နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းစစ်သားများ လက်နက်ချနေစဉ် ကြားဖြတ်ဖမ်းယူထားသည့် ရေဒီယိုမှအသံများနှင့် ဒရုန်းဗီဒီယိုများက ယူကရိန်းစစ်သုံ့ပန်းများကို ရုရှားက ‘သတ်ပစ်ရန်အမိန့်ပေးခဲ့ကြောင်း” ရှင်းလင်းစွာ ညွှန်ပြခဲ့သည်။

ရေဒီယိုလှိုင်းသံ တတီတီ မြည်နေပေမဲ့ အမိန့်က ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာခဲ့ပါတယ်။ “ တပ်မှူးကို ဖမ်းပြီး ကျန်တဲ့စစ်သားတွေကို သတ်ပစ်။”

ကြောက်မက်ဖွယ်ကောင်းတဲ့ ဒီအသံတွေဟာ ရုရှားတပ်များကြားဖလှယ်နေတဲ့ ရေဒီယိုအသံလှိုင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး လက်နက်ချတဲ့ ယူကရိန်းစစ်သားတွေကို ကွပ်မျက်ဖို့ ရုရှားစစ်တပ်ခေါင်းဆောင်တွေက သူတို့ရဲ့စစ်သားတွေကို အမိန့်ပေးတယ်ဆိုတဲ့ နောက်ထပ် အထောက်အထားတစ်ခုဖြစ်တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။

ယူကရိန်းက ကြားဖြတ်ဖမ်းယူထားတဲ့ ရေဒီယိုဆက်သွယ်ရေးလှိုင်းသံဟာ မနှစ်က နိုဝင်ဘာလက ယူကရိန်းအရှေ့ပိုင်း ဇာပိုရီဂျာ (Zaporizhia) ဒေသမှာ ရုရှားတပ်ဖွဲ့ဝင်တွေက ယူကရိန်းစစ်သားတွေကို ကွပ်မျက်နေတာကို ဒရုန်းကနေ ရိုက်ကူးယူထားတဲ့ရုပ်သံနဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။ CNN က ယူကရိန်းထောက်လှမ်းရေးအရာရှိတစ်ဦးဆီကနေ ဒီခေါ်ဆိုမှုမှတ်တမ်းကို ရရှိခဲ့တာလို့ ဆိုပါတယ်။ ဗီဒီယိုဖိုင်မှာ ယူကရိန်းစစ်သားခြောက်ဦးဟာ မြေပြင်ပေါ်တွင် မှောက်လျက် လဲလျောင်းနေကာ အနည်းဆုံး နှစ်ဦး အနီးကပ် ပစ်သတ်ခံရပြီး တစ်ဦးကို ခေါ်ဆောင်သွားတာကို တွေ့ရပါတယ်။

ဒီအသတ်ခံရမှုကို ယူကရိန်းအစိုးရရှေ့နေတွေက စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ စုံစမ်းစစ်ဆေးမှုနဲ့ ရင်းနှီးတဲ့ ယူကရိန်းအရာရှိတစ်ဦးက CNN က ရရှိတဲ့ အလားတူ ရေဒီယိုကြားဖြတ်ဖမ်းယူမှုတွေနဲ့ အသတ်ခံရမှုကို စုံစမ်းစစ်ဆေးမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ ထိပ်တန်း စုံစမ်းစစ်ဆေးရေးမှူးများနဲ့ အနောက်နိုင်ငံ ထောက်လှမ်းရေး အရာရှိတွေက ရေဒီယိုအသံလှိုင်းနဲ့ ဒရုန်းမှတ်တမ်းတွေက လက်နက်ချခဲ့တဲ့ ယူကရိန်းစစ်သားတွေကို ကွပ်မျက်ခဲ့တာဟာ ယူကရိန်းတပ်ဖွဲ့ဝင်တွေ စွပ်စွဲထားတဲ့ အခြားဖြစ်ရပ်တွေနဲ့ ကိုက်ညီတယ်လို့ ဆိုပါတယ်။

တရားလက်လွတ်၊ နိုင်ထက်စီးနင်း ကွပ်မျက်ခြင်းဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မိုးရစ်စ် တစ်(ဒ)ဘောလ်ဘင်စ် (Morris Tidball-Binz) က ဒီကိစ္စတွေဟာ နိုင်ငံတကာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်တယ်လို့ ခေါ်ဆိုခဲ့ပြီး ဒီလုပ်ရပ်တွေကို ရုရှားရဲ့ အမြင့်ဆုံးအာဏာပိုင်တွေကသာ အတည်ပြုနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတအုပ်ချုပ်တဲ့ ရုရှားနိုင်ငံမှာ စစ်ဘက်ဆိုင်ရာ အမြင့်ဆုံးကာကွယ်ရေးဦးစီးချုပ်ဆီက သဘောတူညီချက် မရှိဘဲ ဒီလို အရေအတွက် အများအပြားနဲ့ ဒီလို အကြိမ်ပေါင်းများစွာ ရုရှားမှာ ဒီလို လုပ်ရပ်တွေကို လုပ်ဆောင်မှာ မဟုတ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ CNN ရဲ့ တောင်းဆိုမှုကို တုံ့ပြန်တာ မရှိပါဘူး။

ရုရှားအာဏာပိုင်တွေဟာ သူတို့စစ်တပ်ဟာ စစ်ရာဇ၀တ်မှု ကျူးလွန်တာမျိုး မရှိဘူးလို့ အရင်က ငြင်းဆိုထားပြီး စစ်သုံ့ပန်းတွေကို နိုင်ငံတကာဥပဒေနဲ့အညီ ဆက်ဆံထိန်းသိမ်းထားတယ်လို့ ပြောဆိုထားပါတယ်။

စစ်သုံ့ပန်းတွေကို ကွပ်မျက်ခြင်းနဲ့ ယူကရိန်းမှာ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့ ရုရှားတပ်ဖွဲ့တွေကို ကျယ်ပြန့်စွာ စွပ်စွဲတာဟာ စစ်ပွဲကို အမြန်အဆုံးသတ်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ ကြိုးပမ်းမှုတွေကို ရှုပ်ထွေးသွားစေနိုင်တယ်လို့ ဆိုပါတယ်။ ထရန့်က စစ်ပွဲကို အဆုံးသတ်ဖို့ တသမတ်တည်း ချည်းကပ်လေ့ရှိပြီး မကြာခဏ ဆိုသလို ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဘက်လိုက်ကာ ပူတင်နဲ့ လိုက်လျောညီထွေအောင် ပြောဆိုလေ့ရှိပြီး အမေရိကန် အစိုးရအဖွဲ့ဟာ ရုရှားစစ်ရာဇ၀တ်မှု ကျူးလွန်မှုတွေကို ခြေရာခံတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။

အသံကြားဖြတ်နားထောင်တာတွေကို ပြန်လည်သုံးသပ်ပြီး ဒီမှတ်တမ်းတွေက အရင်က မှတ်တမ်းတင်ထားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကွပ်မျက်မှုမှတ်တမ်းတွေနဲ့ ကိုက်ညီကြောင်း အနောက်တိုင်း ထောက်လှမ်းရေး အရာရှိတစ်ဦးက CNN ကို ပြောကြားခဲ့ပါတယ်။ ရုရှားအာဏာပိုင်းတွေက “လက်နက်ချတဲ့ ယူကရိန်း စစ်သားတွေကို သေဒဏ်ပေးဖို့ ရုရှားစစ်သားတွေကို အမိန့်ပေးထားတာ ရှင်းပါတယ်။” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

အခုလ ၅ ရက်နေ့အထိ ယူကရိန်း စစ်သုံ့ပန်း ၂၆၈ ဦးကို ကွပ်မျက်ခဲ့တာနဲ့ ပတ်သက်ပြီး ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ၇၅ ခုကို ဖွင့်လှစ်ထားကြောင်း ယူကရိန်းအစိုးရရှေ့နေချုပ်ရုံးက ကြေညာခဲ့ပါတယ်။ သံသယရှိတဲ့ စစ်သုံ့ပန်းတွေကို ကွပ်မျက်တဲ့ အရေအတွက်မှာ တိုးလာနေပြီး ၂၀၂၂ ခုနှစ်မှာ ဖြစ်စဉ် ၈ ခုနဲ့ ၅၇ ဦး ကွပ်မျက်မှု၊ ၂၀၂၃ ခုနှစ်မှာ ဖြစ်စဉ် ၈ ခုနဲ့ ၁၁ ဦး ကွပ်မျက်မှု၊ ၂၀၂၄ ခုနှစ်မှာ ဖြစ်စဉ် ၃၉ ခုနဲ့ ၁၄၉ ဦး ကွပ်မျက်မှုနဲ့ ဒီနှစ်ထဲမှာ ဖြစ်စဉ် ၂၀ ခုနဲ့ ၅၁ ဦးကို ကွပ်မျက်မှုတို့ ပါဝင်တယ်လို့ သိရပါတယ်။

အစိုးရရှေ့နေချုပ်ရုံးရဲ့ စစ်ရာဇ၀တ်မှုဌာနကတော့ ဒီလိုတိုးမြှင့်လာမှုနဲ့ပတ်သက်ပြီး “ရုရှားနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေရဲ့ အမိန့်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ “ ရေးထားတဲ့ အမိန့်ကို ကျွန်တော်တို့ မတွေ့ရသေးပါဘူး၊ ဒါပေမယ့် ပါးစပ်နဲ့ အမိန့်ပေးတာတွေ အများကြီး ရှိခဲ့ပါတယ်။”

ရုရှားနိုင်ငံအနောက်ပိုင်း Kursk ဒေသမှာ ဖမ်းမိထားတဲ့ ယူကရိန်းစစ်သားတွေကို အကြမ်းဖက်သမားများအဖြစ် သဘောထားသင့်တယ်လို့ ပူတင်က မတ်လတွင် ပြောကြားခဲ့ကြောင်းလည်း အေဂျင်စီက ပြောကြားထားပြီး “ ပူတင်က အကြမ်းဖက်သမားလို့ခေါ်တဲ့လူတွေကို ဘယ်လိုဆက်ဆံတယ်ဆိုတာ လူတိုင်းသိပါတယ်။ ကွပ်မျက်မှုနဲ့ အဓိပ္ပါယ်အတူနီးပါးပါပဲ”

ယူကရိန်း စစ်သုံ့ပန်း စီမံခန့်ခွဲရေး ဌာနချုပ်က အကျဉ်းသားတွေကို ဖမ်းဆီးတာ၊ စီမံခန့်ခွဲတာနဲ့ ဆက်စပ်တဲ့ ပို့ဆောင်ရေး ပြဿနာတွေကို ရှောင်တိမ်းဖို့ ကြိုးပမ်းမှုအဖြစ် ရုရှားတပ်ဖွဲတွေက သတ်ဖြတ်တာ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းကို ကိုးကားဖော်ပြခဲ့ပါတယ်။ “ ရုရှားစစ်တပ်အမြင်အရ စစ်သုံ့ပန်းတွေကို ဒီတိုင်းထားရင် သူ့တို့ကို ပို့ဆောင်ရေးဆိုင်ရာ ရှုပ်ထွေးမှုတွေ ဖြစ်စေပါတယ်။ ဒါကြောင့် သတ်ပစ်ဖို့ ရိုးရှင်းတဲ့ အမိန့်ပေးဖို့ ဆုံးဖြတ်ချက်ကို ချခဲ့တာပါ။” လို့ ပြောခဲ့ပါတယ်။

“ တပ်မှူးကို ဖမ်းပြီး ကျန်တဲ့သူတွေကို အကုန်သတ်ပစ်”

ယူကရိန်းက ကြားဖြတ်ဟန့်တားထားတဲ့ ရေဒီယိုလှိုင်းသံမှာ ရုရှားတပ်မှူးတွေက သူတို့ရဲ့ ရှေ့တန်းတပ်တွေနဲ့ စကားပြောနေတာကို ပြသခဲ့ပါတယ်။ အသံမှာ “ အာတာ (Arta)” နဲ့ “ ဘယ်ရီ (Berry)” ဆိုတဲ့ ခေါ်ဆိုမှု အိုင်ကွန်နဲ့ ရုရှားနိုင်ငံသား နှစ်ဦးကို ပြသထားပါတယ်။

ယူကရိန်း ထောက်လှမ်းရေး အရာရှိတွေက ရေဒီယို ဆက်သွယ်မှု မှတ်တမ်းများကို ထုတ်ပြန်ခဲ့ပါတယ်။ ဒေသစံတော်ချိန် နေ့လည် ၁၂း၀၅ နာရီမှာ ကြားဖြတ်ဖမ်းယူခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ယူကရိန်းစစ်တပ်ရဲ့ နေရာတွေကို ရုရှားစစ်တပ်က ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ယူကရိန်းဘက်က မောင်းသူမဲ့ လေယာဉ်တွေ ရောက်ရှိလာမှာကို စိုးရိမ်တဲ့ ရုရှားတပ်မှူးက နေ့လည် ၁၂း၃၁ နာရီအထိ စီးနင်းမှု ကနေ ဆုတ်ခွာဖို့ အမိန့်ပေးခဲ့တဲ့အထိ ကြားဖြတ်ဖမ်းယူ နိုင်ခဲ့ပါတယ်။ အချိန်အားဖြင့် နေ့လည် ၁၂ နာရီ ၅ မိနစ်ကနေ ၁၂ နာရီ ၃၁ မိနစ်အထိ ဖြစ်ပါတယ်။

ရုရှားစစ်ဦးစီးက သတ်ပစ်ဖို့ ခြောက်ကြိမ်တိုင်တိုင် အမိန့်ပေးခဲ့ကြောင်း မှတ်တမ်းတင်ထားပါတယ်။ နေ့လည် ၁၂ နာရီ ၂၂ မိနစ်မှာ ရုရှားတပ်မှူးရဲ့ ပထမအမိန့် ထွက်ပေါ်လာပါတယ်။ “ တပ်မှူးက ဘယ်သူလဲ မေးကြည့်။ တပ်မှူးက ဘယ်သူလဲ မေးကြည့်။ တပ်မှူးကို ဖမ်းချုပ်ပြီး တခြားလူတွေကို သတ်ပစ်လိုက်။”

လေးမိနစ်အကြာမှာ တပ်မှူးက အပေါ်ကအတိုင် နှစ်ကြိမ် ထပ်ပြီး အမိန့်ပေးပါတယ်။ “ သတ်လိုက်၊ တပ်မှူးကို ဖမ်း၊ ကျန်တဲ့စစ်သားတွေကို သုတ်သင်လိုက်။” “ မှန်တယ်။ တပ်မှူးကိုခေါ်ထုတ်ပြီး ကျန်တဲ့စစ်သားတွေကို သတ်ပစ်။”

တပ်မှူးက သူတို့ရဲ့ တပ်သားတွေဆီကနေ အခြေအနေတွေကို အစီရင်ခံဖို့ မကြာခဏ တောင်းပေမဲ့ ရုရှားတပ်သားတွေဖက်က တုံ့ပြန်ဖို့ ခက်ခဲနေပါတယ်။ “ တစ်​​ယောက်​​ယောက်​ဖြေစမ်း၊ သူတို့ လက်နက်ချမှာလား မချဘူးလား”

ပင်မတုံ့ပြန်သူလို့ ယူဆရတဲ့ “အာတာ” က ယူကရိန်းတပ်မှူးကို ရှာမတွေ့ကြောင်းနဲ့ “စီနီယာပဲ” တွေ့တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

CNN က ရရှိတဲ့ ဒရုန်းဗီဒီယိုဟာ ၁၂ နာရီ ၂၇ မိနစ်နဲ့ ၁၂ နာရီ ၃၀ မိနစ် အကြားအချိန်ကုဒ်ကိုသာ ပြသခဲ့ပေမဲ့ ကြားဖြတ်ဖမ်းယူရရှိတဲ့အသံက အမိန့်နဲ့ ဒရုန်းဗီဒီယိုကနေ မြင်တွေ့ရတဲ့ မြေပြင်ရှိမြင်ကွင်းတွေအကြား ရှင်းလင်းပြတ်သားတဲ့ ဆက်စပ်မှုရှိပါတယ်။

နေ့လည် ၁၂ နာရီ ၂၈ မိနစ်တွင် စကားပြောစက်ကနေ ဆဋ္ဌမအကြိမ်မြောက် အမိန့်ပေးခဲ့ပြီး ရုရှားယူနီဖောင်းဝတ် မျက်နှာဖုံးစွပ်စစ်သားတွေက ချုံပုတ်တွေက ပေါ်ထွက်လာပြီး အကျဉ်းသားများဆီကို ဦးတည်သွားနေတာကို မြင်တွေ့ရပါတယ်။

“သူကို ခေါ်သွား။ အရာရှိကို ခေါ်သွား တခြားသူတွေကို အပြီးရှင်းလိုက်” လို့ ရုရှားတပ်မှူးက ထပ်လောင်းပြောလိုက်ပါတယ်။ ရုပ်သံဖိုင်က မှုန်ဝါးနေပေမဲ့ ယူကရိန်းစစ်သားက ရုရှားစစ်သားကို လက်ဟန်ခြေပြနေတာကို ထင်ရှားစွာ မြင်ရပါတယ်။ ခဏအကြာမှာတော့ မျက်နှာဖုံးစွပ်ထားတဲ့ ရုရှားစစ်သားတစ်ဦးက ယူကရိန်းစစ်သားတစ်ဦးရဲ့ ဦးခေါင်းကို ပစ်သတ်ခဲ့ပါတယ်။ ရုရှားတပ်မှူးက “ သူတို့ကို ရှင်းပြီးပြီလား။ လို့ မေးလိုက်ပါတယ်။ သူတို့ကို ရှင်းလိုက်ပြီလား” လို့ မေးလိုက်ပါတယ်။

“ တခြားလူတွေကို အကုန်သတ်လိုက်ပြီ” လို့ “ ဘယ်ရီ” က ပြန်ဖြေလိုက်ပါတယ်။

ဗီဒီယိုထဲမှာ လုံးဝမလှုပ်မယှက်နေခဲ့တဲ့ ယူကရိန်းတပ်မှူးလို့ ယူဆရတဲ့ ယူကရိန်းစစ်သားတစ်ဦးက မတ်တပ်ရပ်လိုက်ပြီး သူ့ရဲ့ ကျည်ကာအင်္ကျီကို ဖြုတ်လိုက်ပြီး သူ့ကို ခေါ်ဆောင်သွားတာကို ရုပ်သံမှာ တွေ့လိုက်ရပါတယ်။ ပေါက်ကွဲသံကြောင့် မီးခိုးတွေ ထွက်လာတဲ့ ကောင်းကင်ပေါ်မှာ ဒရုန်းတစ်စင်း ပေါ်လာတာကို မြင်ရတယ်လို့ ရုရှားစစ်တားက တပ်မှူးကို သတင်းပို့လိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ တပ်မှူးက ဆုတ်ခွာဖို့ အမိန့်ပေးခဲ့ပါတယ်။

ဒီရုပ်သံဖိုင်ဟာ CNN နဲ့ အကျိုးအမြတ်မယူတဲ့ Information Resilience Center က ပြန်လည်သုံးသပ်ထားတဲ့ ဇာပိုရိုဂျာ (Zaporizhia) အိုဘလပ်အက်စ် (Oblast) ရှိ နိုဗိုဒါရစ်ဗကာ (Novodarivka) ရွာရဲ့ ဂြိုလ်တုဓာတ်ပုံနဲ့ ကိုက်ညီပါတယ်။

မွန်တာနာပြည်နယ်တက္ကသိုလ်က လျှပ်စစ်နှင့် ကွန်ပျူတာ အင်ဂျင်နီယာ ပါမောက္ခ ရောဘက်မာဟာ (Robert Maher) က ရေဒီယို ဆက်သွယ်ရေးအသံကို စစ်ဆေးခဲ့ပြီး CNN ကို ပေးပို့ခဲ့တဲ့ အခြားသီးခြားဖိုင် ဒါဇင်များစွာအနေနဲ့ အားလုံး ကိုက်ညီတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းအာဏာပိုင်တွေနဲ့ နိုင်ငံတကာကျွမ်းကျင်သူတွေက လက်နက်ချတဲ့ ယူကရိန်းစစ်သားတွေကို သတ်ဖြတ်ခြင်းဟာ ရုရှား စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအမှုဟာ ကြားဖြတ်ဖမ်းယူထားတဲ့ ရေဒီယိုဆက်သွယ်ရေးအသံနဲ့ ဒရုန်းကနေရိုက်ယူထားတာကို ပေါင်းစပ်ပြီး ပထမဆုံးအကြိမ် ကွပ်မျက်မှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။

မနှစ်က ဩဂုတ်လတုန်းကလည်း ယူကရိန်းအရှေ့ပိုင်း ဒွန်းညက်စ် (Donetsk) ဒေသရှိ ပါကရိုစ် (Pokrovsk) အနီးမှာ လက်နက်ချခဲ့တဲ့ ယူကရိန်းနိုင်ငံသားသုံးဦးကို ရုရှားစစ်သားတွေ ကွပ်မျက်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ CNN က ပထမဆုံး အစီရင်ခံတင်ပြခဲ့ပါတယ်။

ယူကရိန်းအာဏာပိုင်တွေက စစ်သုံ့ပန်းတွေကို ကွပ်မျက်မှုဟာ သူတို့ရဲ့ ရန်သူတွေအပေါ် ရုရှားယဉ်ကျေးမှုအရ မုန်းတီးမှုကနေ ဖြစ်ပေါ်လာတာလို့ ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ ယူကရိန်း စစ်သုံ့ပန်းများ ကုသရေး ညှိနှိုင်းရေး ဌာနချုပ် အထွေထွေ အတွင်းရေးမှူး အိုကလီမင်ကို (Oklimenko) ရဲ့ ပြောကြားချက်အရ ယူကရိန်း စစ်သားများသည် စိတ်ဓာတ် ကျဆင်းစေရန်အတွက် ယူကရိန်း စစ်သားတွေကို ကွပ်မျက်တဲ့ ဗီဒီယိုတွေကို တင်ခဲ့တာလို့ ဆိုပါတယ်။

“ အကြမ်းဖက်မှုဟာ အကြမ်းဖက်မှုကို မွေးဖွားစေပါတယ်” လို့ အိုကလီမင်ကို က ပြောခဲ့ပြီး ယူကရိန်းဘက်ကတော့ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေပြီး အနာဂတ် လဲလှယ်မှုတွေအတွက် ကြိုတင်ပြင်ဆင်မှုမှာ ရုရှားစစ်သုံ့ပန်းတွေကို ဘေးကင်းလုံခြုံစွာ နေရာချထားပေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

CNN Exclusive

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP)
တရုတ် နိုင်ငံတကာသတင်း

ဤသတ္တုသတ္တုသည် သင်၏လူနေမှုဘဝကို လည်ပတ်စေသည် – ယခုအခါ ၎င်းသည် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 29 Views
CNN-၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက် နီအိုဒီမီယမ် (neodymium) ဆိုသည်မှာ ဘာလဲ (သို့မဟုတ် ၎င်းကို မည်သို့အသံ ထွက်ရသလဲ) ဆိုသည်ကိုပင်
နိုင်ငံတကာသတင်း အီရန်

အီရန်အာဏာပိုင်များသည် နိုဘယ်လ်ဆုရှင် နာဂစ် မိုဟာမ္မဒီ (Narges Mohammadi) အပေါ် ‘အသက်အန္တရာယ်စိုးရိမ်ရသည့် နှိပ်စက်ညှင်းပန်းမှုများ’ ပြုလုပ်ခဲ့ကြောင်း နိုဘယ်လ်ကော်မတီ ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် ထောင်သွင်းအကျဉ်းချခံထားရသည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂစ် မိုဟာမ္မဒီသည် ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း အီရန်အာဏာပိုင်များ၏ ရိုက်နှက်ခြင်းနှင့် “အသက်အန္တရာယ် စိုးရိမ်ရသည့် နှိပ်စက်ညှင်းပန်းမှုများ” ကို ခံခဲ့ရကြောင်း နော်ဝေနိုဘယ်လ်ကော်မတီက
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး

တဲလ်အဗစ်၊ အစ္စရေး — အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ယခုသီတင်းပတ် ဝါရှင်တန်ဒီစီ ခရီးစဉ်မတိုင်မီ၊ အစ္စရေးသည် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) ဒေသအပေါ် ၎င်း၏ထိန်းချုပ်မှုကို တင်းကျပ်ရန် ကျယ်ပြန့်သော ခြေလှမ်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက် တနင်္ဂနွေနေ့တွင် အစ္စရေး၏ လုံခြုံရေးကက်ဘိနက်သည် နိုင်ငံ၏ ဥပဒေစိုးမိုးရေးအာဏာကို တိုးချဲ့မည့်အပြင် အခြေချနေထိုင်မှုများ တိုးချဲ့ရန်အတွက် နိုင်ငံတော်မှ မြေယာဝယ်ယူခွင့် ပြုမည့် အစီအမံများကို အတည်ပြုခဲ့သည်။ ယင်းလုပ်ရပ်မှာ အနောက်ဖက်ကမ်း ရှိ
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း

အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအပေါ် နှုတ်ဆိတ်နေပြီး၊ မဲ ပြန်လည် ရေတွက် ရန် ဆန္ဒပြမှုများ တိုးလာချိန်တွင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 24 Views
နေရှင်း ဘန်ကောက်သတင်းစာ- ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက် ထိုင်းယာယီဝန်ကြီးချုပ် အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအတွက် အတည်ပြု ပြီးသား ရလဒ်များကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မဲပြန်လည်ရေတွက်ရန် တောင်းဆိုဆန္ဒပြသူများအပေါ် အင်အားသုံးဖြေရှင်းခြင်းမျိုး မပြုလုပ်ရန် တာဝန်ရှိသူများကို တိုက်တွန်းလိုက်သည်။
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ်

Gen Z က တော်လှန်ရေးတွင် အောင်ပွဲခံခဲ့သော်လည်း ရွေးကောက်ပွဲကိုမူ မျိုးဆက်ဟောင်း များကသာ လွှမ်းမိုးထားဆဲဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၁ရက် သက်ကြီးဝါကြီး အာဏာရှင်ကို ဖြုတ်ချခဲ့သည့် Gen Z (မျိုးဆက်သစ်လူငယ်များ) ၏ တော်လှန်ရေးအပြီး၊ နိုင်ငံ၏လမ်းကြောင်းသစ်ကို ပုံဖော်နိုင်မည်ဟု သန်းနှင့်ချီသော လူငယ်များ မျှော်လင့်နေကြသည့် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြာသပတေးနေ့၌
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 30 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 37 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို