နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

သမ္မတထရန့်က သူမကြိုက်သော သတင်းအစီအစဉ်များနင့် သတင်းဌာနများကို “ ပြစ်ဒဏ်” ပေးရန် FCC ကို ဖိအားပေး

သမ္မတထရန့်က သူမကြိုက်သော သတင်းအစီအစဉ်များနင့် သတင်းဌာနများကို “ ပြစ်ဒဏ်” ပေးရန် FCC ကို ဖိအားပေး

ဧပြီလ (၁၆) ရက်။

ဂရင်းလန်းနှင့် ယူကရိန်းတို့အကြောင်းတွင် သူမကြိုက်သောအအကြောင်းရာများကို CBS ကွန်ရက်၏ ၆၀ မိနစ် (60 Minutes) အစီအစဉ်တွင် ထုတ်လွှင့်ခဲ့ရပြီးနောက် ဗဟိုဆက်သွယ်ရေးကော်မရှင် (FCC) က CBS ကို အပြစ်ပေးမည်ဟု မျှော်လင့်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။

ထရန့်သည် ဧပြီလ ၁၃ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည့် ၆၀ မိနစ် (60 Minutes) ၏အကြောင်းအရာကို မကြိုက်ကြောင်း ထင်ရှားသည်။ သူသည် CBS နှင့် ၎င်း၏မိခင်ကုမ္ပဏီ Paramount Global တို့ကို လက်ရှိ ရင်ဆိုင်နေရသော တရားစွဲမှုနှင့်ပတ်သက်၍ ၎င်း၏လူမှုမီဒီယာအကောင့် Truth Social တွင် တင်ခဲ့သည်။ Paramount သည် Skydance Media နှင့် ၎င်း၏ ပေါင်းစည်းမှုအတွက် FCC ခွင့်ပြုချက်ကို စောင့်ဆိုင်းနေသည်။

ထရန့်သည် FCC ဥက္ကဋ္ဌအဖြစ် ရာထူးတိုးမြှင့်ခံရသော ဘရင်ဒန်ကား (Brendan Carr) အား “ အလွန်လေးစားသည်” ဟု ဖော်ပြခဲ့ပြီး “ကား ”သည် “ ၎င်းတို့၏ တရားမဝင်သော အပြုအမူအတွက် အမြင့်ဆုံးပြစ်ဒဏ်များနှင့် ပြစ်ဒဏ်များချမှတ်ရန် မျှော်လင့်ထားကြောင်းရေးသားခဲ့သည်။

CBS က မှားယွင်းစွာလုပ်ဆောင်ခဲ့သည်ဆိုသည်နှင့်ပတ်သက်၍ သက်သေပြရန် အအထောက်အထား မရှိပါ။

ဥက္ကဋ္ဌ “ကား” အနေနှင့် “ စည်းကမ်းပိုင်းဆိုင်ရာအရေးယူမှု” ကို ပြုလုပ်ရန် အကြောင်းရင်း မရှိသလောက် ဖြစ်နေသည်။ သို့သော် Paramount ပေါင်းစည်း မှုသဘောတူညီချက်သည် FCC ၏ အတည်ပြုချက်အတွက် နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့ပြီး မသေချာမရေရာမှုများ ဖြစ်ပေါ်စေခဲ့သည်။

ထရန့်သည် သူ့ကိုဝေဖန်သူများကို အစိုးရအနေနှင့် ဖိအားပေးရန် အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ မကြာသေးမီလများအတွင်း “ကား” သည် ABC နှင့် NBC အပါအဝင် ထရန့်ကို လှောင်ပြောင်ခဲ့သည့် သတင်းအဖွဲ့အစည်းများစွာကို FCC မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

၆၀ မိနစ် (60 Minutes) သည် အမေရိကန်ပြည်ထောင်စုတွင် လူကြည့်အများဆုံးသတင်းအစီအစဉ်ဖြစ်သည်။ သို့သော် ၁၃ ရက်နေ့က ထရန့်သည် ပို့စ်တစ်ခုတွင် “ ၎င်းတို့သည် ‘သတင်းဖော်ပြခြင်း’ မဟုတ်ဘဲ၊ ၎င်းတို့သည် ‘သတင်း’ အဖြစ် ဟန်ဆောင်ကာ မရိုးသားသော နိုင်ငံရေးလုပ်ဆောင်သူများဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ၎င်းတို့လုပ်ဆောင်ခဲ့သည့်အတွက် တာဝန်ယူရမည်” ဟု ရေးသားခဲ့သည်။

၆၀ မိနစ် (60 Minutes) ၏ ၁၃ ရက်နေ့က ထုတ်လွှင့်ခဲ့သည့် အစီအစဉ်တွင် ယူကရိန်းနှင့် ဂရင်းလန်းပြဿနာများကို တင်ပြခဲ့သည်။ ယင်းအစီအစဉ် ထုတ်လွှင့်ပြီးနောက် ထရန့်သည် CBS ၏ “ လိုင်စင်ကို ရုတ်သိမ်းသင့်သည်” ဟုလည်း ရေးသားခဲ့သည်။ သို့သော်လည်း ၎င်းသည် FCC မှ လိုင်စင်ထုတ်ပေးထားသည်မှာ CBS ကွန်ရက် မဟုတ်ဘဲ ၎င်း၏အောက်ရှိ ဒေသဆိုင်ရာအသံလွှင့်ဌာန ဖြစ်သည်။ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ထရန့်သည် သူမနှစ်သက်သော ရုပ်သံဌာနများအား ထုတ်လွှင့်ခွင့်လိုင်စင်များကို ရုတ်သိမ်းရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။

၆၀ မိနစ် (60 Minutes) နှင့်ပတ်သက်၍ ထရန့်သည် CBS ကို တက္ကဆက်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး၊ ထိုအချိန်ကဒီမိုကရက်တစ်သမ္မတလောင်း Kamala Harris နှင့် အင်တာဗျူးတစ်ခုတွင်စားသုံးသူ ကာကွယ်ရေးဥပဒေများကို ချိုးဖောက်သည်ဟု စွပ်စွဲထားသည်။ ထရန့် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ပြေလည်မှုရရှိရန် ကြိုးပမ်းမှုများ ရှိသော်လည်း တရားခွင်မှာ ဆက်လက်ရှိနေဆဲ ဖြစ်သည်။

၆၀ မိနစ် (60 Minutes) အစီအစဉ်သည် တနင်္ဂနွေညတိုင်းတွင် အင်တာဗျူးများနှင့် စုံစမ်းစစ်ဆေးမှု အစီရင်ခံခြင်းဆိုင်ရာ ၎င်း၏ ကိုယ်ပိုင်မူဝါဒကို ဆက်လက်ထုတ်လွှင့်လျက်ရှိသည်။ CBSကို ထရန့်က ဒေါသတကြီး တုံ့ပြန်နေသော်လည်း ထရန့်နှင့် ပတ်သက်ပြီး မှန်မှန်ကန်ကန် ထောက်ပြလျက် “ အပတ်စဉ်” ထုတ်လွှင့်လျက်ရှိသည်။ ထရန့်က ယင်းထောက်ပြချက်များကို သူ့ကို စော်ကားခြင်းနှင့် အသရေဖျက်ခြင်းဟု ပြောဆိုခဲ့သည်။

အမေရိကန် ဒီမိုကရေစီကို ခြိမ်းခြောက်မှုများကို စောင့်ကြည့်သည့် အဖွဲ့ကို တည်ထောင်သူ နိုင်ငံရေး သိပ္ပံပညာရှင် ဘရန်ဒန် နီဟန်က ထရန့်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်များကို အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။

“ သမ္မတက FCC တွင် ၎င်း၏ သစ္စာအရှိဆုံး အရာရှိများအား သူ့ကိုဝေဖန်မှုများအတွက် နိုင်ငံတော်၏ အာဏာကို အသုံးပြု၍ မီဒီယာများကို အပြစ်ပေးရန် သမ္မတက တောင်းဆိုခဲ့သည်။”

CBS ဂျာနယ်လစ်များသည် ဖိအားများ တဖြည်းဖြည်း တိုးလာနေသည်ကို ခံစားနေကြသည်။

ပြီးခဲ့သည့်လက သတင်းလုပ်ငန်းဌာနများ ဆုပေးပွဲအခမ်းအနားတွင် အခြေခံဥပဒေ ပထမဆုံးပြင်ဆင်ချက် (သတင်းလွတ်လပ်ခွင့် – Freedom of the Press) ဆုကို ရရှိခဲ့သောအခါ သတင်းထောက် လက်စရီစတာလ် (Lesley Stahl) က “ ကျမတို့ရဲ့ အဖိုးတန်လှတဲ့ အခြေခံဥပဒေ ပထမပြင်ဆင်ချက်ဟာ အားနည်းနေတယ်လို့ ခံစားရပြီးတော့ ၆၀ မိနစ် (60 Minutes) ဟာ အသက်စွန့်ပြီး တိုက်ပွဲဝင်နေပါတယ်” ၆၀ မိနစ် (60 Minutes) အစီအစဉ်ဟာ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်သွားမယ်” လို့ ကတိပြုပြီး အဆိုပါဆုကို လက်ခံရရှိခြင်းအတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

ဓာတ်ပုံ။

မနှစ်က Space X ဒုံးပျံလွှတ်တင်တဲ့အချိန် FCC ဥက္ကဋ္ဌ ဘရင်ဒန်ကား (Brendan Carr) နှင့် ထရန့်တို့ စကားပြောနေသည်ကို တွေ့ရစဉ်”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 24 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 29 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 25 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 38 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 44 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 42 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 54 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု