နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

တောင်ကိုရီးယားသမ္မတဖမ်းဆီးထိန်းသိမ်းခံရတဲ့ဖြစ်စဉ်


စစ်အုပ်ချုပ်ရေးကြေညာမှုဖြစ်စဉ်မှာ အပြစ်ရှိတယ်လို့ စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုလ်ဟာ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး တောင်ကိုရီးယားသမိုင်းမှာ တာဝန်ထမ်းဆောင်ချိန်အတွင်း ပထမဆုံးအဖမ်းခံရတဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။


ယွန်ဆွတ်ယိုဟာ ပြီးခဲ့တဲ့လအတွင်းက တိုင်းပြည်ကို အရေးပေါ်မာရှယ်လောထုတ်ပြန်ကြေညာကာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ရှောင်ရှားဖို့အတွက် နေအိမ်မှာ ရက်သတ္တပတ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့တာဖြစ်ပါတယ်။


ဗုဒ္ဓဟူးနေ့ကတော့ ရဲတပ်ဖွဲ့ဝင် ၃၀၀၀ ခန့်ဟာ ယွန်ဆွတ်ယိုလ်ရဲ့ နေအိမ်ကို ပိတ်ဆို့ဖမ်းဆီးကာ မော်တော်ယာဉ်တန်းနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီ (CIO) သို့မဟုတ် အဆင့်မြင့်အရာရှိတွေ အကျင့်ပျက်ခြစားမှုကို စုံစမ်းစစ်ဆေးတဲ့ရုံးကို ပို့ဆောင်လိုက်ကြတယ်လို့ တောင်ကိုရီးယားသတင်းတွေမှာ ဖော်ပြကြပါတယ်။


တောင်ကိုရီးယားဂျာနယ်လစ်တွေဟာ မြို့တော်ဆိုးလ်ရဲ့တောင်ဘက် ဂွါချီယွန်က ရုံးရှေ့မှာ ယွန်ဆွတ်ယိုလ် ကားပေါ်က ဆင်းလာတဲ့ပုံကို ဖော်ပြခဲ့ကြပြီး အဲဒီရုံးမှာ ၄၈ နာရီကြာ စုံစမ်းစစ်ဆေးခြင်းခံရနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ ယွန်ဆွတ်ယိုလ်ကို ပြန်လွှတ်ပေးဖို့ ဒါမှမဟုတ် အချိန်ကြာကြာဖမ်းဆီးထိန်းသိမ်းဖို့ ၀ရမ်းထုတ်မယ်လို့လည်း သိရပါတယ်။
အထိန်းသိမ်းမခံရမီ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းမှာ ယွန်ဆွတ်ယိုလ်က သူ့အနေနဲ့ သွေးထွက်သံယိုမှုမှန်သမျှကို ရှောင်ရှားဖို့ဆုံးဖြတ်ခဲ့ပြီး စုံစမ်းစစ်ဆေးခြင်းနဲ့ ဖမ်းဆီးခြင်းဟာ တရားဝင်မှု ရှိ၊မရှိကို မေးခွန်းထုတ်ခဲ့ပါတယ်။


“ ဒီနေ့ ကျတော့်အိမ်ထဲကို သူတို့က မီးသတ်ဆေးဗူးတွေသုံးပြီး ဖောက်ထွင်းဝင်ရောက်လာကြပါတယ်။ CIO ရဲ့ စုံစမ်းစစ်ဆေးခြင်းနဲ့ ဖမ်းဆီးထိန်းသိမ်းမှုဟာ တရားမဝင်ပေမယ့် သွေးထွက်သံယိုမှုတွေမဖြစ်အောင် တုံ့ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ယွန် က အဲဒီဗီဒီယိုထဲမှာ ပြောထားခဲ့တာဖြစ်ပါတယ်။


ဗုဒ္ဓဟူးနေ့အစောပိုင်းက ဖြစ်စဉ်မှာ ယွန်ဆွတ်ယိုလ်ကို ဖမ်းဆီးဖို့ ကြိုးစားနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူ့ကို အားပေးထောက်ခံသူတွေကြား ပြဿနာအချို့လည်း ရှိခဲ့ပါတယ်။ ထောက်ခံသူတွေက ယွန်ဆွတ်ယိုလ်ရဲ့ အခြေအနေနဲ့ 2020 ရွေးကောက်ပွဲမှာ မဲလိမ်လည်မှုရှိခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အမေရိကန်ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရန့်အနေအထားနဲ့ နှိုင်းယှဉ်ပြခဲ့ကြပါတယ်။


ယွန်ရဲ့ရှေ့နေတွေကတော့ ဖမ်း၀ရမ်းက တရားမဝင်ဘူးလို့ ဆိုပါတယ်။ တရားရုံးဟာ မှားယွင်းတဲ့ တရားစီးရင်မှုမျိုးကို ချမှတ်ခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးဖို့ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဟာ လုပ်ပိုင်ခွင့်မရှိတဲ့ အဖွဲ့အစည်းလို့ ရှေ့နေတွေက ပြောပါတယ်။ ဒီဇင်ဘာလ 3 ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့နောက်ပိုင်း တောင်ကိုရီးယားနိုင်ငံမှာ မကြုံစဖူးနိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်ပေါ်ခဲ့ရပြီး အဲဒီဖြစ်စဉ်တွေမှာ အပြစ်ရှိတဲ့ ယွန်ဆွတ်ယိုလ်ကို စွပ်စွဲပြစ်တင်ဖို့ လွှတ်တော်အမတ်တွေက မဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 30 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 40 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 55 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု