နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွာလုံးကျွတ်နီးပါး မီးရှိခံရပြီး (၂)နှစ်ကြာ နေရပ်မပြန်နိုင်သေးတဲ့ ဆားလင်းကြီးမြို ထန်းတောရွာ

+++++++++++++++++++++++++++++++++++++++++++++++

ဇန်နဝါရီလ (၂၀)ရက်။

ဆားလင်းကြီးမြို ထန်းတောရွာဟာ အိမ်ခြေထက်ဝက်ကျော် မီးရှိခံရပြီး စစ်ကောင်စီစစ်ကြောင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်တာ (၂)နှစ်ပါးရှိနေပြီဖြစ်တယ်လို ဒေသခံတွေထံက သိရပါတယ်။

“ အိမ်ခြေ (၅၀၀)လောက်ရှိတဲ့အထဲ (၂၆၀)ကျော်လောက် မီးရှိခံရတာပြီး ကျန်အိမ်တွေဟာ ခိုးယူခံရတာတွေ တွခါးနဲ့ သံပန်းတွေကော နောက်ဆုံး သွပ်တွေကိုပါ ခွာယူကြတာ။ အဲ့ဒါကြောင့် ကျွန်တော်တိုရွာက တခြားရွာတွေနဲ့မတူဘဲ တော်တော်ဆိုးဝါးတာ” လို ထန်းတောရွာခံတစ်ဦးက ဆိုပါတယ်။

ထန်းတောရွာဟာ မုံရွာအပါအဝင် မြန်မာ-ဝမ်ပေါင်ဘက်ကို သွားရာမှာ ဇက်ဆိပ်ရှိတဲ့ အဓိကဖြတ်သန်းသွားရတဲ့ ကျေးရွာဖြစ်တဲ့အတွက် စစ်ကြောင်းထိုးတာတွေကြောင့် မကြာခဏဆိုသလို ထွက်ပြေးတိမ်းရှောင်နေရတယ်လို သိရပါတယ်။

“ ထန်းတောရွာက မုံရွာနဲ့နီးတာ ဝမ်ပေါင်နဲ့နီးတာတွေကြောင့် အမြဲတမ်း စစ်ဘေးရှောင်နေရတဲ့ အနေအထားရှိတယ်။ မုံရွာကနေ ဝမ်ပေါင်ကို ရိက္ခာပိုတာလဲ ရွာထိပ် ဇက်ဆိပ်ကနေဖြတ်တာ။ ဝမ်ပေါင်ကနေ ပစ္စည်းပစ္စယပိုရင်လဲ ရွာဇက်ဆိပ်ကိုပဲ သုံးတာ၊ ရံဖန်ရံခါ ရဲစခန်းကထွက်ရင်လဲ ရွာက ရှောင်နေရတယ်” လို သူက ဆက်ပြောပါတယ်။

ထန်းတောရွာဟာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာမှာ ဝင်/ထွက်ပြုလုပ်နေရတဲ့ နေရာဖြစ်တာကြောင့် စစ်ဘေးရှောင်နေရကာ ရွာသူရွာသားတွေအနေနဲ့ အနီးဝန်းကျင်ရှိ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအပါအဝင် အဆင်ပြေတဲ့နေရာမှာ ခိုလှုနေကြရတာပါ။

ဇက်ဆိပ်ရှိတာကြောင့် အနောက်ဘက်ကမ်းတလျှောက်ရှိ ဒေသခံတွေဟာ မုံရွာကို အမှီအခိုပြုပြီး စားဝတ်နေရေး လုပ်ကိုင်သူတွေအတွက် အခက်အခဲတွေလဲ ရှိနေသလို စစ်ဘေးရှောင်နေရတာ (၂)နှစ်ပြည့်တော့မှာဖြစ်တယ်လို သိရပါတယ်။

“ စစ်ကြောင်းထိုးလို ရွာမပြန်ရတာတမျိုး ဝမ်ပေါင်က ရွာကို အသုံးပြုလာတာများပြီး ကြေးနီအပါအဝင် ပစ္စည်းသယ်တာတွေ‌နဲ့ မုံရွာကနေ ရိက္ခာပိုတာတွေမှာ ရွာကနေ ဖြတ်သွားရတဲ့အတွက် ထန်းတောရွာက စစ်ဘေးရှောင်နေရတာ (၂)နှစ်ပြည့်တော့မှာဖြစ်တယ်” လို ပြောဆိုခဲ့ပါတယ်။

နောက်ပြီး ထန်းတောရွာထဲအပါအဝင် ရွာအဝင်/အထွက်မှာ ရဲစခန်းနဲ့ ဝမ်ပေါင်တို ပူးပေါင်းပြီး ဂိတ်စခန်း (၄)ခုနီးပါးအထိ ချထားကာ ရဲစခန်းအနီးဝန်းကျင် မီတာ (၁၅၀)ခန့်ကိုလဲ စက်တွေနဲ့ ရှင်းလင်းပြီး နင်းမိုင်းတွေချထားတယ်လို သိရပါတယ်။

အခုအခါ ထန်းတောရွာဟာ မုံရွာ-ဝမ်ပေါင်-ရဲစခန်း စခန်း(၃)ခုရဲ့ အလယ်ခေါင်မှာ တည်ရှိနေပြီး အန္တရာယ်ဟာ လက်တကမ်းအလိုမှာ ရှိနေတဲ့အတွက် နေရပ်ပြန်ချင်ပေမယ့်လဲ ပြန်လိုမရဘဲ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရတယ်လို ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် နေရပ်မပြန်နိုင်တာတွေနဲ့အတူ ကလေးငယ်တွေရဲ့ ပညာသင်ကြားတဲ့အပိုင်းမှာလဲ အခက်အခဲတွေရှိနေကာ စားဝတ်နေရေးအတွက် လုပ်ကိုင်ရာမှာ ပေါ်တာဆွဲဖမ်းဆီးတာတိုကြောင့် အလုပ်အကိုင်ရှားပါးတဲ့ အခက်အခဲတွေရှိနေတယ်လို သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ဆေးဘက်ဆိုင်ရာကျောင်းတွေမှာပါ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 26 Views
မေလ (၁၂)ရက်။ ရန်ကုန် မှော်ဘီမြို့အခြေစိုက် စစ်တပ်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း(တဆက)မှာပါ စစ်မှုထမ်းသင်တန်း ဖွင့်လှစ်သင်ကြားနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တဆကဟာ
မြန်မာသတင်း

အုတ်ဖိုမှာ စစ်တပ်ကင်းပုန်းတပ်ဖွဲ့နဲ့ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 27 Views
မေလ (၁၂)ရက်။ အုတ်ဖိုမြို့မှာ စစ်တပ် ကင်းပုန်းဝပ်တပ်ဖွဲ့တွေနဲ့ ပျူစောထီးစခန်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ထမ်းဆောင်မယ်လို့ LPDF တွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 26 Views
မေလ (၁၂)ရက်။ မေလ (၇)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဒေသထဲအခြေစိုက် LPDF အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို မကွေးယူနစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်နဲ့ ကာကွယ်ရေးဝန်ကြီး
မြန်မာသတင်း

လမိုင်းမြို့ရဲစခန်းအနီးတိုက်ပွဲထဲ စစ်ကော်မရှင်ရဲ့ ဒုရင်းမှူးတဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 31 Views
မေလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်မှာ လမိုင်းမြို့ရဲစခန်းအနီး ‌စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေ (၆)နာရီခွဲလောက် လမိုင်းမြို့ရဲစခန်းနားမှာ ခလရ(၁၀၆)က အားကိုးရတဲ့ ဒုရင်းမှူး ထွန်းရာကျော်ကို ကျွန်တော်တို့
မြန်မာသတင်း

အာဆီယံနဲ့ နိုင်ငံတကာကို ဝေဖန်တဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 32 Views
မေလ (၁၁)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG က ဒီကနေ့မှာ ပြင်းပြင်းထန်ထန် ရှုတ်ချထားတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုထားတယ်ဆိုကာ စွပ်စွဲပြီး ဒေသထဲ ထိတွေ့ဆက်ဆံတာတွေကို ဖယ်ကြည်ထားတယ်လို့ အာဆီယံနဲ့
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်း အရေးပေါ်ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 31 Views
မေလ (၁၁)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်းကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ CDF-Tonzang ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို ဦးတည်လာတာကြောင့် ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ရာ်ရွယ်ပြီး ဖြတ်သန်းသွားလာတာ မလုပ်ဖို့ တားမြစ်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 31 Views
မေလ (၁၁)ရက်။ ဧပြီလထဲ မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုကော််မတီ(မန္တလေး)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြင်းခြံခရိုင်ထဲ စစ်အုပ်စုကြောင့် အရပ်သား သေဆုံးတာဟာ
မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိတော့မည် ဖြစ်ကြောင်း လပေါင်းများစွာကြာအောင် ထပ်တလဲလဲ ပြောဆိုနေခဲ့သည်။ စစ်ပွဲ၏