နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထိပ်တန်းရုရှားသံတမန်သည် အမေရိကန်သို့ “ တရားဝင်” ဆွေးနွေးပွဲများအတွက် ရောက်ရှိ၊ ထရန့်ပ်က မော်စကိုအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ပြီး ရက်အနည်းငယ်အကြာတွင် ဖြစ်ပွားခဲ့

CNN- အောက်တိုဘာ ၂၆၊ ၂၀၂၅

မော်စကို —သမ္မတ ဒေါ်နယ်လ် ထရန့်ပ်က ရုရှားအပေါ် ပြင်းထန်သော အရေးယူပိတ်ဆို့မှုများ အသစ်ကို ကြေညာပြီး ရက်အနည်းငယ်အကြာတွင် ရုရှား၏ ထိပ်တန်းစီးပွားရေးသံတမန်သည် “ တရားဝင်” ဆွေးနွေးပွဲများအတွက် အမေရိကန်နိုင်ငံသို့ ရောက်ရှိလာကြောင်း ခရီးစဉ် အကြောင်း သိရှိသူများက CNN သတင်းဌာနကို သီးသန့်ပြောကြားခဲ့သည်။

ရုရှား၏ အချုပ်အခြာပိုင် ရန်ပုံငွေအဖွဲ့ (RDIF) အကြီးအကဲနှင့် ကရင်မလင် အထူးသံတမန် ဖြစ်သူ ကီရီလ် ဒမီထရီယက်ဗ် (Kirill Dmitriev) သည် အမေရိကန်-ရုရှား ဆက်ဆံရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန်” ထရန့်ပ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ များနှင့် တွေ့ဆုံမည်ဟု မျှော်လင့်ရကြောင်း သတင်းရင်းမြစ်များအရ သိရသည်။

အိမ်ဖြူတော်မှ တာဝန်ရှိသူတစ်ဦးက ထရန့်ပ်၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) သည် စနေနေ့တွင် ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့၌ ဒမီထရီယက်ဗ်နှင့် တွေ့ဆုံမည်ဟု မျှော်လင့်ရကြောင်း CNN သို့ ပြောကြားခဲ့သည်။ ရီပတ်ဘလစ်ကန်ပါတီမှ အမတ် အန်နာ ပေါလီနာ လူနာ (Anna Paulina Luna) သည်လည်း ရုရှားအထူးသံတမန်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ခရီးစဉ်အကြောင်း သိရှိသူတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

ယခုလအစောပိုင်းတွင် လူနာသည် ဒမီထရီယက်ဗ်နှင့် တွေ့ဆုံရန် စီစဉ်နေကြောင်း လူမှုမီဒီယာပေါ်တွင် ရေးသားခဲ့ပြီး၊ ရုရှားနှင့် ငြိမ်းချမ်းရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှုနှင့် ဆွေးနွေးမှုများကို ဆက်လက်မြှင့်တင်ရန်” အမေရိကန်အတွက် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ “ ကျွန်တော်တို့ နှစ်နိုင်ငံဟာ ရန်သူတွေ ဖြစ်နေစရာမလိုပါဘူး။ ကုန်သွယ်ရေးမဟာမိတ်တွေဖြစ်ရင် လူတိုင်းအတွက် အကျိုးရှိပါတယ်” ဟု သူမက ဆိုခဲ့သည်။

သောကြာနေ့က X ပေါ်တွင် တင်ထားသော ပို့စ် တစ်ခုတွင် ဒမီထရီယက်ဗ်က ၎င်း၏ခရီးစဉ် သည် အမေရိကန်ဘက်မှ ဖိတ်ကြားချက်အရ အချိန်အတော်ကြာကတည်းက စီစဉ် ထားခြင်း” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏နိုင်ငံနှင့် အမေရိကန်အကြား ဆွေးနွေးညှိနှိုင်းမှုသည် ကမ္ဘာကြီးအတွက် အရေးပါပြီး ရုရှား၏ ရပ်တည်ချက်ကို အပြည့်အဝ နားလည်မှုနှင့် ၎င်း၏ အမျိုးသားအကျိုးစီးပွားကို လေးစားမှုဖြင့် ဆက်လက်လုပ်ဆောင်ရမည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဤခရီးစဉ်သည် Kremlin ၏ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ငြင်းဆန်မှုအပေါ် အမေရိကန်၏ စိတ်ပျက်မှုများ တိုးလာနေချိန်နှင့် ထရန့်ပ်က ၎င်း၏ Kremlin လုပ်ဖော်ကိုင်ဖက် ဗလာဒီမာ ပူတင် နှင့် စီစဉ်ထားသည့် ထိပ်သီးအစည်းအဝေးကို ဖျက်သိမ်းလိုက်ပြီ” ဟု ပြောကြားပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထရန့်ပ်အစိုးရအဖွဲ့သည် ဗုဒ္ဓဟူးနေ့က ရုရှား၏ အကြီးဆုံး ရေနံကုမ္ပဏီနှစ်ခုဖြစ်သော Rosneft နှင့် Lukoil တို့ကို အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ယူကရိန်းစစ်ပွဲတွင် ချက်ချင်း အပစ်အခတ်ရပ်စဲရေး သဘောတူရန် မော်စကိုကို တောင်းဆိုခဲ့သည်။

ပူတင်ကမူ ယင်းအရေးယူပိတ်ဆို့မှုများသည် ရုရှားစီးပွားရေးအပေါ် သက်ရောက်မှု အနည်းငယ်သာရှိမည်ဟု ပြောကြားခဲ့ပြီး ၎င်းတို့ကို မော်စကိုအပေါ် ဖိအားပေးရန် ကြိုးပမ်းမှုအဖြစ် ဖော်ပြခဲ့သည်။

“ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့နိုင်ငံတိုင်းဟာ ဖိအားပေးမှုအောက်မှာ ဘယ်တော့မှ ဘာမှမလုပ်ပါဘူး” ဟု ၎င်းက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ရုရှားခေါင်းဆောင်က ထရန့်ပ်နှင့် စကားပြောဆိုရာတွင် အဆိုပါ အရေးယူပိတ်ဆို့မှုများသည် အမေရိကန်အပါအဝင် ကမ္ဘာ့ရေနံစျေးနှုန်းများကို ထိခိုက်စေမည်ဖြစ်ကြောင်း သတိပေးခဲ့သည်ဟု ဆိုသည်။

ရုရှားနှင့် အမေရိကန်အကြား ပိုမိုနီးကပ်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ထင်ရှားသောကရင်မလင် ထောက်ခံသူဖြစ်သည့် ဒမီထရီယက်ဗ်သည် မကြာသေးမီကပင် အလာစကာနှင့် ရုရှားအရှေ့ဖျားဒေသကြား “ ထရန့်ပ်-ပူတင်” ဥမင်လိုဏ်ခေါင်း ဆက်သွယ်ရေး တည်ဆောက်ရန် အဆိုပြုခဲ့သူဖြစ်သည်။

ဆိုဗီယက်ခေတ် ယူကရိန်းတွင် မွေးဖွားပြီး အမေရိကန်ရှိ ဟားဗတ်နှင့် စတန်းဖို့ဒ်တို့တွင် ပညာသင်ကြားခဲ့သော ဒမီထရီယက်ဗ်သည် အမေရိကန်အတိုင်ပင်ခံကုမ္ပဏီ McKinsey တွင် အတိုင်ပင်ခံအဖြစ်နှင့် Goldman Sachs တွင် ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းရှင်အဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ဒမီထရီယက်ဗ် အား အမေရိကန် ဘဏ္ဍာရေးဌာနက အရေးယူပိတ်ဆို့ခဲ့ပြီး ပူတင်နှင့် ၎င်း၏မိသားစု၏ ရင်းနှီးသော လက်ထောက်” အဖြစ် သတ်မှတ်ခဲ့သည်။

ဧပြီလတွင် ဒမီထရီယက်ဗ်သည် ရုရှား၏ ယူကရိန်းအပေါ် အပြည့်အဝကျူးကျော်မှု ဖြစ်ပွားပြီးနောက် ဝါရှင်တန်ဒီစီသို့ လာရောက်ခဲ့သည့် ပထမဆုံး ရုရှားအရာရှိ ဖြစ်လာခဲ့သည်။ ထိုအချိန်က သူ၏ ခရီးစဉ် (ထရန့်ပ်သံတမန် စတိဗ် ဝစ်ကော့ဖ်နှင့် တွေ့ဆုံခဲ့သည်) သည် Kremlin နှင့် အိမ်ဖြူတော်အကြား ပူနွေးလာနေသော ဆက်ဆံရေးတွင် အရေးကြီးသော ခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ခဲ့ကြသည်။

အမေရိကန်အစိုးရသည် နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းအား အမေရိကန်သို့ လာရောက်ခွင့် ဗီဇာထုတ်ပေးနိုင်ရန်အတွက် ဒမီထရီယက်ဗ်အပေါ် အရေးယူပိတ်ဆို့မှုများကို ယာယီရုပ်သိမ်း ပေးခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ဧပြီလတွင် CNN သို့ ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 24 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 54 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 62 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 60 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား