နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်ပြည်ထောင်စု မင်နီဆိုးတာ (Minnesota) ပြည်နယ်တွင် ဒီမိုကရက်တစ် ပြည်နယ်လွှတ်တော်အမတ်တစ်ဦးနှင့် သူမ၏ခင်ပွန်းကို သတ်ဖြတ်မှုသံသယဖြင့် အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဇွန်လ (၁၆) ရက်။

မင်နီဆိုတာ ဒီမိုကရက်တစ်ပါတီမှ မဲလ်လီစာ ဟော့မန် (Melissa Hortman) နှင့် သူမ၏ခင်ပွန်း မာ့ခ် (Mark) တို့ သေဆုံးပြီးနောက် တနင်္ဂနွေညတွင် ပိုက်စိတ်တိုက် ရှာဖွေခဲ့ကြသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ် ဝေါ့ဇ် (Tim Walz) က ၎င်းကို နိုင်ငံရေးအရ လှုံ့ဆော်သော လုပ်ကြံသတ်ဖြတ်မှုဟု ခေါ်ဆိုခဲ့သည်။

မင်နီယာပိုလစ်မြို့အနောက်ဘက် ကျေးလက်ဒေသတွင် ဗန့်စ်လူသာဘိုလ်တာ (Vance Luther Boelter) ကို ဖမ်းဆီးချိန်တွင် လက်နက်ကိုင်ဆောင်ထားသော်လည်း စိန်ခေါ်သည့်အခါ ငြိမ်းချမ်းစွာ လက်နက်ချခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဒီမိုကရက်တစ် ပြည်နယ်လွှတ်တော်အမတ်ဂျွန်ဟော့ဖ်မန်း (John Hoffman) နှင့် သူ့ဇနီး ဗက်တီ (Yvette) တို့ကို သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရခဲ့ပြီး ယခုအခါ နှစ်ဦးစလုံး ဆေးရုံတွင် ပြန်လည်သတိရလာနေကြပြီဖြစ်သည်။ ဂျွန်ဟော့ဖ်မန်းသည် သေနတ်ဖြင့် ၉ ချက် အပစ်ခံရပြီး သူ့ဇနီး ဗက်တီမှာ ၈ ချက် ပစ်ခတ်ခံခဲ့ရသည်။

မစ္စစ်ဟော့ဖ်မန်းက သူတို့ နှစ်ဦးစလုံး “ အသက်ရှင်ခြင်းမှာ မယုံနိုင်လောက်အောင် ကံကောင်းခြင်း” ဖြစ်သည်ဟု တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
မင်နီဆိုတာပြည်နယ် ဘရွတ်ကလင်း ပတ်ခ် (Brooklyn Park) ရှိ လူသတ်အခင်းဖြစ်ပွားရာ နေရာမှ မိုင် ၅၀ (၈၀ ကီလိုမီတာ) ခန့်အကွာ ဆစ်ဘလီ (Sibley) ကောင်တီတွင် သူအသုံးပြုခဲ့သည့် ကားတစ်စီးကို စုံစမ်းစစ်ဆေးသူများက ရှာဖွေတွေ့ရှိပြီးနောက် ဘိုလ်တာ (Boelter) ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မင်နီဆိုတာ၏သမိုင်းတွင် အကြီးမားဆုံး လူဖမ်းမှုအဖြစ် ဖော်ပြထားသည့် သံသယရှိသူအား ဖမ်းဆီးရန်အတွက် လေကြောင်းနှင့် SWAT အဖွဲ့များကို ဖြန့်ကျက်ချထားခဲ့သည်။

၎င်းအား ဖမ်းဆီးစဉ်အတွင်း ရဲအရာရှိများ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ကြောင်းနှင့် တာဝန်ရှိသူများက ၎င်းတို့သည် အခြားသံသယရှိသူကို ရှာဖွေနေခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့ညက တခြားဒေသခံအရာရှိတွေနဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မင်နီဆိုတာ ပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်ဝေ့ါဇ်က တိုက်ခိုက်မှုဟာ မင်နီဆိုတာ ပြည်နယ်ကို ပြောင်းလဲစေခဲ့တဲ့ “ ပြောမပြနိုင်အောင်ဖြစ်တဲ့ လုပ်ရပ်” ဖြစ်တယ်လို့ ပြောပါတယ်။

“ဒါက စံနှုန်းနဲ့ မညီပါဘူး။ နိုင်ငံရေး ကွဲပြားမှုတွေကို ဒီလိုကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းကိုတော့ လက်မခံနိုင်ပါဘူး” ဟု ဝါ့ဇ် မှ ပြောကြားခဲ့သည်။
ဘိုလ်သာဖမ်းဆီးခံရပြီးနောက် မင်နီယာပိုလစ် (Minneapolis) မြို့တော်ဝန် ဂျကော့ဘ် ဖရေ (Jacob Frey) က တရားဥပဒေစိုးမိုးရေးဌာနများ၏ “ ကျွမ်းကျင်မှုနှင့် ရဲစွမ်းသတ္တိ” ကို ချီးကျူးခဲ့သည်။

“နိုင်ငံရေး အကြမ်းဖက်မှုဟာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီး ဒါဟာ ကျွန်တော်တို့ ဒီမိုကရေစီရဲ့ အခြေခံအကျဆုံး ကိုယ်ကျင့်တရားတွေကို ဖြတ်တောက်ပစ်လိုက်ပါတယ်။ ဒီလုပ်ရပ်တွေကို ကျူးလွန်တဲ့သူတွေက ဥပဒေနဲ့အညီ ကိုယ့်လုပ်ရပ်ကို တာဝန်ခံဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဘိုလ်တာသည် စနေနေ့တွင် တိုက်ခိုက်မှုများကို လုပ်ဆောင်ရန်အတွက် ရဲအရာရှိတစ်ဦး အယောင်ဆောင်ထားခဲ့ပြီး ရဲအရာရှိများနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် မင်နီယာပိုလစ် (Minneapolis) ဆင်ခြေဖုံးဒေသမှ ထွက်ပြေးလွတ်မြောက်သွားသည်ဟု စွပ်စွဲခံထားရသည်။

မယ်လီစာဟော့မန်း (Melissa Hortman) သည် မင်နီဆိုတာပြည်နယ် အောက်လွှတ်တော်တွင် အနှစ်၂၀ တာဝန် ထမ်းဆောင် ခဲ့ပြီး ၂၀၁၉ မှ၂၀၂၅ ခုနှစ်အထိ လွှတ်တော်ဥက္ကဋ္ဌဖြစ်ခဲ့သည်။

ဘိုလ်သာသည် ယခင်က နိုင်ငံရေးအရ ခန့်အပ်ခံရသူဖြစ်ပြီး တစ်ချိန်က ဟော့ဖ်မန်းကဲ့သို့ အလားတူ ပြည်နယ် လုပ်သားအင်အား ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်ခဲ့သည်။

သူသည် လုံခြုံရေး ကန်ထရိုက်တာတစ်ဦးဖြစ်ပြီး အာဖရိကနှင့် အရှေ့အလယ်ပိုင်းတွင် လုပ်ဆောင်ခဲ့သည့် ဘာသာရေး သာသနာပြုတစ်ဦးဖြစ်ကြောင်း ၎င်း၏ အွန်လိုင်း တွင်တင်ထားသည့်ကိုယ်ရေးအကျဥ်း CV အရ သိရသည်။

ဘိုလ်တာသည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ ဘုရားကျောင်းတစ်ခုတွင် တရားဟောဆရာအဖြစ် တစ်ချိန်က တရားဟောခဲ့ကြောင်း Facebook ဓာတ်ပုံများအရ သိရသည်။

ပစ်ခတ်မှုများအတွက် သံသယရှိသူမောင်းနှင်လာသည်ဟု ယူဆရသည့် ယာဉ်တွင် သူလုပ်ကြံမည့်သူများ၏ ပစ်မှတ်စာရင်းကို စုံစမ်းစစ်ဆေးသူများက တွေ့ရှိခဲ့ကြောင်း သိရသည်။

မင်နီဆိုတာ ရာဇ၀တ်မှုဆိုင်ရာဖမ်းဆီးမှုဗျူရိုမှ အကြီးအကဲ ဒရူး အီဗန်စ် (Drew Evans) က ၎င်းသည် ကားထဲတွင် တွေ့ရှိရသည့် မှတ်စုစာအုပ်သည် “ အယူဝါဒဆိုင်ရာကြေငြာစာတမ်း ” မဟုတ်သလို အတွေးအခေါ် စာတမ်းများမဟုတ်သောကြောင့် ဖော်ပြမည်မဟုတ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

လုပ်ကြံရန်အမည်များတွင် မင်နီဆိုတာ ပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်ဝေ့ါဇ်၊ လွှတ်တော်အမတ် အီဟန်အိုမာ (Ilhan Omar) နှင့် မင်နီဆိုတာ ပြည်နယ်ရှေ့နေချုပ် ကိ့သ် အယ်လီဆင် (Keith Ellison) တို့ ပါဝင်ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြသည်။

ဘိုလ်သာ အဖမ်းခံရပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် အီဗင်စ် (Evans) က စာရင်းတွင် ပါဝင်သူ မည်သူမည်ဝါဖြစ်သည်ကို မဖော်ပြထားသော်လည်း ပြည်နယ် တာဝန်ရှိသူများသည် ဝစ်ကွန်ဆင် (Wisconsin)၊ အီလီနွိုင်း (Illinois)၊ မစ်ချီဂန်(Michigan)၊ နီဘရာစကား (Nebraska) နှင့် အိုင်အိုဝါ (Iowa) ရှိ အာဏာပိုင်များထံ ဆက်သွယ်ခဲ့ပြီး ထိုစာရင်းတွင် ပါရှိသည့် ပုဂ္ဂိုလ်များကို အကြောင်းကြားနိုင်ကြောင်း ပြောကြားခဲ့သည်။

ဓာတ်ပုံ။
မင်နီဆိုးတာ (Minnesota) ပြည်နယ်တွင် ဒီမိုကရက်တစ် ပြည်နယ်လွှတ်တော်အမတ်တစ်ဦးနှင့် သူမ၏ခင်ပွန်းကို သတ်ဖြတ်မှု သံသယဖြင့် ဖမ်းဆီးခံရသည့် အသက် ၅၇ နှစ်အရွယ် ဗန့်စ်လူသာဘိုလ်တာ (Vance Luther Boelter)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

ဒေလီမြို့တော်ရှိ ပြည်သူသန်းနှင့်ချီ၍ ရက်အတော်ကြာ ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရပြီး အချို့ကမူ လက်ရှိ ရရှိနေသော ရေများမှာ အဆိပ်အတောက်ဖြစ်နေဆဲဟု ဆိုကြသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် ဒေလီမြို့တော်၏ ရေအကျပ်အတည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဒေလီမြို့ အနောက်မြောက်ဘက်ရှိ Sharma Enclave
နိုင်ငံတကာသတင်း အမေရိကန် အီတလီ

ဆောင်းရာသီအိုလံပစ်တွင် အမေရိကန်လုံခြုံရေးတိုးမြှင့်ရန် ICE အေးဂျင့်များ စေလွှတ်မှုအပေါ် အီတလီနိုင်ငံသားများ ဒေါသထွက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 10 Views
CNN – ဖေဖော်ဝါရီ ၁၊ ၂၀၂၆ လာမည့်လတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်၏ လုံခြုံရေးလုပ်ငန်းများကို ကူညီရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 28 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS) တို့ဟာ အထောက်အထားမဲ့ နေထိုင်သူ တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့် စီမံချက်တွေကြောင့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား

ဖုန်းစစ်ဆေးခံရမည်ကို စိုးရိမ်သောကြောင့် ဖုံးတွင်ကုဒ်များဖြင့် ပြောဆိုခြင်းနှင့် ရေးသားချက်များကို ဖျက်ပစ်ခြင်းဖြင့် ဗင်နီဇွဲလားနိုင်ငံသားများ အသုံးပြုနေသည့် နည်းဗျူဟာများ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် “မေမေ၊ ချတ် (Chat) တွေကို ဖျက်လိုက်တော့။” “သားရယ်၊ အဲဒါတွေက မှတ်တမ်းတင်ခံရတာမျိုး ဖြစ်လိမ့်မယ်။” “အပြင်မထွက်ခင် ပြောထားတဲ့ စကားတွေကို ဖျက်ထားလိုက်ပါဦး။”
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 28 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 33 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။