နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ

အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့်အတွက် အိန္ဒိယနှင့် ပါကစ္စတန်တို့က အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့

မေလ (၁၀) ရက်။

ဒီနေ့ မေလ ၁၀ ရက်နေ့က အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ “ပြီးပြည့်စုံတဲ့ ချက်ချင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြတယ်” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

“ အမေရိကန်ပြည်ထောင်စုရဲ့ စေ့စပ်ညှိနှိုင်းပေးမှုနဲ့ ရှည်လျားတဲ့ ညကိုဖြတ်သန်းဆွေးနွေးခဲ့မှုအပြီးမှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ချက်ချင်း အပြည့်အဝ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြလို့ ကျွန်တော်အနေနဲ့ ဝမ်းမြောက်မိပါတယ်။ မြင့်မားတဲ့တွေးခေါ်မျှော်မြင်မှုနဲ့ အားလုံးအတွက် ကောင်းကျိုးသက်ရောက်မှု ရှိစေမှုကို အသုံးချနိုင်ခဲ့တဲ့အတွက် နှစ်နိုင်ငံလုံးကို ဂုဏ်ပြုပါတယ် ဒီကိစ္စကို အာရုံစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ ထရန့်က ရေးသားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုကလည်း နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး ချက်ခြင်း သဘောတူကြောင်း ပြောကြားခဲ့ပါတယ်။ ဘက်မလိုက်တဲ့ နေရာမှာ ကျယ်ပြန့်တဲ့ကိစ္စရပ်တွေကို စတင်ဆွေးနွေးနေကြပြီလို့ ဆိုပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုနဲ့ ဒုသမ္မတ ဗန်န့်တို့နှစ်ဦးဟာ လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း နှစ်နိုင်ငံက အကြီးတန်းအရာရှိတွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ကလည်း အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းသဘောတူထားတယ်လို့ ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေးဟာ အိန္ဒိယစံတော်ချိန် ၁၀ ရက်နေ့ ညနေ ၅ နာရီမှာ စတင်အသက်ဝင်မယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

အငြင်းပွားဖွယ် ကက်ရှ်မီးယားဒေသရှိ အိန္ဒိယဘက်ခြမ်းမှာ ဧပြီလနှောင်းပိုင်းက ခရီးသွားတွေကို တိုက်ခိုက်ခဲ့ပြီးနောက် အိန္ဒိယဘက်က ပါကစ္စတန်ရှိ အကြမ်းဖက် အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ (၇) ရက်နေ့က ကြေညာခဲ့ပါတယ်။

ပါကစ္စတန်ဘက်ကလည်း အိန္ဒိယကို စစ်ရေးအရ ထိုးစစ်ဆင်ခဲ့ကြောင်း ၁၀ ရက်နေ့အစောပိုင်းတွင် ကြေညာခဲ့ပါတယ်။

နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတွေကြား တင်းမာမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ G7 နိုင်ငံတွေက ထိန်းထိန်းသိမ်းသိမ်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံ၊ ကက်ရှမီးယားပြည်နယ်၊ ဂျန်မူမြို့၌ ၁၀ ရက်နေ့က တွေ့ရစဉ် (2025 Reuters/Adnan Abidi)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 33 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 36 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 31 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 31 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု