နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားနှင့် ယူကရိန်းတို့သည် ၃ နှစ်အတွင်း ပထမဆုံး တိုက်ရိုက် ဆွေးနွေးပွဲ ပြုလုပ်ရန် သဘောတူထားကြသည်။

၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်။

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရန် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အဆိုပြုချက်နှင့် ပတ်သက်၍ ငါးရက်ကြာ ရှုပ်ထွေးနေခဲ့ပြီးနောက် ကနဦး ဆွေးနွေးမှုများစတင်ရန် ဘော့ဖိုရပ်စ် (Bosphorus) ကမ်းနားတွင် ခုနှစ်နာရီကြာမတင်မကျရှိနေခဲ့ပြီး ရုရှားကောင်စစ်ဝန်ရုံးတွင် ထိမ်းမနိုင် သိမ်းမရသော ငြင်းခုန်မှုများရှိခဲ့ပြီး နောက်တွင် ယူကရိန်းသမ္မတထံမှ ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ကြာသပတေးနေ့တွင် အစ္စတန်ဘူလ်တွင် ဖြစ်ပွားခဲ့သော ဖရိုဖရဲမြင်ကွင်းများသည် ရှေ့ပြေးခရီးအတွက် ခက်ခဲသောလမ်းအဖြစ် ဖော်ပြခဲ့သည်။ အစ္စတန်ဘူလ်ရှိ ဒိုမာဗလာချီ့ (Dolmabahçe) နန်းတော်တွင် ယနေ့နံနက်တွင် ကမ္ဘာ့မီဒီယာများ ရောက်ရှိလာချိန်၌ ယူကရိန်းမှ ၎င်း၏ကိုယ်စားလှယ်အဖွဲ့သည်ဆွေးနွေးပွဲတွင် ပါဝင်မည် သို့မဟုတ် မည်သူများ သူတို့ကိုယ်စားလှယ်များအဖြစ် ပါဝင်မည်ကို အတည်မပြုသေးကြောင်းနှင့် တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ သတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားရာတွင် “အစည်းအဝေးကျင်းပရန် စီစဉ်ချထားခြင်းလည်း မရှိသေးကြောင်း” ဆိုခဲ့သည်။

ယင်းအစား၊ ရုရှားသမ္မတ ပူတင်သည် ကျိန်းသေလာရောက်မည်မဟုတ်ကြောင်း ကရင်မလင်က CNN သို့ အတည်ပြုပြီးနောက် ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီးသည် မြို့တော်အန်ကာရာတွင် တူရကီသမ္မတ တေယစ်အာဒိုဂန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ရက် ၃၀ အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးရန် သို့မဟုတ် ကြီးမားသော ပိတ်ဆို့မှုအသစ်များကို ရင်ဆိုင်ရန် ယူကရိန်းနှင့် ၎င်း၏ဥရောပမဟာမိတ်များထံမှ ရာဇသံပေးလိုက်ခြင်းကို လျစ်လျူရှုပြီး ပူတင်သည် တတိယလမ်းကို ရွေးချယ်ခဲ့သည်။

ရုရှားနိုင်ငံ၏ ရပ်တည်ချက်ကို ကြံကြံခံ၍ ခုခံကာကွယ်ခြင်းအဖြစ် လွန်ခဲ့သည့် ငါးရက်က ဆွေးနွေးပွဲကမ်းလှမ်းချက်ကို ရုရှားသမ္မတက မမျှော်လင့်ဘဲ အဆိုပြုခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့က ၂၀၂၂ ခုနှစ်က စေ့စပ်ညှိနှိုင်းမှုတွေကို ပြန်လည်စတင်ဖို့ ကိ့ဗ်အာဏာပိုင်တွေကို အဆိုပြုထားပါတယ်” ဟု ပူတင်က ဂျာနယ်လစ်များအား တနင်္ဂနွေနေ့အစောပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ကြောင့်၊ ထိုအချက်ကို အားဖြည့်ရန်၊ ယခင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအချို့ကို လက်ခံကျင်းပပေးခဲ့သည့် အစ္စတန်ဘူလ်မြို့ကို ရွေးချယ်ခဲ့ပြီး ထိုအချိန်ကဆွေးနွေးညှိနှိုင်းမှုကို ဦးဆောင်ခဲ့သော ရုရှားယဉ်ကျေးမှုဝန်ကြီးဟောင်းလည်းဖြစ် စစ်ဘက်သမိုင်းဆိုင်ရာ လူမှုအဖွဲ့အစည်း ဥက္ကဋ္ဌလည်းဖြစ်သူ ဗလာဒီမာ မီဒင်စကီကို ပြန်လည်ခန့်အပ် ဦးဆောင်စေခဲ့သည်။

“ကိုယ်စားလှယ်အဖွဲ့ဟာ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတစ်ခုအတွက် ကတိကဝတ် ပြုထားပါတယ်” ဟု မီဒင်စကီက ရုရှားကောင်စစ်ဝန်ရုံးတွင် ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် အကျဉ်းချုံးဖော်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်းကို လက်ခံဖြေကြားခြင်းမပြုဘဲ ပြောကြားခဲ့သည်။

မီဒီယာများ၏ ပြင်းထန်စွာမေးမြန်း ဝေဖန်သံများကြောင့် သတင်းမီဒီယာသမားများအနေနှင့် ငြိမ်သက်ခြင်း မရှိပါက သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းပစ်မည်ဟု ကောင်စစ်ဝန်အရာရှိများက ခြိမ်းခြောက်ပြောဆိုခဲ့သည်။

မီဒင်စကီက တိုက်ရိုက်ဆွေးနွေးမှုသည် “ပဋိပက္ခ၏ မူလဇစ်မြစ်ကို ဖယ်ရှားပြီး ရေရှည် ငြိမ်းချမ်းရေးကို တည်ဆောက်ရန်ဖြစ်သည်” ဟု ဆိုခဲ့သည်။ ယူကရိန်း၏ နေတိုးအဖွဲ့ဝင်အဖြစ် ရည်မှန်းချက်မှအစ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် တည်ရှိနေမှု အားလုံးသည် ရုရှားအတွက် ပဋိပက္ခ၏ အရင်းခံ အကြောင်းတရားများဟု အဓိပ္ပါယ်ရပြီး သဘောတူညီချက် ရရှိနိုင်ရန် မည်မျှ ဝေးကွာနေကြောင်း သတိပေးချက် ဖြစ်သည်။

ထို့အပြင်၊ ယခုအခါ ရုရှားနှင့် ယူကရိန်းတို့သည် နောက်ထပ်အရာများကို ပိုရှုပ်ထွေးစေသည့် ဒေါ်နယ်ထရန့် နှင့် ၎င်းတို့၏ ဆက်ဆံရေးနှင့် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် ဟန်ချက်ညီအောင် ချိန်ညှိလျက်ရှိကြသည်။

အမေရိကန်သမ္မတသည် ကြာသပတေးနေ့တွင် ဆွေးနွေးပွဲသို့ သူကိုယ်တိုင်တက်ရောက်မည့် အလားအလာကို နောက်တစ်ကြိမ် ပြောကြား ခဲ့ပြီး တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက သောကြာနေ့တွင် သူ့အနေနှင့်သွားရန် စဉ်းစားမည်ဟု ပြောကြားခဲ့သည်။

အိမ်ဖြူတော်သံတမန် ကိ့ကဲလ်လော့ဂ် (Keith Kellogg) နှင့်စတိ့ဗ်ဝတ်ကော့ဖ် (Steve Witkoff) တို့သည် သောကြာနေ့တွင် အစ္စတန်ဘူလ်၌ ရောက်ရှိနေရန် စီစဉ်ထားပြီး ဖြစ်သည်။

ဇလန်းစကီးသည် သူ့အနေနှင့် ရုရှားနှင့် ထိတွေ့ဆက်ဆံရန် နောက်ဆုံးဆုံးဖြတ်မှု၏ အဓိကအချက်သည် ထရန့်ကြောင့်ဖြစ်သည်ကို ဖုံးကွယ်ရန် မကြိုးပမ်းခဲ့ပါ။

ညနေနှောင်းပိုင်းတွင် အာဒိုဂန်နှင့် တွေ့ဆုံမှုမှ ပေါ်ထွက်လာသော ကိုယ်စားလှယ်အဖွဲ့အား အစ္စတန်ဘူလ်သို့ စေလွှတ်ရုံသာမက ရုရှားဘက်မှ လာရောက်သူထက် ယူကရိန်းဖက်မှ ရာထူးကြီးသူတစ်ဦး ဖြစ်သည့် ကာကွယ်ရေးဝန်ကြီး ရပ်စတမ် ဥမေရော့ဗ် (Rustem Umerov)ကို ထရန့်ကိုလေးစားသမှုဖြင့် ဦးဆောင်စေမည် ဖြစ်ကြောင်း ဇလန်းစကီးက ပြောကြားခဲ့သည်။

ရုရှားသည် ထရန့်၏ နောက်ထပ်လုပ်ဆောင်မှုအား အနီးကပ်စောင့်ကြည့်နေပြီး ဆက်ဆံရေး ပြန်လည်စတင်ရန် ကတိပြုထားသည့် မျှော်လင့်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားသည်။

ထရန့် သည် ကြာသပတေးနေ့တွင် ထိုမျှော်လင့်ချက်များကို ထုတ်ဖော်ခဲ့ပြီး အဘူဒါဘီသို့ သူရောက်ရှိစဉ် သတင်းထောက်များအား “ ပူတင်နဲ့ ကျွန်တော် ဆုံမချင်း ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ဂျနီဗာတွင် ရာထူးမှ နုတ်ထွက်ခဲ့သော ရုရှားသံတမန်ဟောင်း ဘောရစ် ဘွန်ဒါရက်ဗ်က ထရမ့်နှင့် တွေ့ဆုံခြင်းသည် ပူတင်အတွက် အဓိက အောင်ပွဲဖြစ်မည်ဟု ယုံကြည်ကြောင်း၊ ဇလန်းစကီးနှင့် တွေ့ဆုံဖို့ သူစိတ်မ၀င်စားသေးကြောင်း ပြောကြားခဲ့သည်။

“အင်အားကြီးနှစ်နိုင်ငံ အတူတကွထိုင်ပြီး လက်အောက်ခံ အားနည်းတဲ့နိုင်ငံတွေက သူတို့ရဲ့ ထီးအောက်မှာ ဘယ်လို နေထိုင်သင့်တယ် ဆိုတာကို ဆွေးနွေးသင့်ပါတယ်” ဟု ဆွစ်ဇာလန်နိုင်ငံမှ အင်တာဗျူးတစ်ခုတွင် ၎င်းက CNN သို့ ပြောကြားခဲ့သည်။ “ ဒါက ကမ္ဘာကြီးကို ပူတင်က မြင်နေပုံပဲ။ အဲဒါကြောင့် သူ့အတွက် ဇလန်းစကီးက ဒီအုပ်စုထဲမှာ မဝင်ဆန့်ဘူး။”

ကြာသပတေးနေ့တွင် အစ္စတန်ဘူလ်ရှိ သမ္မတရုံးအပြင်ဘက်တွင် မီဒီယာအဖွဲ့ဝင်များ စုဝေးခဲ့ကြပုံ
တူရကီသမတ အာဒိုဂန်နှင့် ဇလန်းစကီးတို့ အင်ကာရာတွင်တွေ့ဆုံကြစဥ်
ရုရှားကိုယ်စားလှယ်အဖွဲ့ပိုင် မော်တော်ယာဉ်တစ်စီးသည် ကြာသပတေးနေ့တွင် အစ္စတန်ဘူလ်ရှိ ရုရှားဖက်ဒရေးရှင်းကောင်စစ်ဝန်ရုံးသို့ ရောက်ရှိလာစဥ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 38 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ