နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ထရန့်ကို မလိုအပ်ကြောင်း ပူတင်က ပုံစံအမျိုးမျိုးနဲ့ ပြသနေ

ထရန့်အဆိုပြုခဲ့သည့် ခြွင်းချက်မရှိ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးကို ယူကရိန်းနှင့် ဥရောပမဟာမိတ်များက ထောက်ခံခဲ့ကြပြီး ပူတင်အတွက်ဖိအားပေးမှုဖြစ်လာခဲ့သည်။ ပူတင်ကမည်ကဲ့သို့ တုံ့ပြန်မည်အပေါ် မှုပေါ် မူတည်၍ နှစ်ပတ် သို့မဟုတ် သုံးလကြာ အပစ်အခတ်ရပ်စဲရေးကို တည်ဆောက်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ငြိမ်းချမ်းရေးအတွက် မည်သည့်အရာကို အဆိုပြုမည်နှင့်ပတ်သက်၍ အဓိက ကျလာခဲ့သည်။

ဆိုချီကမ်းရိုးတန်းရှိ ဂီတကျောင်းတစ်ကျောင်းတွင်ရှိနေစဥ်ထရန့်ထံမှ အရေးကြီးသော ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် ပူတင်သည် တုန်လှုပ်မှု မရှိဘဲ နေတိုးက အရှိန်အဟုန်ဖြင့် ချဲ့ထွင်လာမှုကြောင့် စစ်ပွဲကို ရွေးချယ်ခဲ့ရသည်ဆိုသည့် မဟုတ်မှန်သော စွပ်စွဲချက်လမ်းကြောင်းကိုသာ ပြန်လည်ပြောဆိုအကြောင်းပြခဲ့သည်။

“ ပဋိပက္ခ၏ မူလဇစ်မြစ်”

ဤစကားစုသည် ငြိမ်းချမ်းရေးလမ်းစဉ်ကို လျှောက်လှမ်းနေသည့်သူ တစ်ဦးထံမှ အံ့သြစရာကောင်းသည့် စကားစု ဖြစ်သည်။

ဖုန်းမလာခင် နာရီပိုင်းစောပြီး စကားလုံးငါးလုံး (It is not our war) ထွက်ပေါ်လာပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် နှစ်နာရီကြာ ဖုန်းခေါ်ဆိုမှုအတွင်း ပူတင်၏ နားထဲတွင် ယင်းတို့ကို ကြားယောင်နေပေလိမ့်မည်။

“ ဒါက ကျုပ်တို့စစ်ပွဲမဟုတ်ဘူး (It is not our war) ” ဟု အမေရိကန်ဒုတိယသမ္မတ ဗန်းစ်က အစောပိုင်းက ပြောကြားခဲ့သည်။ ဥရောပလုံခြုံရေးတွင် တာဝန်ယူတက် ရောက်လာခဲ့သည့် ဒုသမတဗန့်စ်သည် အလွန်ဆိုးရွားစွာ ‌ဤအံ့သြဖွယ်ကောင်းလောက်သည့် စစ်ပွဲ ခြိမ်းခြောက်မှုနှင့်မသက်ဆိုင်သော ရပ်တည်ချက်ကို ထပ်မံပြသခဲ့သည်။

၎င်းအယူအဆမှာ ရုရှားက မလိုလားသည့် ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ခုဆီသို့ ဆောင်ရွက်ဖို့ မပြုဘဲ၊ ယူကရိန်းနှင့် သံခင်းတမန်ခင်းနှင့် ထောက်ပံ့မှု နှစ်မျိုးလုံးမှ အမေရိကန်က နောက်ဆုတ်သွားနိုင်ခြင်းဖြစ်သည်။ အမေရိကန်အစိုးရက စစ်ပွဲမှ နုတ်ထွက်ခြင်းသည် ရုရှားတို့ အသည်းအသန် လိုလားနေသည့်အရာဖြစ်ပြီး ပူတင်သည် သူ၏အိမ်မက်ကို အကောင်အထည်ဖော်ရန် ရက်စက်ကြမ်းကြုတ်သောစစ်ပွဲကို ဆက်လက်လုပ်ဆောင်ခြင်းမှလွဲ၍ အခြားမည်သည့်အရာကိုမှ မလိုအပ်ပါ။

ဖုန်းခေါ်ဆိုပြီးနောက် ချက်ချင်းဆိုသလိုပင် ထရန့်သည် ပဋိပက္ခမှ ကျောခိုင်းသွားသလို ဖြစ်သွားခဲ့သည်။ လွန်ခဲ့သည့်ငါးရက်အထိ ထရန့်သည် ပူတင်နှင့် ယူကရိန်း သမ္မတ ဇလန်းစကီး တို့ကြား ပဋိပက္ခကို ဖြေရှင်းရန် ကြိုးပမ်းနေခဲ့သည်။ တူရကီတွင် တွေ့ဆုံရန် စီစဉ်နေသည်အထိ စိတ်အားထက်သန်သော ကြားဝင်ဖျန်ဖြေသူနှင့် ပဋိပက္ခ ငြိမ်းချမ်းရေး စောင့်ထိန်းသူအဖြစ် ထရန့်သည် လွန်ခဲ့သည့်ငါးရက်အထိ လုပ်ဆောင်ခဲ့သည်။

သို့သော်လည်း ၁၉ ရက်နေ့က ပူတင်နှင့် ဖုန်းခေါ်ဆိုပြီးနောက်တွင် ယူကရိန်းနှင့် ရုရှားတို့ကသာ ၎င်းတို့တတ်နိုင်သမျှ တိုက်ရိုက်စကားပြောဆိုရန်သာ ဖြစ်ကြောင်း ထရန့်က ပြောကြား ခဲ့သည်။ အမေရိကန်ဖွား ပုပ်ရဟန်းမင်းကြီး၏ နေအိမ်ဖြစ်သော ဗာတီကန်ကို စေ့စပ်ညှိနှိုင်း ရန် ဖြစ်နိုင်သည့်နေရာအဖြစ်လည်း အမည်ပေးခဲ့သည်။ အမေရိကန်သည် စေ့စပ်ညှိနှိုင်းရေးမှ လုံးလုံးလျားလျား ထွက်ခွာသွားဖွယ် မရှိသော်လည်း အခြားသူတစ်ဦးဦးကို ဦးဆောင်စေလိုပုံ ရသည်။

လွန်ခဲ့သည့် ၁၀ ရက်အတွင်း ပူတင်သည် အမေရိကန်သမ္မတ သို့မဟုတ် ၎င်း၏ခွင့်ပြုချက် လိုအပ်ကြောင်း ပြတ်ပြတ်သားသား သတိပေးခဲ့သည်။ သုံးနှစ်ကြာ စစ်ပွဲများအတွက် ရုရှားနိုင်ငံပိုင်မီဒီယာက ရုရှားနိုင်ငံသည် ယူကရိန်းနှင့်သာမက အမေရိကန်အပါအဝင် နေတိုးအဖွဲ့ တစ်ခုလုံးနှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း ရုရှားပရိသတ်အား အသိပေး ခဲ့သည်။

ထရန့်၏ သမ္မတသက်တမ်းသည် ရုရှားအတွက် ပိုမိုအဆင်ပြေသော စေ့စပ်ညှိနှိုင်းရေး အနေအထားသို့ ရောက်ရှိရန် သို့မဟုတ် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို လျော့ပါးစေရန်အတွက် အခွင့်အလမ်းကို ပြသပေးပါသည်။

သို့သော် ရုရှား၏ အဓိက တွက်ချက်မှုနှင့် သတင်းစကားသည် အပြောင်းအလဲ မရှိခဲ့ပါ။ ယင်းက အိမ်နီးချင်းနိုင်ငံများအပေါ် ရုရှားကသာ အဓိကဦးဆောင်နိုင်ငံ ဖြစ်ကြောင်း ပြန်လည်ထူထောင်ရန် ကြီးမားသည့် လောင်းကြေး (သေရင်မြေကြီး ရှင်ရင်ရွှေထီး) ထပ်ခဲ့သည့် စစ်ပွဲဖြစ်သည်။

စစ်ပွဲအတွင်း အသေအပျောက် အရေအတွက် များပြားလှသောကြောင့် ရုရှားပြည်သူ လူထုအား များစွာ ဒုက္ခရောက်စေပြီး ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေပြီး တစ်ဝက်တစ်ပျက် သို့မဟုတ် လုံလောက်မှု မရှိသော ရလဒ်သည် ရုရှားခေါင်းဆောင်၏ သက်တမ်းကို တိုတောင်း စေနိုင်သည်။ ဤစစ်ပွဲသည် ရုရှားခေါင်းဆောင်များက ဆုံးရှုံးသည်ဟု ယူဆနိုင်သည့် စစ်ပွဲမျိုး မဟုတ်ပါ။

လက်ရှိအချိန်တွင် အမေရိကန်က ရုရှားကို ပေးဆောင်နိုင်သည့် အချက်များ၏ ကန့်သတ်ချက်မှာ သြဇာလွှမ်းမိုးမှု အမြင်ဖြင့် အာကာသမှ ကြည့်လျှင်ပင် ထင်ရှားသည်။ တကယ်တမ်းတွင် အမေရိကန်သည် ပြီးခဲ့သည့် သီတင်းပတ်က ထရန့်က ယူဆခဲ့သည့်အတိုင်း ရုရှားထံမှ ရေနံဝယ်ယူနေပြီး ရုရှားကို ငွေကြေး ပံ့ပိုးပေးနေသည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ အပေါ် “ဒဏ်ခတ်ပိတ်ဆို့မှုများ” ပေါင်းထည့်ခြင်းဖြင့် ပိတ်ဆို့အရေးယူမှုများကို အရှိန်မြှင့်တင် နိုင်သည်။

သို့သော် ယင်းသို့ ပြုလုပ်ပါက ဝါရှင်တန်သည် ယခုအချိန်အထိ ကောင်းမွန်စွာ ရပ်တည် နိုင်ခဲ့သည့် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခု၏ ကုန်သွယ်ရေး အကွဲအပြဲကို ဖန်တီးနိုင်သည့် အခြေအနေ ဖြစ်သည်။ အမေရိကန်သည် ရုရှားအား လိုက်လျောမှုများ ပြုလုပ်ရန် ဖိအားပေးရန်အတွက် ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ရန် ရွေးချယ်ခွင့်လည်းရှိသည်။ သို့သော် ယင်းကဲ့သို့ ပျော့ပျောင်းသော ချဉ်းကပ်မှုသည် ဥရောပမဟာမိတ်များကို စိတ်ဆိုး စေမည်ဖြစ်ပြီး ဥရောပ၏ လက်တွေ့ကျသော ပံ့ပိုးကူညီမှု မရှိဘဲ ဖြစ်သွားဖွယ်ရှိသည်။

ရုရှားအစိုးရအပေါ် နာကျင်စေမှုဖြစ်စေရန် ရည်ရွယ်သည့် နောက်ထပ်ခြေလှမ်းများတွင် ထရမ့်သည် ယခင်သမတဖြစ်သူ ဘိုင်ဒင်ထက် ရုရှားအား အပြစ်ပေးအရေးယူရန် ပိုမိုလုပ်ဆောင်သွားဖွယ်ရှိသည်။ ၎င်းသည် MAGA (Make America Great Again) လှုပ်ရှားမှု၏ ပထဝီနိုင်ငံရေးဗျူဟာ မဟုတ်ပါ။ တစ်ဖက်မှ အားပျော့သွားခြင်း သို့မဟုတ် နိုင်ငံရေးခေါင်းဆောင်မှု သိသိသာသာ ပြောင်းလဲခြင်း မရှိပါက ပြတ်ပြတ်သားသား အဆုံးမရှိသော စစ်ပွဲတွင် အမေရိကန်၏ ပါဝင်ပတ်သက်မှုကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်သည်။

၂၀၂၅ ခုနှစ် ယူကရိန်း အခြေအနေနှင့် ရှေ့အလားအလာသည် မကောင်းလှပါ။ သို့ရာတွင် ဥရောပပေါ်လစီ၏ အဓိကအတွေးအခေါ် က ကြောက်စရာကောင်းလှသည့် ရွေးချယ်စရာများ ပြည့်နေသည့် ကမ္ဘာပေါ်တွင် အကောင်းဆုံး ရွေးချယ်မှုဖြစ်ခဲ့သည်။

နေတိုး၏ အဆုံးမရှိသော စည်းလုံးညီညွတ်မှုကို ၎င်း၏ မျက်စိရှေ့မှောက်တွင် မြင်မှသာလျှင် မော်စကိုသည် ၎င်း၏ ရည်ရွယ်ချက်များကို နောက်ပြန်ဆုတ်သွားနိုင်စေမည် ဖြစ်သည်။ စီးပွားရေး၊ အရန်ငွေ၊ ဝန်ထမ်း သို့မဟုတ် ပစ္စည်းကိရိယာများ ကျဆင်းသွားနိုင်သော်လည်း စစ်ကို ရပ်တန့်ရန် တစ်ခုတည်းနှင့် လုံလောက်ပါသည်။ အခြေအနေက ခက်ခဲသော်လည်း ဥရောပတွင် ရွေးချယ်စရာ အနည်းငယ်သာ ကျန်တော့သည်။ ယူကရိန်းမှာတော့ ရွေးချယ်စရာ လုံးဝ မရှိတော့ပါ။ ထရန့်က သူ့တွင် ရွေးချယ်စရာ ရှိသည်ဟု ခံစားရသည်။

ထရန့်၏စီးပွားရေး ကျွမ်းကျင် လိမ္မာမှုသည် သူနှင့် အဆင်မပြေသည့်ရန်သူနှင့် ရေရှည် ပဋိပက္ခတွင် ရင်းနှီးမြုပ်နှံခြင်းသည် အကျိုးမရှိဘဲ အကောင်းဆုံး ရလဒ်မှာ ဥရောပတွင် ရှိခဲ့သော ငြိမ်းချမ်းရေးသို့ ပြန်သွားခြင်းကသာ ကောင်းသည်ဟု မြင်သည်။

ဤနေရာတွင် ထရန့်အတွက် အပေးအယူ မရှိပါ။ ပူတင်က ထရန့်ဆီက ဘာမှ ဝယ်ဖို့ မကြိုးစားပါ။ အနိုင်ယူပြီး သိမ်းပိုက်ဖို့ သာ ပြုလုပ်နေသည်။ ထရန့်သည် အစဉ်အလာရှိသည့် မဟာမိတ်များအတွက် အမေရိကန်၏ ထောက်ခံမှုကို ကျော်လွန်၍ ရောင်းချရန်ပစ္စည်း မရှိပါ။ ပူတင်နှင့် ထရန့် နှစ်ယောက်စလုံး အနိုင်ရပြီး အာဏာဆက်ရှိနေဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ။

အမေရိကန်က ခေါင်းဆောင်မှုကို ဆယ်စုနှစ်များစွာ ကြာအောင် တည်ဆောက်ထားသည်။ ၎င်း၏ မဟာမိတ်များအပေါ် စေတနာထားမှု၊ သံတမန်ရေးရာ ချဉ်းကပ်မှု၊ စစ်ဘက်ဆိုင်ရာ ဖော်ညွှန်းမှုတို့က ၎င်းအား ကမ္ဘာပေါ်တွင် အကြီးဆုံးစီးပွားရေးနှင့် မည်သူမှ အနိုင်ယူ၍ မရသောငွေကြေး (အမေရိကန်ဒေါ်လာ) ကို ပေးဆောင်ခဲ့သည်။

သို့ရာတွင် ထရန့်သည် ကမ္ဘာ့ကို ခေါင်းဆောင်မှုတွင် အမေရိကန်၏ တာဝန်သည် အများထင်ထားသည့်အောက် နည်းသည်ဟု ထင်မြင်သူ ဖြစ်သည်။ ပူတင်သည် ၎င်း၏ ခွင့်ပြုချက် သို့မဟုတ် သစ္စာစောင့်သိမှုကို ခြေတစ်လှမ်း ဆုတ်ပေးသူ မဟုတ်ကြောင်း ထရန့် နောက်ဆုံးနားလည်သည့်အချိန်တွင် ယင်းအခြေအနေ ဖြစ်လာနိုင်သည်။ ထိုသို့ဆိုလျှင် အမေရိကန်သည် ဆယ်စုနှစ်များစွာအကြာ ခေါင်းဆောင်မှုမှ ခြေတစ်လှမ်း ဆုတ်နေပြီး ၎င်း၏ အာရုံစိုက်မှုနှင့် ပါဝါကန့်သတ်ချက်များကို အသိအမှတ်ပြုကာ ၁၉၄၀ ခုနှစ်များ နောက်ပိုင်း အထင်ရှားဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဗာတီကန်တွင် လောင်းကြေး အမြင့်မားဆုံး လောင်းကစားအဖြစ် အပ်နှင်းလာနိုင်ဖွယ်ရှိသည်။

ဤဆောင်းပါးမှာ CNN မှ Nick Payton Walsh ၏ သုံးသပ်ချက်ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 33 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 28 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 30 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 30 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု