နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

‘ကောင်းမွန်သောယုံကြည်ချက်’ ရှိတဲ့ နိုင်ငံများအတွက် အကောက်ခွန် ခေတ္တဆိုင်းငံ့ခြင်းကို သက်တမ်းတိုးမည့် သဘော ဘက်ဆင့် (Bessent ) မျှော်လင့်ချက်များပေးလာခဲ့သည်။

ဇွန်လ၁၁ရက်၂၀၂၅ခုနှစ်၊

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး၏ မှတ်ချက်များသည် ထရန့် အစိုးရအနေနှင့်အခွန်သက်တမ်း တိုးချဲ့ပေးထားသော ရက်ရှိရောက်ရန် နီးကပ်လာသည်နှင့်အမျှ မိမိကိုယ်တိုင်သတ်မှတ်ထား သော နောက်ဆုံးရက်ကို ရွှေ့ပေးရန် ပိုမိုစိတ်ဆန္ဒရှိကြောင်း ဖော်ပြနေခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်(Scott Bessent) သည် အမေရိကန်ပြည်ထောင်စု၏ ထိပ်တန်းကုန်သွယ်ဖက်များအတွက် ဇူလိုင် ၉ ရက်ထက် ကျော်လွန်ပြီး သမ္မတ ဒေါ်နယ်ထရန့် ၏ လက်ရှိ ရက် ၉၀ အကောက်ခွန်တိုးကောက်မှုကိုခေတ္တရပ်ထားခြင်းကို သက်တမ်းတိုးရန် ဗုဒ္ဓဟူးနေ့တွင် အချက်ပြခဲ့ပြီး၊ ဆက်လက်၍ ကုန်သွယ်မှုဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများတွင် “ကောင်မွန်သောယုံကြည်မှု” ရှိကြောင်း ပြသနေသရွေ့ သက်တမ်းတိုးပေးမည့် သဘောကို ပြသခဲ့သည်။

အမေရိကန်တွင် “ အရေးကြီးသောကုန်သွယ်ဖက်နိုင်ငံ ၁၈ ခုရှိသည်” ဟုဝါရှင်တန်ရှိ အောက်လွှတ်တော် နည်းလမ်းနှင့်နည်းစနစ်များ (House Ways and Means) ကော်မတီ ရှေ့မှောက်တွင်ဘက်ဆင့် ကပြောကြားခဲ့သည်။ ထရန့် အစိုးရသည် ထိုနိုင်ငံများနှင့် သဘောတူညီချက်များရရှိရန်ဆောင်ရွက် နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ယုံကြည်စွာ စေ့စပ်ဆွေးနွေးနေသော ဥရောပသမဂ္ဂကဲ့သို့ နိုင်ငံများနှင့် ကုန်သွယ်မှု အစုအဖွဲ့များအတွက်” အမေရိကန်ပြည်ထောင်စုသည် “ကောင်းမွန်သောစိတ်ထားဖြင့် စေ့စပ်ဆွေးနွေးနေသူများ အတွက် ဆက်လက်ညှိနှိုင်းမှု ပြုလုပ်ရန် နေ့ရက်ကို နောက်ဆုတ်ရွေ့ဆိုင်းပေးလာမည်” ဟုဘက်ဆင့် မှ ပြောကြားခဲ့ပါသည်။

“တစ်စုံတစ်ယောက်က မညှိနှိုင်းချင်ဘူးဆိုရင် ကျွန်တော်တို့ ကလည်းလျော့မှာ မဟုတ်ဘူး” ဟု အောက်လွှတ်တော် အခွန်ပြဌာန်းသည့် ကော်မတီသို့ ပြောကြားခဲ့သည်။

ယခုအချိန်အထိ၊ ထရန့် အုပ်ချုပ်ရေးတာဝန်ရှိသူများသည် ခေတ္တဆိုင်းငံထား ချိန်မကုန်ဆုံးမီ အနည်းဆုံး “ သဘောတူညီချက်တစ်ခု၏ စည်းကမ်းချက်များ” မပါဘဲ ရက် ၉၀ အကောက်ခွန် ခေတ္တရပ်ထားမှုကို ရက်တိုးပေးရန် အကြံပြုထားခြင်းမရှိပါ။

ဘက်ဆင့် ၏မှတ်ချက်များသည် ထရန့်အစိုးရသည်သတ်မှတ်ရက် နီးကပ်လာသည်နှင့်အမျှ မိမိကိုယ်တိုင်သတ်မှတ်ထားသော နောက်ဆုံးရက်ကို ပြောင်းပေးရန် ပို၍ စိတ်ဆန္ဒရှိ နိုင်သည် ဟု ဖော်ပြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အပြန်အလှန် စည်းကြပ်ခွန်များဆိုင်ရာ ရက်ပေါင်း ၉၀ ခေတ္တရပ်နားထားမှုသည် တစ်လမပြည့်မီတွင် ကုန်ဆုံးတော့မည်ဖြစ်သည်။

နိုင်ငံပေါင်း ဒါဇင်ဝက်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ လက်မှတ်ရေးထိုးဖို့ နီးစပ် နေပြီဟုထရန့် အရာရှိများက ထပ်ခါတလဲလဲ ပြောခဲ့သော်လည်း ယခုအချိန်အထိ အိမ်ဖြူတော်သည် ဗြိတိန်နှင့် တရားဝင်ကုန်သွယ်မှုသဘောတူညီချက်နှင့် တရုတ်နိုင်ငံနှင့် မူဘောင်သဘောတူညီချက်တစ်ခုသာ ထုတ်ပြန်ကြေညာထားသည်။

အမေရိကန်-တရုတ် သဘောတူညီချက်ကို ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ကြေညာခဲ့သော်လည်း သဘောတူညီချက်၏ အသေးစိတ်အချက်အလတ်များကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

NBC News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု