နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက လော့စ်အိန်ဂျလိစ်မြို့သို့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ ထပ်တိုးစေလွှတ်မည်ဟုဆို

ဇွန်လ (၁၀) ရက်။

အမေရိကန်သမ္မတထရမ့်၏အမိန့်အရ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ ကို ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်ဒေသသို့ ထပ်တိုးစေလွှတ်ပြီး ဖက်ဒရယ်တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုကို ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၉ ရက်တွင် အတည်ပြုခဲ့သည်။

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား ဖမ်းဆီးသည့် အမေရိကန် လူမှုဝန်ထမ်းကြီးကြပ်ရေးဝန်ထမ်းများနှင့် လော့စ်အိန်ဂျလိစ် ပြည်သူလူထုနှင့် ၃ ရက်ဆက်တိုက် ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ ထရမ့်က ဇွန် ၇ ရက်တွင် သမ္မတလက်မှတ်ရေးထိုးခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂဲဗင် နယူးစ်ဆွမ် (Gavin Newsom) ၏ အကူအညီတောင်းခံမှု မရှိသည့်အခြေအနေမျိုးတွင် လော့စ်အိန်ဂျလိစ်ဒေသ၌ တပ်စွဲရန် ကယ်လီဖိုးနီးယားပြည်နယ် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ စေလွှတ်ခဲ့သည်။

အမေရိကန် မြောက်ပိုင်းဒေသစစ်ဌာနချုပ်၏ ဇွန် ၉ ရက် ကြေညာချက်အရ မရိန်းတပ်သား ၇၀၀ ခန့် စည်းရုံးပြီး ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ဒေသ၌ ဖြန့်ကြက်ထားသော အမျိုးသားအစောင့်တပ်ဖွဲ့နှင့် “လစ်လပ်မှုမရှိ ချိတ်ဆက်သွားမည်” ဖြစ်ပြီး လော့စ်အိန်ဂျလိစ်ရှိ ဖက်ဒရယ်ဌာနနှင့်‌ ဝန်ထမ်းများကို ကာကွယ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထရမ့်အစိုးရနှင့် ဒီမိုကရက်တစ်ပါတီ အုပ်ချုပ်သည့် ကယ်လီဖိုနီးယားပြည်နယ်ကြားတွင် လော့စ်အိန်ဂျလိစ် ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းအပေါ် ထားရှိသည့် အမြင်သဘောထားချင်းမှာ ပဋိပက္ခ ဖြစ်လျက်ရှိသည်။ ဂဲဗင်နယူးစ်ဆွမ်နှင့် လော့စ်အိန်ဂျလိစ်မြို့တော်ဝန် ကရင်ဘတ်စ် (Karen Bass)တို့အား “အစွမ်းအစ မရှိကြောင်း” နှင့် “ ရှုပ်ထွေးသည့်အခြေအနေကို ထိန်းချုပ်နိုင်စွမ်း မရှိကြောင်း” ထရမ့်က ကြိမ်ဖန်များစွာ ပြစ်တင်ပြောဆိုခဲ့သည်။

“အမျိုးသားအစောင့်တပ်ဖွဲ့ကို ကယ်လီဖိုးနီးယားပြည်နယ် စေလွှတ်ပြီး အကြမ်းဖက်မှုနဲ့ အဓိကရုဏ်းတွေကို စီမံခိုင်းတာက ကြီးမြတ်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်” ဟု ဇွန် ၉ ရက်နေ့က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ဂဲဗင်နယူးစ်ဆွမ်က လော့စ်အိန်ဂျလိစ်သို့ တပ်ဖွဲ့ဝင်အင်အားစေလွှတ်ခြင်းသည် အကျပ်အတည်းကို ဖန်တီးခြင်း၊ အခြေအနေကို ပြင်းထန်အောင် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု ပြန်လည်ဝေဖန်ပြောကြားခဲ့သည်။

ပထမအသုတ် လော့စ်အိန်ဂျလိစ်သို့ စေလွှတ်သည့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ တွင် ၃၀၀ ခန့်သာ ဖြန့်ကြက်ထားပြီး ကျန်လူများမှာ ဖက်ဒရယ်အဆောက်အအုံထဲတွင် အားလပ်နေကြောင်း ဂဲဗင်နယူးစ်ဆွမ်က ဇွန် ၉ ရက် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

ဂဲဗင်နယူးစ်ဆွမ်က ဤလုပ်ရပ်သည် ဆင်ခြင်တုံတရားမရှိသည့် အဓိပ္ပာယ်မဲ့လုပ်ရပ် ဖြစ်ပြီး စစ်တပ်အပေါ် မလေးစားခြင်း ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး သတင်းနှင့်ပြန်ကြားရေးရုံးက ဇွန် ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ လော့စ်အိန်ဂျလိစ်သို့ မရိန်းတပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းသည် “ယခင်ကမရှိခဲ့ဖူး” သလို “လုံးဝမလိုအပ်ကြောင်း၊ “သွေးသားအရင်းအချာတွေကို ထိပ်တိုက်ရင်ဆိုင်စေခြင်းဖြစ်ကြောင်း” နှင့် အခြေအနေများကို ပို၍သာ ပြင်းထန်လာစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယမန်နေ့ ဇွန်လ (၉) ရက်နေ့အထိ လူပေါင်း ၁၀၀ ကျော်ကို ထိန်းသိမ်းထားကြောင်း လော့စ်အိန်ဂျလိစ်မြို့တော်ဝန် ကရင်ဘတ်စ်က ပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်မြို့တွင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၁၇၀၀ အထိဖြန့်ကျက်ထားကြောင်း သိရသည်။

ယခုအချိန်တွင် နယူးယောက်၊ အော်စတင်၊ ဆန်တာအန်နာတို့တွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ABC သတင်း

ဓာတ်ပုံ (၁)

လော့စ်အိန်ဂျလိစ်မြို့တွင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

ဓာတ်ပုံ (၂)

ယမန်နေ့ ဇွန်လ (၉) ရက်နေ့တွင် လော့စ်အိန်ဂျလိစ်မြို့၌ ထိန်းသိမ်းထားသည့်သူများကို တွေ့ရစဉ်။

ဇွန်လ (၉) ရက်နေ့တွင် နယူးယောက်မြို့၌ ဆန္ဒပြသူများကို ဖမ်းဆီးလာစဉ် တွေ့ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု