နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် အထက်လွှတ်တော် အမတ် ဘာနီဆန်းဒါး ၏ ထရန့်အစိုးရ အပေါ်အမြင်

ပွင့်လင်းစွာ ပြောတတ်မှုမှာ နာမည်ကြီးတဲ့ အမေရိကန် တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါး (Bernie Sanders) က အစိုးရစွမ်းရည်မြှင့်တင်ရေးဌာန (DOGE) ရဲ့ အစိုးရရန်ပုံငွေ ဖြတ်တောက်မှုနောက်ကွယ်မှာရှိတဲ့ တကယ့်အစီအမံကို ရှင်းပြခဲ့ပါတယ်။

ကျွန်တော်တို့ဟာ အလွန်ချမ်းသာသူတွေရဲ့ မယုံနိုင်လောက်အောင် တန်ခိုးအာဏာ ရှိနေမှုကိုသာ ယှဥ်ဆိုင်နေရတာ မဟုတ်ဘူး။ အာဏာရှင်စနစ်ဆီကို ဦးတည်ရွေ့လျားသွားနေတာကိုသာ ရင်ဆိုင်နေရတာမဟုတ်ဘူး။ ကျွန်တော်တို့ဟာ အမေရိကအတွက် အသစ်အဆန်းတွေကို ရင်ဆိုင်ဖြေရှင်းနေရပါတယ်။

နိုင်ငံရေးသမားတွေက အမြဲလိမ်တတ်တယ်။ ဒါနဲ့ပတ်သက်ပြီး အသစ်အဆန်းမဟုတ်ပေမယ့် အခုမြင်နေရတဲ့အဆင့်က အလွန်ကြီးမားတဲ့ လိမ်ညာမှုကြီးပဲ၊ ထပ်ခါတလဲလဲ လိမ်ညာမှုကြီး တစ်ခုပြီးတစ်ခုဆင့်ကဲ ထွက်လာပြီး အီလွန်မတ်စ်ရဲ့ Twitter မှာ လူသန်းရာပေါင်းများစွာက ထပ်ခါတလဲလဲ ထပ်ခါတလဲလဲ ဒီအကြောင်းတွေကို ပြောနေခဲ့ပါတယ်။

အဲဒီအခါ ကမ္ဘာကြီးက အိုး! လူမှုဖူလုံရေးဌာနက မရှိနိုင်တော့တဲ့ အသက် ၁၅၀ အရွယ်တွေကို ထောက်ပံ့ကြေးပေးနေတယ်ဆိုတဲ့သတင်းက ယုံနိုင်စရာလား။ အရာအားလုံးက အကျင့်ပျက်ခြစားနေကြတယ်။ လူမှုဖူလုံရေးဌာန လုပ်ဆောင်မှုတွေဟာ ပျက်စီးသွားပြီဆိုတဲ့သတင်းက၊ မင်းကို ဘယ်လိုအတွေးအခေါ် မျိုးကို ဖြစ်စေခဲ့သလဲ။ နောက်တစ်ဆင့်က ဘာဖြစ်မှာလဲ။ အစိုးရက ဘာမှမလုပ်ဆောင်နိုင်ဘူး။

နောက်တဆင့်အနေနဲ့ သူတို့အကြောင်းပြမှာက အစိုးရက ဘာမှမလုပ်နိုင်ဘူး။ လူမှုဖူလုံရေးက အလုပ်မလုပ်ဘူး၊ ကျန်းမာရေးစောင့်ရှောက်မှု (Medicare) က အလုပ်မလုပ်ဘူး၊ ကျန်းမာရေး ထောက်ပံ့မှု (Medicaid) က အလုပ်မလုပ်ဘူးဆိုရင် အဲဒီပရိုဂရမ်တွေအားလုံးကို ဖယ်ရှားဖျက်သိမ်းပစ်ပြီး အဲဒီလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ ဘီလျံနာလူတန်းစားကို လွှဲပေးပြီး လုပ်ဆောင်သွားစေမှာ ဖြစ်တယ်။

သတင်းထောက် မေး- ဘာနီ (Bernie) က အဲဒီလိုလုပ်မယ်လို့ ထင်သလား။ အဲဒါက သူတို့အနေနဲ့ အဆုံးစွန် ရည်မှန်းထားပြီး လုပ်နေတယ်လို့ ရှင်ထင်နေတာလား။

ဘာနီဆန်းဒါး။ ဟုတ်တယ်၊ ဒီနိုင်ငံရဲ့ အလုပ်သမား လူတန်းစားအတွက် ထောက်ပံ့မှု အစီအစဥ်တွေကို ကြီးကြီးမားမား ဖြတ်တောက်ချင်ရုံမက တဖက်မှာလည်း ချမ်းသာတဲ့သူတွေကို အခွန်လျှော့ပေးပြီးတော့ အရေးကြီးတဲ့ အစိုးရဌာနတိုင်းကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲပေးချင်နေကြတယ်။

အမေရိကန်ဆီနေတာ ဘာနီဆန်းဒါးထောက်ပြတဲ့အချက်က အလွန်စိတ်ဝင်စားစရာကောင်းပြီး ထရန့်အစိုးရလက်ထက်မှာ တိုင်းပြည်ရဲ့တင်ရှိနေတဲ့ လိုငွေပြမှုကို လျော့ချနိုင်ရန် ကြံစည်မှုမှာ လူမှုဖူလှုံရေးက ထောက်ပံ့မှု ခံစားနေရသူတွေစာရင်းမှာ အသက် ၁၅၀ အရွယ်တွေ အများအပြား ရှိနေတယ်ဆိုတဲ့ သတင်းကို ထရန့်အစိုးရ ခန့်ထားတဲ့ အီလွန်မတ် ဦးဆောင်တဲ့ အစိုးရစွမ်းရည်မြှင့်တင်ရေးဌာန (DOGE) က ထုတ်ပြန်ခဲ့တဲ့အတွက် အဲ့ဒီသတင်းက ပြန့်နှံသွားခဲ့ပြီး လူမှုဖူလှုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု (Medicare)၊ ကျန်းမာရေး ထောက်ပံ့မှု (Medicaid) တို့ကို လူထုက အယုံအကြည်ကင်းမဲ့ သွားစေဖို့ ပုံဖော်ထားပြီး အစိုးရအနေနဲ့ အဲ့ဒီဌာနသုံးခုလုံးကို ဖျက်သိမ်းပြီး အစိုးရဦးစီးမှုကနေ ပုဂ္ဂလိကလုပ်ငန်းတွေအဖြစ် သန်းကြွယ်သူဌေးတွေကို လုပ်ဆောင်ခွင့်‌ပေးမယ့် အစီအစဥ် ဖြစ်တယ်လို့ ဘာနီဆန်းဒါက စွပ်စွဲခဲ့ပါတယ်။

ထရန့်အစိုးရဟာ အာဏာရှင်စနစ်ဆီကို ဦးတည်နေပြီး ရွေးကောက်ပွဲမတိုင်ခင် ထရန့်က အမေရိကန်ပြည်သူတွေ သူ့ကို တစ်ကြိမ်သာ မဲ‌ပေးရွေးချယ်ပေးဖို့လိုကြောင်း နောက်တကြိမ် ရွေးပေးစရာ မလိုတော့ကြောင်း ပြောကြားထားချက်ဟာ သူအာဏာရလာပြီးနောက်မှာ ရွေးကောက်ပွဲ မလိုတော့ကြောင်း ပြောကြားသလို ဖြစ်နေတယ်။ ထရန့်က အစဥ်တစိုက် အမေရိကန် စီးပွားရေး တိုးတက်လာဖို့ စီးပွားရေးလုပ်ငန်းရှင် လူချမ်းသာကြီးတွေကို အခွန်လျော့ချပေးဖို့ ပြောကြားခဲ့ပြီး အစိုးရ ဦးစီးလုပ်ဆောင်နေတဲ့ လူမှုဖူလှုံရေး လုပ်ငန်းတွေဟာ အကျင့်ပျက်ခြစားနေကြောင်း စနစ်တစ်ခုလုံးကို ပြောင်းလဲပစ်ရမယ်လို့ ဆိုခဲ့ပြီး သန်းကြွယ်သူဌေးကြီးတွေရဲ့ ထောက်ခံမှုကို ရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် သွင်းကုန်အခွန်ကို တိုးကောက်တာကြောင့် အခွန်ငွေ ဘီလီယံ ရရှိလာနိုင်မယ်လို့ ပြောကြား နေသော်လည်း ထိုလုပ်ဆောင်မှုကြောင့် ပြည်တွင်းကုန်ဈေးနှုန်း မြင့်တက်လာပြီး လက်လုပ်လက်စား လူလတ်တန်းစားတွေအတွက် စီးပွား‌ရေးကျပ်တည်းလာမှာကိုတော့ ခဏတာကာလသာ ဖြစ်မယ်လို့ ဆိုခဲ့သလို အစိုးရထောက်ပံ့ငွေ ပေးထားတဲ့ပညာရေးစနစ်ဟာလည်း တိုင်းပြည်ကို ထိပ်တန်းပညာရေးအဆင့်ကို မရောက်တဲ့အတွက်ဆိုကာ ပညာရေးဌာနကို ဖျက်သိမ်းပစ်ဖို့ လုပ်ဆောင်နေပါတယ်။ ထရန့်အစိုးရဟာ အိုလီဂါခီ (Oligarchy) ခေါ် လူနည်းစုချမ်းသာကြွယ်ဝသူတွေက အုပ်ချုပ်တဲ့စနစ်ဆီကို ဦးတည်နေတယ်လို့ ဘာနီဆန်းဒါးက ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန်

ဇီလန်းစကီးက ထရန့်အား ‘ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးပါ’ ဟု တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 13 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ကိယက်ဗ် — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးသည် တနင်္လာနေ့တွင်
တရုတ် နိုင်ငံတကာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြသည့် ဆောင်းပါးရှင် John Liu ရေးသားသည့်တရုတ်နည်းပညာတိုးတက်လာမှုဆောင်းပါး။

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 11 Views
၂၀၂၆ခုနှစ် ဧပြီလ ၁၃ရက် တရုတ်နိုင်ငံသည် နည်းပညာကဏ္ဍတွင် အမေရိကန်ကို အမီလိုက်ရန် ရည်ရွယ်နေခြင်းမဟုတ် ဦးဆောင်ရန် ရည်မှန်းထားခြင်းသာဖြစ်သည်။ ဟောင်ကောင် —
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ပိတ်ဆို့ထားနှင့်ပြီးဖြစ်သော ရေလက်ကြားကို ထရန့်က အဘယ်ကြောင့် ပြန်လည်ပိတ်ဆို့မည်ဟု ခြိမ်းခြောက်နေသနည်း

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 14 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်နေသည်။ ၎င်းသည် အီရန်အနေဖြင့် မည်သည့်စည်းကမ်းချက်မျှမပါဘဲ ချက်ချင်းပြန်ဖွင့်ပေးရမည်ဟု သူကိုယ်တိုင် ထပ်တလဲလဲ ပြောဆိုထားသည့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပေါ်တော့မည် ဖြစ်သည်။ လူထုစစ်တမ်းများအရ အတိုက်အခံ
အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ ဖြစ်ပေါ်လာစေမည့် “ ကမ္ဘာပျက်ကိန်း” သတိပေးချက်ကို ရင်ဆိုင်ရန် သမ္မတ ဒေါ်နယ်ထရမ့်က သတ်မှတ်ထားသည့်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ တိုက်ပွဲများအပြီးတွင် အီရန်နှင့် အမေရိကန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည့် သတင်းအပေါ် အရှေ့အလယ်ပိုင်းနိုင်ငံများက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 54 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက