နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

၁၅ လကြာ စစ်ပွဲကြောင့် ဂါဇာမှာ ဘာတွေ ပျက်ဆီးဆုံးရှုံးခဲ့ရလဲ။

စစ်ဒဏ်ကြောင့် ပျက်စီးမှုကြီးမားခဲ့ရတဲ့ ဂါဇာဒေသကို ပြန်လည်တည်ဆောက်ဖို့အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျနိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အစ္စရေးနဲ့ဟားမက်စ်တို့ဟာ အခုအခါမှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ကြပေမယ့် ပျက်ဆီးဆုံးရှုံးမှုတွေကို ဘယ်အချိန်မှာ ပြန်တည် ဆောက်မယ်၊ ရန်ပုံငွေ ဘယ်လို ရှာဖွေမလဲ ဆိုတာတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။


15 လတာ ကြာမြင့်ခဲ့တဲ့ ပဋိပက္ခအပြီးမှာ ပါလက်စတိုင်းနယ်မြေအတွင်း ဘာတွေ ပျက်ဆီးဆုံးရှုံးခဲ့ပါသလဲ
2023 ခုနှစ် အောက်တိုဘာလ 7 ရက်နေ့က ဟားမက်စ်တွေရဲ့ ရုတ်တရက်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား 1200 ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်ကြောင့်ပဲ အစ္စရေးဘက်က ပြန်လည်လက်တုံ့ပြန်ရာမှာ ပါလက်စတိုင်းဘက်က လူပေါင်း 46000 ကျော်အသက်ဆုံးပါးခဲ့ရတယ်လို့ ပါလက်စ်တိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


အစ္စရေး-ဟားမက်စ် စစ်ပွဲကြောင့် ဂါဇာဒေသမှာ အပျက်အဆီးတန်ချိန်ပေါင်း 46 သန်းအထိရှိနေပါတယ်။ အဲဒါတွေကို ဖယ်ရှားရှင်းလင်းဖို့အတွက် အချိန်ကာလ 14 နှစ်ခန့် ကြာမြင့်မှာဖြစ်ပြီး ကုန်ကျစရိတ်အဖြစ် ကန်ဒေါ်လာ 1.2 ဘီလီယံလောက် ကုန်ကျမှာဖြစ်တယ်လို့ ကုလသမဂ္ဂက တွက်ချက်ထားပါတယ်။ အဲဒီအပျက်အဆီးတွေအောက်မှာ လူရုပ်အလောင်းပေါင်းများစွာကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ပြီးခဲ့တဲ့မေလအတွင်းက ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ အပျက်အဆီးတွေအောက်မှာ လူရုပ်အလောင်း တစ်သောင်းကျော်ခန့် ရှိနိုင်တယ်လို့ သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပွဲကြောင့် ပျက်ဆီးဆုံးရှုံးသွားတဲ့နေအိမ်တွေကို ပြန်တည်ဆောက်ဖို့အတွက် 2040 ခုနှစ် အထိအချိန်ယူရနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်ခုမှာဖော်ပြထားပေမယ့် တကယ့်လက်တွေ့မှာတော့ အဲဒီထက်ပိုပြီး ကြာနိုင်ပါတယ်။ အေဂျင်စီတွေရဲ့ မှတ်တမ်းတွေအရတော့ ဂါဇာမှာ စစ်ကြိုခေတ်အဆောက်အဦ 3 ပုံ 2 ပုံခန့် ပြိုကျပျက်ဆီး သွားခဲ့ရပြီလို့ ဆိုပါတယ်။ အဲဒီပမာဏကပဲ အဆောက်အဦပေါင်း 170000 ကျော်ရှိခဲ့တာပါ။


ဂါဇာဒေသမှာ အိမ်ရာပေါင်း 245000 ကျော် ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ တစ်ချိန်တည်းမှာပဲ ဂါဇာမှာ လူပေါင်း 1.8 သန်းဟာ အကူအညီတွေလိုအပ်နေပါတယ်။


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘီလင်ကန်ကတော့ အိမ်နီးချင်းအာရပ်နိုင်ငံတွေအနေနဲ့ ဂါဇာကို ပြန်လည်တည်ဆောက်ရေးအတွက် မကူညီကြဘူးဆိုရင် နှစ်ပေါင်းများစွာ နိမ့်ကျကျန်ရစ်နေလိမ့်မယ်လို့ ဆိုပါတယ်။


2024 ဇန်နဝါရီလအတွင်းက ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်တွေမှာ ဂါဇာက အခြေခံအဆောက်အဦတွေ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးဟာ ကန်ဒေါ်လာ 18.5 ဘီလီယံ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီအပျက်အစီးစာရင်းမှာ အစိုးရအဆောက်အဦ၊ ဆေးရုံ၊ စာသင်ကျောင်း၊ တက္ကသိုလ်တွေနဲ့ ဝတ်ပြုဗလီတွေလည်းပါဝင်ပါတယ်။ တစ်နှစ်အကြာအချက်အလက်တွေမှာတော့ စစ်ကြိုခေတ် အဆောက်အဦတွေဟာ လေးပုံ တစ်ပုံခန့်သာ ကျန်ရှိပါတော့တယ်။ ဒါ့အပြင် ဂါဇာဒေသက လမ်းပန်းဆက်သွယ်ရေးကလည်း 68 ရာခိုင်နှုန်းအထိ ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။


ငတ်မွတ်ခေါင်းပါးမှုကလည်း ကြီးထွားနေပါတယ်။ ကုလသမဂ္ဂရဲ့ ဂြိုလ်တုဓါတ်ပုံတွေအရ ဂါဇာဒေသရဲ့ စိုက်ပျိုးမြေ ထက်ဝက်ကျော်လောက်က စစ်ပွဲကြောင့် ပျက်ဆီးခဲ့ရပါတယ်။ နိုင်ငံတကာအေဂျင်စီတွေရဲ့ 2024 ရှာဖွေတွေ့ရှိမှုတွေအရ ဂါဇာဒေသက ကျွဲ၊နွားတွေလည်း 95 ရာခိုင်နှုန်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်ခင်ဗျာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 7 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 29 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 37 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 49 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု