နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူမြို့ ပလဖအချုပ်စခန်းတစ်ခုက အချုပ်သူတစ်ဦး မုဒိန်းကျင့်ခံရတဲ့အမှု စစ်ဆေးချက်မထွက်လာသေး

ဇန်နဝါရီလ (၂၅)ရက်။

ကန့်ဘလူမြို့နယ်ရှိ ပြည်သူ့လုံခြံရေးအဖွဲ့(ပလဖ)အချုပ်ခန်းတစ်ခုက အချုပ်သူတစ်ဦး မုဒိန်းကျင့်ခံရတဲ့အမှု စစ်ဆေးချက်ရလဒ် မထွက်လာသေးဘူးလို့ နီးစပ်သူတွေထံက သိရပါတယ်။

“ ဒီအမှုက အခုမှ ပထမဆုံးအကြိမ် ထွက်လာတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၂၃ခုနှစ်ကထဲက မြေပြင်မှာ ဟိုးလေးတကျော်ဖြစ်ခဲ့လို့ ဌာနထဲ တိုင်ကြားတာဖြစ်ခဲ့တဲ့ ဖြစ်စဉ်ဟောင်းပါ။ ကျူးလွန်တဲ့သူအနေနဲ့ စွပ်စွဲခံထားရတာက ခရိုင်အဆင့် ပအဖခေါင်းဆောင် ဦးမဲခေါင်ပါ” လို့ ဆိုပါတယ်။

ကျူးလွန်သူအနေနဲ့ စွပ်စွဲခံရသူဟာ ခရိုင်ပအဖခေါင်းဆောင် ဦးမြင့်ဇော်ဦး(ခ)ဦးမဲခေါင်ဖြစ်ပြီး ကျုးလွန်ခံရသူက အခုလ(၁)ရက်မှာ တိုင်ကြားခဲ့ကာ မြို့နယ်ပလဖက ပထမသတင်းပေးတိုင်ကြားချက်ဖွင့် ဆောင်ရွက်ထားတယ်လို့ NUG ပြည်ထဲရေးအတွင်းဝန် ဦးကွန်မင်းက အတည်ပြုထားပါတယ်။

စွပ်စွဲခံရတဲ့ ဦးမဲခေါင်ဟာ NLD တိုင်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး သူအခြေစိုက်တဲ့ ပလဖစခန်းမှာ အာဏာကြီးသူဖြစ်သလို NUG ပြည်ထဲရေးအောက် အကြီးပိုင်းတွေနဲ့ ပုံမှန်ထက်ပိုရင်းနှီးတဲ့ ဆက်ဆံရေးရှိသူလို့ သိရပါတယ်။

အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနဘက်က စစ်ဆေးတာအချို့ ရှိခဲ့ပေမယ့် ဘယ်လိုစစ်ဆေးချက်ရလဒ်မှ တရားဝင်ထွက်ပေါ်လာတာမရှိဘဲ အခုအခါမှာတော့ အမှုဟာ တကျော့ပြန် အသက်ဝင်လာခဲ့တာလို့ ဆိုပါတယ်။

ကျူးလွန်ခံရသူ အသက်(၂၅)နှစ်အရွယ်ရှိ အချုပ်သူဟာ Non-CDM ကျန်းမာရေးဝန်ထမ်းအနေနဲ့ ဖမ်းဆီးခံရပြီး ပအဖခေါင်းဆောင် ဦးမဲခေါင်က (၃)ကြိမ်တိတိ မုဒိန်းကျင့်ခဲ့ကာ အခြားသူတွေကို ပြောဆိုပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရတာပါ။

နောက်ပြီး အဲ့ဒီအချုပ်စခန်းမှာ လိင်အကြမ်းဖက်ခံရတာ မကြာခဏဆိုသလို ဖြစ်ပွားပြီး (၃)ဦးထက်မနည်းရှိခဲ့ကာ စခန်းမှူး ဦးရဲရင့်နဲ့ ပလဖအဖွဲ့ဝင် ဦးအာကာတို့ ကျူးလွန်တဲ့ အမှုတွေကို တိုင်ကြားနိုင်ခဲ့ပေမယ့် ဦးမဲခေါင် ကျူးလွန်တဲ့အမှုကို ထုတ်ပြောရဲသူမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ကန့်ဘလူမြို့ အချုပ်စခန်းက လိင်အကြမ်းဖက်မှုဖြစ်စဉ်ကို NUG ပြည်ထဲရေးက ရဲချုပ်ကို မြေပြင်ဆင်းစစ်ဆေးဖို့ ညွှန်ကြားထားပေမယ့် ဒီကနေ့အထိ စစ်ဆေးရေးလုပ်ငန်းစဉ် မြေပြင်ကို မရောက်လာသေးပါ။

ပအဖခေါင်းဆောင် ဦးမဲခေါင် လွှမ်းမိုးတာဝန်ယူထားတဲ့ အမှတ်(၁) ပလဖအချုပ်ခန်းတွေကနေ အချုပ်သားထွက်ပြေးတဲ့ပြဿနာ အကြိမ်ကြိမ် ဖြစ်ပွားခဲ့တာကြောင့် တိုင်းပလဖရဲ့ ဒုတာဝန်ခံကိုယ်တိုင် အရေးပေါ် မြေပြင်စစ်ဆေးခဲ့ရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ရဲ့ ချုံခိုတိုက်ခိုက်တာကြောင့် နာဂလက်နက်ကိုင်တပ်ဖွဲ့ဝင် (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 35 Views
မေလ (၁၃)ရက်။ မေလ (၁၁)ရက်နေ့ ည (၈)နာရီခွဲအချိန်က အရူနာချားပြည်နယ်၊ Changlang ခရိုင်၊ Doimuk Nala ဒေသထဲ
မြန်မာသတင်း

KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 28 Views
မေလ (၁၃)ရက်။ KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်မှာ စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး (၁၀)ဦးခန့် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 29 Views
မေလ (၁၀)ရက်နေ့က ယင်းမာပင်မှာ စစ်တပ်ရဲ့ အင်အား(၃၀၀)ကျော်ပါ စစ်ကြောင်းကို မိုင်းဆွဲခဲ့တယ်လို့ ယင်းမာပင်ခရိုင် ဗျူဟာအမှတ်(၄၇)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်ရဲ့ တပ်မ(၃၃)နဲ့ ဘန့်ဘွေးရွာက ပျူစောထီးတွေပါတဲ့ အင်အား (၃၀၀)ကျော် စစ်ကြောင်းက
မြန်မာသတင်း

မင်းတပ်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် စစ်သုံ့ပန်းတွေအပါအဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 32 Views
မေလ (၁၃)ရက်။ အခုနှစ်ရက်တာထဲ မင်းတပ်မြို့‌ပေါ်နဲ့ အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းကနေ (၁၁)ကြိမ် တိုက်ခိုင်ခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၁)ရက်နေ့မှာ ညပိုင်း မြို့ပေါ်ကို လေကြောင်းကနေ (၂)ကြိမ်၊ မနေ့က မနက်ပိုင်းမှာ
မြန်မာသတင်း

တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးကို ဆိုင်းငံ့သေဒဏ် ချမှတ်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 24 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် ဘေဂျင်း — တရုတ်နိုင်ငံသည် စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုများကို ဆက်တိုက် နှိမ်နင်းလျက်ရှိရာ ကြာသပတေးနေ့တွင် ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးကို အဂတိလိုက်စားမှုဖြင့် ဆိုင်းငံ့သေဒဏ်များ ချမှတ်လိုက်ကြောင်း တုန်လှုပ်ဖွယ်ရာ
မြန်မာသတင်း

စစ်တပ်က ဆေးဘက်ဆိုင်ရာကျောင်းတွေမှာပါ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 32 Views
မေလ (၁၂)ရက်။ ရန်ကုန် မှော်ဘီမြို့အခြေစိုက် စစ်တပ်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း(တဆက)မှာပါ စစ်မှုထမ်းသင်တန်း ဖွင့်လှစ်သင်ကြားနေတယ်လို့ MDSI ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တဆကဟာ ဆေးလက်ထောက်သင်တန်း၊ စစ်သူနာပြုအကူသင်တန်း၊ သားဖွားတပ်ကြပ်ကြီးသင်တန်းနဲ့ ဆေးတပ်ဖွဲ့ဆိုင်ရာသင်တန်းတွေကို လက်ခံဖွင့်လှစ်ပေးတဲ့ သင်တန်းကျောင်းလို့ ဆိုပါတယ်။ ဒါပေမယ့်
မြန်မာသတင်း

အုတ်ဖိုမှာ စစ်တပ်ကင်းပုန်းတပ်ဖွဲ့နဲ့ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 32 Views
မေလ (၁၂)ရက်။ အုတ်ဖိုမြို့မှာ စစ်တပ် ကင်းပုန်းဝပ်တပ်ဖွဲ့တွေနဲ့ ပျူစောထီးစခန်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ (၁၀)ရက်နေ့ နံနက်ပိုင်းအချိန်က အုတ်ဖိုမြို့ အေးမြသာယာမြို့သစ် မြို့အဝင်ရှိ ပျူစောထီးစခန်းကို ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)ရှိ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ထမ်းဆောင်မယ်လို့ LPDF တွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 29 Views
မေလ (၁၂)ရက်။ မေလ (၇)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ ဒေသထဲအခြေစိုက် LPDF အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို မကွေးယူနစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်နဲ့ ကာကွယ်ရေးဝန်ကြီး