နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းနိုင်ငံ ဆူမီမြို့ကို ရုရှားတိုက်ခိုက်မှုကို အနောက်နိုင်ငံခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂက ရှုတ်ချ

ဧပြီလ (၁၄) ရက်။

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆူမီမြို့လယ်ကို ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းအပေါ် ပံ့ပိုးကူညီသည့် အနောက်နိုင်ငံများက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဧပြီလ ၁၃ ရက်နေ့က ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင် ကလေးနှစ်ဦးအပါအဝင် လူ ၃၄ ဦး သေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Iskander ပဲ့ထိန်းဒုံးကျည် အမျိုးအစား နှစ်စင်းသည် တက္ကသိုလ်တစ်ခုနှင့် ဆူမီမြို့ရှိ တက္ကသိုလ် ကွန်ဖရင့်စင်တာအနီး၌ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ကျရောက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ “ ဒီတိုက်ခိုက်မှုဟာ ကြောက်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။

ဂျာမနီ၏ အဓိပတိဖြစ်လာမည့်သူဖြစ်လာမည့် ဖရက်ဒရစ်ချ် မာ့ဇ် (Friedrich Merz) ကလည်း ရုရှားသည် စစ်ရာဇ၀တ်မှုများ ကျူးလွန်နေသည်ဟု စွပ်စွဲခဲ့သည်။

ရုရှားကတော့ ဤတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တရားဝင် မှတ်ချက်မပေးသေးပါ။ နယ်စပ်အနီးတွင် ရုရှားတပ်ဖွဲ့များသည် ကြီးကြီးမားမား ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

ယခုနှစ်တွင် ယူကရိန်း၏ အကြီးဆုံး စစ်ဘက်ဆိုင်ရာ ကျောထောက်နောက်ခံဖြစ်သော အမေရိကန်သည် သမ္မတ ဒေါ်နယ်ထရန့်လက်ထက်၌ စစ်ပွဲကို စေ့စပ်ညှိနှိုင်းမှုဖြင့်အဆုံးသတ်ရန် ကြိုးပမ်းနေသည်။

ဤတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဒေါ်နယ်ထရန့်က “ ကြောက်စရာကောင်းတယ်” ဟု ပြောဆိုခဲ့ပြီး” ရုရှားဟာ အမှားတွေလုပ်နေတယ်လို့ ကြားတယ်” ဟု ပြောခဲ့သော်လည်း အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါ။

ယူကရိန်းဆိုင်ရာ အမေရိကန် အထူးသံတမန် ကိ့သ်ကဲလ်လော့ဂ် (Keith Kellogg) က အစောပိုင်းတွင် အဆိုပါ တိုက်ခိုက်မှုသည် “ဆင်ခြင်တုံတရားမရှိ” ဟု ရှုတ်ချခဲ့သည်။

ယူကရိန်းသမ္မတဗလာဒီမာဇလန်းစကီးက ထရမ့်ကို ယူကရိန်းနိုင်ငံကို အလည်အပတ် လာရောက်ပြီး ရုရှား၏ ရန်စမှုများကြောင့် ပျက်စီးမှုများကို ကိုယ်တိုင်လာရောက်ကြည့်ရှုရန် တိုက်တွန်းခဲ့ပါသည်။

“ ဆုံးဖြတ်ချက်တွေမချခင် ဒါမှမဟုတ် ညှိနှိုင်းရေးတွေ မလုပ်ခင်မှာ သေဆုံးသွားတဲ့အရပ်သားတွေ၊ တိုက်ခိုက်ရေးသမားတွေ၊ ဖျက်စီးခံလိုက်ရတဲ့ ဆေးရုံတွေ၊ ဘုရားကျောင်းတွေနဲ့ ကလေးတွေကို လာရောက် ကြည့်ရှုစေချင်ပါတယ်” ဟု ဆူနီမြို့ကို ရုရှားတိုက်ခိုက်ခြင်းမပြုမီ ရိုက်ကူးထားသည့် CBS TV နှင့် အင်တာဗျူးတစ်ခုတွင် ဇလန်းစကီးက ပြောကြားခဲ့သည်။

လာမည့်လတွင် ဂျာမန်အဓိပတိဖြစ်လာမည့် ဖရက်ဒရစ်ချ် မာ့ဇ် (Friedrich Merz) က ဆူမီမြို့ကို တိုက်ခိုက်ခြင်းသည် “ စက်ဆုပ်ဖွယ်ကောင်းတဲ့ လုပ်ရပ်၊ တမင်ကြံရွယ်ပြီး ကြိုတင်ပြင်ဆင်ထားတဲ့ ကြီးမာတဲ့ စစ်ရာဇ၀တ်မှုဖြစ်တယ်” ဟု ဂျာမန်လူထုအသံလွှင့်ဌာန ARD သို့ ပြောကြားခဲ့သည်။

ထိုအတောအတွင်း ရာထူးမှ နှုတ်ထွက်တော့မည့် ဂျာမန်အဓိပတိ အိုလတ်ဖ် ရှုဇ် (Olaf Scholz) က “ဒီတိုက်ခိုက်မှုဟာ ရုရှားရဲ့ ငြိမ်းချမ်းရေး အဆင်သင့်ဖြစ်နေတယ်ဆိုတာ ဘာကိုဆိုလိုတာကို ပြသလိုက်ကြောင်း” ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ရုရှားသည် လူ့အသက်၊ နိုင်ငံတကာဥပဒေနှင့် သမ္မတထရန့်၏ သံတမန်ရေးရာ ကြိုးပမ်းမှုများကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုသည်ဟု စွပ်စွဲခဲ့သည်။

တိုက်ခိုက်မှုသည် အပစ်အခတ်ရပ်စဲရေးအတွက် ရုရှားကို ဖိအားပေးရန် အရေးတကြီး လိုအပ်နေကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။ ပြင်သစ်သည် ၎င်း၏လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ဤပန်းတိုင်ဆီသို့ ရောက်ရှိအောင် စဉ်ဆက်မပြတ် ကြိုပမ်းအားထုပ်နေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာစူလာဗွန်ဒါလီယန် (Ursula von der Leyen) က အဆိုပါတိုက်ခိုက်မှုသည် “ရိုင်းစိုင်းသောလုပ်ရပ်” အဖြစ် ဖော်ပြခဲ့ပြီး ရုရှားသည် နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုပြီး ရန်လိုကျူးကျော်သူအဖြစ် ဆက်လက်ကျူးလွန်နေသည်ဟု ပြောကြားခဲ့သည်။

“ အပစ်အခတ်ရပ်စဲရေးကို ခိုင်ခိုင်မာမာ အကောင်အထည်ဖော်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ သွေးထွက်သံယိုမှုတွေ အဆုံးသတ်ပြီး ယူကရိန်းရဲ့သတ်မှတ်ချက်နဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး မပြီးမချင်း ရုရှားအပေါ် ပြင်းထန်တဲ့ ဖိအားတွေကို ဆက်ထိန်းထားဖို့ ဥရောပက ကျွန်မတို့ရဲ့ မိတ်ဖက်တွေနဲ့ ဆက်ပြီး ဆက်ဆံသွားမှာ ဖြစ်ပါတယ်။”

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ (Keir Starmer) ကလည်း အဆိုပါတိုက်ခိုက်မှုကို ကြောက်မက်ဖွယ်အဖြစ် ရှုတ်ချခဲ့သည်။ “ သမ္မတဇလန်းစကီးက ငြိမ်းချမ်းရေးအတွက် သူ့ရဲ့ကတိကဝတ်ကို ပြသခဲ့ပြီး (ရုရှားသမ္မတ ဗလာဒီမာ) ပူတင်နဲ့ ယူကရိန်းတို့ကလည်း ကန့်သတ်ချက်တွေ မရှိဘဲ ချက်ချင်း အပစ်အခတ်ရပ်စဲရေးကို သဘောတူရမယ်” ဟု ၎င်းက ပြောပါသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ ကမူ ဒုံးကျည်ပစ်လွှတ်မှုနှင့်ပတ်သက်၍ “အလွန်စိုးရိမ်ပြီး တုန်လှုပ်သွားသည်” ဟု ပြောကြားခဲ့သည်။

“ အရပ်သားတွေနဲ့ အရပ်ဘက်အဆောက်အအုံတွေကို မတိုက်ခိုက်ဖို့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေနဲ့ တားမြစ်ထားပါတယ်။ ဒီလို တိုက်ခိုက်မှုတွေကို ဘယ်နေရာမှာပဲ ဖြစ်နေပါစေ ချက်ချင်းရပ်တန့်ရမယ်” လို့ ထပ်လောင်းပြောရားခဲ့ပါတယ်။

“ကုလသမဂ္ဂကအနေနဲ့ ယူကရိန်းရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ နယ်မြေစိုးမိုးရေးကို အပြည့်အဝထောက်ခံတယ်” “တရားမျှတပြီ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးရဖို့ အဓိပ္ပာယ်ရှိတဲ့ ကြိုးပမ်းမှုတွေကို ကုလသမဂ္ဂက ထောက်ခံကြောင်း” ဂူတာရက်စ်က အလေးအနက် ပြောကြားခဲ့သည်။

၁၃ ရက်နေ့ တိုက်ခိုက်မှုသည် ယခုနှစ်အတွင်း တိုက်ခိုက်မှုတစ်ခုတည်းတွင် အရပ်သားသေဆုံးမှု အများဆုံးဖြစ်သည်။

(၄) ရက်နေ့ကလည်း ယူကရိန်းနိုင်ငံ အလယ်ပိုင်း ကရီဗီ ရီရာ (Kryvyi Rih) မြို့တွင် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် လူ ၂၀ သေဆုံးပြီး ၆၁ ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် စားသောက်ဆိုင်တစ်ဆိုင်တွင် “ တပ်မှူးများနှင့် အနောက်တိုင်းနိုင်ငံတွေက သင်တန်းပို့ချသူများ တွေ့ဆုံပွဲ” ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သော်လည်း မည်သည့်အထောက်အထားမျှ မပြခဲ့ပေ။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းကို ရုရှားက လုံးလုံးလျားလျား ကျူးကျော်ဝင်ရောက်ပြီးကတည်းက လူပေါင်းသောင်းနှင့်ချီ သေဆုံးပြီး ဒဏ်ရာရခဲ့ပြီး အများစုမှာ စစ်သားများဖြစ်သည်။

လက်ရှိတွင် ယူကရိန်းနိုင်ငံသား ခုနစ်သန်းခန့်သည် ဒုက္ခသည်များအဖြစ် နေထိုင်နေရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

ယူကရိန်းနှင့် ရုရှားကြား ပဋိပက္ခသည် ၂၀၁၄ ခုနှစ်မှ စတင်ခဲ့သည်။ ရုရှားလိုလားသော ယူကရိန်းအစိုးရကို ဖြုတ်ချပြီးနောက် ရုရှားသည် ပင်လယ်နက်ကမ်းရိုးတန်းရှိ ခရိုင်းမီးယားကျွန်းဆွယ်ကို တရားမဝင် သိမ်းပိုက်ခဲ့သည်။ ယူကရိန်း အရှေ့ပိုင်းရှိ တိုက်ပွဲများတွင် ယူကရိန်းအစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့များကိုလည်း ရုရှားက ထောက်ပံ့ပေးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 56 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 51 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 79 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 57 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 59 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”