နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

သမ္မတထရန့်က သူမကြိုက်သော သတင်းအစီအစဉ်များနင့် သတင်းဌာနများကို “ ပြစ်ဒဏ်” ပေးရန် FCC ကို ဖိအားပေး

သမ္မတထရန့်က သူမကြိုက်သော သတင်းအစီအစဉ်များနင့် သတင်းဌာနများကို “ ပြစ်ဒဏ်” ပေးရန် FCC ကို ဖိအားပေး

ဧပြီလ (၁၆) ရက်။

ဂရင်းလန်းနှင့် ယူကရိန်းတို့အကြောင်းတွင် သူမကြိုက်သောအအကြောင်းရာများကို CBS ကွန်ရက်၏ ၆၀ မိနစ် (60 Minutes) အစီအစဉ်တွင် ထုတ်လွှင့်ခဲ့ရပြီးနောက် ဗဟိုဆက်သွယ်ရေးကော်မရှင် (FCC) က CBS ကို အပြစ်ပေးမည်ဟု မျှော်လင့်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။

ထရန့်သည် ဧပြီလ ၁၃ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည့် ၆၀ မိနစ် (60 Minutes) ၏အကြောင်းအရာကို မကြိုက်ကြောင်း ထင်ရှားသည်။ သူသည် CBS နှင့် ၎င်း၏မိခင်ကုမ္ပဏီ Paramount Global တို့ကို လက်ရှိ ရင်ဆိုင်နေရသော တရားစွဲမှုနှင့်ပတ်သက်၍ ၎င်း၏လူမှုမီဒီယာအကောင့် Truth Social တွင် တင်ခဲ့သည်။ Paramount သည် Skydance Media နှင့် ၎င်း၏ ပေါင်းစည်းမှုအတွက် FCC ခွင့်ပြုချက်ကို စောင့်ဆိုင်းနေသည်။

ထရန့်သည် FCC ဥက္ကဋ္ဌအဖြစ် ရာထူးတိုးမြှင့်ခံရသော ဘရင်ဒန်ကား (Brendan Carr) အား “ အလွန်လေးစားသည်” ဟု ဖော်ပြခဲ့ပြီး “ကား ”သည် “ ၎င်းတို့၏ တရားမဝင်သော အပြုအမူအတွက် အမြင့်ဆုံးပြစ်ဒဏ်များနှင့် ပြစ်ဒဏ်များချမှတ်ရန် မျှော်လင့်ထားကြောင်းရေးသားခဲ့သည်။

CBS က မှားယွင်းစွာလုပ်ဆောင်ခဲ့သည်ဆိုသည်နှင့်ပတ်သက်၍ သက်သေပြရန် အအထောက်အထား မရှိပါ။

ဥက္ကဋ္ဌ “ကား” အနေနှင့် “ စည်းကမ်းပိုင်းဆိုင်ရာအရေးယူမှု” ကို ပြုလုပ်ရန် အကြောင်းရင်း မရှိသလောက် ဖြစ်နေသည်။ သို့သော် Paramount ပေါင်းစည်း မှုသဘောတူညီချက်သည် FCC ၏ အတည်ပြုချက်အတွက် နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့ပြီး မသေချာမရေရာမှုများ ဖြစ်ပေါ်စေခဲ့သည်။

ထရန့်သည် သူ့ကိုဝေဖန်သူများကို အစိုးရအနေနှင့် ဖိအားပေးရန် အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ မကြာသေးမီလများအတွင်း “ကား” သည် ABC နှင့် NBC အပါအဝင် ထရန့်ကို လှောင်ပြောင်ခဲ့သည့် သတင်းအဖွဲ့အစည်းများစွာကို FCC မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

၆၀ မိနစ် (60 Minutes) သည် အမေရိကန်ပြည်ထောင်စုတွင် လူကြည့်အများဆုံးသတင်းအစီအစဉ်ဖြစ်သည်။ သို့သော် ၁၃ ရက်နေ့က ထရန့်သည် ပို့စ်တစ်ခုတွင် “ ၎င်းတို့သည် ‘သတင်းဖော်ပြခြင်း’ မဟုတ်ဘဲ၊ ၎င်းတို့သည် ‘သတင်း’ အဖြစ် ဟန်ဆောင်ကာ မရိုးသားသော နိုင်ငံရေးလုပ်ဆောင်သူများဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ၎င်းတို့လုပ်ဆောင်ခဲ့သည့်အတွက် တာဝန်ယူရမည်” ဟု ရေးသားခဲ့သည်။

၆၀ မိနစ် (60 Minutes) ၏ ၁၃ ရက်နေ့က ထုတ်လွှင့်ခဲ့သည့် အစီအစဉ်တွင် ယူကရိန်းနှင့် ဂရင်းလန်းပြဿနာများကို တင်ပြခဲ့သည်။ ယင်းအစီအစဉ် ထုတ်လွှင့်ပြီးနောက် ထရန့်သည် CBS ၏ “ လိုင်စင်ကို ရုတ်သိမ်းသင့်သည်” ဟုလည်း ရေးသားခဲ့သည်။ သို့သော်လည်း ၎င်းသည် FCC မှ လိုင်စင်ထုတ်ပေးထားသည်မှာ CBS ကွန်ရက် မဟုတ်ဘဲ ၎င်း၏အောက်ရှိ ဒေသဆိုင်ရာအသံလွှင့်ဌာန ဖြစ်သည်။ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ထရန့်သည် သူမနှစ်သက်သော ရုပ်သံဌာနများအား ထုတ်လွှင့်ခွင့်လိုင်စင်များကို ရုတ်သိမ်းရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။

၆၀ မိနစ် (60 Minutes) နှင့်ပတ်သက်၍ ထရန့်သည် CBS ကို တက္ကဆက်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး၊ ထိုအချိန်ကဒီမိုကရက်တစ်သမ္မတလောင်း Kamala Harris နှင့် အင်တာဗျူးတစ်ခုတွင်စားသုံးသူ ကာကွယ်ရေးဥပဒေများကို ချိုးဖောက်သည်ဟု စွပ်စွဲထားသည်။ ထရန့် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ပြေလည်မှုရရှိရန် ကြိုးပမ်းမှုများ ရှိသော်လည်း တရားခွင်မှာ ဆက်လက်ရှိနေဆဲ ဖြစ်သည်။

၆၀ မိနစ် (60 Minutes) အစီအစဉ်သည် တနင်္ဂနွေညတိုင်းတွင် အင်တာဗျူးများနှင့် စုံစမ်းစစ်ဆေးမှု အစီရင်ခံခြင်းဆိုင်ရာ ၎င်း၏ ကိုယ်ပိုင်မူဝါဒကို ဆက်လက်ထုတ်လွှင့်လျက်ရှိသည်။ CBSကို ထရန့်က ဒေါသတကြီး တုံ့ပြန်နေသော်လည်း ထရန့်နှင့် ပတ်သက်ပြီး မှန်မှန်ကန်ကန် ထောက်ပြလျက် “ အပတ်စဉ်” ထုတ်လွှင့်လျက်ရှိသည်။ ထရန့်က ယင်းထောက်ပြချက်များကို သူ့ကို စော်ကားခြင်းနှင့် အသရေဖျက်ခြင်းဟု ပြောဆိုခဲ့သည်။

အမေရိကန် ဒီမိုကရေစီကို ခြိမ်းခြောက်မှုများကို စောင့်ကြည့်သည့် အဖွဲ့ကို တည်ထောင်သူ နိုင်ငံရေး သိပ္ပံပညာရှင် ဘရန်ဒန် နီဟန်က ထရန့်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်များကို အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။

“ သမ္မတက FCC တွင် ၎င်း၏ သစ္စာအရှိဆုံး အရာရှိများအား သူ့ကိုဝေဖန်မှုများအတွက် နိုင်ငံတော်၏ အာဏာကို အသုံးပြု၍ မီဒီယာများကို အပြစ်ပေးရန် သမ္မတက တောင်းဆိုခဲ့သည်။”

CBS ဂျာနယ်လစ်များသည် ဖိအားများ တဖြည်းဖြည်း တိုးလာနေသည်ကို ခံစားနေကြသည်။

ပြီးခဲ့သည့်လက သတင်းလုပ်ငန်းဌာနများ ဆုပေးပွဲအခမ်းအနားတွင် အခြေခံဥပဒေ ပထမဆုံးပြင်ဆင်ချက် (သတင်းလွတ်လပ်ခွင့် – Freedom of the Press) ဆုကို ရရှိခဲ့သောအခါ သတင်းထောက် လက်စရီစတာလ် (Lesley Stahl) က “ ကျမတို့ရဲ့ အဖိုးတန်လှတဲ့ အခြေခံဥပဒေ ပထမပြင်ဆင်ချက်ဟာ အားနည်းနေတယ်လို့ ခံစားရပြီးတော့ ၆၀ မိနစ် (60 Minutes) ဟာ အသက်စွန့်ပြီး တိုက်ပွဲဝင်နေပါတယ်” ၆၀ မိနစ် (60 Minutes) အစီအစဉ်ဟာ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်သွားမယ်” လို့ ကတိပြုပြီး အဆိုပါဆုကို လက်ခံရရှိခြင်းအတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

ဓာတ်ပုံ။

မနှစ်က Space X ဒုံးပျံလွှတ်တင်တဲ့အချိန် FCC ဥက္ကဋ္ဌ ဘရင်ဒန်ကား (Brendan Carr) နှင့် ထရန့်တို့ စကားပြောနေသည်ကို တွေ့ရစဉ်”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ဆန္ဒပြမှုနှိမ်နင်းရေး နည်းဗျူဟာဟောင်းထဲသို့ အဆင့်မြင့် နည်းပညာသစ်များ ပေါင်းထည့်လာခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 4 Views
CNN- ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၉ရက် အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို လျင်လျင်မြန်မြန်နှင့် ပြတ်ပြတ်သားသား နှိမ်နင်းရန်အတွက် အီရန်အစိုးရသည် နည်းပညာသစ်များကို အသုံးပြုလာခဲ့သည်။
ဆီရီးယား နိုင်ငံတကာသတင်း

ဆီးရီးယားအစိုးရတပ်များ ရှေ့တိုးလာချိန်တွင် ကာ့ဒ်တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 25 Views
CNN- ဇန်နဝါရီလ ၁၈ရက် ဆီးရီးယားအစိုးရတပ်များသည် အလက်ပို (Aleppo) ဒေသရှိ မြို့ရွာအတော်များများကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ကာ့ဒ် (Kurdish) ဦးဆောင်သော တိုက်ခိုက်ရေးသမားများက အဆိုပါဒေသမှ ထွက်ခွာပေးမည်ဟု ကြေညာပြီးနောက် ယခုကဲ့သို့ အစိုးရတပ်များ ဝင်ရောက်လာခြင်းဖြစ်သည်။ စစ်တပ်၏
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုမှ ထရမ့်ကို သူမ၏ နိုဘယ်ဆု ပေးအပ်သော်လည်း ထောက်ခံမှုကတိအစား အမှတ်တရလက်ဆောင်အိတ်သာ ရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 35 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) သည် ကြာသပတေးနေ့က အိမ်ဖြူတော်သို့ ရောက်ရှိလာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အလိုချင်ဆုံးဖြစ်နေသည့် နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ဆောင်အဖြစ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

၂၀၂၅ ခုနှစ်အတွင်း ရုရှား၏ တိုက်ခိုက်မှုကြောင့် ရှေ့တန်းစစ်မျက်နှာပြင်နှင့် ဝေးကွာသော နေရာများမှ ယူကရိန်းအရပ်သား ၂,၅၀၀ ကျော် သေဆုံးခဲ့ရသည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၅ရက် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း၊ ၂၀၂၅ ခုနှစ်သည် ယူကရိန်းအရပ်သားများအတွက် အသေအပျောက်အများဆုံးနှစ် ဖြစ်ခဲ့ရပြီး လူပေါင်း ၂,၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် ထုတ်ဖော်ပြောကြားချက်အရ စစ်သည် ၂ သိန်း တပ်ပြေးနေပြီး ၂ သန်းခန့်မှာ စစ်မှုထမ်းရန် ရှောင်တိမ်းနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 33 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ယူကရိန်းနိုင်ငံ၏ စစ်သည်အင်အား ၂ သိန်းခန့်မှာ ခွင့်ပြုချက်မရှိဘဲ တာဝန်ကျရာနေရာများမှ စွန့်ခွာသွားခြင်း (AWOL) သို့မဟုတ် တပ်ပြေးဖြစ်နေသည်ဟု ခန့်မှန်းရကြောင်း ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် မိုင်ခေလို ဖယ်ဒိုရော့ဗ် (Mykhailo Fedorov)
နိုင်ငံတကာသတင်း အမေရိကန် အီရန် ဥရောပ

နို့ဘူးများ၊ ခွေးဆွဲလျှောတိုက်လှည်းများနှင့် အီရန်ကို ဗုံးကြဲမည့်ခြိမ်းခြောက်မှုများကြားမှ ထရမ့်၏ ‘ရူးသွပ်ဖွယ်ကမ္ဘာ’ အကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ဒေါ်နယ်ထရမ့် ပြောသလိုဆိုလျှင်တော့ ဒါဟာ “ရူးသွပ်နေတဲ့ ကမ္ဘာကြီး” (Crazy world) ပါပဲ။ ကမ္ဘာ့စိတ်အာရုံကို ဖမ်းစားထားနိုင်ပြီး လူကို အလွန်အမင်း မောဟိုက်နွမ်းနယ်စေသည့် အမေရိကန်သမ္မတ၏ သြဇာအာဏာမှာ ဗုဒ္ဓဟူးနေ့တွင်