နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

စစ်ပွဲကို ယူကရိန်းက စတင်ခဲ့ကြောင်း အမေရိကန်သမ္မတထရမ့် မှားယွင်းစွာပြောဆို

ဖေဖော်ဝါရီလ (၁၉) ရက်။

အမေရိကန်သမ္မတထရမ့်သည် ဖလော်ရီဒါရှိ ၎င်း၏ မာအာလာဂိုအိမ်ရာတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ပြီး တစ်လအတွင်း ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံနိုင်ခြေကို အရိပ်အမြွက် ပြောကြားခဲ့သည်။

ယခုလကုန်တွင် ပူတင်နှင့် တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟု ထရမ့်က ပြောကြားခဲ့သည်။ ထရမ့်နှင့် ပူတင်တို့သည် ပြီးခဲ့သည့် သီတင်းပတ်က နာရီဝက်ခန့် ဖုန်းနှင့် စကားပြောခဲ့ကြပါသည်။ ပူတင်နှင့် တွေ့ဆုံမှုသည် ဆော်ဒီအာရေဗျတွင် ကျင်းပဖွယ်ရှိကြောင်း ထရမ့်က ပြောကြားခဲ့သည်။

ယူကရိန်းအခြေအနေနှင့်ပတ်သက်ပြီး အမေရိကန်နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးများ ဆော်ဒီအာရေဗျတွင် ၁၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲအပြီး နာရီပိုင်းအကြာတွင် ထရန့်၏ မှတ်ချက်များ ထွက်ပေါ်လာသည်။

ယူကရိန်းသမ္မတ ဇလန်းစကီးက ရုရှား၏ ရာဇသံကို အရှုံးမပေးဘဲ ယူကရိန်းနှင့် မသက်ဆိုင်သော မည်သည့်သဘောတူညီချက်ကိုမဆို လက်မှတ်ရေးထိုးရန် ငြင်းဆိုလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ထရမ့်က ဆော်ဒီအာရေဗျရှိ အမေရိကန်နှင့် ရုရှားအကြီးတန်းအရာရှိများ၏ ဆွေးနွေးပွဲများသည် အလွန်ကောင်းမွန်ကြောင်း ဖော်ပြခဲ့ပြီး ရုရှားဘက်က တစ်ခုခုလုပ်လိုသည်ဟု ပြောကြားခဲ့သည်။

ထရမ့်က “ဒီစစ်ပွဲကို ယူကရိန်းက စတင်ခဲ့တာ” ဟု မှားယွင်းစွာ ပြောဆိုခဲ့ပါသည်။ “ ဒါဟာ သုံးနှစ်နဲ့ ပြီးခဲ့သင့်တယ်။ ဒီစစ်ပွဲကို ယူကရိန်း (ဇလန်းစကီး) အနေနဲ့ မစသင့်ဘူး။ (ဇလန်းစကီး) က ညှိနှိုင်းသင့်တယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။

ထရမ့်သည် ယူကရိန်းရွေးကောက်ပွဲနှင့် ပတ်သက်၍ အပြုသဘောဆောင်သော ရပ်တည်ချက်တစ်ရပ်ကို ချမှတ်ခဲ့သည်။ ယူကရိန်းမှာ ရွေးကောက်ပွဲသစ်ကို ကျင်းပပေးဖို့ ရုရှားကလည်း တောင်းဆိုထားပါသည်။ ယူကရိန်းနိုင်ငံအတွင်း ရွေးကောက်ပွဲများ နှောင့်နှေးလျက်ရှိပြီး ရုရှားစစ်တပ်၏ ကျူးကျော်မှုကြောင့် စစ်အုပ်ချုပ်ရေး ချမှတ်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။

ယူကရိန်းနိုင်ငံသို့ ငြိမ်းချမ်းရေးတပ်ဖွဲ့များ စေလွှတ်ရာတွင် အမေရိကန်သည် ဥရောပနိုင်ငံများကို “ မည်သည့် ကန့်ကွက်မှုမျှ” မရှိကြောင်း ထရမ့်က ပြောကြားခဲ့သည်။ သူက ဥရောပနိုင်ငံတွေကို တပ်ဖွဲ့တွေ စေလွှတ်တာကို ထောက်ခံမယ်” ဟု ပြောခဲ့ပြီး အမေရိကန်က အနေနနှင့် မပါဝင်ဘူးဟု ပြောဆိုခဲ့ပါသည်။

သတင်းရင်းမြစ်။ CNN ဂျပန်

မှတ်ချက်။ ဂျပန်ဘာသာမှာ ပြန်ဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 30 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 37 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 44 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 47 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 61 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု