပါ” ဟု ယူကရိန်း အရာရှိတစ်ဦးက Telegram တွင် ရေးသားခဲ့သည်။

ယူကရိန်းစစ်ဦးစီးချုပ်မှ မှတ်တမ်းတင်ထားသော တိုက်ပွဲများတွင် CNN မှ ဒေတာခွဲခြမ်း စိတ်ဖြာမှုအရ ရှေ့တန်း၏အစိတ်အပိုင်းအားလုံးတစ်လျှောက် ပြီးခဲ့သော နှစ်ပတ်အတွင်း ရုရှား၏လှုပ်ရှားမှု တိုးလာကြောင်း ပြသနေသည်။ ကိန်းဂဏန်းများကို CNN မှ အတည်မပြု နိုင်သော်လည်း ၎င်းတို့သည် အတိအကျ မဖြစ်နိုင်သော်လည်း ဒေတာများသည် မတ်လ ၂၃ ရက်နေ့မှ စတင်၍ အတက်အကျ ပြောင်းလဲရှိခြင်းကို ရှင်းလင်းသော အထောက်အထားများအရ တွေ့ရှိရသည်။

ထိုနေ့မတိုင်မီ မတ်လတွင် ပျမ်းမျှနေ့စဉ် ခိုက်ရန်ဖြစ်ပွားမှု အရေအတွက်မှာ ၁၄၀ ဝန်းကျင် (မတ်လ ၁၁ ရက်နေ့နောက်ပိုင်း မပါဝင်) ရှိသည်။ ထိုအချိန်မှစ၍ အရေအတွက်များ အတက်အကျရှိသော်လည်း ပျမ်းမျှအားဖြင့် တစ်ရက်လျှင် တိုက်ပွဲဖြစ်ပွားမှု ၁၈၀ ဝန်းကျင်ရှိပြီး ၃၀% ခန့် တိုးလာပါသည်။

ဒေတာများတွင် လွန်ခဲ့သည့် နွေရာသီကယူကရိန်း၏ အံ့အားသင့်ဖွယ်ရာ ရုရှား၏ကရပ်(Kursk)ဒေသကိုဝင်ရောက် သိမ်းပိုက်ထားမှုကို ရုရှားကပြန်လည် တိုက်ခိုက်သိမ်းယူမှု နှေးကွေးသော်လည်း အောင်မြင်သော ရုရှားထိုးစစ်သည် ယခုအခါ ရွာအနည်းငယ်ကိုသာ ယူကရိန်းက ချုပ်ကိုင်ထားနိုင်သည့်အခြေအနေရှိသည်။

မြေပြင်မှ တိုးတက်မှုများသည် ရုရှားသည် ယူကရိန်း၏ အိမ်နီးချင်း ဆူမီဒေသသို့ လမ်းကြောင်းများ ဖောက်ဝင်လာကာ တဖက်နှင့်တစ်ဖက် အပြည့်အဝ မထိန်းချုပ်နိုင်သော မီးခိုးရောင်ဇုန်ငယ်များ အဖြစ်ရှိနေသည်ကိုလည်း တွေ့မြင်ရသည်။

မြောက်ပိုင်းနယ်စပ်တစ်လျှောက်အခြေအနေကို ပိုမိုရှုပ်ထွေးသွားစေသည်မှာ ရုရှားနိုင်ငံ ဘယ်ဂိုရော့ (Belgorod) ဒေသသို့ ယူကရိန်း၏ ကျုးကျော်ဝင်ရောက်ခြင်းဖြစ်သည်ဟု တနင်္လာနေ့တွင် ပထမဆုံးအကြိမ်အဖြစ် ကိ့ဗ်မှ အတည်ပြုခဲ့သည်။

ရုရှားတွေ ဘယ်လိုတိုက်ခိုက်နေကြလဲ။

+++++++++++++++++++++

မကြာသေးမီရက်သတ္တပတ်များအတွင်း ယူကရိန်းစစ်သားများသည် ရုရှား၏ နည်းဗျူဟာ အမျိုးမျိုးကို သတင်းပို့ခဲ့သည်။

ဒွန်းနက်ခ် (Donetsk) ဒေသ၏တောင်ဘက်တွင်၊ ယူကရိန်းအရာရှိ အဲလက်စ် (အမည်ဝှက်)က ရုရှားတပ်များသည် သံချပ်ကာနှင့် အပျော့စားယာဉ်များ ပါရှိသည့် စစ်ကြောင်းများတွင် ရှေ့သို့ ရွေ့လျားနေကြောင်း ဖော်ပြခဲ့သည်။

ခြေလျင်တိုက်ခိုက်ရေးယာဉ်နှင့် တင့်ကား လေးစီးမှ ငါးစီးခန့်ရှိပြီး ကျန်ယာဉ်များမှာ ထရပ်ကားများ၊ ကားများနှင့် ဂေါက်ကစားကွင်းသုံးကားများ ဖြစ်သည်ဟု ဆိုသည်။

လက်ရှိ စစ်ရေးလှုပ်ရှားမှုများတွင် ရုရှားတို့၏ တိုက်ခိုက်ရေးယဥ်များ ပြတ်လပ်မှုကို ဖော်ပြနေခဲ့ပြီး ရုရှားနိုင်ငံ၏ ကြီးမားသောထိုးစစ်များအတွက် ၎င်း၏ သံသယရှိမှုကို‌ ပြောဆိုခဲ့သည် ။

“ဟုတ်တယ်၊ သူတို့မှာ လူအင်အား အများကြီးရှိတယ်၊ ငါတို့ထက် အဆပေါင်းများစွာ ပိုတယ်၊ ဒါပေမယ့် ၂၁ ရာစု စစ်ပွဲမှာ ခြေလျင်တပ်ကို ထောက်ပံ့တဲ့ စက်ယန္တရားမပါတဲ့ လက်နက်နဲ့ အလျင်အမြန် ထိုးစစ်ဆင်ဖို့ မဖြစ်နိုင်ဘူး” ဟု အဲလက်စ်က Telegram တွင် ရေးသားခဲ့သည်။

Telegram တွင်လည်း ရေးသားဖော်ပြရာတွင် ယူကရိန်းတပ်မှူး စတန်ိနီဆလပ်ဗ် ဘန်နီယာတော့ဗ် (Stanislav Buniatov) က ရုရှားတပ်ဖွဲ့များသည် ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသော်လည်း ဂရုမစိုက်ဘဲ ဆက်လက်၍ တိုးဝင်နေသည် ဆိုသည်။ “ဒီဧရိယာမှာရှိတဲ့ ယူနစ်တစ်ခုက တစ်နေ့ကို ရုရှားနိုင်ငံသား ၁၀ ယောက်ကနေ ၅၀ လောက် ဆုံးရှုံးတယ်” ဟု ၎င်းက ဆိုသည်။

“ ရုရှားတွေဟာ လူငါးယောက်ကနေ ခုနစ်ယောက်အထိ၊ အများဆုံး ၁၀ ယောက်လောက်ရှိတဲ့ နည်းဗျူဟာအုပ်စုလေးတွေနဲ့ လှုပ်ရှားနေပါတယ်။ မြူတွေမှိုင်းနေတဲ့အချိန်၊ ရာသီဥတု ဆိုးလာတာနဲ့အမျှ မမြင်ရနိုင်တဲ့မြူဖုံးလွှမ်းမှုအကာအကွယ်ကိုယူပြီးကျွန်တော်တို့ရဲ့ ဒရုန်းရန်က လွတ်အောင် ချီတက်လာကြတယ်” ဟုဆိုသည်။

နွေဦးပေါက်လာပြီး ရာသီဥတု ခြောက်သွေ့လာသည်နှင့်အမျှ နည်းဗျူဟာများ ပြောင်းလဲလာမည်ဟု ဒရုန်းတပ်မှူးက ပြောသည်။

“ သူတို့ကအခုလောလောဆယ် လေးလံတဲ့ယာဉ်တွေ မသုံးနိုင်သေးဘူး။ ရေစိုလွန်းတော့ လမ်းမှနစ်နေမယ်။ မြေတွေခြောက်ပြီး မာလာတာနဲ့အမျှ သူတို့ချီတက်လာလိမ့်မယ်၊ ဒါကို သံသယမရှိပါဘူး “

အဖြစ်မှန်စစ်ဆေးမှုများ

++++++++++++

အကဲဖြတ်မှုများ ကျဆင်းနေသော်လည်း အချို့သောရှုထောင့်ကို ထိန်းသိမ်းထားရန် အရေးကြီးသည်။ ရုရှားက သိမ်းပိုက်ထားသည့် နယ်မြေ ပမာဏက နည်းနေပါသေးသည်။ ဥပမာအားဖြင့်၊ ဒနိပရိုပက်ထရိုဗက်ခ် (Dnipropetrovsk) ဒေသကို ဖြိုခွင်းထားသော ပေါက်ခရိုဗက်ခ် (Pokrovsk) အနောက်တောင်ဘက်ရှိ ၎င်း၏တပ်ဖွဲ့များသည် လွန်ခဲ့သော တစ်နှစ်ကထက် ၄၅ ကီလိုမီတာ (၂၈ မိုင်) ခန့်သာ ပိုမိုတိုးလာနိုင်ပါသည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက သုံးသပ်ချက်သည် အခြားလေ့လာသုံးသပ်သူများနှင့် အတူတူပင်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်နိုဝင်ဘာလတွင် သိမ်းပိုက်ထားသည့် စတုရန်းကီလိုမီတာ ၇၃၀ လောက်မှ ပြီးခဲ့သည့်လက ၁၄၃ ခုအထိ ခြောက်လကြာ ရုရှား၏ ကြိုတင်တိုးနှုန်းသည် ဆက်တိုက်ကျဆင်းလာသည်ဟု အကဲဖြတ်ထားသည်။

ဥရောပရှိ အမေရိကန်စစ်တပ်၏ အကြီးတန်းတပ်မှူး ဗိုလ်ချုပ် ခရစ်စ်တိုဖာ ကာဗိုလီ (Christopher Cavoli) က ပြီးခဲ့သည့်အပတ်က ကွန်ဂရက်လွှတ်တော်သို့ စိတ်အားထက်သန်စွာ ထွက်ဆိုချက်တွင် ကိ့ဗ်၏တပ်ဖွဲ့များသည် “အလွန်ခိုင်မာသော ခံစစ်နေရာများကို ယူထားပြီး” ကောင်းမွန်စွာ ကြံကြံခံထားနိုင်ပြီး ဆောင်းရာသီတွင် စစ်ပွဲဆင်နွှဲခြင်း၏ စိန်ခေါ်မှုများထဲမှ တစ်စိတ်တစ်ပိုင်းသည်လည်း ဖြစ်နိုင်သည်။

“ယူကရိန်းပြိုကျပြီး အဲဒီပဋိပက္ခကို ဆုံးရှုံးဖို့ မျှော်မှန်းဖို့က အရမ်းခက်ခဲပါတယ်” ဟု ကာဗလီက နိဂုံးချုပ် ပြောဆိုခဲ့သည်။

ရုရှား၏ နယ်မြေပိုင်ဆိုင်မှု တောင်းဆိုမှုသည် အောင်နိုင်မည်မဟုတ်ဟု ၎င်းက ဆိုသည်။

“ ရုရှားရဲ့ ရည်ရွယ်ချက်ကယူကရိန်းတွေကို သုတ်သင်ရှင်းလင်းရေးဖြစ်တယ်။ ရည်မှန်းချက်က ချက်ချင်းကြီး မဟုတ်ပါဘူး။ ရည်မှန်းချက်က လူတွေကို သတ်ပစ်ဖို့၊ စက်ပစ္စည်းတွေကို ဖျက်ဆီးဖို့၊ အရင်းအမြစ်တွေကို စုပ်ယူဖို့၊ ယူကရိန်းနိုင်ငံ ဒေဝါလီခံဖို့နဲ့ ရုရှားကို ဆန့်ကျင်တိုက်ပွဲဝင်ချင်တဲ့ စိတ်ဆန္ဒကို ချိုးပစ်ဖို့ပါပဲ။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး အဆုံးသတ်ရန် စောင့်ဆိုင်းနေသည့် စစ်ပွဲကို ဟစ်ဇဘိုလာက ပြန်လည်စတင်လိုက်ပြီ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက် တနင်္လာနေ့ နံနက်အာရုဏ်မတက်မီ အချိန်တွင် ဟစ်ဇဘိုလာအဖွဲ့သည် အစ္စရေးမြောက်ပိုင်းရှိ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန် အထက်လွှတ်တော်က အီရန်အရေး စစ်အာဏာသုံးစွဲမှု ကန့်သတ်ချက်ကို ပယ်ချ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 15 Views
၂၀၂၆ ခုနှစ် မတ်လ ၅ ရက် ၂၀၂၆ ခုနှစ် မတ်လ ၄ ရက် (ဗုဒ္ဓဟူးနေ့) က
တရုတ် နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

နှစ်လအတွင်း တရုတ်နှင့် ရင်းနှီးသည့် ခေါင်းဆောင်နှစ်ဦးကို အမေရိကန်က ရှင်းထုတ်လိုက်ပြီ ဖြစ်သော်လည်း အဘယ်ကြောင့် ပေကျင်းက ဘာမှမလုပ်ဘဲ ငြိမ်နေသနည်း။

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 26 Views
 CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက် ဟောင်ကောင်/ပေကျင်း။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်ဦးဖြစ်သည့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို နှင့် အီရန်အမြင့်ဆုံး ခေါင်းဆောင် အလီခါမေနီ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးက လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ထပ်မံရွှေ့ပြောင်းရန် အမိန့်ပေး

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အစ္စရေးသည် ဟစ်ဇဘိုလာအဖွဲ့အပေါ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေစဉ် လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့ပြီး၊ ယင်းမှာ တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် အလားတူစာရင်းတွင် ထပ်မံဖြည့်စွက်လိုက်ခြင်း ဖြစ်သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးက တီဟီရန်ကို တိုက်ခိုက်နေချိန်တွင် အီရန်နှင့် ဆွေးနွေးရန် “ နောက်ကျလွန်းပြီ” ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 39 Views
အမေရိကန်သည် အရှေ့အလယ်ပိုင်းရှိ သံရုံးနှစ်ခုကို ပိတ်လိုက်ပြီး ဒေသတွင်း သံတမန်ရေးရာ တည်ရှိမှုများကို လျှော့ချလျက်ရှိသည်။ CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက် အီရန်နှင့်စစ်ပွဲ: အစ္စရေးသည် လေဘနွန်အတွင်း ထိုးစစ်များကို အရှိန်မြှင့်နေစဉ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အထက်လွှတ်တော်လူများစုခေါင်းဆောင် ဂျွန်သွန်း က အစိုးရအုပ်ချုပ်ရေးအဖွဲ့၏ တိုက်ခိုက်မှုဆိုင်ရာ ဥပဒေကြောင်းအရ အကြောင်းပြချက်ကို နားထောင်ရန် မျှော်လင့်ထားပြီး လွှတ်တော်၏ သဘောတူညီချက် မလိုအပ်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 42 Views
CNN -Morgan Rimmer နှင့် Ted Barrett ရေးသားသည်။ ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အထက်လွှတ်တော် လူများစုခေါင်းဆောင် ဂျွန်သွန်း (John Thune) က ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အီရန်အပေါ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အီရန်စစ်ရေး – ၄၈ နာရီအကြာ- စစ်ဗျူဟာမြောက် အောင်မြင်မှုနှင့် အနာဂတ် အတွက် မရေရာသောဗျူဟာ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အရှေ့အလယ်ပိုင်းတွင် ယခုဖြစ်ပွားနေသည့် အကျပ်အတည်းမျိုးအတွင်း သမ္မတတစ်ဦးသည် ထောက်လှမ်းရေးနှင့် စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များမှ ပြုစုထားသော အသားတင် အကဲဖြတ်ချက် (Net Assessment) ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်အချို့ ပျက်ကျ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် တိုက်လေယာဉ်များ ပျက်ကျခြင်း။ တနင်္လာနေ့တွင် အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ် “အချို့” ပျက်ကျခဲ့ပြီး “လေယာဉ်အမှုထမ်းအားလုံး အသက်ရှင်လွတ်မြောက်ခဲ့သည်” ဟု ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ CNN