နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းကို ပံ့ပိုးပေးဖို့ ဥရောပအနေနဲ့ ငွေလိုပါတယ်။ ဒါပေမဲ့ ရုရှားငွေတွေကို သုံးစွဲဖို့ ဘာကြောင့် တွန့်ဆုတ်နေရတာလဲ?။

မတ်လ (၂၁) ရက်။

ယူကရိန်းကို ပံ့ပိုးပေးဖို့ ဥရောပအနေနဲ့ ငွေလိုပါတယ်။ ဒါပေမဲ့ ရုရှားငွေတွေကို သုံးစွဲဖို့ ဘာကြောင့် တွန့်ဆုတ်နေရတာလဲ?။

မတ်လ (၂၁) ရက်။

ယူကရိန်းတွင် သုံးနှစ်ကြာစစ်ပွဲကြောင့် ဥရောပတိုက်က တိုက်ရိုက်အကူအညီ ဒေါ်လာ ၁၂၂ ဘီလီယံနီးပါး ပေးခဲ့ရပြီး နောက်ထပ်ဘီလီယံနဲ့ချီသည့်ဘဏ္ဍာငွေများကို စစ်ဘက်နှင့် ကာကွယ်ရေး လုပ်ငန်းများတွင် သုံးစွဲခဲ့ပါသည်။

သို့သော် ဗလာဒီမာပူတင်၏ ၂၀၂၂ခုနှစ် ယူကရိန်းအား လုံးလုံးလျားလျား ကျူးကျော်မှုအပြီးတွင် ဥရောပသမဂ္ဂတွင် ရှိနေသည့် ရုရှားဗဟိုဘဏ်မှ ဒေါ်လာ ၂၂၉ ဘီလီယံတန်ငွေသားကို ထုတ်သုံးယူစွဲရန် ငြင်းဆိုထားသည်။

သို့သော် ပြီးခဲ့သည့် သီတင်းပတ်တွင် ပြင်သစ်လွှတ်တော်အမတ်များသည် ၎င်းတို့၏ အစိုးရအား “ယူကရိန်းအား စစ်ရေးထောက်ပံ့မှုနှင့် ၎င်း၏ ပြန်လည်တည်ဆောက်ရေးတို့ကို ငွေကြေးထောက်ပံ့ရန်” ထိန်းသိမ်းထားသော ရုရှားပိုင်ဆိုင်မှုများကို အသုံးပြုရန် တောင်းဆိုထားသည့် စည်းမျဥ်း မဟုတ်သော ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့သည်။ အထူးသဖြင့် ၎င်းတို့ရရှိနေသည့် အတိုးနှုန်းထက် ပိုင်ဆိုင်ထားမှုများကိုပါ သုံးစွဲရန် ဆုံးဖြတ်ခဲ့သည်။

အမေရိကန်နှင့် ကနေဒါနှစ်နိုင်ငံစလုံးသည် ထိန်းသိမ်းထားသော ရုရှားပိုင်ဆိုင်မှုများကို သိမ်းယူရန် အစိုးရများကို အခွင့်အာဏာပေးသည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ ၎င်း၏ နောက်ဆုံးရက်များတွင် ဘိုင်ဒင်အစိုးရသည် ဥရောပမဟာမိတ်များကို ထိန်းသိမ်းထားသော ရုရှားရန်ပုံငွေများကို သိမ်းယူရန်လည်း ကြိုးပမ်းအားပေးခဲ့သည်။

ယူကရိန်း၏ “ ကာကွယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး” အတွက် ပြီးခဲ့သော သီတင်းပတ်တွင် ထိန်းသိမ်းထားသော ရုရှား၏ ပိုင်ဆိုင်မှုများကို သိမ်းယူရန် ဥရောပပါလီမန်မှ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့မှု အပေါ် တိုးတက်မှုအချို့ကို အောင်မြင်စွာ ရရှိခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်စာသားကို ဥပဒေပြုလွှတ်တော်အမတ်များက မဲခွဲဆုံးဖြတ်ခြင်း မရှိသေးပေ။

အီးယူသည် ထိန်းသိမ်းထားသော ရုရှားရန်ပုံငွေထဲမှ အတိုးငွေများကို ယူကရိန်းသို့ ဒေါ်လာဘီလီယံပေါင်းများစွာကို ချေးငွေအဖြစ် အသုံးပြုနေပြီဖြစ်သည်။ သို့သော် ဥရောပအစိုးရများသည် အရင်းငွေသားအလုံးစုံလုံးကို သိမ်းယူရန် ချီတုံချတုံ ဖြစ်နေသည်။ မတ်လ ၁၅ ရက်နေ့တွင် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ (Keir Starmer) မှ ၎င်းသည် “ ရှုပ်ထွေးသောပြဿနာ” ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

တောင်လိုပုံနေသောငွေသားများ

စိုးရိမ်မှုရှိနေသည့်အချက်မှာ စီးပွားရေးနှင့် ဥပဒေရေးရာ နှစ်ပိုင်း ဖြစ်သည်။

ပြင်သစ်အစိုးရပြောရေးဆိုခွင့်ရှိသူ ဆိုဖီပရီမက်စ်က “ကျွန်တော်တို့ ဒီရုရှားပိုင်ဆိုင်မှုတွေကို မထိပါဘူး” ဟု ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့ပြီး ထိုသို့လုပ်ဆောင်ခြင်းသည် ဥရောပတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို အန္တရာယ်ဖြစ်စေသည့် စံနမူနာတစ်ခု ဖြစ်စေနိုင်ကြောင်း သတိပေးထားသည်။

ထိုင်ဝမ်ကို ကျူးကျော်လာပါက ဥရောပ၏ ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ရနိုင်သည်ကို သတိပြုမိသော တရုတ်နိုင်ငံကဲ့သို့ နိုင်ငံသည် ဒေသတွင်းတွင် ရန်ပုံငွေထားရှိရန် တွန့်ဆုတ်နေနိုင်သည်ဟု ထောက်ပြ ကန့်ကွက်ထားသည်။

အမှန်ပင်၊ ရုရှားသည် စိုးရိမ်ကြောက်လန့်သဖြင့် ၎င်း၏တရားဝင်ရန်ပုံငွေများကို အမေရိကန်မှ‌နှစ်များစွာကပင် ရွှေ့ပြောင်းခဲ့ပြီး ယူကရိန်းနှင့် ဂျော်ဂျီယာတို့တွင် ၎င်း၏ ရန်လိုမှုများအပေါ် ဂယက်ရိုက်မည်ကို ကြောက်ရွံ့နေပုံရသည်။

အမေရိကန်၏ လုပ်ရပ်များအတွက် စံနမူနာတစ်ခု ရှိပါသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ဂျာမန်ပိုင်ဆိုင်မှုများအပြင် အာဖဂန်နှင့် အီရတ်ပိုင်ဆိုင်မှုများကိုပါ သိမ်းယူခဲ့ကြောင်း ပါရီမြို့ ပန်သီအွန် ဆော်ဘွန်း (Panthéon-Sorbonne) တက္ကသိုလ်မှ စီးပွားရေးပညာရှင် ပါမောက္ခ အိုလီနာ ဟာဗယ်ချက်ခ်(Olena Havrylchyk) က ပြောကြားပြီး မော်စကိုသည် ဥရောပအတွက် အလားတူ စိုးရိမ်ကြောက်ရွံ့မှုမျိုးမရှိကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း၊ ဥရောပ၏ဗဟိုဘဏ်များသည် နိုင်ငံခြားရန်ပုံငွေများကို သိမ်းယူခြင်းသည် “အရန်ငွေကြေးအဖြစ် ထိန်းသိမ်းထားသော ယူရိုငွေကြေးကို ထိခိုက်နိုင်သည်” ဟု (သံတမန်ဘာသာစကားဖြင့် ဖုံးအုပ်ထားသော) စိုးရိမ်မှုကို ဖော်ပြခဲ့သည်ဟု Havrylchyk က CNN သို့ ပြောကြားခဲ့သည်။

သို့သော် ယူကရိန်းအတွက် ဆက်လက်ပံ့ပိုးကူညီမှုသည် ဥရောပအား ငွေကြေးကုန်ကျစေမည်ဖြစ်ပြီး ရုရှား၏ရန်ပုံငွေမှ အတိုးနှုန်းကို ဖြတ်တောက်မည် မဟုတ်ပေ။

ရုရှား၏ငွေကို အပြတ်အသတ် သိမ်းမည်ဆိုပါက ဥရောပအခွန်ထမ်းများအနေနှင့် သဘောတူရန် လိုအပ်မည်ဖြစ်သည် ဟု Havrylchyk က ပြောကြားခဲ့သည်။

နျူလက်နက်ပိုင်ဆိုင်ထားသော ရုရှားသည် ငြိမ်းချမ်းရေးသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လျော်ကြေးငွေ ပေးဆောင်ရန် ဘယ်သောအခါမှ သဘောတူမည်မဟုတ်ဟု Havrylchyk က ယုံကြည်သည်။ ထို့ကြောင့် ယူကရိန်း၏လျော်ကြေးငွေမျှော်လင့်ချက်သည် အနောက်နိုင်ငံများ၏ လက်ထဲတွင်ရှိပြီးသား ရန်ပုံငွေများအပေါ်တွင်တည်ရှိသည်။

“ကမ္ဘာကြီးကို စီးပွားရေးပညာရှင်တွေက တစ်ယောက်တည်း အုပ်ချုပ်နေတာ မဟုတ်ဘူး” ဟု သူမက ဆိုသည်။ “နိုင်ငံတကာဥပဒေသည် တရားမျှတမှုအတွက်သာ မဟုတ်ဘဲ၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်နိုင်မှုအခွင့်အရေးလည်းရှိနေပါတယ်။

တရားဝင်အားဖြင့်၊ ဥရောပသည် ရုရှား၏ပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားခြင်းထက် သိမ်းယူခြင်းအပေါ် တုံ့ဆိုင်းနေခြင်းသည် အပြည်ပြည်ဆိုင်ရာဥပဒေ၏ အဓိကကျသော အခြေခံမူများထဲမှ တစ်ခုဖြစ်သည့်။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများကို သိမ်းယူခြင်းမှ ကင်းလွတ်ခွင့်ပေးခြင်း ဖြစ်သည်။

ရုရှားနိုင်ငံ၏ အဓိကပိုင်ဆိုင်မှုများကို သိမ်းယူခြင်းအတွက် တရားမျှတမှုသည် အားလုံးအတွက် အရေးကြီးကြောင်း ဘယ်လ်ဂျီယံနိုင်ငံ University of Louvain မှ နိုင်ငံတကာဥပဒေဆိုင်ရာ ပါမောက္ခ ဖက်ဒရစ် ဒိုပိန်း (Frédéric Dopagne) က CNN သို့ ပြောကြားခဲ့သည်။

ယူကရိန်းအပေါ် ရုရှား၏ ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးပေးခြင်းနှင့် ကျူးကျော်ရန်စမှုအပေါ် ယူကရိန်း၏ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးခြင်းသည် ဥရောပတွင် အသုံးပြုနိုင်သည့် အပြင်းထန်ဆုံး ဥပဒေကြောင်းအရ ငြင်းခုံမှုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံသားများအတွက် ၂၀၂၄ နှစ် ပါတီနှစ်ရပ်မှ စီးပွားရေး ပြန်လည်တည်ဆောက်ရေး စီးပွားရေး သာယာဝပြောရေးနှင့် အခွင့်အလမ်းအက်ဥပဒေကို အမေရိကန်က အတည်ပြုလိုက်သောအခါ၊ ယူကရိန်းနိုင်ငံကို ပြန်လည်တည်ဆောက်ရာတွင် အသုံးပြုမည့် ရုရှား၏ ပိုင်ဆိုင်မှုများကို အမေရိကန်က သိမ်းယူခြင်းအား တရားမျှတစွာ သိမ်းယူလိုက်ခြင်း ဖြစ်သည်။

ဥရောပ၏ကိုယ်ပိုင်ကာကွယ်ရေးရန်ပုံငွေအတွက် ရုရှားပိုင်ဆိုင်မှုများကို အသုံးပြုရန် ပြဋ္ဌာန်းချက်များကို စည်းမျဥ်းအရ မဟုတ်သော ဆုံးဖြတ်ချက်ကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အချေအတင်ဆွေးနွေးနေသည့် ပြင်သစ်လွှတ်တော်အမတ်များသည် ပြီးခဲ့သောဗုဒ္ဓဟူးနေ့က မဲခွဲဆုံးဖြတ်ခဲ့ကြသည်။

အီးယူတွင် ထိန်းသိမ်းထားသော ရုရှားရန်ပုံငွေအားလုံး၏ သုံးပုံနှစ်ပုံခန့်သည် ဥရောပအစိုးရများအတွက် အမေရိကန်များထက် လောင်းကြေးများနှင့် အလားအလာရှိသော အကျိုးခံစားခွင့်များ ပိုများသည်။

Louvain တက္ကသိုလ်မှ Dopagne က ဥရောပ၏ တုံ့ဆိုင်းမှုသည် တစ်စိတ်တစ်ပိုင်းအားဖြင့် သမိုင်းဆိုင်ရာ စံနမူနာ မရှိခြင်းကြောင့်ဟု ဆိုသည်။

ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်များအပြီးတွင် ဂျာမနီနိုင်ငံကို နိုင်ငံတကာသဘောတူစာချုပ်များမှတစ်ဆင့် လျော်ကြေးငွေများ ပေးဆောင်ရန် ခိုင်းစေခဲ့သည်။ သို့သော် မော်စကိုအတွက် ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေး စားပွဲဝိုင်းမှာပင်လျှင် ရုရှားနှင့် စစ်ပြီးခေတ် သဘောတူညီချက်သည် အလှမ်းဝေးသော အလားအလာဖြစ်ကြောင်း Dopagne က ပြောကြားခဲ့သည်။

ဒါကြောင့် ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အနောက်တိုင်း ဆုံးဖြတ်ချက်ချမှတ်သူတွေရဲ့ မေးခွန်းက “ငြိမ်းချမ်းရေး စာချုပ်မရသေးခင် လျော်ကြေးပေးရေး သဘောတူညီချက် တကယ်ရနိုင်မလား” ဟု Dopagne က ပြောသည်။

“ဒါဟာ အသစ်အဆန်း ဖြစ်မှာပါ” တညီတညွတ်တည်း သဘောတူညီမှု လိုအပ်တယ်” ဟု သူက ထပ်ပြောခဲ့ပါသည်။

အချေအတင်ဆွေးနွေးမှု၏ တစ်ဖက်တစ်ချက်စီမှ ငြင်းခုံမှုများသည် ပြင်းထန်သော အ‌ခြေအနေသို့ မရောက်သေးပါ။

ရုရှားပိုင်ဆိုင်မှုအများစုကို ထိန်းသိမ်းထားသည့် (ဒေါ်လာ ၁၉၃ ဘီလီယံခန့်ရှိကြောင်း ယူကရိန်းတွေးခေါ်ပညာရှင်အဖွဲ့၏အဆိုအရသိရသည်) ဘယ်လ်ဂျီယမ်ကဲ့သို့နိုင်ငံသည် သံသယဖြစ်နေဆဲဖြစ်ပြီး ဂျာမနီကဲ့သို့ စီးပွားရေးအင်အားကြီးနိုင်ငံ၏ကျောထောက်နောက်ခံသည် ပိုမိုကျယ်ပြန့်သော ဥရောပ၏သဘောတူညီမှုကို ရရှိရန် မရှိမဖြစ် လိုအပ်ပါသည်။

အီးယူတစ်ခုလုံးတွင် ဟန်ဂေရီနှင့် စလိုဗက်အစိုးရများက ရုရှားကို ထောက်ခံမှုပေးထားပြီး အီးယူ၏ လုပ်ဆောင်ချက်တိုင်းသည် အဖွဲ့ဝင်နိုင်ငံများ၏ တညီတညွတ်တည်း သဘောတူညီမှု လိုအပ်မည်မှာ သေချာပေါက်နီးပါး ဖြစ်ပေလိမ့်မည်။

ဘိုင်ဒန်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများသည် ရုရှား၏ထိန်းသိမ်းထားသော ရန်ပုံငွေများကို ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုတွင် သြဇာလွှမ်းမိုးမှုအဖြစ် အသုံးပြုရန် မျှော်လင့်ထားပြီး ပူတင်ကို စားပွဲဝိုင်းသို့ တွန်းပို့ခဲ့သည်။ ဒေါ်နယ်ထရမ့်၏ စိတ်အားထက်သန်စွာ မော်စကိုကို မျက်နှာသာပေးမှုနှင့်အတူ တိုက်ပွဲများ သုံးနှစ်အတွင်းတွင် ငြိမ်းချမ်းရေးသဘောတူညီချက်ဆီသို့ ပထမဆုံးခြေလှမ်းအဖြစ် ဥရောပမှ ရုရှား၏ငွေကြေးများကို သိမ်းယူခြင်းသည် စေ့စပ်ညှိနှိုင်းမှုများကို အကူအညီပေးခြင်းထက် ပျက်ရန် အခြေအနေ ပိုများပါသည်။

ယခုအချိန်တွင် မော်စကို၏ဘဏ္ဍာငွေများသည် ဥရောပအိတ်ကပ်အတွင်းတွင် လုံခြုံနေသည်ကို မြင်ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 33 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 38 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 33 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 31 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု