နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 31 ရက်

ဂျပန်

ဂျပန် တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်-ဂျပန် အဆင့်မြင့်အရာရှိဆွေးနွေးပွဲမှာ တရုတ်ဘက်မှ အရာရှိက လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားလျက် စကားပြောနေသည့်ပုံစံကြောင့် လူမှုကွန်ရက်တွင် ကန့်ကွက်မှုများဖြစ်ပေါ်

နိုဝင်ဘာလ (၁၉) ရက်။

ဂျပန်ဝန်ကြီးချုပ် တာကာအိချိ ဆာနာအေ၏ ထိုင်ဝမ်အရေးနှင့် ပတ်သက်သည့် လွှတ်တော်တွင်း ဖြေကြားချက်အပြီး ကျင်းပခဲ့သော ၁၈ ရက်နေ့ ဂျပန်-တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိများ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင်၊ တရုတ်ဘက်မှ အရာရှိက လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားလျက် ရပ်နေပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိကို မာန်ပါပါကြည့်နေသည့် ပုံစံမျိုးဖြင့် ရိုက်ကူးထားသော ဗီဒီယိုများနှင့် ဓာတ်ပုံများအား တရုတ်မီဒီယာများက အဓိကထား ထုတ်ပြန်ခဲ့သည်။

ယင်းအပေါ် ကျွမ်းကျင်သူတစ်ဦးက “ အမူအရာ မကောင်းဘူးလို့ ထင်ပေမယ့်၊ ဒီကိစ္စကို အလေးအနက်ထားပြီး ဂျပန်နိုင်ငံအတွင်းမှာ မုန်းတီးစကား (Hate Speech) များ ဖြစ်ပေါ်လာပါက၊ (တရုတ်ဘက်၏) အလိုကျ ဖြစ်သွားလိမ့်မယ်” ဟု ထောက်ပြ ပြောဆိုရင်း၊ သတိထား ကိုင်တွယ်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။

၁၈ ရက်နေ့ ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှနှင့် သမုဒ္ဒရာပိုင်းဆိုင်ရာဗျူရိုအကြီးအကဲ ကာနာအိ မဆအာကိ (Masaki Kanai) နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာဗျူရိုအကြီးအကဲ လူကျင်းစုန်း (Liu Jinsong) တို့အကြား ပြုလုပ်ခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲအပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အအုံမှ အရာရှိနှစ်ဦး ထွက်လာချိန်တွင် လူသည် ရင်ကိုကော့ပြီး လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထိုးထည့်ကာ လမ်းလျှောက်နေခဲ့ပြီး ၎င်း၏ဘေးတွင် စကားပြန်၏ စကားကို နားထောင်နေသော မစ္စတာ ခါနိုင်း မှာ အနည်းငယ် ခေါင်းငုံ့ထားပုံ ပေါ်သည်။

ဂျပန်နှင့် တရုတ်တို့၏ ရပ်တည်မှု အနေအထားကို မှားယွင်းစွာ ဖော်ပြနေသကဲ့သို့သော ဤပုံစံကြောင့် ဂျပန်လူမှုကွန်ရက်များတွင်လည်း ကန့်ကွက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

တရုတ် DJI ကုမ္ပဏီကြီးအား ထိုးနှက်ချက်အဖြစ် နိုင်ငံခြားဖြစ် ဒရုန်းမော်ဒယ်အသစ်များကို အမေရိကန် ပိတ်ပင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 19 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက် တရုတ်နိုင်ငံထုတ် ဒရုန်းများသည် အမေရိကန်ပြည်ထောင်စု၏ ကောင်းကင်ယံကို နှစ်ပေါင်း များစွာ
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဆာဗေးဒိုး အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရသည့် ဗင်နီဇွဲလားနိုင်ငံသားများက အမေရိကန်တရားရုံးတွင် ပြည်နှင်ဒဏ်ကို ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 24 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက် ရိုက်တာသတင်း။ အမေရိကန်ပြည်ထောင်စုမှတစ်ဆင့် အယ်ဆာဗေးဒိုး (El Salvador) နိုင်ငံရှိ အဆင့်မြင့်လုံခြုံရေး အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီးနောက် ဗင်နီဇွဲလားနိုင်ငံသို့ ပြန်လည်ရောက်ရှိသွားသည့် ဗင်နီဇွဲလားနိုင်ငံသား တစ်စုသည် ၎င်းတို့အား ပြည်နှင်ဒဏ် ပေးခဲ့မှုအပေါ်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားစစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် “ အဆောက်အအုံကြီးတစ်ခု” ကို အမေရိကန်က ခြေမှုန်းနိုင်ခဲ့ကြောင်း ထရန့် ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 18 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ဗင်နီဇွဲလားနိုင်ငံအပေါ် ဖိအားပေးသည့် စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြီးခဲ့သည့် အပတ်က “ အဆောက်အအုံကြီးတစ်ခု” (big facility) ကို အမေရိကန် ပြည်ထောင်စုက
နိုင်ငံတကာသတင်း အမေရိကန်

၁၉၉၈ ခုနှစ်က အမေရိကန်လူမျိုးများ၏ ၂၀၂၅ ခုနှစ်အပေါ် ခန့်မှန်းချက်များ – မည်သည်တို့ မှန်ကန်ခဲ့သနည်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 18 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ၁၉၉၈ ခုနှစ်တုန်းက ဘီလ်ကလင်တန်သည် တရားစွဲဆိုဖယ်ရှားခံရမည့် (impeachment) လုပ်ငန်းစဉ်များနှင့် ရင်ဆိုင်နေရချိန်ဖြစ်ပြီး၊ “ Titanic” ရုပ်ရှင်သည်လည်း အော်စကာဆု များကို သိမ်းကျုံးရရှိနေသည့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ၊ ခန်းယူနစ် အခြေအနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 35 Views
(AP)သတင်း၊ ဒီဇင်ဘာလ ၂၉ရက် ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ဆောင်းမိုးများ အပြင်းအထန် ရွာသွန်းခဲ့ရာ၊ နှစ်နှစ်ကြာစစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ ခိုလှုံရာ ဒုက္ခသည်စခန်းများတွင် ခြေမျက်စိမြုပ်သည်အထိ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ လပေါင်းများစွာ အသုံးပြုထား၍ စုတ်ပြဲနေသော တဲများအတွင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဒေါ်နယ်ထရန့်နှင့် ဇယ်လန်းစကီးတို့ ယုံကြည်မှုရှိနေပုံရသော်လည်း ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ထူးခြားသည့် တိုးတက်မှုများ မရှိသေးပါ။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 34 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၉ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေအပေါ် ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့သော်လည်း၊ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီး နှင့် တွေ့ဆုံပြီးနောက် အဆိုပါဆွေးနွေးပွဲများသည် အလွန်ရှုပ်ထွေးနေဆဲဖြစ်ကြောင်းနှင့် မည်သည့်အချိန်တွင် အဖြေထွက်မည်ဆိုသည့် တိကျသော
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဇလန်းစကီးနှင့် ထရမ့်တို့ မတွေ့ဆုံမီ ရုရှားက ယူကရိန်းကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 37 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၂၇ရက်  (ရိုက်တာ) — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက လေးနှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အရေးပါသော တွေ့ဆုံမှု မပြုလုပ်မီ စနေနေ့တွင် ရုရှားက