နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားရဲ့ ရုတ်တရက် “ ၃၀ နာရီကြာ အပစ်အခတ်ရပ်စဲရေး” ကြေညာချက်နောက်ကွယ်ရှိ လျှို့ဝှက်ဗျူဟာက ဘာလဲ။

+++++++++++

CNN သုံးသပ်ချက်

+++++++++++

အီစတာအထိမ်းအမှတ်အဖြစ် ၃၀ နာရီကြာ အပစ်အခတ်ရပ်စဲကြောင်း ပူတင်က တစ်ဖက်သတ် ကြေညာလိုက်သည်။

ဤအချိန်ကိုက် တိုတောင်းပြီး ရုတ်ခြည်းဖြစ်ပေါ်လာတဲ့ တစ်ဖက်သတ် အပစ်ရပ်စဲရေး ဖြစ်ပါတယ်။ ယူကရိန်းကို ထောက်ခံနေတဲ့နိုင်ငံတွေက ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အေးစက်တဲ့အပြုံးပိုင်ဆိုင်တဲ့ မော်စကိုက တကယ်ကို ငြိမ်းချမ်းရေး လိုလားတယ်ဆိုတဲ့ အထောက်အထားတွေ လိုအပ်တယ်လို့ဆိုရင်၊ ဒီလိုအီစတာပွဲတေ်နဲ့ အချိန်ကိုက်ညှိပြီး ကြေညာလိုက်တဲ့ ချက်ချင်း အပစ်အခတ် ရပ်စဲရေးဟာ အဲ့ဒီအတွက် အထောက်အထား ပြလိုက်တယ်ဆိုတာလောက်ပဲ ဖြစ်ပါတယ်။

ဒီတခေါက် အပစ်ရပ်ရေး မကြေညာခင် အချိန်ပိုင်းအတွင်းမှာပဲ ကရင်မလင်အနေနဲ့ ငြိမ်းချမ်းရေးအတွက် အလေးအနက်ထားတယ်ဆိုတာ လာမယ့်ရက်တွေအတွင်း အရေးပေါ် အထောက်အထားတွေ လိုအပ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုနဲ့ သမ္မတဒေါ်နယ်ထရန့်တို့က ပြောဆိုထားပါတယ်။

ရုရှားထောက်ခံသူတွေက အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ကြေညာချက်ဟာ ထရန့်ကို ခေါင်းညိတ်လိုက်ပုံရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အကောင်အထည်မဖော်မီမှာပဲ ဒီအံ့အားသင့်ဖွယ်ကြေညာချက်ဟာ လက်တွေ့မကျဘဲ ချို့ယွင်းချက်တွေနဲ့ ပြည့်နှက်နေပြီး ယူကရိန်းအစိုးရဟာ ရန်လိုမှုများကို အဆုံးသတ်လိုခြင်း မရှိဘူးဆိုတာကို အတည်ပြုဖို့ ပူတင်က အသုံးပြုဖွယ်ရှိပါတယ်။

ယူကရိန်းစစ်တပ်အတွက် ပူတင်ရဲ့အမိန့်အရ ရုတ်တရတ်နှင့် ချက်ချင်းအပစ်ရပ်ရမယ်ဆိုရင် ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။

ပူတင်ရဲ့အမိန့်ထုတ်ပြန်ချိန်မှာ တပ်ဖွဲ့ဝင်တွေဟာ ရှေ့တန်းမှာ ပြင်းထန်တဲ့ တိုက်ပွဲများကြားမှာ ရှိနေနိုင်ပြီး အပစ်အခတ်ရပ်စဲရေးဆိုတာ ကြိုတင်ပြင်ဆင်မှုနဲ့ တခြားလုပ်ဆောင်ရမယ့်အချက်တွေ လိုအပ်မှာ ဖြစ်ပါတယ်။

သတင်းမှားတွေဟာ အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်တာကအစ ချိုးဖောက်မှုတွေရှိလာရင် ဘယ်လိုအစီရင်ခံရမယ် ဘယ်လိုတုံ့ပြန်ပုံရမယ် အပစ်အခတ်ရပ်စဲရေး ပြီးဆုံးပါက ဘာလုပ်ရမယ်ဆိုတာ စစ်သားတွေအတွက် စိတ်ရှုပ်ထွေးစေမှာ သေချာပါတယ်။

ဒီလိုအခိုက်အတန့်မှာ နှစ်ဖက်စလုံးက အကြမ်းဖက်မှုတွေကို ရေတိုအတွင်း အဆုံးသတ်နိုင်တယ်ဆိုတာ အလွန်ရှားပါးပြီး မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။ ဒါပေမယ့် ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံစလုံးဟာ အခြားတစ်ဦးကို ယုံကြည်လို့ မရနိုင်ကြောင်း ပြသဖို့ ချိုးဖောက်မှုတွေ ပရမ်းပတာဖြစ်မှုတွေကို အသုံးပြုမှာက ပိုပြီး ဖြစ်နိုင်ချေရှိပါတယ်။ ဒေသစံတော်ချိန် ၁၉ ရက်နေ့ ညနေပိုင်းအထိ ရှေ့တန်းမှာ ရုရှားစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

စွမ်းအင်အခြေခံအဆောက်အအုံအတွက် ကန့်သတ်ထားတဲ့ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးဟာလည်း ပရမ်းပတာနဲ့ စတင်ခဲ့ပါတယ်။ စွမ်းအင်နဲ့ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားပြီး မတိုက်ခိုက်ဘူးလို့ အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။ ကရင်မလင်ဘက်က စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်လိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။

ယူကရိန်းကတော့ အပစ်အခတ်ရပ်စဲရေးဟာ ရုရှားဘက်ပြောထားတဲ့နေ့ရက်ထက် တစ်ပတ်နောက်ကျပြီးမှ စတင်ခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ အယုံအကြည်မရှိမှု၊ ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး တစ်ဖက်နဲ့ တစ်ဖက် စွပ်စွဲမှုတွေနဲ့ ပြည့်နှက်နေပါတယ်။

ရုရှားအစိုးရက အခုလို အလားတူ တစ်ဖက်သတ် ကြေညာချက်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ပြုလုပ်ခဲ့ပြီး အော်သိုဒေါ့စ် (Orthodox) ခရစ်ယာန်တွေ ခရစ္စမတ်ဆင်နွှဲခွင့်ပြုဖို့ ငြိမ်းချမ်းရေးနေ့ကို တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီအချိန်က ယူကရိန်းအစိုးရနဲ့ အနောက်နိုင်ငံခေါင်းဆောင်တွေက အဲ့ဒီတောင်းဆိုချက်ကို စစ်ရေးရည်ရွယ်ချက်အတွက် မဟာဗျူဟာမြောက် အပစ်အခတ်ရပ်စဲရေးသာဖြစ်တယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။

စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေးဟာ တစ်ဖက်နဲ့ တစ်ဖက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ပြင်ဆင်မှုတွေ လိုအပ်ပါတယ်။ ရုတ်တရက် အပစ်အခတ်ရပ်စဲရေး ကြေညာချက်ဟာ ရုရှားက စစ်ပွဲကို ရပ်တန့်ဖို့ ဆန္ဒရှိကြောင်း အထောက်အထားအချို့အတွက် အိမ်ဖြူတော်ရဲ့ တောင်းဆိုချက်ကို ကျေနပ်အောင် လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။

ဒီအချက်ဟာ ထရမ့်ရဲ့ ကရင်မလင်လိုလားတဲ့အမြင်ကို အားဖြည့်ပေးနိုင်ဖွယ်ရှိပါတယ်။ ယူကရိန်းအတွက်ကတော့ အမေရိကန်အစိုးရက ရုရှားအစိုးအရရဲ့ ကောင်းမွန်တဲ့လုပ်ဆောင်ချက်လို့ မြင်နေတာကို ယူကရိန်းဘက်က ချိုးဖောက်တယ်လို့ စွပ်စွဲမှုတွေနဲ့ မလွှဲမရှောင်သာ ရင်ဆိုင်ရနိုင်တာကြောင့် ယူကရိန်းအတွက် ရှုပ်ထွေးသွားစေနိုင်ပါတယ်။

တကယ်တမ်းတော့ ၃ နှစ်ကြာ ဖြစ်ပွားနေတဲ့စစ်ပွဲကို တိုတောင်းတဲ့ကာလ သီအိုရီအရ ဖြစ်နိုင်ချေရှိတယ်ပဲဆိုအုံးတော့၊ ဒီတစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးဟာ လာမယ့်လတွေအတွင်း သံတမန်ရေးရာကဏ္ဍအတွက် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်ဖွယ် ရှိပါတယ်။

CNN မှ Nick Payton Walsh ၏ သုံးသပ်ချက်ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 33 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN-
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 146 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 62 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 61 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 66 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ