နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

လော့စ်အိန်ဂျယ်လိစ်မြို့ ဆန္ဒပြပွဲများကို သမ္မတထရန့်၏ကိုင်တွယ်မှုကို အီလွန်မတ်စ် ပြန်လည်ထောက်ခံ

၂၀၂၅ခုနှစ်၊ ဇွန်လ ၉ ရက်၊

ပြီးခဲ့သည့် သီတင်းပတ်က အီလွန်မတ်စ်သည် သမ္မတ ဒေါ်နယ်ထရန့်အား စွပ်စွဲ ပြစ်တင်ရန် တောင်းဆိုခဲ့သည်။ ယခုသီတင်းပတ်တွင် မတ်စ်သည် သြဇာကြီးသောခေါင်းဆောင်နှင့် လူသိရှင်ကြား လမ်းခွဲခဲ့ပြီးနောက် အစိုးရ၏ကကိုင်တွယ်ပုံကို ချီးမွမ်းလာခဲ့ပြန်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ဌာနအရာရှိများ(ICE)နှင့် လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်များ၏ ဝင်ရောက်ဖမ်းဆီးသည့် လုပ်ရပ်ကြောင့် လော့စ်အိန်ဂျလိစ်တွင် ဆန္ဒပြပွဲများ ပေါ်ပေါက်လာစဉ် စိုးရိမ်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

သီတင်းပတ်ကုန်က မတ်စ်သည် သမ္မတနှင့်ပတ်သက်သည့် ဒေါသအမျက်ထွက်စေရန် ရေးသားခဲ့သော X ပို့စ်အချို့ကို ပြန်ဖျက်ပစ်ခဲ့သည်၊ ထိုအထဲတွင် သူ၏ထရန့်အား ထုတ်ပယ်ပစ်ရန် သက်သေတင်ပြခဲ့ခြင်း မရှိသည့် စွပ်စွဲချက်တွင် ထရန့်၏အမည်သည် လိင်ဖက်ဆိုင်ရာကျူးလွန်သူ ဘဏ္ဍာရေးမှူး ဂျက်ဖရီအက်ပ်စတိန်း အမှုတွင် ပါဝင်နေခဲ့သည်ဟု သက်သေမပြဘဲ ရေးသားခဲ့သည်။

မတ်စ်သည် လော့စ်အိန်ဂျယ်လိစ်မြို့ အခြေအနေအပေါ် ထရန့်အစိုးရရေး၏ ရပ်တည်ချက်ကို အပြည့်အ၀ ထောက်ခံခဲ့ပြီး ဒုတိယသမ္မတ ဂျေဒီဗန့်စ်တင်သည့်ပို့စ်တွင် အမေရိကန်အလံကို နောက်ခံထားပြီး “သမ္မတသည် ရုန်းရင်းဆန်ခတ်မှုနှင့် အကြမ်းဖက်မှုများကို သည်းမခံကြောင်း” ရေးသားခဲ့သည်။ မတ်စ်သည် ထရန့်အစိုးရနှင့် တသဘောထားတည်း ရှိပြီး လူဝင်မှုကြီးကြပ်ရေးမှ တရားမဝင် ဝင်ရောက်လာခြင်းများကို ရပ်တန့်ရန်နှင့် ပြည်နှင်ဒဏ်ပေးခြင်းများကို ကာလကြာရှည်စွာ ထောက်ခံခဲ့သည်။

နည်းပညာဘီလျံနာသူဌေးအီလွန်မတ်စ်သည် ထရန့်မှ Truth Social တွင် တင်ထားသည့်စာကို စကရင်ရှော့ ရိုက်ပြီး တင်ခဲ့သည်။ ထို့ပို့စ်တွင် ထရန့်က “ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂဲဗင် နယူးစ်ဆွမ် (Gavin Newsom) နှင့် လော့စ်အိမ်ဂျယ်လစ်မြို့တော်ဝန် ကရင်ဘတ်စ် (Karen Bass) တို့သည် လော့စ်အိမ်ဂျယ်လစ် မြို့သူမြို့သားများကို တောင်းပန်သင့်ကြောင်း”ရေးသားခဲ့သည်။ ရုန်းရင်းဆန်ခတ်မှု ပြင်းထန်လာပြီးနောက် ကားများကို မီးရှို့ကာ ဆန္ဒပြမှုများ ဖြစ်လာခဲ့သည်။

ဗီဒီယို အင်တာဗျူးတစ်ခုတွင် ဗန့်စ်က” အီလွန် နည်းနည်းစိတ်ထိန်း လိုက်ရင် အရာအားလုံး အဆင်ပြေသွားလိမ့်မည်” ဟု ပြောခဲ့ခြင်းကို မာ့ခ်က “ Cool ကောင်းပြီ” ဟု မှတ်ချက်ရေးသားခဲ့သည်။

ထရန့် နှင့်သူ၏အငြင်းပွားမှုကြားတွင် ကြာသပတေးနေ့က မတ်စ်သည် အိမ်ဖြူတော်ဒုအရာရှိချုပ် စတီဖင် မီလာကို follow လုပ်ခြင်းမှ ရပ်ပစ်ခဲ့သည်။ ထို့နောက် မတ်စ်သည် ထရန့်၏ လူဝင်မှုကြီးကြပ် ရေးမူဝါဒ ချမှတ်ရာတွင် အဓိကပါဝင်သူတဦးဖြစ်သည့် စတီဖင်မီလာကို ပြန်လည် follow လုပ်ခဲ့သည်။

ထိုပြောင်းလဲမှုက ထူးထူးခြားခြား သတိပြုမိစရာ ဖြစ်ခဲ့သည်။ အထူးသဖြင့် မီလာ၏ဇနီး ကေတီမီလာနှင့်ပတ်သက်သည်။ ကေတီမီလာသည်မကြာသေးခင်က အိမ်ဖြူတော်ကို စွန့်ခွာခဲ့ပြီး မတ်စ်ထံတွင် အချိန်ပြည့် အလုပ်ဝင်လုပ်ခဲ့သည်။ မတ်စ်နှင့်ကေတီတို့ စုံတွဲသည် မတ်စ်၏အလုပ်ချိန်ပြင်ပတွင် တတွဲတွဲလုပ်နေသည်ကို တွေ့ရသည်။

ထိုအချက်က အိမ်ဖြူတော်ဝန်ထမ်းများအကြားတွင် တီးတိုးပြောဆိုမှုများ ဖြစ်လာခဲ့သည်။

ထရန့်၏ ဝါရှင်တန်ရှိ သြဇာအရှိဆုံး စုံတွဲများထဲမှ စုံတွဲတတွဲ၏ ပြိုလဲမှုသည် နိုင်ငံရေး ကံကြမ္မာကို မည်သို့ သက်ရောက်မှု ရှိနိုင်သည်နှင့်ပတ်သက်၍ ထင်ကြေးပေးမှုများ ဖြစ်ပေါ်လာသည်။

မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ကေတီမီလာ (Katie Miller) က ပြန်လည် ဖြေကြားခြင်း မရှိပေ။

တစ်ချိန်တည်းတွင် မတ်စ်သည် သူ့ကိုယ်ပိုင် AI chatbot Grok တွင် မီလာအား “မင်းမိန်းမကို ငါက ယူလိုက်တာပဲ” ဟု ထိုကောလဟလကို အတည်ပြု တုံ့ပြန်သည့်ပို့စ်တစ်ခုကို မတ်စ်အနေနှင့် ရေးတင်ထားခဲ့သည်။

“မဟုတ်ဘူး၊ အဲဒါက ffs အတုတွေ 🤦‍♂️ ငါ ဒါကို တစ်ခါမှ မတင်ဖူးဘူး” လို့ မတ်စ်က Grok ကို တုံ့ပြန်ရေးသားခဲ့ပါတယ်။

၎င်းသည် ယခုသီတင်းပတ်ကုန်တွင် မတ်စ်ထံမှ အပြုသဘောဆောင်သော စိတ်ခံစားချက် ပြန်ဖြစ်လာသည်ဟု မဆိုလိုပါ။ အောက်လွှတ်တော်ကို အတည်ပြုခဲ့ပြီး ယခုအခါ အထက်လွှတ်တော်တွင် ထည့်သွင်း စဉ်းစားလျက်ရှိသည့် ထရန့်၏ ပြည်တွင်းမူဝါဒ ဥပဒေကြမ်းကို ဆန့်ကျင်သည့်အနေဖြင့် ၎င်းက ပိုမိုသိမ်မွေ့သည့်ပုံစံဖြင့် ဆက်လက်ပြောဆိုခဲ့သည်။

“ထရန့် နှင့် မတ်စ်၏ရန်ပွဲသည် စတန့်လုပ်ပြခြင်းလည်းမဟုတ်၊ အာရုံထွေပြားစေရန် လမ်းလွှဲခြင်း လည်းမဟုတ်” ဟု ရေးသားခဲ့သော သူတစ်ဦးအား တနင်္ဂနွေတွင် မတ်စ်က “အမှန်ပဲ” ဟု ပြန်ကြားခဲ့သည်။ ထိုနေ့တွင်ပင် သူသည် သရော်စာရေးသည့် The Babylon Bee ဆိုက်တွင် ခေါင်းစဥ် “ရီပတ်ဘလစ်ကန်များက သူတို့ကို လုပ်ဆောင်ပေးရန်အတွက် လူတိုင်းက မဲပေးခဲ့ကြသည့်ကိစ္စ နှင့် ဆန့်ကျင်ဖက်ကို ရီပတ်ဗလစ်ကန်များက ဆက်လက် လုပ်ဆောင်နေကြသည်” ဟူသော သရော်စာ ဆောင်းပါးတစ်ပုဒ်ကိုလည်း ပြန်လည်တင်ခဲ့သည်။

မတ်စ်သည် ပြီးခဲ့သည့် သီတင်းပတ်က သမ္မတ၏ “တခုတည်းသော၊ ကြီးကျယ်လှပသော ဥပဒေကြမ်း” ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ၎င်းသည် ဖက်ဒရယ်အသုံးစရိတ်နှင့် လိုငွေပြမှုကို ဖြတ်တောက်ရန် ၎င်း၏ အစိုးရဌာန၏ စွမ်းဆောင်ရည်အဖွဲ့မှ လုပ်ဆောင်ခဲ့သည့်အရာများစွာကို ထိခိုက်စေမည်ဟု ဝေဖန်ခဲ့သည်။ အမေရိကန်၏ တင်ရှိနေသော ကြွေးမြီထဲသို့ ဒေါ်လာထရီလျံပေါင်းများစွာ ထပ်ပေါင်းထည့်ဝင်စေမည်ဟု နှစ်ဖက်ပါတီဝင် အဖွဲ့ဝင် အများအပြားက ပြောနေသော်လည်း အဆိုပါ ဥပဒေကြမ်းသည် လိုငွေပြမှုကို ထပ်တိုးပေးမည်မဟုတ်ကြောင်း ထရန့် အစိုးရက ငြင်းဆိုထားသည်။

သို့သော် Wall Street မှ လေ့လာသုံးသပ်သူများသည် တင်းမာနေမှုကို သိမ်မွေ့စွာ ဖြေလျော့နိုင်ခြင်း ( détente) သည် မည်မျှအထိ ထိန်းထားနိုင်မည်ကို မျှော်လင့်နေကြပြီး ယခုအချိန်အထိ အသက်ရှူချောင်နေခဲ့ကြသည်။

“ ထရန့်နှင့် မတ်စ်တို့သည် လာမည့်လများတွင် တက်ကြွသည့်ရက်များကဲ့သို့ ပြန်လည်၍ ချိတ်ဆက်ပြီး ထရန့်အိမ်တော် မာအေလာဂို (Mar-a-Lago) သို့ (တံခါးနောက်ကွယ်မှ ကြားဝင် စေ့စပ်ပေးသူများကြောင့်) ပြန်လည်ရောက်ရှိလာပါက ကျွန်ုပ်တို့အနေနှင့် အံ့အားသင့်မည်မဟုတ် ဟု WedBush မှ သုံးသပ်သူ ဒန်အိုင်ဗီးစ် (Dan Ives) က ရေးသားခဲ့သည်။ “ တရက်၏ နောက်ဆုံးကုန်ဆုံးမည့်အချိန်တွင် ထရန့်သည် မတ်စ်အား ရီပတ်ဘလီကန်ပါတီနှင့် နီးကပ်နေရန် လိုအပ်ပြီး မတ်စ်သည်လည်း အကြောင်းအရာများစွာအတွက် ထရန့်ကို လိုအပ်သည်။ အလိုအလျှောက်မောင်းနှင်သည့်(ယာဉ်များ) အတွက် ဖက်ဒရယ်မူဘောင်အရ ခွင့်ပြုချက် မီးစိမ်းပြခြင်းအတွက် ထရန့်ကို လိုအပ်ပါသည်။”

တယ်ဆလာ (Tesla) ၏ စတော့ရှယ်ယာများသည် တနင်္လာနေ့တွင် ၄.၆% မြင့်တက်ခဲ့သော်လည်း လူသိရှင်ကြား မကွဲပြဲမီ ကြာသပတေးနေ့တွင် စတင်ခဲ့သောရှယ်ယာ အောက်တွင်သာ ရှိနေသေးသည်။

တနင်္လာနေ့မွန်းလွဲပိုင်းတွင် ထရန့်သည် မတ်စ်အပေါ် အနည်းငယ် ပျော့ပျောင်းသောလေသံဖြင့် ပြောဆိုလာခဲ့သည်။

“ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်၊ ကျွန်တော် သူ့ကို အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်” ဟု အိမ်ဖြူတော်တွင် ကျင်းပသည့် ပွဲတစ်ခုအတွင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

သို့သော်လည်း “ မတ်စ်က ဖုန်းခေါ်လာရင် လက်ခံပြောမလား” ဆိုသည့်မေးခွန်းကိုတော့ သူက ဘာမှပြန်မပြောခဲ့ပါ။

“ တကယ်တော့ ငါ အဲဒါကို တကယ် မတွေးထားဖူးဘူး။ ငါ့ကို သူစကားပြောချင်လိမ့်မယ်လို့ ငါတွေးမိတယ်၊ ငါ ဒီလိုပဲ ထင်မိတယ်” ဟု ထရန့်က ဆိုသည်။

အီလွန်မတ်စ်နှင့် သမတထရန့်တို့ကို အိမ်ဖြူတော်ဘဲဥပုံရုံးတွင် အတူတွေ့ရစဉ်
အိမ်ဖြူတော်ဒုအရာရှိချုပ် စတီဖင် မီလာနှင့် ဇနီးသည် ကေတီမီလာ
အီလွန်မတ်စ်၊ အိမ်ဖြူတော်ဒုအရာရှိချုပ် စတီဖင် မီလာနှင့် ဇနီးသည် ကေတီမီလာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု