နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရ၏အမျိုးသားလုံခြုံရေးအဖွဲ့မှ စစ်ရေးလျှို့ဝှက်ချက်များကို မဂ္ဂဇင်းအယ်ဒီတာထံပေးပို့ခဲ့

ထရန့်အစိုးရသည် ၎င်း၏ အမျိုးသားလုံခြုံရေးအဖွဲ့မှ စစ်ရေးအစီအစဥ်များကို မဂ္ဂဇင်းအယ်ဒီတာထံ မည်သို့ ပေးပို့မိသည်ကို ပြန်လည်သုံးသပ်နေပါသည်။


ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်က The Atlantic သို့ စစ်‌ရေးသတင်းပေးပို့မှုနှင့် ပတ်သက်၍ ၎င်း၏ ပထမဆုံး လူသိရှင်ကြား မှတ်ချက်တွင် “ မည်သူကမျှ စစ်ပွဲအစီအစဥ်များကို မပို့ခဲ့ပါ” ဟု ငြင်းဆိုခဲ့သည်။

The Atlantic မဂ္ဂဇင်း၏ အယ်ဒီတာချုပ်ကို မတော်တဆ Group Chat ထဲတွင် မည်သို့ ထည့်သွင်းခဲ့မိသည်ကို ပြန်လည်စစ်ဆေးနေပါသည်။ သမ္မတထရန့်၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ယီမင်ရှိ ဟူသီစစ်သွေးကြွများကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည့် အကြောင်းကို စာသားအဖြစ် ပေးပို့ရာတွင် မဂ္ဂဇင်းအယ်ဒီတာချုပ်အကောင့်ကို မတော်တဆ ထည့်သွင်းခဲ့မိသည်ကို ပြန်လည် သုံးသပ်နေသည်ဟု အိမ်ဖြူတော်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

“ယခုအချိန်တွင် အစီရင်ခံ တင်ပြထားသည့်မက်ဆေ့ချ်များသည် အစစ်အမှန် ဖြစ်ပုံပေါ်ပြီး မရည်ရွယ်ဘဲ နံပါတ်တစ်ခုကို မည်သို့ထည့်သွင်းခဲ့သည်ဆိုခြင်းကို ကျွန်ုပ်တို့ ပြန်လည်သုံးသပ်နေပါသည်” ဟု အမျိုးသားလုံခြုံရေးကောင်စီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Atlantic မှ ဝါရင့်အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးရာ သတင်းထောက် ဂျက်ဖရီ ဂိုးလ်ဘတ်ဂ် (Jeffrey Goldberg) ၏ တနင်္လာနေ့က ပုံနှိပ်ထုတ်ဝေခဲ့သည့် ဆောင်းပါးကို တုံ့ပြန်သည့်အနေဖြင့် အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂိုးလ်ဘတ်ဂ်က မတ်လ ၁၃ ရက်နေ့တွင် “ ဟူသီ Houthi PC အုပ်စုငယ်” ဟုခေါ်သောအဖွဲ့တစ်ခုထဲသို့ သူ၏ Signal အကောင့်အား ထည့်သွင်းခံခဲ့ရကြောင်း ဖော်ပြခဲ့သည်။

Signal ၏ စာတိုပေးပို့ခြင်း ဝန်ဆောင်မှုသည် အခြားစီးပွားရေးဆိုင်ရာ စာတိုပေးပို့ခြင်း အက်ပ်လီကေးရှင်းများထက် ပိုမိုလုံခြုံသည်ဟု ယုံကြည်ရသည်။
ဆောင်းပါးတွင် ရီ ဂိုးလ်ဘတ်ဂ်က ကနဦး သံသယရှိမှုကို ဖော်ပြခဲ့ပြီး သူ၏လုပ်ဖော်ကိုင်ဖက်များနှင့် ထိုစာသားများသည် ” သတင်းသမားများကို အရှက်ရစေမည့် မဟုတ်မမှန် လုပ်ကြံထားသော သတင်းမှားများအား ဖြန့်ချီခြင်းကို နိုင်ငံခြားထောက်လှန်းရေးဌာနများကသော်လည်းကောင်း သတင်းသမားများကို ထိုးနှက်ချင်သောအဖွဲ့အစည်းမှသော်လည်းကောင်း လုပ်ဆောင်မှုများလားဟု လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေးနွေးခဲ့ကြောင်း ပြန်ပြောင်းပြောပြခဲ့သည်။

ဂိုးလ်ဘတ်ဂ်က ဒုတိယသမ္မတဂျေဒီဗန့် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယို အမျိုးသားလုံခြုံရေးအကြံပေး မိုက်ကယ်ဝါ့ဇ်နှင့် ထရန့်အစိုးရ၏ အခြားထင်ရှားသော အရာရှိများထံမှ ထွက်ပေါ်လာသည့် Signal မက်ဆေ့ချ်များကို ဆက်လက်ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

သတင်းထောက်တစ်ဦးမှ တနင်္လာနေ့တွင် သတင်းသမားတစ်ဦးအား သတင်းအချက် အလက်များကို မည်ကဲ့သို့ မျှဝေခဲ့သနည်း၊ ထိုအကြောင်းအရာသည် အပြင်လူများ မသိသင့်သည့် အကြောင်းအရာအဖြစ် အမျိုးအစား ခွဲခြားထားခြင်း ရှိမရှိ မေးမြန်းရာတွင် ဟက်ဆက်က ဂိုးလ်ဘတ်ဂ်နှင့် ပတ်သက်၍ ကဲ့ရဲ့ရှုံ့ချပြောဆိုခဲ့ပြီး ၎င်းအား “ သူကိုယ်သူ ဂျာနယ်လစ်လို့ ပြောတဲ့သူ” ဟု နှိမ့်ချခေါ်ဆိုခဲ့သည်။

“ ဘယ်သူကမှ စစ်ရေးအစီအစဥ်တွေကို စာမပို့ခဲ့ဘူး၊ အဲဒါနဲ့ ပတ်သက်ပြီး ကျုပ်ပြောစရာ ဒါပဲ ရှိတယ်” ဟု သူက ဆက်ပြောသည်။

ဂိုးလ်ဘတ်ဂ်သည် တနင်္လာနေ့ညတွင် MSNBC အင်တာဗျူးတွင် ဟက်ဆက်၏မှတ်ချက်ကို တုံ့ပြန်ခဲ့သည်။

“ ဒါဟာ စစ်ရေးအစီအစဥ် တစ်ခုမဟုတ်ဘူးလို့ သူက ပြောလို့ရတယ်၊ ဒါပေမယ့် ဗဟိုစစ်ဌာနချုပ် (CENTCOM) က စီစဉ်တဲ့ တစ်မိနစ်ချင်းစီမှာ ဘာတွေဖြစ်ပျက်တော့မယ့်ဆိုတဲ့အကြောင်း အရာတွေကို ရှင်းပြထားတာပါ” ဟု ဂိုးလ်ဘတ်ဂ်က သတင်းတင်ဆက်သူ ဂျန်ပါဆာကီ ( Jen Psaki) သို့ ပြောကြားခဲ့ပြီး အရှေ့အလယ်ပိုင်းနှင့် အခြားဒေသများအတွက် အမေရိကန်စစ်တပ်၏ စစ်ဆင်ရေးများကို ညွှန်ကြားသည့် ဗဟိုစစ်ဌာနချုပ် (Central Command) ကို ရည်ညွှန်းခဲ့သည်။

“ ဒါက သူတို့ရဲ့ အစီအစဉ်ပဲ၊ ပြီးတော့ သူက သူတို့ရဲ့ အစီအစဉ်ကို အရပ်သားခေါင်းဆောင်တွေကို မျှဝေပေးခဲ့တယ်။”

ဂိုးလ်ဘတ်ဂ်က ဟက်ဆက်သည် “ စီးပွားရေးသတင်းပေးပို့တဲ့ အက်ပ်တစ်ခုမှာ လျှို့ဝှက်အမျိုးအစားခွဲခြားထားတဲ့အဖွဲ့မှာ သူပါဝင်ခဲ့တဲ့အချက်ကို ရှောင်လွှဲဖို့ ကြိုးစားနေပုံပေါ်တယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

သူ၏ဆောင်းပါးတွင် ဂိုးလ်ဘတ်ဂ်သည် စာသားကွင်းဆက် ဆွေးနွေးမှုများကို ကိုးကားပြီး The Atlantic သတင်းမှ Signal တွင် ရရှိခဲ့သော Screenshots များကို ထုတ်ဝေခဲ့သည်။ အဖွဲ့လိုက် ဆွေးနွေးခဲ့သည့် စစ်ရေးအစီအမံတွင် “လက်နက်ထုပ်ပိုးမှုများ၊ ပစ်မှတ်များနှင့် အချိန်ကိုက်ဆောက်ရွက်ခြင်းဆိုင်ရာ တိကျသော အချက်အလက်များ ပါ၀င်သည်” ဟု ရေးသားခဲ့ပြီး အမျိုးသားလုံခြုံရေးကို ပျက်စီးစေမည့် တိကျသော အချက်အလက်များကို သူ့အနေနှင့် ထုတ်ဖော်ပြောဆိုခြင်းမှ ရှောင်ကြဉ်ထားကြောင်း ၎င်းက ဆိုသည်။

“ မိုက်ကယ်ဝေါ့ဇ်” အမည်ရှိသည့် အသုံးပြုသူသည် မတ်လ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၄၈ မိနစ်တွင် ဟူသီသူပုန်များကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဆင်နွှဲခဲ့ကြောင်းကို အောင်ပွဲခံခဲ့သည်ဟု ဂိုးလ်ဘတ်ဂ်က ဖော်ပြခဲ့သည်။ ဂိုးလ်ဘတ်ဂ်သည် ထိုအချိန်မတိုင်မီ ၇ မိနစ်အလိုတွင် X ကို စစ်ဆေးပြီးနောက် ယီမင်နိုင်ငံ၏မြို့တော် Sanaa တွင် ပေါက်ကွဲသံများ ကြားနေရသည်ကို ဖော်ပြထားသည်ကို တွေ့ရှိခဲ့ရသည်။

“ဒီအကြောင်းအရာဟာ ချိမ်းခြောက်မှုကို တုံ့ပြန်ဖို့ အကြီးတန်းအရာရှိတွေကြား နက်နက်ရှိုင်းရှိုင်း တွေးခေါ်မှုရှိတဲ့ မူဝါဒညှိနှိုင်းဆောင်ရွက်မှု တစ်ခုပါ။ ဟူသီစစ်ဆင်ရေးရဲ့ အောင်မြင်မှုဟာ ကျွန်တော်တို့ရဲ့ စစ်မှုထမ်းတွေနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှု မရှိဘူးဆိုတာကို ပြသနေပါတယ်” ဟု အမျိုးသားလုံခြုံရေးကောင်စီက ၎င်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂိုးလ်ဘတ်ဂ်က ၎င်းသည် “ အားလုံးနီးပါးအမှန်ဖြစ်သည်” ဟု ကိုယ်တိုင်ကိုယ်ကျ ကောက်ချက်ချပြီးနောက် သူသည် Signal အဖွဲ့မှ နှုတ်ထွက်ကြောင်း သတင်းပို့ခဲ့သည်။

“ အဖွဲ့မှာ ဘယ်သူမှ ကျွန်တော် အဲဒီမှာ ရှိနေတာကို သတိထားမိပုံ မပေါ်ဘူး။ ကျွန်တော် ဘာကြောင့် ထွက်သွားတာလဲဆိုတဲ့ နောက်ဆက်တွဲမေးခွန်းတွေ မရရှိခဲ့ဘူး။ ဒါမှမဟုတ် ပိုပြောရရင် ကျွန်တော် ဘယ်သူလဲဆိုတာကိုလည်း သိပုံမပေါ်ဘူး” ဟု ဂိုးလ်ဘတ်ဂ်က ရေးသားခဲ့သည်။

ဆောင်းပါးတွင်၊ “ ဒီဂျေဗန့်” ဟု အမည်တပ်ထားသော Signal အကောင့်တစ်ခုသည် လေကြောင်းတိုက်ခိုက်မှုအစီအစဉ်များကို သဘောမတူကြောင်း ပေါ်လာခဲ့ကြောင်း၊ သူ၏ရေးသားမှုတစိတ်တပိုင်းတွင် “ ကျွန်တော်တို့ အမှားလုပ်မိနေတယ်လို့ ထင်ပါတယ်” ပါဝင်ခဲ့ကြောင်း ဂိုးလ်ဘတ်ဂ်က ဖော်ပြခဲ့သည်။ ဂျေဒီဗန့်က ရေနံဈေးတက်လာခြင်း၊ ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလမ်းကြောင်းများကို အမေရိကန်မှ ကာကွယ်ခြင်းကြောင့် အကျိုးကျေးဇူးရရှိသော ဥရောပနိုင်ငံများနှင့် ဟူသီများအကြောင်း လူထုအသိပညာနည်းပါးခြင်းတို့ကိုလည်း ပြောဆိုထားသည်ဟု ဆိုသည်။ ဒီဂျေဗန့်အကောင့်သည် နောက်ပိုင်းတွင် “ ပိ့ဟက်ဆက်” အကောင့်အား စာပြန်ပြီး “ ကျွန်တော်တို့ လုပ်သင့်တယ်လို့ ခင်ဗျားထင်ရင် လုပ်လိုက်ကြရအောင်” ဟု ရေးသားခဲ့သည်။

NBC News သို့ ထုတ်ပြန်ချက်တစ်ခုတွင် ဗန့်၏ရုံးက ဒုတိယသမ္မတ၏ “ ပထမဦးစားပေးသည် သမ္မတ၏ အကြံပေးများသည် ၎င်းတို့၏ ပြည်တွင်းရေး ဆွေးနွေးမှုများ၏ အကြောင်းအရာများနှင့် ပတ်သက်၍ သမတကို လုံလောက်စွာ သတင်းပေးပို့ကြောင်း အမြဲတမ်း သေချာစေသည်” ဟုပြောကြားခဲ့သည်။
“ ဒုသမ္မတဗန့်က ဒီအစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒကို ပြတ်ပြတ်သားသား ထောက်ခံပါတယ်။ သမ္မတနဲ့ ဒုသမ္မတတွေဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ပြောဆိုမှုတွေ ရှိခဲ့ပြီး ပြီးပြည့်စုံတဲ့ သဘောတူညီမှု ရှိပါတယ်” ဟု ဒုတိယသမ္မတရုံးက ပြောကြားခဲ့သည်။

တနင်္လာနေ့မွန်းလွဲပိုင်းတွင် ဘဲဥရုံးခန်း၌ ယင်းသတင်းနှင့်ပတ်သက်ပြီး မေးခွန်းမေးသည့် သတင်းထောက်တစ်ဦးအား ထရန့်က “ကျွန်တော်ကို ဒီအကြောင်း ခင်ဗျား ပထမဆုံးအကြိမ် ပြောပြနေတာပဲ” ဟု ထရန့်က အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မသိခဲ့ကြောင်း ဆိုခဲ့သည်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီးဗစ်က တနင်္လာနေ့က ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် အမျိုးသားလုံခြုံရေးအကြံပေး မိုက်ကယ်ဝါ့ဇ် အပါအဝင် သူ့၏ အမျိုးသားလုံခြုံရေးအဖွဲ့အပေါ်ယုံကြည်မှု ရှိနေသည်ဟု ထရန့်က ပြောဆိုခဲ့သည်ဟု ဖော်ပြထားသည်။

Atlantic ဆောင်းပါးသည် ဒီမိုကရက်တစ်အမတ်များထံမှ ချက်ခြင်းဝေဖန်မှုနှင့် သရော်လှောင်ပြောင်မှုတို့ကို ဖြစ်ပေါ်စေခဲ့သည်။

အထက်လွှတ်တော်ထောက်လှန်းရေးကော်မတီ၏ ဒုတိယဥက္ကဌ၊ ဗာဂျီနီးယားဒီမိုကရက်တစ် ဆီနေတာ မာ့ဝါနာ (Senate Mark Warner) က X တွင် “ ဒီအစိုးရဟာ ကျွန်တော်တို့နိုင်ငံရဲ့ ထိပ်တန်းလျှို့ဝှက်တဲ့ အချက်အလက်တွေကို လျင်မြန်စွာ ထုတ်ဖော်နေတာကြောင့် အမေရိကန်တွေကို လုံခြုံမှုကင်းဝေးစေတယ်”။ ဟု ရေးသားခဲ့သည်။

“ ဤစာသားကွင်းဆက်ရှိ အစိုးရအရာရှိတစ်ဦးစီတိုင်းသည် ပုံမှန်အားဖြင့် ထောင်ဒဏ်ချမှတ်ရမည့် ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ခဲ့ကြသည်” ဟု အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီမှ ဒီမိုကရက် အထက်လွှတ်တော်အမတ် ခရစ် ကွန်း (Chris Coons) က ပြောကြားခဲ့သည်။


အာရီဇိုးနားဒီမိုကရက် အထက်လွှတ်တော်အမတ် ရူဘန် ဂါလယ်ဂို (Ruben Gallego) က ပါတီသို့ ဖိတ်ကြားခြင်းကဲ့သို့ စစ်ပွဲအစီအစဉ်များကို စာပို့နေသည်” ဟု တုံ့ပြန်ဝေဖန်ခဲ့ကြသည်။

လက်နက်ကိုင်ဝန်ဆောင်မှု ကော်မတီအဖွဲ့ဝင်၊ D-Pa ကိုယ်စားလှယ် Chris Deluzio က ဇာတ်လမ်းတွဲအား “ ပြင်းထန်သော အမျိုးသားလုံခြုံရေး ချိုးဖောက်မှု” အဖြစ် သတ်မှတ်ပြီး “ ဤကိစ္စကို အပြည့်အဝ စုံစမ်းစစ်ဆေးရန်နှင့် ကြားနာရန်” တောင်းဆိုခဲ့သည်။

ဓာတ်ပုံ (၁) The Atlantic မှ ဝါရင့်အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးရာ သတင်းထောက် ဂျက်ဖရီ ဂိုးလ်ဘတ်ဂ် (Jeffrey Goldberg)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 30 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 37 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 115 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 100 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 39 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု