ဇန်နဝါရီလ (၁၉) ရက်။
အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို သတ်မှတ်ထားချိန်ထက် ၃ နာရီနောက်ကျပြီးမှ စတင်နိုင်ခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲရေးမတိုင်မီအထိ အစ္စရေးတို့က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၁၉ ဦးသေဆုံးသွားခဲ့ကာ ၃၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဂါဇာကမ်းမြှောင် အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။
ဟားမတ်စ်တို့က ပထမဆုံး ပြန်လွှတ်ပေးမယ့် ဓားစာခံ ၃ ဦးစာရင်းကို ထုတ်ပြန်ပေးလိုက်ပြီ ဖြစ်ပါတယ်။ သူတို့ကတော့ အားလုံး အမျိုးသမီးတွေ ဖြစ်ပါတယ်။ သူတို့နာမည်တွေက ရိုမီ ဂိုနင် (Romi Gonen), အေမီလီ ဒါမာရီ (Emily Damari) နဲ့ ဒိုရွန် စတိန်းဘာချာ( Doron Steinbrecher) တို့ ဖြစ်ပါတယ်။
သူ့တို့ကို ကြိုဖို့ အစ္စရေးစစ်တပ်ရဲ့ ရဟတ်ယာဉ်လည်း အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ဓားစာခံ ၃ ဦးဟာ ကြက်ခြေနီအဖွဲ့ထဲ ရောက်ရှိနေပြီလို့ သိရပါတယ်။
လူသားချင်းစာနာမှု အကူအညီတွေ တင်ဆောင်ထားတဲ့ ကုန်ကားတွေလည်း ဂါဇာထဲကို စတင်ဝင်ရောက်နေပြီလို့ သိရပါတယ်။
သတင်းရင်းမြစ်။ The Times of Israel





