++++++++++++++++++++++++++
ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ဒုတိယအကြိမ် ဓားစာခံများ လွတ်မြောက်ရေးတွင် အစ္စရေးစစ်သမီးလေးဦးကို ယနေ့ စနေနေ့တွင် လွှတ်ပေးမည်ဖြစ်သည်။
လီရီအယ်ဘတ် (Liri Albag)၊ ကာရီနာ အာရီအက်ဖ် (Karina Ariev)၊ ဒယ်နီရယ်လာ ဂီလ်ဘိုဝါ (Daniella Gilboa) နှင့် နာမာလဲဗီ (Naama Levy) တို့ကို လွှတ်ပေးမည်ဟု ဟားမတ်စ်က ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးကာကွယ်ရေးတပ် (IDF) ၏ နာဟာလ်အော့ဇ် (Nahal Oz) စောင့်ကြည့်ရေးစခန်းအား ဟဟားမတ်စ်က ဝင်ရောက်စီးနင်းစဉ် လေးဦးစလုံးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဟားမတ်စ်၏ ၄၇၇ ရက်ကြာ ဖမ်းဆီးခံထားပြီးနောက် စနေနေ့တွင် ပြန်လွှတ်ပေးမည့် အစ္စရေးဓားစာခံလေးဦး၏အမည်များကို သောကြာနေ့ညနေပိုင်းတွင် အစ္စရေးက အတည်ပြုခဲ့ပြီး၊ တနင်္ဂနွေနေ့တွင် စတင်အသက်ဝင်မည့် ဟားမတ်စ်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ဒုတိယအကြိမ်လဲလှယ်မှုတွင် အတည်ပြုခဲ့သည်။
သောကြာနေ့မွန်းလွဲပိုင်းတွင် ဟားမတ်စ်အဖွဲ့မှ အမည်စာရင်းတင်သွင်းခဲ့သည့် ဓားစာခံလေးဦးသည် လီရီအယ်ဘတ် (Liri Albag) ၁၉နှစ် ၊ ကာရီနာ အယ်အိဗ် (Karina Ariev) ၂၀နှစ်၊ ဒယ်နီရယ်လာ ဂီလ်ဘိုဝါ (Daniella Gilboa)၂၀နှစ် နှင့် နာမာလီဗီ (Naama Levy)၂၀ နှစ်တို့ ဖြစ်သည်။
သူတို့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဟားမတ်စ်ဦးဆောင်သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွင်း အစ္စရေးကာကွယ်ရေးတပ် နယ်မြေစောင့်ကြည့်ရေးတပ်ဖွဲ့မှ ပြန်ပေးဆွဲခံရသော စစ်သမီး ခုနစ်ဦးထဲတွင် သူတို့ လေးဦး ပါဝင်ပါသည်။
ဖမ်းဆီးခေါ်ဆောင်သွားသော စောင့်ကြည့်ရေးတပ်သားတစ်ဦးကို နောက်ပိုင်းတွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ဒုတိယတစ်ဦး၏ ထိန်းသိမ်းခံရစဥ်အတွင်း အသတ်ခံခဲ့ရပြီးသူမ၏ရုပ်လောင်းကို နောက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့သည်။
ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော အစ္စရေးစောင့်ကြည့်ရေး တပ်သားငါးဦးအနက် အသက် ၂၁ နှစ်အရွယ် အဂမ်ဘာဂါသည် သောကြာနေ့က ထုတ်ပြန်ခဲ့သည့် ဟားမတ်စ်စာရင်းတွင် မပါဝင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။
အဆိုပါ စစ်သားလေးဦးစာရင်းသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို တစ်စိတ်တစ်ပိုင်း ချိုးဖောက်ခြင်းဖြစ်ပြီး အမျိုးသမီးအရပ်သားများကို ပထမဦးစွာ လွှတ်ပေးရန်၊ ထို့နောက် အမျိုးသမီး စစ်သည်များ၊ ၎င်းတို့နောက်တွင် သက်ကြီးရွယ်အိုများနှင့် အလွန်ဖျားနာသည်ဟု ယူဆသူများလည်း ပါဝင်သည်ဟု ဖော်ပြထားသည်။ သို့သော်လည်း အစ္စရေးက ဓားစာခံလေးဦးကို လက်ခံရန် သဘောတူခဲ့ပြီး ဖောက်ဖျက်မှုသည် သဘောတူညီချက်ကိုဖောက်ဖျက်ရန် မလုံလောက်ကြောင်း ဆုံးဖြတ်ခဲ့သည်။
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်၏ပထမအဆင့်တွင် ပြန်လွတ်လာမည့်သူ ၃၃ ဦး၏ မူလစာရင်းမှ အမျိုးသမီး အရပ်သား ဓားစာခံနှစ်ဦးတွင် နယ်မြေစောင့်ကြည့်ရေး တပ်သား ငါးဦး အပြင် အာဘယ် ယာဟွတ် (Arbel Yehud) ၂၉ နှစ်နှင့် ရှိရီ ဆီလ်ဘာမင်ဘီဘတ်စ် (Shiri Silberman Bibas), ၃၃ နှစ်တို့ ဖြစ်သည်။ ဘီဘတ်စ်၏ သားနှစ်ယောက် အေရီရယ် (Ariel) ကလေးငယ် ကေဖာ(Kfir) နှင့် သူမ၏ ခင်ပွန်း ယာဒင် (Yarden) တို့လည်း လွတ်မြောက်ရမည့် ၃၃ ဦးစာရင်းတွင် ပါဝင်ပါသည်။
ပါလက်စတိုင်း အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့မှ ချုပ်နှောင်ထားသည်ဟု ယူဆရသော ယာဟွတ် (Yehud) ကို ယခုသီတင်းပတ်ကုန်တွင် ပြန်လွှတ်ပေးရန် မျှော်လင့်ကြောင်း ဟားမတ်စ်ထံ အကြောင်းကြားခဲ့သည်ဟု သိရသည်။ သို့သော်လည်း သောကြာနေ့တွင် ဟားမတ်စ်က သူမအား အမည်မဖော်ပြခဲ့ပေ။ ယာဟွတ် သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တစ်ခုတည်းသော ယခင်ဓားစာခံအဖြစ်-အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ ထုတ်ပြန်မည့်စာရင်းတွင် ပါဝင်ခဲ့သော်လည်း နောက်ဆုံးစီစဉ်ထားသည့် အုပ်စုအကြောင်းမထုတ်ပြန်မီ သဘောတူညီချက်မှာ ပျက်ပျယ်သွားခဲ့သည်။
စစ်သမီးလေးဦး၏ဇာတ်လမ်းများ
++++++++++++++++++++++
ဓားစာခံလေးဦးသည် လီရီအယ်ဘက်(Liri Albag) ၁၉နှစ် ၊ ကာရီနာ အယ်အိဗ် (Karina Ariev) ၂၀နှစ် ၊ ဒယ်နီရယ်လာ ဂီလ်ဘိုဝါ (Daniella Gilboa)၂၀နှစ်နှင့် နာမာလီဗီ (Naama Levy)၂၀ နှစ်တို့ ဖြစ်သည်။
လီရီ အယ်ဘက်သည် အဆောက်အအုံအတွင်းပိုင်းဒီဇိုင်နာနှင့် ဗိသုကာပညာရှင်တစ်ဦးဖြစ်ရန် အိပ်မက်မက်ခဲ့သည်။
တိုက်ခိုက်မှုအတွင်း အစ္စရေးနိုင်ငံအလယ်ပိုင်း မိုရှက်ဗ် ရေယူဟက်ဗ် (Moshav Yeruhav)အရပ် မှ အသက် ၁၉ နှစ်ရှိ အယ်ဘက်သည် အခြားစောင့်ကြည့်ရေးတပ်သားခြောက်ဦးနှင့်အတူ ဂါဇာသို့ ပြန်ပေးဆွဲသွားခြင်းခံခဲ့ရသည်။
အယ်ဘက်၏ မိသားစုသည် ဓားစာခံမိသားစုများ အစုအဝေး (Hostages’ Families Forum) မှဖြန့်ဝေသောသတင်းတင်ပြမှုတွင်၊ သူမပတ်ဝန်းကျင်ရှိလူတိုင်းသည်ပျော်ရွှင်မှုများ ဖြင့်ထိုနေ့ရက်တွင် တောက်ပစေသောအပြုံးနှင့် ရယ်မောခြင်းတို့ဖြင့် ဖျာထွက်နေခဲ့သည်။ သူမသည် ခရီးသွားခြင်း၊ သီချင်းဆိုခြင်း၊ ဓာတ်ပုံရိုက်ခြင်းနှင့် ချက်ပြုတ်ခြင်းတို့ကို နှစ်သက်ပြီး အတွင်းပိုင်းဒီဇိုင်နာနှင့် ဗိသုကာပညာရှင်တစ်ဦးဖြစ်လာရန် စိတ်ကူးအိပ်မက်ရှိသည်။
အယ်ဘက်၏ မိခင် ရှီရာ(Shira) သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၆:၃၀ တွင် ၎င်း၏သမီးထံမှ နောက်ဆုံးကြားသိရသည်မှာ အယ်ဘက်သည် လယ်ကွင်းအတွင်း အမိုးအကာတစ်ခု၌ ရှိနေကြောင်း၊ ဒုံးပျံအတားအဆီးကို ရှောင်ရှားရန် ကြိုးစားနေကြောင်း သတင်းပေးပို့ခဲ့သည်။
သူမ၏သမီး ဆေးရုံတွင် ရှိနေသည်ဟုထင်ပြီး သူမကို ရှာရန် ဘီယာရှိဘာ (Beersheba) ရှိ ဆိုရိုကာ ကျန်းမာရေးစင်တာ (Soroka Medical Center) သို့ သွားခဲ့သည်။ သူမ အိမ်ပြန်ရောက်ချိန်တွင်တော့ အယ်ဘက်၏ချစ်သူ လီရီ အယ်ဘတ် (Liri Albag) က ဟားမတ်စ်က တင်ထားသည့် တယ်လီဂရမ် (Telegram) ရှိ ဗီဒီယိုကို ပြသခဲ့ပြီး အယ်ဘက်သည် ဟားမတ်စ်တို့မှ ပြန်ပေးဆွဲခံရခြင်းကို ဖော်ထုတ်နိုင်ခဲ့ပါသည်။
“ကျွန်မသမီးကို မြင်ပြီးတော့ ကျမ မြင်ရတာကို မယုံနိုင်ဘူး” ဟု ရှီရာက ဆိုသည်။
ယခုလအစောပိုင်းတွင် ဟားမတ်စ်သည် အယ်ဘက် အသက်ရှင်နေသေးကြောင်း လက္ခဏာကိုပြသသည့် မကြာသေးမီက ရိုက်ကူးခဲ့သော ဝါဒဖြန့် ဗီဒီယိုတစ်ခုကို လွှင့်တင်ခဲ့သည်။ ရက်ပေါင်း ၄၅၀ ကျော်ကြာ ထိန်းသိမ်းခံထားရသည်ဟု အယ်ဘတ်က ဖော်ပြခဲ့သော်လည်း သုံးမိနစ်ခွဲကြာသည့် ဗီဒီယိုသည် ရက်စွဲဖော်ပြထားခြင်း မရှိပါ။။
“ဒီနေ့ထွက်ရှိထားတဲ့ ဗီဒီယိုက ကျွန်တော်တို့ရဲ့ နှလုံးသားကို ကြေကွဲစေပါတယ်” ဟု သူမ၏မိသားစုက ဗီဒီယိုကို လွှင့်တင်ပြီးနောက် တိုတောင်းသည့် ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့ပါသည်။ “ဒါက ကျွန်တော်တဲ့တို့သိတဲ့ သမီးနဲ့ ညီမနဲ့ မတူဘူး။ သူမ အခြေအနေကအတော် ဆိုးရွားနေပြီး သူမရဲ့စိတ်အခြေအနေ ခက်ခဲနေတယ်ဆိုတာကို ထင်ရှားစေပါတယ်။”
၎င်းတို့သည် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် အစိုးရအား ဓားစာခံများနှင့် ပတ်သက်၍ “မင်းတို့ရဲ့ သားသမီးတွေ အဲဒီနေရာမှာ ရှိနေသလိုပဲ” ဆိုသည့်စိတ်နဲ့ ဓားစာခံများနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက် ချရန် တောင်းဆိုခဲ့ပါသည်။
“ လီရီက အသက်ရှင်လျက်ပြန်လာရမှာက ခင်ဗျားတို့ အပေါ်မှာပဲ မူတည်တယ်” ဟု မိသားစုက ပြောသည်။
ဒယ်နီရယ်လာ ဂီလ်ဘိုဝါ (Daniella Gilboa) သည် စန္ဒယားနှင့် သီချင်းဆိုခြင်းကို လေ့လာပြီး ဂီတဖြင့်အသက်မွေးဝမ်းကြောင်းပြုရန် ရည်ရွယ်ချက်ရှိသည်။
သောကြာနေ့တွင်လွှတ်မည့် ဟားမတ်စ် အမည်ပေးထားသည့် ဒုတိယအမျိုးသမီးစစ်သည်မှာ ပီတက်တစ်ဗာ(Petah Tikva)အရပ် မှ အသက် ၂၀ အရွယ် ဒယ်နီရယ်လာ ဂီလ်ဘိုဝါ (ပုံအလယ်မှ) ဖြစ်သည်။
ဂီလ်ဘိုဝါသည် ဂီတဖြင့် ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်းကျောင်းပြုလိုသော ဂီတပညာရှင် တစ်ဦးဖြစ်ပြီး စန္ဒယားနှင့် သီချင်းဆိုခြင်းကို ဝါသနာပါသော ဂီတပညာရှင်တစ်ဦးဖြစ်သည်ဟု သူမ၏မိသားစုက ဆိုသည်။ သူမ၏အကောင်းမြင်မှုနှင့် ကြင်နာမှုကြောင့် နာမည်ကြီးသည်ဟု မိသားစုက ဆိုပါသည်။
ဂီလ်ဘိုဝါသည် တိုက်ခိုက်မှု၏ နံနက်ခင်းတွင် သူမ၏ မိသားစုနှင့် ဆက်သွယ်ခဲ့သည်။ သူမသည် ထိုနေ့နံနက်တွင် သူမ မည်သို့ဝတ်ဆင်ထားသည်ဆိုသည်ကို ပြသထားသည့် ဗီဒီယိုကိုလည်း ထိုနေ့နံနက်ကသူမ၏ချစ်သူထံသို့ ပေးပို့ခဲ့သည်။
ထိုနေ့နှောင်းပိုင်းတွင် ဟားမတ်စ် ဗီဒီယိုများ ပေါ်လာပြီး ဂီလ်ဘိုဝါ ၏ သူငယ်ချင်း သုံးဦးကို ဂါဇာသို့ ဓားစာခံအဖြစ် ခေါ်ဆောင်သွားသည်ကို ပြသလိုက်သောအခါ ဂီလ်ဘိုဝါ၏ မိသားစုသည် သူမဝတ်ထားသည့် ရှပ်အင်္ကျီနှင့် ခေါင်းပေါ်တွင် ဖုံးအုပ်ထားသည့်ကြားမှ ပေါ်ထွက်နေသော မြင်းမြီးဆံပင်ပုံကိုတွေ့ရှိပြီး သူမဖြစ်သည် ဆိုသည်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ဂီလ်ဘိုဝါကို ဂါဇာသို့ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်တပ်က အတည်ပြု ခဲ့သည်။
အင်တာဗျူးများစွာတွင် သူမ၏ မိခင် အော်လီ (Orly) က “သူမ တံခါးဝကနေ လမ်းလျှောက်ပြီး အိမ်ပြန်လာတာကို ကျွန်မ မြင်ယောင်မိတယ်ဟု ဆိုသည်။
ဂီလ်ဘိုဝါသည် ပြီးခဲ့သည့် ဇန်နဝါရီလက ဟားမတ်စ်ဝါဒဖြန့်ချိရေး ဗီဒီယိုတစ်ခုတွင် သူ့အား ရိုက်ကူးခဲ့ပြီး သူမ၏ မိသားစုသည်ထို ဗီဒီယိုကို ထုတ်လွှင့်ရန်ကို ၂၀၂၄ခုနှစ် ဂျူလိုင်လ မတိုင်မီအထိ ခွင့်မပြုခဲ့ချေ။ မိသားစုက ဗီဒီယို ရိုက်ကူးထားမှုကို အများပြည်သူ ကြည့်ရန် ခွင့်ပြုခဲ့ခြင်းမှာ ဓားစာခံလွတ်မြောက်ရေးအတွက် သဘောတူညီချက် ရရှိရန် တွန်းအားဖြစ်ရန် ရည်ရွယ်သည်ဟု ဂီလ်ဘိုဝါ၏မိခင်က ကန် (Kan) သတင်းဌာနသို့ပြောကြားခဲ့သည်။
ဗီဒီယို ကလစ်၏အစတွင် ဂီလ်ဘိုဝါ က သူမကို ဟားမတ်စ်မှ ၁၀၇ ရက်ကြာ ချုပ်နှောင် ထားခဲ့ကြောင်း ပြောဆိုခဲ့သည်။ ယင်းဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်တွင် ရိုက်ကူးထားနိုင်သည် (ဗီဒီယို၏ တကယ့်ရက်စွဲကို အတည်မပြုနိုင်သော်လည်း) ကလစ်၏အစတွင် သူမကို ဟားမတ်စ်များက ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။ ဂီလ်ဘိုဝါသည် ဗီဒီယိုကို ရိုက်ကူးသောအခါတွင် အတင်းအကြပ် ဖိအားပေးခံရဖွယ်ရှိသည်။
“ကျမက ၂၄ နာရီ ဗုံးကြဲခံနေရတဲ့အောက်မှာရှိနေပါတယ်။ ကျမဘဝအတွက် ကျမအရမ်းကို ကြောက်နေတယ်။ မင်းတို့ရဲ့ ဗုံးတွေနဲ့ တစ်ကြိမ်က ကျမကို သတ်လုနီးပါးဖြစ်ခဲ့တယ်” ဟု ဂီလ်ဘိုဝါက ဗီဒီယိုထဲတွင် ပြောပါသည်။
ဗီဒီယိုတွင် ပြီးခဲ့သည့် သီတင်းပတ်က ဓားစာခံ လဲလှယ်မှုတွင် လွတ်မြောက်လာသူ အမျိုးသမီး သုံးဦးအနက်မှ တစ်ဦးဖြစ်သည့် ဒိုရွန် စတိန်းဘရစ်ချာ(Doron Steinbrecher) နှင့် ဂီလ်ဘိုဝါ တို့နှင့်အတူ သောကြာနေ့တွင် ဟားမတ်စ်အဖွဲ့မှ လွှတ်ရန်အမည်ပေးခဲ့သော ကာရီနာ အာရီအက်ဖ် (Karina Ariev)တို့ သည် စနေနေ့တွင် ဂီလ်ဘိုဝါ နှင့်အတူ လွတ်မြောက် လာမည်ဖြစ်သည်။
ကာရီနာ အာရီအက်ဖ် (Karina Ariev) သည် စိတ်ပညာရှင်တစ်ဦးဖြစ်လာရန် မျှော်လင့်ထားသည်။
ဂျေရုဆလင်မှ အသက်၂၀ နှစ်အရွယ် အာရီအက်ဖ် ကို အယ်ဘတ် (Albag) နှင့် အခြားစစ်သမီး များ ကဲ့သို့ နာဟယ် အော့ဇ် (Nahal Oz) အခြေစိုက်စခန်းမှ ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံခဲ့ ရသည်။
ကာရီနာသည် ကခုန်ခြင်း၊ သီချင်းဆိုခြင်း၊ စာရေးခြင်း၊ ချက်ပြုတ်ခြင်းနှင့် မိတ်ကပ်ချယ်သခြင်းများအပါအဝင် ကွဲပြားသော စိတ်ဝင်စားမှုများရှိကြောင်း သူမ၏မိသားစုက ပြောသည်။ သူမသည် စိတ်ပညာရှင်တစ်ဦးဖြစ်ရန် ရည်ရွယ်ထားပြီး သနားကြင်နာမှုနှင့် လူများကို ပေါင်းစည်းပေးသည့်အတွက် လူသိများသည်။ သူမ၏ မိတ်သဟာယများနှင့် မိသားစုဆက်ဆံရေးနှစ်ခုစလုံးတွင် ချိတ်ဆက်ပေးနိုင်သူတဦးအဖြစ်စွမ်းဆောင်နိုင်ခဲ့သည်။
၂၀၂၃ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၇ နာရီတွင် သူမ၏မိဘများသည် ဒုံးကျည်များနှင့် အကြမ်းဖက်သမားများက သေနတ်များဖြင့် ပစ်ခတ်နေကြောင်း ကာရီနာက သူမ၏ မိဘများအား ငိုကြွေးပြောကြားနေမှုကို မိဘဖြစ်သူတို့က သတိရကြောင်းပြောခဲ့သည်။
“ သူမက အော်ဟစ်ပြီး ကျွန်မတို့ကို အရမ်းချစ်တယ်”ဟု ပြောခဲ့ကြောင်း ကာရီနာ၏မိခင်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ “ကျွန်မတို့ဘဝကို ဆက်လျှောက်ဖို့ ပြောခဲ့တယ်။”
နံနက် ၇:၄၀တွင် ကာရီနာ ၏မိဘများသည် သူမနှင့်အဆက်အသွယ်ပြတ်တောက်သွားသည်။ “ကျမတို့ဘယ်သူ့ကို ခေါ်ရမှန်းမသိတော့ဘူး” ဟု ၎င်းတို့က ပြောသည်။
နာမာလဲဗီ (Naama Levy) သည် အားကစားသုံးမျိုးယှဥ်ပြိုင်သည့် (triathlete) အားကစားသမား တယောက် ဖြစ်သည်။
သောကြာနေ့တွင် ဟားမတ်စ် မှလွှတ်ပေးမည်ဟု အမည်ပေးထားသည့် စတုတ္ထမြောက် စစ်သမီးမှာ အစ္စရေးအလယ်ပိုင်း ရာအာနာနာ (Ra’anana) မှ အသက် ၂၀နှစ် အရွယ် နာမာလဲဗီ ဖြစ်သည်။
လဲဗီသည် သူငယ်ချင်းများနှင့် အချိန်ဖြုန်းခြင်းကို နှစ်သက်ပြီး အားကစားသုံးမျိုး ယှဥ်ပြိုင်သည့် (triathlete) အားကစားသမား ဖြစ်သည်ဟု သူမ၏ မိသားစုက ဆိုသည်။ အမေရိကန်၊ ပါလက်စတိုင်းနဲ့ အစ္စရေးလူငယ်များကြား အပြုသဘောဆောင်သည့် ပြောင်းလဲမှုများကို ဖန်တီးပေးမည့် ကိုယ်စားလှယ်အဖွဲ့တွင် သူမ ပါဝင်ခဲ့ပါသည်။ မိသားစုနှင့် သူငယ်ချင်းများက သူမအား နူးညံ့သိမ်မွေ့ပြီး အလင်းရောင်၊ ပျော်ရွှင်မှု၊ ခွန်အားနှင့် စိတ်ပိုင်းဖြတ်မှုအပြည့်ရှိသည်ဟု ဖော်ပြသည်။
သူမသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၆ နာရီ ၅၅ မိနစ်တွင် သူမ၏မိခင် အေလက် လဲဗီ (Ayelet Levy)ကို နောက်ဆုံးစာတိုရေးပြီးပေးပို့ခဲ့သည်။
လဲဗီက “ ကျွန်မတို့ လုံခြုံတဲ့ နေရာတစ်ခုမှာ ရှိနေတယ်။ “ကျွန်မတစ်သက်မှာ ဒီလိုမျိုး တစ်ခါမှ မကြားဖူးပါဘူး၊” အပြင်ဘက်တွင် များပြားလှသော ဒုံးကျည်များနှင့် သေနတ်သံများ အကြောင်းကိုဖော်ပြခဲ့သည်။
နာရီအတော်အကြာတွင် ဟားမတ်စ် ဗီဒီယိုတစ်ခု တယ်လီဂရမ်ပေါ်တွင် ပေါ်လာပြီး လဲဗီသည် သူမ၏ လက်များကို ကြိုးတုပ်ခံထားရပြီး သူမ၏ ဘောင်းဘီအောက်ခြေတွင် သွေးများ ဖုံးလွှမ်းကာ ဖုန်များ စွန်းထင်းနေပြီး ခြေဗလာနှင့် အနက်ရောင် ပစ်ကပ်ထရပ်ကား၏ ကားတွင်းနောက်ထိုင်ခုံသို့ နောက်ကျောမှ ဆံပင်များကို ဆွဲယူကာ တွန်းထည့်ခံရသည်ကို ပြသထားသည်။
လဲဗီ၏ သွေးစွန်းနေသော အားကစားဘောင်းဘီသည် ဟားမတ်စ် ဖမ်းဆီးခံထားရသော အမျိုးသမီး ဓားစာခံများ ၏ သင်္ကေတ ဖြစ်လာပြီး စစ်ပွဲတစ်လျှောက် အမျိုးသမီး ဆန္ဒပြသူများသည် ဓားစာခံများ ၏ အနိုင်ကျင့်မှုကို မီးမောင်းထိုးပြရန် အနီရောင် အစွန်းအထင်းများ ပါသည့်အားကစားဘောင်းဘီများကို ၀တ်ဆင်ထားကြသည်။
လဲဗီသည် ဂျူးလူမျိုးများကို နာဇီသတ်ဖြတ်မှု (Holocaust )မှ အသက်ရှင်ကျန်ရစ်သူများထဲမှတဦး၏ မြေးတစ်ဦးဖြစ်ပြီး အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေသည့် အမေရိကန်၏ ငြိမ်းချမ်းရေးလက်များ(Hands of Peace) ပရောဂျက်တွင် ပါဝင်သူတစ်ဦးဖြစ်သည်။
အယ်ဘတ်(Albag)၊ ဂီလ်ဘိုဝါ (Gilboa) နှင့် အာရီအက်ဖ် (Ariev) တို့အားလုံး၏ဓါတ်ပုံကို စစ်ပွဲအစောပိုင်းတွင် IDF မှ ဂါဇာတွင် တွေ့ရှိခဲ့သော ဓားစာခံ အဂရမ် ဘာဂါ (Agam Berger) နှင့် အတူ မြင်တွေ့ခဲ့ရသည်။ ၎င်းတို့၏ မိသားစုများက ယင်းဓာတ်ပုံများကို ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ပါသည်။
အခန်းတစ်ခန်း၏ ကြမ်းပြင်ပေါ်တွင် မွေ့ယာပေါ်တွင် ထိုင်နေသော လေးယောက်ကို တွေ့နိုင်သည်။ အာရီအက်ဖ်နှင့် ဂီလ်ဘိုဝါ နှစ်ယောက်စလုံး ခေါင်းပေါ်တွင် ပတ်တီးများစည်းထားသည့်ပုံ ပါဝင်သည်။
၎င်းတို့သည် သူတို့အား ဖမ်းဆီးထားသူများက ပေးထားသည့် သွေးစွန်းထင်းနေသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည်။
တစ်ချိန်တည်းတွင် ရိုက်ကူးထားသော သီးခြားဓာတ်ပုံတစ်ခုတွင် လီဗီအား ပြင်းထန်စွာ ရောင်ရမ်းနေသော မျက်လုံးနှင့် မျက်နှာပေါ်တွင် ပြတ်ရှဒဏ်ရာများဖြင့် မြင်တွေ့ရသည်။
အခြားသော ဓားစာခံများ၏ အခြေအနေနှင့် ပတ်သက်သည့် အချက်အလက်များ။
စနေနေ့တွင် ဟားမတ်စ် သည် စာရင်းတွင်ကျန်ရှိနေသော ဓားစာခံ ၂၆ ဦး၏ အခြေအနေ အသေးစိတ်ကို အစ္စရေးအား ပေးအပ်ရန် မျှော်လင့်ထားပြီး ဓားစာခံများတွင် အသက်ရှင် ကျန်ရှိနေသေးသည့် သူများ၏ တိကျသည့် အချက်အလက်များကို ကာလကြာရှည် စောင့်မျှော်နေပါသည်။ သို့သော် ဂျေရုဆလင်အနေနှင့် ဟားမတ်စ်သည် ၂၆ ဦးအနက် မည်မျှ အသက်ရှင်နေသေးသည်ဆိုသည့် အရေအတွက်ကို အကုန် ပေးစွမ်းနိုင်ပါ့မလားဟု စိုးရိမ်မှုများ ရှိနေသည်။
ဓားစာခံများကို စနေနေ့တွင် လွှတ်ပေးရန် စီစဉ်ထားပြီးနောက် အစ္စရေးသည် ပါလက်စတိုင်း လုံခြုံရေး အကျဉ်းသားများကို နောက်ထပ် အသုတ်အဖြစ် လွှတ်ပေးရန် စီစဉ်ထားသည်။ အဆိုပါ သဘောတူညီချက်တွင် အမျိုးသမီးစစ်သားတစ်ဦးစီအတွက် အစ္စရေးသည် ပါလက်စတိုင်းအကျဉ်းသား ၅၀ ဦးကို လွှတ်ပေးမည်ဖြစ်ပြီး ယင်းတို့အနက် ၃၀ မှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျခံနေရသော အကြမ်းဖက်သမားများကို လွှတ်ပေးမည် ဖြစ်သည်။
အစ္စရေးသည် နက်ဇာရမ်စင်္ကြံလမ်းမှတစ်ဆင့် နေရာြပန်ကျဲရောက်ရှိနေသော စစ်ရှောင်ပါလက်စတိုင်းများကို ဂါဇာမြောက်ပိုင်းသို့ ခြေလျင်ခရီးဖြင့် မနက်ဖြန်တွင် ပြန်လည် ဝင်ရောက်ခွင့်ကိုလည်း အစ္စရေးက ခွင့်ပြုထားသည်။
အောက်တိုဘာ ၇ ရက်က ဟားမတ်စ်မှ ဖမ်းဆီးခေါ်ဆောင်သွားသော ဓားစာခံ ၂၅၁ ဦးအနက် ကိုးဆယ့်တစ်ဦးသည် ဂါဇာတွင် ကျန်ရှိနေဆဲဖြစ်ပြီး အနည်းဆုံး ၃၄ ဦး သေဆုံးကြောင်း IDF မှ အတည်ပြုထားသော ရုပ်အလောင်းများ ပါဝင်သည်။
ဟားမတ်စ်အဖွဲ့သည် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များတွင် ကမ်းရိုးတန်းသို့ဝင်ရောက်လာခဲ့သည့် အစ္စရေးအရပ်သားနှစ်ဦးအပြင် ၂၀၁၄ ခုနှစ်တွင် အသတ်ခံခဲ့ရသော IDF စစ်သားတစ်ဦး၏ ရုပ်အလောင်းကိုလည်း ထိန်းသိမ်းထားသည်။ ၂၀၁၄ ခုနှစ်တွင် ကျဆုံးခဲ့သော IDF စစ်သားတစ်ဦး၏ ရုပ်အလောင်းကိုလည်း ဇန်န၀ါရီလတွင် ဂါဇာကမ်းမြောင်မှ ပြန်လည်ရရှိခဲ့သည်။
သတင်းရင်းမြစ်။ Times of Israel
ဓာတ်ပုံ
ယနေ့ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ဂါဇာမြောက်ပိုင်းတွင်တွေ့ရစဉ် ဓာတ်ပုံနှင့် ယခင်ဓာတ်ပုံများ