နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက လော့စ်အိန်ဂျလိစ်မြို့သို့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ ထပ်တိုးစေလွှတ်မည်ဟုဆို

ဇွန်လ (၁၀) ရက်။

အမေရိကန်သမ္မတထရမ့်၏အမိန့်အရ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ ကို ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်ဒေသသို့ ထပ်တိုးစေလွှတ်ပြီး ဖက်ဒရယ်တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုကို ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၉ ရက်တွင် အတည်ပြုခဲ့သည်။

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား ဖမ်းဆီးသည့် အမေရိကန် လူမှုဝန်ထမ်းကြီးကြပ်ရေးဝန်ထမ်းများနှင့် လော့စ်အိန်ဂျလိစ် ပြည်သူလူထုနှင့် ၃ ရက်ဆက်တိုက် ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ ထရမ့်က ဇွန် ၇ ရက်တွင် သမ္မတလက်မှတ်ရေးထိုးခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂဲဗင် နယူးစ်ဆွမ် (Gavin Newsom) ၏ အကူအညီတောင်းခံမှု မရှိသည့်အခြေအနေမျိုးတွင် လော့စ်အိန်ဂျလိစ်ဒေသ၌ တပ်စွဲရန် ကယ်လီဖိုးနီးယားပြည်နယ် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ စေလွှတ်ခဲ့သည်။

အမေရိကန် မြောက်ပိုင်းဒေသစစ်ဌာနချုပ်၏ ဇွန် ၉ ရက် ကြေညာချက်အရ မရိန်းတပ်သား ၇၀၀ ခန့် စည်းရုံးပြီး ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ဒေသ၌ ဖြန့်ကြက်ထားသော အမျိုးသားအစောင့်တပ်ဖွဲ့နှင့် “လစ်လပ်မှုမရှိ ချိတ်ဆက်သွားမည်” ဖြစ်ပြီး လော့စ်အိန်ဂျလိစ်ရှိ ဖက်ဒရယ်ဌာနနှင့်‌ ဝန်ထမ်းများကို ကာကွယ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထရမ့်အစိုးရနှင့် ဒီမိုကရက်တစ်ပါတီ အုပ်ချုပ်သည့် ကယ်လီဖိုနီးယားပြည်နယ်ကြားတွင် လော့စ်အိန်ဂျလိစ် ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းအပေါ် ထားရှိသည့် အမြင်သဘောထားချင်းမှာ ပဋိပက္ခ ဖြစ်လျက်ရှိသည်။ ဂဲဗင်နယူးစ်ဆွမ်နှင့် လော့စ်အိန်ဂျလိစ်မြို့တော်ဝန် ကရင်ဘတ်စ် (Karen Bass)တို့အား “အစွမ်းအစ မရှိကြောင်း” နှင့် “ ရှုပ်ထွေးသည့်အခြေအနေကို ထိန်းချုပ်နိုင်စွမ်း မရှိကြောင်း” ထရမ့်က ကြိမ်ဖန်များစွာ ပြစ်တင်ပြောဆိုခဲ့သည်။

“အမျိုးသားအစောင့်တပ်ဖွဲ့ကို ကယ်လီဖိုးနီးယားပြည်နယ် စေလွှတ်ပြီး အကြမ်းဖက်မှုနဲ့ အဓိကရုဏ်းတွေကို စီမံခိုင်းတာက ကြီးမြတ်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်” ဟု ဇွန် ၉ ရက်နေ့က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ဂဲဗင်နယူးစ်ဆွမ်က လော့စ်အိန်ဂျလိစ်သို့ တပ်ဖွဲ့ဝင်အင်အားစေလွှတ်ခြင်းသည် အကျပ်အတည်းကို ဖန်တီးခြင်း၊ အခြေအနေကို ပြင်းထန်အောင် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု ပြန်လည်ဝေဖန်ပြောကြားခဲ့သည်။

ပထမအသုတ် လော့စ်အိန်ဂျလိစ်သို့ စေလွှတ်သည့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ တွင် ၃၀၀ ခန့်သာ ဖြန့်ကြက်ထားပြီး ကျန်လူများမှာ ဖက်ဒရယ်အဆောက်အအုံထဲတွင် အားလပ်နေကြောင်း ဂဲဗင်နယူးစ်ဆွမ်က ဇွန် ၉ ရက် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

ဂဲဗင်နယူးစ်ဆွမ်က ဤလုပ်ရပ်သည် ဆင်ခြင်တုံတရားမရှိသည့် အဓိပ္ပာယ်မဲ့လုပ်ရပ် ဖြစ်ပြီး စစ်တပ်အပေါ် မလေးစားခြင်း ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး သတင်းနှင့်ပြန်ကြားရေးရုံးက ဇွန် ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ လော့စ်အိန်ဂျလိစ်သို့ မရိန်းတပ်ဖွဲ့ဝင်များ စေလွှတ်ခြင်းသည် “ယခင်ကမရှိခဲ့ဖူး” သလို “လုံးဝမလိုအပ်ကြောင်း၊ “သွေးသားအရင်းအချာတွေကို ထိပ်တိုက်ရင်ဆိုင်စေခြင်းဖြစ်ကြောင်း” နှင့် အခြေအနေများကို ပို၍သာ ပြင်းထန်လာစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယမန်နေ့ ဇွန်လ (၉) ရက်နေ့အထိ လူပေါင်း ၁၀၀ ကျော်ကို ထိန်းသိမ်းထားကြောင်း လော့စ်အိန်ဂျလိစ်မြို့တော်ဝန် ကရင်ဘတ်စ်က ပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်မြို့တွင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၁၇၀၀ အထိဖြန့်ကျက်ထားကြောင်း သိရသည်။

ယခုအချိန်တွင် နယူးယောက်၊ အော်စတင်၊ ဆန်တာအန်နာတို့တွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ABC သတင်း

ဓာတ်ပုံ (၁)

လော့စ်အိန်ဂျလိစ်မြို့တွင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

ဓာတ်ပုံ (၂)

ယမန်နေ့ ဇွန်လ (၉) ရက်နေ့တွင် လော့စ်အိန်ဂျလိစ်မြို့၌ ထိန်းသိမ်းထားသည့်သူများကို တွေ့ရစဉ်။

ဇွန်လ (၉) ရက်နေ့တွင် နယူးယောက်မြို့၌ ဆန္ဒပြသူများကို ဖမ်းဆီးလာစဉ် တွေ့ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 19 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 18 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 37 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 37 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 40 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 47 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 37 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့