နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက် ဂါဇာမြို့တော်တွင် အစ္စရေးတိုက်ခိုက်မှုအတွင်း ၄၅ ဦး သေဆုံးခဲ့

ဇန်နဝါရီလ (၁၆) ရက်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက် လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးခဲ့သည့် ပါလက်စတိုင်းတစ်ဦး၏ ရုပ်အလောင်းကို ဂါဇာရှိ ဆေးရုံသို့ သယ်ဆောင်ခဲ့သည်။

ပါလက်စတိုင်းတို့ ထိန်းချုပ်ထားသော ဂါဇာကမ်းမြောင်တွင် အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့ ဇန်နဝါရီလ (၁၅) ရက်နေ့က အပစ်အခတ်ရပ်စဲရန် သဘောတူညီပြီး နာရီပိုင်းအကြာတွင် အစ္စရေးစစ်တပ်၏ ဆက်တိုက်တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၄၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းအာဏာပိုင်တို့က ပြောကြားခဲ့သည်။

Sheikh Radwan ကမ်းရိုးတန်းခရိုင်အနီးရှိ လူနေရပ်ကွက်တစ်ခုတွင် တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အနီးနားရှိ လူနေရပ်ကွက်တစ်ခုတွင် သီးခြားတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၅ ဦး သေဆုံးပြီး ၂၀ ဒဏ်ရာရရှိခဲ့သည်။

အဆောက်အအုံပြိုကျပြီးနောက် အပျက်အစီးများအောက်၌ ပိတ်မိနေသောသူများကို ကယ်ဆယ်ရန် ကြိုးပမ်းနေသည့်သူများကို အခင်းဖြစ်ပွားရာနေရာမှ ဗီဒီယိုဖိုင်များတွင် တွေ့မြင်ရသည်။ ဒဏ်ရာရသော ကလေးငယ်များကို ထမ်းစင်ပေါ်တွင် သယ်ဆောင်ကာ ကုသပေးနေသည်ကို တွေ့မြင်နိုင်သည်။

မြို့လယ်ရှိ Rimal ခရိုင်တွင် အစ္စရေးတပ်ဖွဲ့များ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူငါးဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိသွားပြီးနောက် နေအိမ်တစ်လုံးပြိုကျခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Daraj ခရိုင်ရှိ လူနေရပ်ကွက်တစ်ခုတွင် ဗုံးခွဲတိုက်ခိုက်မှုအတွင်း လူငါးဦး သေဆုံးခဲ့သည်။

ဂါဇာစီးတီးရှိ Al Ahli ဆေးရုံအကြီးအကဲက လူဒါဇင်များစွာကို ထိုနေရာသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်သည့်အချိန်အထိ ဂါဇာဒေသခံများအတွက် နာရီ ၇၀ အကြာ “အကြမ်းဖက်မှုနှင့် အခက်အခဲများ” ရှိမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက်တွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး အစ္စရေးစစ်တပ်သည် “ တတ်နိုင်သမျှ အန္တရာယ်ပြုရန် အပူတပြင်း ဖြစ်နေပုံရတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

သတင်းရင်းမြစ်။ CNN ဂျပန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အီရန်

အာဏာပိုင်များ၏ နှိမ်နင်းမှုအပြီး ဆေးရုံများတွင် ‘အလောင်းများ ပုံနေသည်’ ကို မြင်တွေ့ခဲ့ရကြောင်း တီဟီရန်ရှိ ဆန္ဒပြသူများ ပြောကြား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အီရန်နိုင်ငံ၌ ဆန္ဒပြခဲ့ကြသူ အများအပြားက တီဟီရန် လမ်းမများ ပေါ်တွင် လူအုပ်ကြီးနှင့်အတူ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ပတ်မပြည့်မီမှာပင် ဗင်နီဇွဲလားအစိုးရက “ငြိမ်းချမ်းရေးကို ရှာဖွေရန်” ဟုဆိုကာ အတိုက်အခံ နိုင်ငံရေးသမားများ
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 29 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ