နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုသည် ဂါဇာကမ်းမြောင်ဒေသအတွက် ကြောက်ရွံ့မှုအား ပြန်လည်တိုးပွားစေသည်ဟု နော်ဝေဒုက္ခသည်ကောင်စီပြော

မတ်လ (၁၈) ရက်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းသည် ပါလက်စတိုင်းပိုင်နက်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို မလွှဲမရှောင်သာ ပိုမိုဆိုးရွားသွားစေလိမ့်မည်ဖြစ်ကြောင်း ထိပ်တန်းလူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းတစ်ခုက အင်္ဂါနေ့တွင် သတိပေးခဲ့သည်။

နော်ဝေဒုက္ခသည်ကောင်စီ (NRC) မှ ဆက်သွယ်ရေးအကြံပေး ရှာအီနာလော (Shaina Low) က ဂါဇာရှိ သူမ၏လုပ်ဖော်ကိုင်ဖက်များသည် မိုးလင်းသည်အထိ ဆက်လက်ဖြစ်ပွားနေသည့် အစ္စရေး၏တိုက်ခိုက်မှုများမှ “ပြင်းထန်သောဗုံးခွဲမှု” ကြောင့် နိုးလာခဲ့ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ အပါအဝင် လူတွေဟာ တုန်လှုပ်ချောက်ချားနေကြပြီး ဖြစ်လာမယ့်အရာတွေအတွက် အလွန်စိုးရိမ်နေကြပါတယ်” ဟု လော က ဂျော်ဒန်နိုင်ငံ မြို့တော် အာမန် (Amman) မှနေပြီး CNN သို့ ပြောကြားခဲ့သည်။

NRC ၏ ပါလက်စတိုင်း ဝန်ထမ်း ထက်ဝက်ခန့်သည် လွန်ခဲ့သည့် နှစ်လက အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ခိုင်မာသော အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ကတည်းက စစ်ပြေးဒုက္ခသည်တို့၏ မိသားစုများကို ကြည့်ရှုရန်နှင့် ၎င်းတို့၏နေအိမ်များကို စစ်ဆေးရန် ဂါဇာမြောက်ပိုင်းသို့ ပြန်လာခဲ့ကြောင်း လောက ပြောကြားခဲ့သည်။

အစ္စရေး၏ဂါဇာတွင် စားနပ်ရိက္ခာနှင့် အခြားလူသားချင်း စာနာထောက်ထားမှု အကူအညီများကို နှစ်ပတ်ကျော်ကြာ ပိတ်ဆို့ထားခြင်းကြောင့် ဂါဇာကမ်းမြောင်တွင် ဆင်းရဲဒုက္ခများ ပိုမိုဆိုးရွားလာခဲ့ကြောင်း အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုအသစ်သည် ဒေသခံများ၏ အရေးပါသော လောင်စာဆီနှင့် ရေရရှိရေးတို့ကို ပိုမိုကန့်သတ်သွားမည် ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။

“လောင်စာဆီ ပြတ်လပ်နေတယ်ဆိုတာ ကျွန်မတို့ သိပါတယ်” ဟု လောက ဆိုသည်။ “ဒါကြောင့် လာမယ့်ရက်တွေမှာ ဆက်သွယ်ရေးတွေ ဆုံးရှုံးမယ်၊ ဆေးရုံတွေ ပြိုကျမယ်၊ သန့်ရှင်းတဲ့သောက်သုံးရေလည်း မရှိနိုင်သလို အစားအသောက် ဖြန့်ဖြူးမှုတွေလည်း ရပ်တန့်သွားနိုင်တယ်။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 14 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 13 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ)
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 16 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ်

အီရတ်ဝန်ကြီးချုပ်အဖြစ် နူရီ အယ်လ်-မာလီကီ တစ်ကျော့ပြန်လာမည့်အပေါ် ထရမ့် သတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 16 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် အီရတ်ဝန်ကြီးချုပ်အဖြစ် နူရီ အယ်လ်-မာလီကီ (Nouri al-Maliki) ကို ပြန်လည် ခန့်အပ်မည့် အရေးနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရတ်နိုင်ငံကို သတိပေး လိုက်ပြီး၊ ၎င်း၏ ယခင်ခေါင်းဆောင်မှုအောက်တွင်
နိုင်ငံတကာသတင်း အမေရိကန်

ဖို့တ်ဝိန်းမြို့က မြန်မာတွေ နှင်ထုတ်ခံရနိုင်ခြေရှိတယ်လို့ မြို့တော်ဝန် တုံ့ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 16 Views
ဇန်နဝါရီ ၂၁ရက် သတင်း ၂၀၂၆ခုနှစ် Fort Wayne ဧရိယာရှိ မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာ လာမည့်အပတ်မှစတင်၍ ပြည်နှင်ဒဏ်ပေးခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရ Fort Wayne ဧရိယာရှိ မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာသည် လာမည့်အပတ်ကဲ့သို့ စောစီးသော
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးလမ်းလျှောက်ကြွချီမှု လက်ရှိအခြေအနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 17 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၂၇ရက် ‌ဗီယက်နမ်လူမျိုးဘိက္ခူအရှင်ပညာကာရ (Bhikkhu Paññākāra) ဦးဆောင်ပြီး အာလောက (Aloka) လို့ အမည်ပေးထားတဲ့ ကယ်ဆယ်ရေးခွေးလေးတစ်ကောင် ပါဝင်တဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်များ အဖွဲ့ဟာ လက်ရှိမှာ အမေရိကန်ပြည်ထောင်စုတစ်ခွင် မိုင်ပေါင်း ၂,၃၀၀ ရှည်လျားတဲ့
နိုင်ငံတကာသတင်း အမေရိကန်

မင်နီဆိုတာ (Minnesota) သတ်ဖြတ်မှုအပေါ် ကန့်ကွက်မှုများပြင်းထန်လာချိန်တွင် အိမ်ဖြူတော်က နောက်ဆုတ်မည့် အလားအလာများ စတင်ပြသလာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 22 Views
CNN -၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၇ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက မင်နီဆိုတာပြည်နယ်သို့ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအေးဂျင့်များ အလုံးအရင်းနှင့်စေလွှတ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နောက်ဆုတ်မည့်လက္ခဏာများကို တနင်္လာနေ့တွင် ပြသခဲ့သည်။ ၎င်းသည် မြေပြင်မှ နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင်ကို အစားထိုးလဲလှယ်ခဲ့ပြီး ပြည်နယ်၏ ဒီမိုကရက်တစ်
တရုတ် တောင်ကိုရီးယား နိုင်ငံတကာသတင်း ဥရောပ

အမေရိကန်သည်မဟာမိတ်များအပေါ် တင်းမာနေချိန် တရုတ်သမတကကမ္ဘာ့ နိုင်ငံအများအပြားနှင့် သံတမန်ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်‌

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 26 Views
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၂၆ ခုနှစ်၏ အစောပိုင်း သီတင်းပတ်များအတွင်း တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည် ၊ ဥရောပ၊ မြောက်အမေရိက၊ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် တရုတ်နိုင်ငံ၏ အနီးဝန်းကျင် ဒေသများအထိသံတမန်ဆက်ဆံရေးကို နှစ်နိုင်ငံချင်းဖြစ်စေ၊