နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရမ့်သည် ယူကရိန်းသို့ လက်နက်များ ပေးပို့မည့် အစီအစဉ်သစ်ကို ကြေညာပြီး ရုရှားကို ငြိမ်းချမ်းရေးရယူရန် နောက်ဆုံးရက်အသစ်သတ်မှတ် ပေးခဲ့သည်။

CNN —ဇူလိုင် ၁၄၊ ၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန်အတွက် ရုရှားအား ဖိအားပေးရန် ရည်ရွယ်ထားသည့် အဆင့်နှစ်ဆင့်ဖြစ်သည့် ကိယက်ဗ်မြို့သို့ လက်နက် အသစ်များ ဖြန့်ကျက်ခြင်းနှင့် ရက်ပေါင်း ၅၀ အတွင်း ငြိမ်းချမ်းရေးမရပါက မော်စကိုအပေါ် စီးပွားရေးအရ ဒဏ်ခတ်မည်ဟု ခြိမ်းခြောက်ခြင်း အပါအဝင် ယူကရိန်းတွင် ရုရှားက ဝင်ရောက် ကျူးကျော်တိုက်ခိုက်နေခြင်းကို ဖိအားပေးရန် ရည်ရွယ်ထားသည်။

ထိုအရာနှစ်ခုကိုပူးတွဲလုပ်ဆောင်ခြင်းသည် ပဋိပက္ခအတွက် သိသာထင်ရှားသော ချဉ်းကပ်မှု အသစ်တစ်ခုသို့ ဖြစ်ပြီး ဇန်နဝါရီလတွင် ထရန့်မှတာဝန်ယူကတည်းက ယူကရိန်း-ရုရှားစစ် နှင့်ခပ်ကင်းကင်းနေခဲ့ခြင်းမှ တဖန်ပါဝင်လာခဲ့ခြင်းဖြစ်သည်။ ဘဲဥပုံရုံးမှ ကြေငြာချက် ထုတ်ပြန်စဉ်တွင်ပင် သမ္မတက တာရှည် စစ်ပွဲ ဖြစ်နေခြင်းအတွက် သူ့ကိုအပြစ်မတင်နိုင် ကြောင်းပြောဆိုခဲ့သည်။

သို့သော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်ကို သူသည်လုံးလုံးလျားလျား စိတ်ပျက် နေပုံ ရသည်။ ကိယက်ဗ်သည် အပြည့်အ၀ ကျူးကျော်မှုကို ခုခံရန် အမေရိကန်လက်နက်များ လိုအပ်မည်ဖြစ်ပြီးထိုသို့ ပေးအပ်ခဲ့ခြင်းကို၎င်းတို့ကကျေးဇူးတင် အသိအမှတ်ပြုခဲ့သည်။

ရုရှားနဲ့ အလားအလာရှိတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ရည်ညွှန်းပြီး ထရန့် က “ ကျွန်တော်တို့မှာ လေးကြိမ်လောက် သဘောတူညီမှုရခဲ့တယ်လို့ ခံစားမိပါတယ်။ “ ဒါပေမယ့် အဲဒါကဖြစ်မလာဘဲစစ်က ဆက်ပြီးဖြစ်နေတယ်။”

တနင်္လာနေ့တွင် သမ္မတထရန့်က ထုတ်ဖော်ပြသခဲ့သည့် အစီအစဥ်တွင်- ဥရောပ နိုင်ငံများ သည် အမေရိကန် လက်နက်များကိုဝယ်ယူပြီးနောက် ယူကရိန်းသို့ လွှဲပြောင်းပေးမည့် အစီအစဉ်ကို လအတော်ကြာ ဆွေးနွေးနေဆဲဖြစ်ပြီး ယမန်နှစ်ရွေးကောက်ပွဲတွင်ထရန့် အနိုင်ရပြီး ကတည်းက ဥရောပတာဝန်ရှိသူများက ယူကရိန်းသို့ အမေရိကန်လက်နက်များ တင်ပို့ရောင်းချမှုကို ဆက်ထိန်းထားနိုင်ရန် နည်းလမ်းများကို လျင်မြန်စွာ စတင်ဆွေးနွေး ခဲ့ကြသည်။

ရှစ်လအကြာတွင် သမ္မတသည် ဘဲဥပုံရုံးတွင် နေတိုးအတွင်းရေးမှူးချုပ် မာ့ခ် ရု့တေ(Mark Rutte) နှင့် တွေ့ဆုံစဉ် အဆိုပါအစီအစဉ်ကို ကြေညာခဲ့သည်။ ရက်ပေါင်း ၅၀ အတွင်း ယူကရိန်းနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် မရရှိခဲ့ပါက ရုရှားအတွက် ၎င်း၏ ကုန်သွယ်ရေးအကျိုးဆက်များကိုခံရမည် ဟုနောက်ဆုံးရက်သတ်မှတ်ချက်အသစ်ကို သမ္မတက ချမှတ်ခဲ့သည်။

“ ကျွန်တော်တို့မှာ ရက်ပေါင်း ၅၀ အတွင်း သဘောတူညီချက်မရခဲ့ရင် အလွန်ပြင်းထန်တဲ့ အခွန်စည်းကြပ်မှုတွေ လုပ်မှာပါ” ဟု ထရန့် က ပြောကြားခဲ့သည်။ “ အခွန်စည်းကြပ်မှု ၁၀၀% လောက်ကို သာမညအခွန်အကောက်တွေလို့ ခေါ်ပါတယ်။ အဲဒါက ဘာကိုဆိုလိုလဲ သိလား။”

“ကျွန်တော် ကုန်သွယ်မှုကို အရာတော်တော်များများအတွက် အသုံးပြုပါတယ်” ဟု ထရန့် က ပြောကြားခဲ့သည်။ “ ဒါပေမယ့် စစ်ပွဲတွေ ပြေငြိမ်းဖို့ လုပ်တာကောင်းပါတယ်။”

သမ္မတက “ ဒုတိယအခွန်စည်းကြပ်မှု” ကိုရည်ညွှန်းသောအခါတွင်သူသည်ရုရှားအပေါ် ၁၀၀% စည်းကြပ်ခွန်များနှင့်ရုရှား၏ဆီကိုဝယ်ယူသော အခြားနိုင်ငံများအပေါ် ဒုတိယပိတ်ဆို့မှုများကို ဆိုလိုကြောင်းအိမ်ဖြူတော်အရာရှိတစ်ဦးက CNN သို့ရှင်းလင်းပြောကြားခဲ့သည်။ အမေရိကန်သည် ရုရှားနှင့် ကုန်သွယ်မှု အနည်းငယ်သာ လုပ်ဆောင်ပြီး ဒုတိယ ပိတ်ဆို့အရေးယူမှုများသည် ရုရှားအတွက်အထိခိုက်ဆုံး ဖြစ်နိုင်ချေရှိသော အပိုင်းဖြစ်သည်။

“ ဒါဟာ ဒုတိယ ဒဏ်ခတ်ပိတ်ဆို့မှုတွေပါ။ ရုရှားကနေ ရေနံဝယ်ယူနေတဲ့ နိုင်ငံတွေကို ပိတ်ဆို့ အရေးယူတာ ဖြစ်တယ်။ ဒါကြောင့် ရုရှားကို ပိတ်ဆို့အရေးယူနေတာ မဟုတ်ဘူး” ဟု နေတိုး ဆိုင်ရာ အမေရိကန် သံအမတ် မတ် ဝတ်တကာ(Matt Whitaker) က အိမ်ဖြူတော်တွင် CNN သတင်းထောက်ကိတ်လန်ကောလင်း( Kaitlan Collins )သို့ ပြောကြားခဲ့သည်။ “ သူတို့ရဲ့ ရေနံကို ဝယ်နေတဲ့ အိန္ဒိယနဲ့ တရုတ်တို့လို နိုင်ငံတွေအပေါ် စည်းကြပ်ခွန်တွေ ကောက်ခံ တာကလည်း ရုရှားစီးပွားရေးကို တကယ်ပဲ သက်ရောက်မှုရှိစေမှာပါ”

တနင်္လာနေ့တွင် သမ္မတ၏ ကြေငြာချက်နှစ်ခုကိုလေ့လာခြင်းအားဖြင့် ပူတင်အပေါ် သူ၏ စိတ်အနှောက်အယှက်ဖြစ်မှုမှာ တဦးနှင့်တဦး ရှည်လျားသောဆက်ဆံရေးရှိခဲ့ပြီး တစ်ခါတစ်ရံ ရှုပ်ထွေးသောအခြေအနေကြောင့်ဖြစ်သည်။ ယူကရိန်းကို ကျူးကျော်ရန် ပူတင်က ဆုံးဖြတ်ချက်ကို ချခဲ့ပြီးနောက် စစ်ပွဲအဆုံးသတ်ရေးကို သူ့အနေနှင့် ကျိုးစား ဆောင်ရွက်မှုကို  မော်စကိုက လျစ်လျူရှုခဲ့ခြင်းကြောင့် ထရမ့်က ဒေါသထွက် နေပုံပေါ်သည်။

“သူနဲ့ကျွန်တော် စကားပြောရတာ အရမ်းကိုအဆင်ပြေတယ်၊ ပြီးတော့ ညဘက် ရောက်တဲ့ အခါ သူက ဒုံးကျည်တွေ ပစ်လွှတ်လိုက်တယ်” ဟုဆိုသည်။  သူ့အရင် သမတအတွက် ဆင်ထားတဲ့ ထောင်ချောက်ထဲကို သူကျသွားကြောင်း ငြင်းဆိုသော်လည်း “သူက ကလင်တန်၊ ဘုရှ်၊ အိုဘားမား၊ ဘိုင်ဒင်တို့ ကို လှည့်စားခဲ့တယ်၊ သူက ငါ့ကိုတော့မလှည့်စားဘူး” ဟု ထရန့်က ပြောကြားခဲ့သည်။

ထရန့် နှင့်အတူထိုင်ရင်း ရု့တေ(Rutte) က လက်နက်သဘောတူညီချက်သည် စစ်ပွဲကို ပြောင်းလဲစေမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သူက ဂျာမနီ၊ ဖင်လန်၊ ဒိန်းမတ်၊ ဆွီဒင်နှင့် နော်ဝေးအပါအဝင် နိုင်ငံအများအပြားသည် စစ်လက်နက်ပစ္စည်းအသစ်များ၏ အလားအလာ ရှိသော ပေးအပ်သူများအဖြစ် သတ်မှတ်ခဲ့သည်။

ထရန့်ဖက်မှ ဥရောပကို ပံ့ပိုးကူညီမှုအသစ်အား အီးယူမှ ကြိုဆိုခဲ့ကြသည်။ ထရန့် သည် စစ်ပွဲ၏ ဝန်ထုပ်ဝန်ပိုးအချို့ကို ထမ်းရွက်လိုစိတ်ရှိသော ဥရောပတိုက်(အီးယူ)၏ စိတ်အားထက်သန်မှု အားအထင်ကြီးလာသူအဖြစ် ဖော်ပြခဲ့သည်။

“ ဥရောပမှာ ဒီစစ်ပွဲအတွက် စိတ်ဓာတ်အင်အားတွေ အများကြီး ရှိတယ်။ ကျွန်တော် ပထမဆုံး ပါဝင်လာတုန်းကတော့ သူတို့ လုပ်မယ်လို့ မထင်ထားပေမယ့် သူတို့ လုပ်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။ “ သူတို့မှာရှိတဲ့ အဖွဲ့တစ်ဖွဲ့၏အဖွဲ့ဝင်များမှ မျှဝေသော ဂုဏ်ယူမှုနှင့် အပြန်အလှန် သစ္စာရှိမှု ခံစားချက်(esprit de corps) အဆင့်က အံ့သြစရာကောင်းတယ်” ဟု ထရန့်က ချီးမွန်းခဲ့သည်။

အစီအစဉ်အသစ်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် “ လက်နက်အပြည့်အစုံ” ပေးပို့ခြင်းကို သမ္မတကထုတ်ဖော်ပြောပြခဲ့သည်။ ပက်ထရော့(Patriot) ဒုံးခွင်းဒုံး ဘက်ထရီများအပြင် ကိ့ဗ် ၏ ဆန္ဒစာရင်းတွင် လိုအပ်သော ယူကရိန်း ကာကွယ်ရေး အတွက် အရေးပါသည် စစ်ရေးဆိုင်ရာထိပ်တန်းပစ္စည်းများပါသည် ဟု ထရန့် က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည် – အမေရိကန်သည် တာတိုပစ်ဒုံးကျည်များ၊ ဟောင်ဝစ်ဇာ(Howitzer) အမြောက်များနှင့် တာလတ်ပစ် ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်များကို ယူကရိန်းသို့ လွှဲပြောင်းပေးမည့် NATO အဖွဲ့ဝင်များထံ လွှဲပြောင်းရောင်းချနိုင်သည်ဟု ဆွေးနွေးပွဲများနှင့် ရင်းနှီးသူတစ်ဦးက ကြေညာချက်မတိုင်မီ ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံသို့ လက်နက်များ ပို့ဆောင်ရာတွင် ချက်ချင်းအာရုံစိုက်မှုမှာ ရုရှားပဲ့ထိန်း ဒုံးကျည်များကို ကြားဖြတ်နိုင်သည့် ပက်ထရော့ (Patriot) ဘက်ထရီများကဲ့သို့ ကာကွယ်ရေး စနစ်များပေါ်တွင်သာ အာရုံစိုက်ထားကြောင်း အမေရိကန် နေတိုး အထူးသံတမန် ဝတ်တစ်ကာ (Whitaker) က ပြောကြားခဲ့သည်။ ဒါပေမဲ့ သူက ထိုးစစ်ဆင်တိုက်ခိုက်ရေး လက်နက်တွေ မပေးဘူးဟု ငြင်းခဲ့သည်။

“လက်နက်အားလုံးက ထိုးစစ်ရော ခံစစ်ပါ”သုံးနိုင်သည် ဟု ၎င်းက ဆိုသည်။ “အခြေအနေ အရ လေကြောင်းရန်ကာကွယ်ရေးစနစ်ကပို အရေးကြီးတယ် ဆိုတာ သိသာထင်ရှားပါတယ်၊ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ သဘောတူထားတဲ့ အထဲက ဘာကိုမှ ဖြုတ်ချမထားပါဘူး။”

ပက်ထရော့(Patriot )ဘက်ထရီများကို ပိုမိုလုံခြုံအောင် ပြုလုပ်ခြင်းသည် ယူကရိန်းအတွက် အဓိက အောင်ပွဲတစ်ခုဖြစ်သည်။ အဆိုပါ လေကြောင်းရန်ကာကွယ်ရေးစနစ်များ အသုံးပြုခွင့် ဆုံးရှုံးရမည့် ခြိမ်းခြောက်မှုမှာ ယူကရိန်း အရပ်သား သန်းပေါင်းများစွာ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် ယူကရိန်း၏ အကြီးမားဆုံး စိုးရိမ်မှုများထဲတွင် ကာလကြာရှည်စွာ ရှိနေခဲ့သည်။

လက်နက်နဲ့ပတ်သက်တဲ့ ထရန့် ရဲ့ ဆုံးဖြတ်ချက်နောက်ကွယ်က တွေးခေါ်မှုတွေက များပြားစွာရှိနေတယ်လို့ အရာရှိတွေက ပြောပါတယ်။

ယူကရိန်းနိုင်ငံကိုတိုက်ရိုက် လွှဲပြောင်းပေးမယ့်အစား ဥရောပနိုင်ငံတွေကို လက်နက် ရောင်းချခြင်းဖြင့်၊ ရုရှား-ယူကရိန်း နှစ်ရှည်စစ်ပွဲမှာ အမေရိကန်ရဲ့အခန်းကဏ္ဍကို လျှော့ချဖို့ မဲဆွယ် စည်းရုံးရေး ကတိကဝတ်ကို ပြောင်းပြန်လှန်နေတယ်လို့ ထရန့်ကို နိုင်ငံရေးအရ ဝေဖန်မှုတွေကနေ အကာအကွယ်ပေးဖို့ မျှော်လင့်လုပ်ဆောင်ခဲ့တာဖြစ်သည်။

သူသည် ဘဏ္ဍာရေးဆိုင်ရာ အကျုံးဝင်မှုကိုလည်း မျှော်လင့်နေပါသည်- ပက်ထရော့(Patriot) ဒုံးခွင်းဒုံးစနစ်တစ်ခုစီသည် အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၁ ဘီလီယံခန့် ကုန်ကျပြီး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်အတွက် ရရှိမည့်အမြတ်အစွန်းများကို ထုတ်ဖော်ပြသထားပြီးဖြစ်သည်။

အမေရိကန်မှ ရွှေ့ပြောင်းခြင်း သို့မဟုတ် အမေရိကန်စက်ရုံတွင် အသစ်ထုတ်လုပ်ခြင်းအား ဆန့်ကျင်သည့်အနေဖြင့် ဥရောပတွင် ရှိနှင့်ပြီးပါက ပက်ထရော့ဒုံး စနစ်များကို ယူကရိန်းသို့ ပို့နိုင်ပါက ပိုမိုမြန်ဆန်မည်ဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက မှတ်ချက်ပြုခဲ့သည်။

ယူကရိန်းအား လက်နက်အသစ်များ တိုးမြှင့်ပေးအပ်ခြင်းသည် အနည်းဆုံး အမေရိကန် အရာရှိအချို့၏အမြင်တွင် ထရန့်သည် လွန်ခဲ့သည့်အပတ်က ပြောင်ပြောင်တင်းတင်း သူ့အားလှည့်စားခဲ့သည်ဟု ပူတင်အပေါ် စွပ်စွဲခဲ့ပြီး ၎င်း၏စိတ်ပျက်မှုကို အလေးအနက် ထားနေကြောင်း မော်စကိုသို့ အချက်ပြလိုက်နိုင်သည်။

“သူ ပူတင်ကို အကြီးအကျယ် စိတ်ပျက်နေပါတယ်” ဟု အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ “ သူဟာ စစ်ပွဲအဆုံးသတ်ရေးမှာ အလေးအနက်ထားရှိကြောင်း ပြသချင်တာဖြစ်ပြီး ဒါဟာ ပူတင်ကို စေ့စပ်ညှိနှိုင်းဖို့ အချိန်ရောက်နေပြီဆိုတာ ပြသနိုင်ပါလိမ့်မယ်။”

အဆိုပါ အစီအစဉ်ကို ပြီးခဲ့သည့်လက နယ်သာလန်တွင် ကျင်းပခဲ့သော နေတိုးထိပ်သီး အစည်းအဝေးတွင် ထရမ့်က ဥရောပခေါင်းဆောင်များနှင့် ယူကရိန်းသမ္မတတို့နှင့် တွေ့ဆုံခဲ့ရာ အံ့အားသင့်ဖွယ် အကျိုးဖြစ်ထွန်းသည်ဟု ရင်းနှီးသူများမှ ဖော်ပြသည့် ဆွေးနွေးပွဲအတွက် အလေးအနက်ထား ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

သို့သော် ၎င်း၏အခြေခံဇစ်မြစ်မှာ ယမန်နှစ်ရွေးကောက်ပွဲတွင် ထရန့် အနိုင်ရပြီးနောက် လများ အစောပိုင်းတွင် ကိ့ဗ် အတွက် အမေရိကန်၏ထောက်ခံမှုကို သံသယအသစ် ဖြစ်လာစေခဲ့သည်။ သမ္မတလောင်းအဖြစ် ထရန့်မှကတိပြုထားသည့်အတိုင်း ပြည်ပစစ်ပွဲများ တွင်မပါ ဝင်ရန် ယူကရိန်းအား လက်နက်များ ပံ့ပိုးသည့်အခန်းကဏ္ဍကို ရုပ်သိမ်းခဲ့လျှင်ပင် ယူကရိန်းအား လက်နက်များ ဆက်လက်ပံ့ပိုးကူညီနိုင်စေမည့် နည်းလမ်းကို စတင်စဉ်းစား လာခဲ့သည်။

ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း အမေရိကန်နှင့် ဥရောပရှိ တာဝန်ရှိသူများက အဆိုပါ အစီအစဉ်ကို မည်သို့လုပ်ဆောင်မည်ဆိုသည့် အသေးစိတ်အချက်အလက်များကို ဆောင်ရွက်လျက်ရှိသည်။ နေတိုးသည် ယူကရိန်းသို့ လက်နက်များ ပေးပို့ခြင်းမဟုတ်ဘဲ နိုင်ငံတစ်ခုချင်းဆီမှ ပေးပို့ခြင်းများကို ညှိနှိုင်းဆောင်ရွက်ကာ ရှင်းလင်းပေးပို့ရေး စခန်းတစ်ခုအဖြစ်ဆောင်ရွက်မည်ဖြစ်သည်။

လက်နက်များ လွှဲပြောင်းခြင်း ယန္တရားတွင် အမေရိကန်မှ ဝယ်ယူထားပြီးသော လက်နက်များကို ဥရောပနိုင်ငံများသို့ လွှဲပြောင်းခြင်းနှင့် ဝယ်ယူမှုအသစ်များဖြင့် ပြန်လည်ဖြည့်သွင်းခြင်းတို့ ပါဝင်နိုင်သည်။ သို့မဟုတ်ပါက ယူကရိန်းသို့ ချက်ချင်း လွှဲပြောင်းရန်အတွက် အမေရိကန်လက်နက်သစ်များ ဝယ်ယူနိုင်သည်။

ထရမ့်သည် ပြီးခဲ့သည့် သီတင်းပတ်က ဂျာမန်အဓိပတိ Friedrich Merz နှင့် စကားပြောခဲ့ပြီး ယူကရိန်းသို့ လွှဲပြောင်းပေးနိုင်ရန် အမေရိကန်အား ဂျာမနီထံ လွှဲပြောင်းပေးရန် အမေရိကန် ကို ရှာဖွေနေကြောင်း ဖုန်းခေါ်ဆိုမှုတွင် ပြောကြားခဲ့သည်ဟု ဖုန်းနှင့် ရင်းနှီးသူ တစ်ဦးက ပြောကြား ခဲ့သည်။

ထရန့် သည် တနင်္လာနေ့တွင် အိမ်ဖြူတော်သို့ နေတိုးအထွေထွေ အတွင်းရေးမှူး၏ ခရီးစဉ်အတွက် အစီအစဉ်များကို ဆွေးနွေးရန် ရု့တေ(Rutte) နှင့် ကြာသပတေးနေ့တွင် စကားပြောဆိုခဲ့သည်။

ရု့တေ (Rutte) သည် နောက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက် နှင့် ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဒန်ကိန်း(Dan Caine) အပါအဝင် အမေရိကန် ထိပ်တန်းစစ်ဘက် အရာရှိများနှင့် အစီအစဉ်၏အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိရန် စကားပြောဆို ခဲ့သည်။

ထိုအစီအစဥ်တွင် ရု့တေ (Rutte) က ဥရောပနိုင်ငံများထံမှပါဝင်ရန် စိတ်ဝင်စားသည့် မက်ဆေ့ချ်များစွာကို သူက လက်ခံရရှိထားကြောင်း ရင်းနှီးသူတစ်ဦးက ပြောကြားခဲ့သည်။

ရုရှား၏ တိုးမြင့်လာသော ဒုံးကျည်များနှင့် ဒရုန်းများကို တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် ပက်ထရော့(Patriot) စနစ်သစ် ၁၀ ခု လိုအပ်သည်ဟု ယူကရိန်းက ပြောကြားခဲ့သည်။

နယ်သာလန်မှာ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ နေတိုးအစည်းအဝေးမှာ ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီး က ထရန့်နှင့်အခြားခေါင်းဆောင်များအား သူလိုအပ်နေသည့် လက်နက်စာရင်းကိုပြသခဲ့ပြီးသူ၏နိုင်ငံသည်ရုရှား၏ကျူးကျော်မှုကိုတားဆီးရန်လိုအပ်သည်ဟုပြောကြားခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးကပြောကြားခဲ့သည်။

ထရန့် သည် အချို့သောအချက်များအပေါ်တွင် လက်မှတ် ရေးထိုးထားသည်။

စစ်မြေပြင်တွင် ယူကရိန်းလူမျိုးများအသုံးပြုသည့် အမေရိကန် စစ်လက်နက်ပစ္စည်း အများစုကို အခြားရင်းမြစ် နေရာများမှ ရယူနိုင်သည်၊ ပြည်တွင်း၌ ထုတ်လုပ်ခြင်း သို့မဟုတ် သို့မဟုတ် အခြားနည်းလမ်းများဖြင့် အစားထိုးနိုင်သော်လည်း ပက်ထရော့(Patriots) များကိုမူ လက်ရှိအခြေအနေတွင် အစားထိုး၍မရနိုင်ပေ။ ယူကရိန်းစစ်သားများသည် ၎င်းတို့၏ အကြီးမားဆုံးစိုးရိမ်မှုမှာ ရှေ့တန်းအတွက် လက်နက်များ ပေးပို့ခြင်းကို ဆုံးရှုံးခြင်း မဟုတ်ဘဲ ၎င်းတို့၏ မိသားစုများနှင့် ချစ်ခင်ရသူများကို ကာကွယ်ပေးသည့် ပက်ထရော့ (Patriot) ဒုံးကျည်များ မရှိခြင်းဖြစ်သည်ဟု ယခုလအစောပိုင်းကပင် CNN သို့ ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးသည် “ Patriot” လေယာဉ်ပစ်ဒုံးကျည်စနစ်တွင် ယူကရိန်းစစ်သားများအား လေ့ကျင့်သင်ကြားမှုအကြောင်း လေ့လာရန် စစ်ရေး လေ့ကျင့်ရာနေရာသို့ အလည်အပတ်ရောက်ရှိနေစဉ် ကြည့်ရှုခဲ့စဥ် (ဓါတ်ပုံ)။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု